Dr Phyo Paing

ဘဝနေထိုင်မှု စီးပွားရေးမော်ဒယ်

ဘဝနေထိုင်မှု စီးပွားရေးမော်ဒယ် စီးပွားရေးလုပ်နည်းတွေအများကြီးရှိတယ်။အဲ့ထဲမှာ Lifestyle Business ဆိုတာလေးရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို၊လုပ်ချင်တဲ့ နေရာမှာ၊လုပ်ချင်တဲ့သူနဲ့ လုပ်ပြီးကိုယ့်ဘဝ ဒီနေ့အတွက်၊ အနာဂတ်အတွက် ဝင်ငွေရလမ်းတွေတည်ဆောက်တဲ့ ပုံစံဖြစ်ပါတယ်။ သူကတော့ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်ရှင်သန်တာမဟုတ်ပဲ၊ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက်ဖြစ်ဖို့ဒီဇိုင်းလုပ်ပြီး စီးပွားရေးလုပ်တဲ့ပုံစံဖြစ်တယ်။ အလွတ်တန်းပညာရှင် freelancer ကတော့သူ့တစ်ယောက်တည်းရဲ့ ဝန်ဆောင်မှုကိုရောင်းတာ။Lifestyle Business မှာကျတော့သူ့မှာ ဖန်တီးထားတဲ့ လုပ်ငန်းရှိတယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှိတယ်။အလုပ်အကုန်လုံးကို တစ်ယောက်တည်းလုပ်စရာမလိုဘူး။ ဘယ်လုပ်ငန်းမဆို ကိုယ်လိုချင်တဲ့ပုံဖြစ်ဖို့အချိန်တစ်ခုတော့ ပေးခဲ့ရတာပဲ။ လမ်းပြပေးမည့်သူရှိရင်တော့ ပိုမြန်တာပေါ့။ Lifestyle Business ဖန်တီးသူတစ်ယောက်အနေနဲ့soul ကိုရောင်းတဲ့ အလုပ်တွေ မလုပ်ဘူး။ ဒီအလုပ်က ငါ့ကို ပျော်စေမလား။ ဒီအလုပ်က ငါ့ကို ပိုတော်စေမလား။ဒီအလုပ်က ငါ့ကို ဒီနေ့အတွက် ဝင်ငွေရစေမလား။ဒီအလုပ်က အနာဂတ်အတွက် ဝင်ငွေရစေမလား။ ဒီအချက်တွေ ပေါ်မူတည်ပြီး […]

ဘဝနေထိုင်မှု စီးပွားရေးမော်ဒယ် Read More »

ဘဝဟာ အမြဲ ကောင်းနေမှာမဟုတ်ဘူး

ဘဝဟာ အမြဲ ကောင်းနေမှာမဟုတ်ဘူးဒီမှန်ကန်တဲ့ မျှော်မှန်းချက်ထားတယ်။စီးပွားရေးဆိုတာကလဲအမြဲ တိုးတက်နေမှာ မဟုတ်ဘူး။ တချို့အချိန်တွေမှာ သန္ဓေတည်ရမည့်နှစ်ရှိတယ်။တချို့နှစ်တွေက မွေးဖွားရတဲ့နှစ်ရှိတယ်။တချို့နှစ်တွေက ကြီးထွားမှုမြန်တဲ့နှစ်ရှိတယ်။တချို့နှစ်တွေက ကြီးထွားမှုပုံမှန်နှစ်ရှိတယ်။တချို့နှစ်တွေက ပြန်လည်မွေးဖွားဖို့အားယူတဲ့နှစ်ရှိမယ်။တချို့နှစ်တွေက ပြန်လည်မွေးဖွားတဲ့နှစ်ရှိမယ်။ တစ်နှစ်နဲ့မကြည့်ပဲ ဆယ်နှစ်၊နှစ်နှစ်ဆယ်နဲ့ကြည့်ရင်ဘယ်အချိန်မှာ ဘာလုပ်ရမလဲ ပိုသဘောပေါက်လာတတ်တယ်။ Life won’t always be good; it’s important to have realistic expectations. Similarly, the economy won’t always be growing. There are years for stability and years for growth. Some years are meant for laying the foundation, some for birth

