Dr Phyo Paing

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။

ကိုယ့်အခြေပြု စီးပွားရေးမော်ဒယ်။ ကိုယ့်ကိုယ်ကို ဖောက်သည်တစ်ယောက်လို စဥ်းစားပြီးကိုယ့်အတွက် လိုအပ်တဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရှာဖွေဖန်တီးရင်းလုပ်ငန်းဖန်တီးလို့ရပါတယ်။ ဆေးကျောင်းပြီး career change ဖို့လုပ်ရင်းABE UK Graduate Diploma တက်ဖြစ်ပြီးစာသင်တာကို ဒီထက်ပိုကောင်းအောင်လုပ်လို့ရတယ်ဆိုတာ နားလည်လာပြီးYEC Learning Center လုပ်ဖြစ်တယ်။ ဒီက New Next University ဖြစ်လာတယ်။ ၂၀၀၈ နှစ်ကုန်လောက်မှာ iPhone 2G သူငယ်ချင်း ယူအက်ကပြန်လာတော့မိုက်တာနဲ့ ဝယ်လိုက်တယ်။ App အတွက် ကလိရင်းနဲ့ ကျွမ်းသွားတယ်။ အဲ့အချိန် ဖုန်းဆော့ဝဲတွေပြန်လုပ်ပေးရင်းနဲ့ဖုန်းဆိုင်ဖွင့်ဖြစ်သွားတယ်။ ဆိုင်ဖွင့်တော့ တိုင်ပတ်။ တိုင်ပတ်တာကို အဖြေရှာရင်းစီးပွားရေး စီမံခန့်ခွဲမှုလေ့လာဖြစ်တယ်။နောက်မားကတ်တင်း လေ့လာဖြစ်တယ်။နောက်ပိုင်း သင်တန်းဆရာဖြစ်လာတယ်။နောက် အကြံပေးဖြစ်ရင်းနဲ့ Covid-19 နောက်ပိုင်း Virtual Consultant ဖြစ်လာတယ်။ ကိုယ့်သင်တန်းတွေအတွက် website လုပ်learning management […]

ဘဝက တိုတိုလေး၊
ပျော်တာလုပ်၊
ပိုက်ဆံရတာလုပ်၊
တိုးတက်တာလုပ်၊
ဂုဏ်ယူရတာလုပ်။
Read More »

ပါဆင်နယ်အကြွေး။

ပိုက်ဆံချမ်းသာချင်ရင် အကြွေးယူပြီး ငွေပွားလို့ရနိုင်တယ်။ စိတ်ချမ်းသာချင်ရင်အကြွေးယူတာ ရှောင်ဖို့လိုနိုင်တယ်။ အထူးသဖြင့် ပါဆင်နယ်အကြွေး။ Phyo Paing @ Derek

ပါဆင်နယ်အကြွေး။ Read More »

လျော့မတွက်လိုက်ပါနဲ့။

ကိုယ့်အတွေးတွေကိုနေ့စဥ်ချရေးကြည့်ပါ။ဒီကနေ ကိုယ့်ကိုယ်ကိုပိုသိလာနိုင်သလိုအတွေးတွေပိုရှင်းလာနိုင်တယ်။စာချရေးခြင်းစွမ်းပကားကိုလျော့မတွက်လိုက်ပါနဲ့။ Phyo Paing @ Derek

လျော့မတွက်လိုက်ပါနဲ့။ Read More »

ကိုယ့်ကိုယ်ကို မလေ့လာတာ

စွန့်ဦးတီထွင်တွေ လုပ်မိတဲ့အများဆုံးအမှားတစ်ခုကတော့စျေးကွက်ကိုပဲလေ့လာပြီးကိုယ့်ကိုယ်ကို မလေ့လာတာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ့်ကိုယ်ကို မလေ့လာတာ Read More »

ကြောက်နေလို့မရဘူး။

တချို့ အရာတွေက မလုပ်ကြည့်ပဲစဥ်းစားရုံနဲ့ မမြင်နိုင်ဘူး။ လုပ်ကြည့်ပြီး ရလဒ်ရတဲ့အခါဘာတွေ ဆက်လုပ်ရမလဲဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်းသိသွားတာမျိုး။ ဒါကြောင့် အနည်းဆုံးဆုံးရှုံးနိုင်ခြေနဲ့အလုပ်အသစ်တွေ စမ်းသပ်လုပ်ကိုင်ကြည့်ရမှာကြောက်နေလို့မရဘူး။ Phyo Paing @ Derek

ကြောက်နေလို့မရဘူး။ Read More »

