Dr Phyo Paing

စာအုပ်နှစ်မျိုးရှိတယ်။

အကြိမ်တစ်ရာမက ဖတ်ရမည့်စာအုပ်။နောက်တစ်အုပ်က တခါပဲဖတ်ရမည့်စာအုပ်။ အကြိမ်တစ်ရာမကဖတ်ရမည့်စာအုပ်တွေဖတ်မှတ်လိုက်နာကျင့်သုံးရင် သတ်မှတ်ထားတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာအကြီးအကျယ်အောင်မြင်မယ်။ တစ်ကြိမ်ပဲဖတ်ရမည့် အိုင်ဒီယာတွေရထားတဲ့အခါမတူညီတဲ့ ရှုထောင့်တွေက မြင်တဲ့အတွက်ဘယ်အချိန်၊ ဘာလုပ်ရမယ်ဘယ်လိုတွေးရမယ် အကြီးအကျယ်မြင်စေနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့အိုင်ဒီယာတွေနဲ့ တစ်ကြိမ်တော့ ဓာတ်ပြုကြည့်။ ကိုယ်နဲ့ အလုပ်ဖြစ်တဲ့ အိုင်ဒီယာတွေကိုတော့အကြိမ်ကြိမ်ဓာတ်ပြုကြည့်။ There are two types of books: one that must be read over and over again and another that should be read just once. If you only read books that need to be read multiple times, you’ll achieve […]

စာအုပ်နှစ်မျိုးရှိတယ်။ Read More »

စာဖတ်တယ်ဆိုတာ

ခရီးထွက်ရသလိုပဲရှာဖွေတွေ့ရှိမှုတစ်ခု အသစ်တွေ့သွားတဲ့အခါအရင်မမြင်ခဲ့တဲ့ ကမ္ဘာကြီးမြင်သွားတယ်။လုပ်နည်းကိုင်နည်းအသစ်တွေ တွေ့လာတယ်။ Reading is like embarking on a journey. When you discover something new, it’s as if you’re seeing a world you’ve never seen before. You come across new ways of doing and handling things. Phyo Paing @ Derek

စာဖတ်တယ်ဆိုတာ Read More »

Business Strategy

မိုးလေဝသပေါ်မူတည်ပြီးသွားချင်တဲ့ ပန်းတိုင်ရောက်အောင်ခရီးလမ်းရွေးချယ်ကြရတယ်။ နေပူလို့ ဖုန်ထူရင်ရွေးရမည့်လမ်းရှိမယ်။ မိုးရွာလွန်းလို့ ရေကြီးရင် ရွေးရမည့်လမ်းပြန်ရှိမယ်။ပုံမှန်နေသာရင် ရွေးရမည့်လမ်းရှိမယ်။မုန်တိုင်းတွေကျရင် လုပ်စရာရှာရပြန်တယ်။ ဒီမဟာဗျူဟာနဲ့ စီးပွားရေးမိုးလေဝသကညီအစ်ကိုလိုပဲ။ ရာသီဥတု ခန့်မှန်းလို့ရတဲ့နေရာနဲ့ရာသီဥတု အပြောင်းအလဲမြန်တဲ့နေရာ၊ရာသီဥတု ဖော်ပြန်တတ်တဲ့နေရာပေါ်မူတည်ပြီးလုပ်ဆောင်စရာတွေ၊ ဝတ်စားဆင်ယင်မှုတွေ မတူကြဘူး။ Based on the weather, we have to choose our path to reach our destination. If it’s hot and dusty, we must choose a certain path. If it’s raining heavily and there’s flooding, we have to choose another way

Business Strategy Read More »

ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့
ဆိုလို့ရနိုင်တယ်။

ကိုယ့်ရဲ့ ကျွမ်းကျင်မှုကဘဝပေးတဲ့ ပြဿနာထက်ပိုကြီးသလား၊ဘဝပေးတဲ့ပြဿနာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုထက်ပိုကြီးသလား။ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့ဆိုလို့ရနိုင်တယ်။ Is one’s expertise greater than the problems life presents, or are the problems life presents greater than one’s expertise? Based on this, it can be said that lives diverge. Phyo Paing @ Derek

ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့
ဆိုလို့ရနိုင်တယ်။
Read More »

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

ဘဝ ခက်ခဲတယ်ဆိုတာ ကျွမ်းကျင်မှုက လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။ ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့Personal Development ကောင်းအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်Professional development ကျွမ်းကျင်ဖို့လိုတယ်။ ကိုယ့်ကို ချမ်းသာစေမည့်လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊ စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊ ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့စီးပွားရေးစွမ်းရည်တိုးတက်မှု Business Development အတွက်နေ့တိုင်းဖြည့်နေဖို့လိုတယ်။ ဒါကတော့ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Toe Tet Philosophy ရဲ့ တိုးတက်မှု သုံးဆင့်ဖြစ်တယ်။ Personal, Professional နဲ့ Business

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။ Read More »

Digital Asset တည်ဆောက်ပါ။

ဒီနေ့ခေတ်က လုပ်ငန်းတစ်ခုစတင်ဖို့ အင်မတန်လွယ်တဲ့ခေတ်။Democratization of entrepreneurship လို့ခေါ်ပြီးနာရီပိုင်းအတွင်း လုပ်ငန်းတစ်ခုကိုစတင်လို့ရတယ်။ ဒါကြောင့်လဲ နိုင်ငံခြားမှာStartup Weekends တို့လိုသောကြာနေ့ညနေမှာ join တယ်။တနင်္ဂနွေနေ့ညနေဆို ကနဦးကုန်ပစ္စည်းပုံစံထွက်ပြီ။Prototype လို့ခေါ်ပြီးApp တစ်ခုဆိုရင်လဲ ခလုတ်နှိပ်လို့ရ၊စပြီးအကြမ်းသုံးလို့ရတဲ့ product တစ်ခုထွက်ပြီ။ ဒီနေ့ခေတ်က မိနစ်ပိုင်းအတွင်းSocial Media Page နဲ့ Channel တွေဖွင့်လို့ရတယ်။ကြော်ငြာတွေ စ run လို့ရတယ်။ဒီဇိုင်းနဲ့ ဗီဒီယိုတွေ မိနစ်ပိုင်းအတွင်းလုပ်လို့ရတယ်။Ecommerce website ကို မိနစ်ပိုင်းအတွင်းဖွင့်လို့ရတယ်။ရောင်းမည့်ကုန်ပစ္စည်းတွေကို စက်ရုံထိမသွားပဲမိနစ်ပိုင်းအတွင်း စတိုးပြုလုပ်ရောင်းချလို့ရတယ်။ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ သွားလို့ရတဲ့ခေတ်ဖြစ်တယ်။Dropshipping အတွက် oberlo တို့ကြားဖူးလိမ့်မယ်။ အရေးကြီးတာ ကိုယ့်ဖောက်သည်ရဲ့ပြဿနာကို သေချာနားလည်ရမယ်။ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကဖောက်သည်ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ပိုက်ဆံပေးစရာမလိုပဲ စတင်လို့ရတဲ့အရာတွေကSocial Media Channel တွေပဲ။ဒါတွေကို Digital Asset လို့ခေါ်တယ်။ကိုယ်ဘယ်ပြောင်းပြောင်း ကိုယ်နဲ့အတူယူသွားလို့ရတယ်။ ဥပမာ

Digital Asset တည်ဆောက်ပါ။ Read More »