ဘဝဟာ အမြဲ ကောင်းနေမှာမဟုတ်ဘူး Read More »

မတူ

လောကအမြင်မတူ၊တန်ဖိုးထားမှုမတူ၊စဉ်းစားဆုံးဖြတ်တဲ့ပုံစံမတူ၊ခံယူချက်မတူ၊ယုံကြည်ချက်မတူ၊အမူအကျင့်မတူဘဝတွေ မတူဖြစ်သွားကြတယ်။ Different perspectives on life,Different values,Different ways of thinking and deciding,Different beliefs,Different behaviorslead to the divergence of lives. Phyo Paing @ Derek

မတူ Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။ တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီး beach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Earn &

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

တခါတခါ စဥ်းစားမိတယ်။

အောင်မြင်မှုဆိုတာ Trauma response တစ်ခုဖြစ်နိုင်တယ်။ အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးရှိပြီး ကျွန်တော်ကတော့ နှစ်မျိုးခွဲကြည့်တယ်။ ၁။ ကိုယ်လိုချင်တာရပြီးကိုယ့်ဘဝကိုယ်ကျေနပ်နေတာ။ ဒါကတော့ တစ်ကိုယ်ရည်အောင်မြင်မှုပေါ့။Private victory ပေါ့။ ၂။ နောက်တစ်မျိုးကတော့လူအများစုလိုချင်ပြီး မရသေးတဲ့အရာကိုရယူပိုင်ဆိုင် ဆွတ်ခူးနိုင်တဲ့အတွက်အသိအမှတ်ပြုမှုရတာမျိုး။ဒါကတော့ Public victory ပေါ့။ တချို့လူတွေအနေနဲ့ လူတွေအမြင်မှာအောင်မြင်တဲ့ ဘဝပိုင်ဆိုင်ပြီးအတွင်းကြေ မပျော်တာတွေလဲဖြစ်နိုင်တာပဲ။ ဒါကြောင့် ကိုရီးယားမှာ နာမည်ကြီးချမ်းသာအောင်မြင်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ သာဓကတွေတွေ့တွေ့နေရတတ်တယ်။ အများသူတွေရဲ့ အမြင်မှာရှိတဲ့အောင်မြင်မှုဆိုတဲ့အရာကို တောင်းတလွန်းတာဟာ Trauma response တစ်ခုပဲ။ ဒီ Trauma response က ကိုယ့်ကိုယ်ကို အတွက်ဆို ပြဿနာမရှိဘူး။အောင်မြင်ဖို့အတွက်လဲတွန်းအားတွေ အကြီးကြီးဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဒီ Trauma response ကိုကိုယ်တိုင်အပေါ်မဟုတ်ပဲတခြားသူတွေအပေါ် ထားတဲ့အခါtoxic အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်စေတတ်တယ်။ ဥပမာကိုယ့်လက်ထက်မှာ မရခဲ့တဲ့အရာကိုကိုယ့်သားသမီးလက်ထက်မှာ

တခါတခါ စဥ်းစားမိတယ်။ Read More »

သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။

ဘဝမှာ ချခဲ့တဲ့ဘယ်ဆုံးဖြတ်တိုင်းအတွက်မှနောင်တမရပေမယ့်သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။ ဒါကတော့ “Fit ကိုက်ညီမှု” ဆိုတဲ့ စကားလုံးပဲ။ လူတိုင်းအတွက် အဆင်ပြေတဲ့အရာကကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာ။ တစ်ခုခုကို လိုချင်မှုဆန္ဒပြင်းပြတဲ့အတွက်ကြိုးစားလုပ်ဆောင်ပြီးလိုချင်တဲ့အရာရခဲ့တဲ့ အချိန်တွေရှိမယ်။ဒါပေမယ့် What’s next? ဒါပြီး ဘာဆက်လုပ်မလဲဆိုတာကိုမေးဖို့ ကျန်သွားတဲ့အခါဘဝက မလိုချင်တဲ့ နောက်ဆက်တွဲတွေခံစားရတတ်တယ်။ တခါတလေ တချို့ ကိုယ်ဖြစ်ချင်တယ်လို့ထင်တဲ့ ဆန္ဒတွေကကိုယ်တကယ်သွားသင့်တဲ့လမ်းကြောင်းအတွက်ရန်သူတွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် တစ်ခုခုလုပ်ချင်စိတ်ဖြစ်ချင်စိတ်ပေါ်လာရင်ဒါက ဆူညံသံ Noise လား၊ရင်ထဲက တကယ်ဖြစ်ချင်တဲ့ Voice လားပြန်မေးကြည့်တယ်။ Noise တွေကို Voice လို့ထင်ရင်Choice တွေ မှားတတ်တယ်။ In life, despite the regrets we may have from certain decisions, we often gain

သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။ Read More »

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

တခါတခါ စဥ်းစားမိတယ်။အောင်မြင်မှုဆိုတာ Trauma response တစ်ခုဖြစ်နိုင်တယ်။ အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးရှိပြီး ကျွန်တော်ကတော့ နှစ်မျိုးခွဲကြည့်တယ်။ ၁။ ကိုယ်လိုချင်တာရပြီးကိုယ့်ဘဝကိုယ်ကျေနပ်နေတာ။ ဒါကတော့ တစ်ကိုယ်ရည်အောင်မြင်မှုပေါ့။Private victory ပေါ့။ ၂။ နောက်တစ်မျိုးကတော့လူအများစုလိုချင်ပြီး မရသေးတဲ့အရာကိုရယူပိုင်ဆိုင် ဆွတ်ခူးနိုင်တဲ့အတွက်အသိအမှတ်ပြုမှုရတာမျိုး။ဒါကတော့ Public victory ပေါ့။ တချို့လူတွေအနေနဲ့ လူတွေအမြင်မှာအောင်မြင်တဲ့ ဘဝပိုင်ဆိုင်ပြီးအတွင်းကြေ မပျော်တာတွေလဲဖြစ်နိုင်တာပဲ။ ဒါကြောင့် ကိုရီးယားမှာ နာမည်ကြီးချမ်းသာအောင်မြင်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ သာဓကတွေတွေ့တွေ့နေရတတ်တယ်။ အများသူတွေရဲ့ အမြင်မှာရှိတဲ့အောင်မြင်မှုဆိုတဲ့အရာကို တောင်းတလွန်းတာဟာ Trauma response တစ်ခုပဲ။ ဒီ Trauma response က ကိုယ့်ကိုယ်ကို အတွက်ဆို ပြဿနာမရှိဘူး။အောင်မြင်ဖို့အတွက်လဲတွန်းအားတွေ အကြီးကြီးဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဒီ Trauma response ကိုကိုယ်တိုင်အပေါ်မဟုတ်ပဲတခြားသူတွေအပေါ် ထားတဲ့အခါtoxic အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်စေတတ်တယ်။ ဥပမာကိုယ့်လက်ထက်မှာ

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Read More »

