Dr Phyo Paing

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။

ခန္ဓာရှိသ၍ ဒဏ်ရှာရှိမှာပဲ ဒုက္ခနဲ့ သုခ ကြားက လွတ်မြောက်မှုကိုခန္ဓာရှိနေသမျှ ရဖို့မလွယ်ဘူး။ဒုက္ခရှိတဲ့အခါ လွတ်မြောက်ချင်တယ်။သုခရှိတဲ့အခါ စွဲလမ်းမှုဖြစ်တယ်။ပျောက်ကွယ်သွားမှာကြောက်တယ်။ ဒါတွေက အသိရှိလာတဲ့အခါပိုသတိ ပြုမိလာမယ်။ ဒါဆို အရှိကိုအရှိအတိုင်းလက်ခံနိုင်လာမယ်။ Phyo Paing @ Derek

ဒါတွေက အသိရှိလာတဲ့အခါ
ပိုသတိ ပြုမိလာမယ်။
Read More »

လူတွေအများဆုံးနေတဲ့အိမ်က
ကိုယ့်ရဲ့ အတွေးပဲ။

လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က Encarta msn ဆိုတဲ့ မိုက်ခရိုဆော့ကထုတ်တဲ့စွယ်စုံကြမ်းလေးမှာ လူတွေကို ဘယ်အရာက ပျော်စေလဲရှာကြည့်တယ်။ ဖတ်ကြည့်ပြီး P သုံးလုံးနဲ့ အနှစ်ချုပ်ကြည့်တယ်။ သာယာမှု pleasure တွေကလဲ ပျော်စေတဲ့စားချင်တာ၊ သောက်ချင်တာ၊ခန္ဓာကိုယ်တောင့်တမှုတွေကိုဖြည့်ဆည်းနိုင်တာ။ ဒီသာယာမှုတွေက လူတွေကိုပျော်စေတယ်။ နောက် prosperity ချမ်းသာကြွယ်ဝမှုတွေကလဲစိတ်ရဲ့လိုရာ ရွေးချယ်စရာတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရတဲ့အတွက်လူတွေကို ပျော်စေတယ်။ နောက်တစ်ခုကတော့ philosophy အတွေးအခေါ်ပညာ။လူတွေအများဆုံးနေတဲ့အိမ်က ကိုယ့်ရဲ့ အတွေးပဲ။ ဒီအတွေးတဲ့ပုံစံ အတွေးအခေါ်ကလဲလူတွေကို ပျော်စေတယ်။ ဂရိဘာသာစကားအရ philo ဆိုတာချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်sophos ဆိုတာ ဥာဏ်ပညာတဲ့။ လူတွေဘဝ နေပျော်၊ နေတော်ဖို့အတွေးအခေါ်တွေနဲ့ ဓာတ်ပြုကြည့်ဖို့blog တွေရေးဖြစ်သွားတယ်။ Phyo Paing @ Derek

လူတွေအများဆုံးနေတဲ့အိမ်က
ကိုယ့်ရဲ့ အတွေးပဲ။
Read More »

ဒါတွေကလဲ ဘဝပဲ။

လူသား အတွေ့အကြုံ သံသရာဆိုတဲ့ simulation မှာ လူသားအတွေ့အကြုံကို အသက်ရှည်ရင်နှစ် ၁၀၀ လောက် ရလာတာပဲ။နောက် နှစ်ပေါင်း ၇၀ ဆိုရင်ကျွန််တော်တို့အားလုံး ရှိချင်မှရှိတော့မယ်။ လူဖြစ်တုန်း လူသားအတွေ့အကြုံကိုယူတဲ့အခါ ကောင်းတာဆိုးတာ ဒါရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်ပဲ။ စိတ်၊ စေတသိတ်တွေမှာခံစား၊ စံစား သလို အလုပ်ထဲစျာန်ဝင် ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ စကြာဝဌာနဲ့တစ်သားတည်းဖြစ်နေတဲ့ ခံစားမှုမျိုးမတူညီတဲ့ အတွေ့အကြုံတွေကလူသားတွေရဲ့ ဖြစ်တည်မှုကို လတ်ဆတ်စေတာပဲ။ ဒဏ်ရာတွေ၊ နာကျဥ်မှုတွေ၊ မသေချာမှုတွေ၊ မရေရာမှုတွေ၊ ဝမ်းနည်းပူဆွေး၊ တွေ့ဆုံကြုံကွဲဒါတွေကလဲ ဘဝပဲ။ Phyo Paing @ Derek

