စဉ်းစားတဲ့ ပုံစံမတူကြဘူး။
ကုန်သည်တွေက စျေးကွက်ရဲ့လောဘနဲ့ သောကကြားမှတစ်နေရာက ပစ္စည်း၊ တစ်နေရာရွေ့၊အချိန်တိုဝယ်ရောင်းလုပ်အကွက်ရွေ့ရင်း ပိုက်ဆံရှာတယ်။ စီးပွားရေးသမားတွေကစျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ စွန့်ဦးတီထွင်တွေက စျေးကွက်ရဲ့ လိုအပ်ချက်ကိုတီထွင်ဆန်းသစ်မှုရှိရှိ ဖြည့်ဆည်းဖို့ကြိုးစားတယ်။ ရင်းနှီးမြုပ်နှံသူက တစ်ရာတန်ကိုငါးဆယ်နဲ့ရတဲ့အချိန်ဝယ်ပြီးလူတွေ လောဘတက်တဲ့အချိန်သူက ထုတ်ရောင်းပြီး၊လူတွေ ကြောက်တဲ့အချိန်ပြန်ဝယ်လေ့ရှိတယ်။စိတ်ရှည်တယ်။ ငြင်းရတယ်။ တော်ရုံရင်မခုန်ဘူး။ မြန်မာပြည်မှာ အမှတ်တံဆိပ်တစ်ခုကိုရေရှည်တည်ဆောက်ဖို့ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စ။ မထင်ထားတဲ့ Black swan ပေါ်လာတဲ့အခါလေးလလောက် လှုပ်ခပ်လိုက်တာနဲ့နှစ်နှစ်စာမြတ်ထားတာ အသာလေး ပြုတ်သွားနိုင်တယ်။ ဒါကြောင့် မြန်မာလိုနိုင်ငံမှာစွန့်ဦးတီထွင်လုပ်brand and business အမှတ်တံဆိပ်နဲ့ စီးပွားရေးတည်ဆောက်တဲ့အခါကျစ်လစ်ပြီး လစဥ်ထွက်ငွေနည်းပြီး Operating expensesအမြတ်များတဲ့ လုပ်ငန်းမျိုးစဥ်းစားကြည့်တာ မမှားဘူး။ မဟုတ်ရင် လုပ်လေမြုပ်လေလုပ်ငန်းတွေ တွေ့ဖူးမလားမသိဘူး။ လေး၊ ငါး၊ ဆယ်နှစ်ရှိနေပြီဒုံရင်းက ဒုံရင်းပဲ။ ပိုက်ဆံပဲ ရှာနေလို့မရဘူး။ ထိန်းသိမ်းနိုင်ဖို့လဲလိုတယ်။ ပွားနိုင်ဖို့လဲလိုတယ်။ ဒီသုံးခုက တူမလိုနဲ့ […]
စဉ်းစားတဲ့ ပုံစံမတူကြဘူး။ Read More »