နည်းပညာ

လူတွေက ကောင်းကင်မှာပျံဖို့အတောင်ပံလဲမပါဘူး။မြင်းတွေလိုလဲ အကြာကြီးမြန်မြန်မပြေးနိုင်ဘူး။ဆင်တွေလိုလဲ ခွန်အားမရှိဘူး။ ဒါပေမယ့် ကောင်ကင်ပျံအောင်လဲလုပ်လို့ရတယ်။မြင်းထက်မြန်အောင်လဲ ပြေးလို့ရလာတယ်။ဆင်ထက်သန်မာအောင်လဲဖန်တီးနိုင်တယ်။ ဒါကတော့ ဒီလိုလုပ်နိုင်အောင်နည်းပညာတွေ ဖန်တီးတာပဲ။ ဒီနည်းပညာတွေကို ဖန်တီးနိုင်ဖို့ဥာဏ်ရည်လိုတယ်။အချင်းချင်းဆက်သွယ်နိုင်တဲ့ဘာသာစကားလိုတယ်။ကိုယ့်ကိုယ်ကို သတိရှိတဲ့self-awareness လိုတယ်။ လူတွေက တိရစ္ဆာန်တွေနဲ့အရင်းအမြစ်ပြိုင်ဆိုင်တဲ့နေရာမှာရှေ့ပိုရောက်အောင်ဥာဏ်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊နည်းပညာတွေအသုံးပြုခဲ့ကြတယ်။ လူအချင်းချင်းကြားမှာငွေဆိုတဲ့အရင်းအမြစ်စုဆောင်းတဲ့အခါမှာလဲဥာဏ်စွမ်း၊ ဆက်သွယ်နိုင်တဲ့အဆက်အသွယ်၊ နည်းပညာတွေသုံးကြတယ်။ ကိုယ့်အနေနဲ့ဥာဏ်စွမ်း၊အဆက်အသွယ်ပြုနိုင်တဲ့ ဆက်သွယ်နိုင်စွမ်း၊နည်းပညာအသုံးချ ဖန်တီးနိုင်မှုစွမ်းတိုးတက်အောင် လုပ်နေဖို့လိုနိုင်တယ်။ Humans don’t have wings to fly in the sky, nor can they run long distances as fast as horses, nor do they possess the strength of elephants. Yet, they can fly

နည်းပညာ Read More »

1/10 တစ်ဆယ် တစ် ဖော်မြူလာ

အသစ်တစ်ခုလုပ်ရင်မအောင်မြင်နိုင်ခြေကို ၉၀% လို့သတ်မှတ်တယ်။စလုပ်တဲ့အခါ တစ်ခါတည်းအောင်မြင်စရာမလိုဘူး။ ဥပမာ စာအုပ် ဆယ်အုပ်ဖတ်မယ်။ဆယ်အုပ်မှာ တစ်အုပ်ကကိုယ့်ကိုအပြောင်းအလဲဖြစ်စေတဲ့စာတစ်အုပ်ဖြစ်ရင်ရပြီ။ အွန်လိုင်းပရိုဂရမ်လုပ်တယ်။ဆယ်ခုမှာတစ်ခု အောင်မြင်ရင်ရပြီ။ Content တွေဖန်တီးတယ်။ ဆယ်ခုမှာ တစ်ခုထူးခြားရင်ရပြီ။ကျန်တဲ့ ကိုးခုကတော့ mediocre ဖြစ်နေနိုင်တယ်။ အိုင်ဒီယာတစ်ခုကို software တစ်ခုအနေနဲ့ပြောင်းမယ်။ဆယ်ခုမှာ တစ်ခုအောင်မြင်ရင်ရပြီ။ App တစ်ခု launch လုပ်မယ်။ စ မိတ်ဆက်ဆက်ချင်း အောင်မြင်စရာမလိုဘူး။ဆယ်ခါမှာ တစ်ခါ စျေးကွက်လိုချင်တဲ့product-market fit feature ထွက်ရင်ရပြီ။ အသစ်တစ်ခုလုပ်တိုင်း 1/10 formula နဲ့ လုပ်ခဲ့တာ။ ၂၀၁၃ မှာ စာစသင်တော့သုံးနာရီ ဆယ်ချိန်မှာ တစ်ချိန်အကောင်းဆုံးဖြစ်ရင်ရပြီဆိုတဲ့ စိတ်နဲ့စခဲ့တယ်။ခုဆို ဆယ်စုနှစ်တစ်ခုကျော်ပြီ။ ဆေးကုမ္ပဏီမှာ အရောင်းသမားဘဝကဆရာဝန်အသစ်ဆယ်ယောက်ကို Sales call လုပ်ရင်တစ်ယောက်ရရင် ရပြီ။ဒီနည်းနဲ့ပဲ rejection ကို ကျော်လွှားခဲ့တာ။ ဘဝမှာ

1/10 တစ်ဆယ် တစ် ဖော်မြူလာ Read More »