တခါတလေကျပြန်တော့
ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။

အပ်ထွက်ထွင်းရမည့်ကိစ္စကိုပုဆိန်နဲ့ မခုတ်မိဖို့နဲ့၊ ပုဆိန်နဲ့ ခုတ်ရမည့်ကိစ္စကိုအပ်နဲ့ မထွင်းမိဖို့။ ကိုယ်က အမှန်တရားကို အရင်တွေ့အောင်ရှာမလား၊အမှန်တရားက နောက်မှကိုယ်ကို့လာတွေ့မလား။ သွေးပူပူနဲ့ လုပ်မိလုပ်ရာလုပ်ပြီးသွေးအေးအေးနဲ့ နောင်တရမလား၊ သွေးအေးအေးနဲ့ စဥ်းစားပြီးသွေးပူပူနဲ့ ဘဝကို မောင်းနှင်မလား။ တခါတလေ ကိုယ်ကကံကြမ္မာကိုရွေးတယ်၊တခါတလေကျပြန်တော့ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။ Phyo Paing @ Derek

တခါတလေကျပြန်တော့
ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။
Read More »

Chiasmas

ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about.

Chiasmas Read More »

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။

လွယ်သလိုလိုနဲ့ အမျိုးတွေကို ရှင်းပြဖို့ခက်တာကိုယ်လုပ်နေတဲ့အလုပ်ပဲ။ ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ အသိပညာတွေကို လိုချင်တဲ့သင်ယူမှုရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒီဇိုင်းဆွဲပေး၊သင်ကြားပေးတဲ့သူKnowledge engineer = Instructional designer/ teacher စွန့်ဦးတီထွင် Entrepreneur = Solving market problem in creative ways တိုင်ပင်ဆွေးနွေး အကြံပေးThinking Partner = Coaching/ Consulting Explaining my work to relatives often proves challenging. When they inquire about my occupation, I simply respond with “KET.” I’m involved in designing educational paths and

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ Read More »

ဘဝမှာ အမြဲရှိနေမည့်အရာက
“ပြဿနာ” တွေပဲ။

နှစ်ကုန်ပြီဆို နောက်တစ်နှစ်မှာဖြစ်နိုင်တဲ့ “အဆိုးဆုံးပြဿနာ” တွေကိုချရေးထားလေ့ရှိတယ်။ ငယ်ငယ်လေးထဲက ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာတာများတဲ့ လောကမှာအကောင်းတွေမျှော်လင့်တာထက်အဆိုးတွေ မျှော်လင့်ထားတတ်တာအကျင့်လိုဖြစ်နေတတ်တယ်။ အဆိုးဆုံးဖြစ်နိုင်တဲ့ ပြဿနာတွေထဲမှာကိုယ့်ကို “အထိအခိုက်ကြီးစေနိုင်တဲ့ပြဿနာတွေ” ကို ချရေးပြီးရှောင်လိုရမည့်အရာတွေ၊လျော့လို့ရမည့်အရာတွေ စဥ်းစားကြည့်တယ်။ နောက် ဒီအန္တရာယ်တွေကို လျော့ချတယ်။ ဘဝမှာ သေချာတာတစ်ခုကတော့လောကဓံရှိတဲ့အတွက်အမြဲလဲ ဆိုးနေမှာ မဟုတ်သလို၊အမြဲလဲ ကောင်းနေမှာ မဟုတ်ဘူး။ ဘဝမှာ အမြဲရှိနေမည့်အရာက “ပြဿနာ” တွေပဲ။ ပြဿနာမရှိတဲ့ ဘဝဆိုတာ မရှိဘူး။ဆန္ဒ (လိုချင်တာ၊ လိုအပ်တာ) တွေရှိနေသမျှပြဿနာကတော့ ရှိနေမှာပဲ။ ကိုယ့်တာဝန်က ပြဿနာအဖြေရှာရမှာဖြစ်တဲ့အတွက်ပြဿနာတွေနဲ့ ချစ်ကျွမ်းဝင်ဖို့ အရေးကြီးတယ်။ At the end of the year, it’s common to contemplate the “worst possible problems” that could arise

ဘဝမှာ အမြဲရှိနေမည့်အရာက
“ပြဿနာ” တွေပဲ။
Read More »