ဒါတွေကလဲ ဘဝပဲ။ Read More »

အတွေးအခေါ်ပညာတဲ့။

ကိုယ်နေတဲ့နေရာက inspiration ပေးဖို့လိုတယ်။နေရာကောင်းရင် အကြံဥာဏ်ကောင်းတယ်။ နေရာတစ်ခုက ကိုယ်၊ စိတ်၊ နှလုံး၊ ခံစားချက် အားလုံးနဲ့အံဝင်ဂွင်ကျဖြစ်တဲ့အခါ စွမ်းဆောင်ရည်အကောင်းဆုံးထွက်လာမယ်။ ရေမြေကလဲ အရေးကြီးတယ်လို့ထင်တယ်။ ဒါကြောင့် တရုတ်မှာ ဖုန်းဆွေ (Feng Shui) ဆိုတာရှိတယ်။သက်သေပြလို့ရတဲ့အရာတွေအတွက် သိပ္ပံပညာ၊သက်သေပြလို့မရတဲ့အရာတွေအတွက် အတွေးအခေါ်ပညာတဲ့။ Phyo Paing @ Derek

အတွေးအခေါ်ပညာတဲ့။ Read More »

လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။

လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။အချိန်၊ အင်နာဂျီ၊ အစွမ်းအစ။ဒါကြောင့် နေရာတိုင်းဝင်ပါလို့မရဘူး။ ရွေးချယ်မှု ပြုလုပ်ရတယ်။ငါဘာလုပ်မလဲ၊ ဘာမလုပ်ဘူးလဲ။ Phyo Paing @ Derek

လူတိုင်းမှာ အကန့်အသတ်တွေရှိတယ်။ Read More »

business model

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့အလွယ်ကူဆုံးက သူနဲ့ကိုက်တဲ့ business model ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

business model Read More »

ဦးစားပေး

အယူအဆတစ်ခုကအောင်မြင်တာက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။တိုးတက်တာက ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကြောင့် တိုးတက်တာကို ဦးစားပေးလိုက်တယ်။ Phyo Paing @ Derek

ဦးစားပေး Read More »

နောက်တစ်ဆင့်မချဲ့နိုင်

လူတွေရဲ့အလုပ်ပြီးတဲ့အဆင့်က မတူဘူး။ တချို့က ထလုပ်ဖို့ပျင်းအချိန်ဆွဲတဲ့အဆင့်။ တချို့က ထလုပ်တယ်အလုပ်မဖြစ်ဘူး။ တချို့က အလုပ်ဖြစ်တယ်။သက်ရောက်မှုမကြီးဘူး။ တချို့က သက်ရောက်မှုကြီးတယ်။ဒါကို နောက်တစ်ဆင့်မချဲ့နိုင်တယ်။ Phyo Paing @ Derek

နောက်တစ်ဆင့်မချဲ့နိုင် Read More »

ဒီစကားလေး ပြန်ပြောကြည့်။

“လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။”လုပ်ငန်းတည်ဆောက်ရေးဖြစ်စဉ်မှာခရီးစဉ်မှာ အခက်အခဲကြုံရင် ဒီစကားလေး ပြန်ပြောကြည့်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီစကားလေး ပြန်ပြောကြည့်။ Read More »