မသိတာက မရှိတာမဟုတ်ဘူး။

မသိတာက မရှိတာမဟုတ်ဘူး။ အိပ်နေလဲ ငွေဝင်အောင်လုပ်လို့ရတဲ့စီးပွားရေးမော်ဒယ်တွေရှိတာမသိတာလား၊ မရှိတာလား။ အေအိုင်တွေကို အသုံးပြုပြီးတစ်သက်စာဟောစာတမ်းဟောလို့ရတာ မသိတာလား၊ မရှိတာလား။ ကိုယ့်လုပ်ငန်းမှာအသုံးပြုမည့်ပေါ့ပေါ့ပါးပါး app တွေကို တစ်ရက်တည်းတစ်ထိုင်တည်းနဲ့လုပ်လို့ရတဲ့ appsheet တို့၊ Zoho creator တို့လိုရှိတာမသိတာလား၊ မရှိတာလား။ ကိုယ့်ရဲ့ မသိတာကိုမရှိတာလို့ မထင်မိဖို့ အရာရာပိတ်နေတဲ့နေရာမှာနေပြီး မျက်စိဖွင့်နားစွင့်open-minded ဖြစ်ဖို့ အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

မသိတာက မရှိတာမဟုတ်ဘူး။ Read More »

စီးပွါးရေးကို သေချာနားလည်ဖို့လိုလာတယ်ဆိုရင်

စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်က၁။ ကိုယ့်ဖောက်သည်အကြောင်း၂။ လုပ်ငန်းနယ်ပယ်အကြောင်း၃။ ဝန်ထမ်းနဲ့ စနစ်တွေအကြောင်းသိထားဖို့ လေ့လာကြတယ်။ ဆိုင်မရှိပဲ Facebook page တစ်ခုနဲ့ရောင်းကောင်းတဲ့ဆိုင်တွေ၊နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊နည်းပညာ အပြောင်းအလဲကြားမှာမြေစာပင်မဖြစ်ပဲ ရှင်ကျန်ဖို့အတွက်စီးပွါးရေးကို သေချာနားလည်ဖို့လိုလာတယ်ဆိုရင်မမှားပါဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွါးရေးကို သေချာနားလည်ဖို့လိုလာတယ်ဆိုရင် Read More »

ဆွဲဆောင်နိုင်တဲ့ ဥယျာဉ်ကြီးဖြစ်ရင်
မကောင်းဘူးလား။

လိပ်ပြာတွေ ကိုယ့်နားရှိစေချင်လို့လိပ်ပြာဖမ်း ပိုက်ကွန်နဲ့ ဖမ်းလို့ရတယ်။ဥယျာဥ်ကြီးတည်ဆောက်လို့လဲရတယ်။ကိုယ့်လုပ်ငန်းက ဝန်ထမ်းကောင်းတွေလာအောင်၊ဖောက်သည်ကောင်းတွေလာအောင်ဆွဲဆောင်နိုင်တဲ့ ဥယျာဉ်ကြီးဖြစ်ရင်မကောင်းဘူးလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဆွဲဆောင်နိုင်တဲ့ ဥယျာဉ်ကြီးဖြစ်ရင်
မကောင်းဘူးလား။
Read More »

ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့

ကိုယ်ကြိုက်တဲ့အလုပ်နဲ့မြန်မာလို တတိယနိုင်ငံမှာအသက်မွေးဝမ်းကျောင်းပြုလို့ရမယ်လို့ကို မထင်ခဲ့ဘူး။​ UI/UX designer, Front-end နဲ့Back-end, Database လူတွေစုပြီးလုပ်ချင်တာ လုပ်နေရတာအမြတ်ပဲဆိုပြီးToe Tet, Dream Lab, Akyanpay,Insidernote.app လုပ်ခဲ့ကြတယ်။​Developer တွေခေါ်ရတာခက်တဲ့အတွက်လဲCreathit Coding School လုပ်တယ်။ ဘဝမှာ ကိုယ့်ဘဝကိုယ်လုပ်ချင်တာလုပ်၊တခြားသူကို မထိခိုက်ရင်တောင်းပန်စရာမလိုဘူးလို့ထင်တယ်။ ရေးချင်တာရေးတယ်။ဘဝမှာ T သုံးလုံးက ကိုယ့်အတွက်အရေးကြီးတယ်။Tech, Teach (ing) and Truthနည်းပညာ၊ သင်ကြားမှုနဲ့ လောကရဲ့ဖြစ်တည်မှုthe nature of reality ကို ရှာဖွေဖို့။ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့။ Phyo Paing @ Derek

ကိုယ့်ရဲ့အစွမ်းအစ အမှန်ကို သိဖို့ Read More »

အတွေး၊ အကြံ၊ အလုပ်

အတွေး၊ အကြံ၊ အလုပ်၊စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ဒီခြောက်ခုက အရေးအကြီးဆုံးခြောက်ခုပဲ။ ဘာတွေတွေးနေလဲ၊ဘာတွေ ကြံစည်နေလဲ၊ဘာတွေ လုပ်ဆောင်သလဲ။ ဘယ်လို စိတ်ထားသလဲ။ကိုယ်မလုပ်ဘူးဆိုတဲ့ အလုပ်၊ကိုယ်လုပ်မယ်ဆိုတဲ့ အလုပ်ကိုစည်းကမ်းဘယ်လောက် လိုက်နာလဲ။သတိနဲ့နေပြီး ကိုယ့်ကိုယ်ကိုအသိကြာလေ တိုးလေ ဖြစ်လာသလား။ ဒီခြောက်ခု။​ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ် Read More »