Dr Phyo Paing

စဉ်းစားတဲ့ ပုံစံမတူကြဘူး။

ကုန်သည်တွေက စျေးကွက်ရဲ့လောဘနဲ့ သောကကြားမှတစ်နေရာက ပစ္စည်း၊ တစ်နေရာရွေ့၊အချိန်တိုဝယ်ရောင်းလုပ်အကွက်ရွေ့ရင်း ပိုက်ဆံရှာတယ်။ စီးပွားရေးသမားတွေကစျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ စွန့်ဦးတီထွင်တွေက စျေးကွက်ရဲ့ လိုအပ်ချက်ကိုတီထွင်ဆန်းသစ်မှုရှိရှိ ဖြည့်ဆည်းဖို့ကြိုးစားတယ်။ ရင်းနှီးမြုပ်နှံသူက တစ်ရာတန်ကိုငါးဆယ်နဲ့ရတဲ့အချိန်ဝယ်ပြီးလူတွေ လောဘတက်တဲ့အချိန်သူက ထုတ်ရောင်းပြီး၊လူတွေ ကြောက်တဲ့အချိန်ပြန်ဝယ်လေ့ရှိတယ်။စိတ်ရှည်တယ်။ ငြင်းရတယ်။ တော်ရုံရင်မခုန်ဘူး။ မြန်မာပြည်မှာ အမှတ်တံဆိပ်တစ်ခုကိုရေရှည်တည်ဆောက်ဖို့ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စ။ မထင်ထားတဲ့ Black swan ပေါ်လာတဲ့အခါလေးလလောက် လှုပ်ခပ်လိုက်တာနဲ့နှစ်နှစ်စာမြတ်ထားတာ အသာလေး ပြုတ်သွားနိုင်တယ်။ ဒါကြောင့် မြန်မာလိုနိုင်ငံမှာစွန့်ဦးတီထွင်လုပ်brand and business အမှတ်တံဆိပ်နဲ့ စီးပွားရေးတည်ဆောက်တဲ့အခါကျစ်လစ်ပြီး လစဥ်ထွက်ငွေနည်းပြီး Operating expensesအမြတ်များတဲ့ လုပ်ငန်းမျိုးစဥ်းစားကြည့်တာ မမှားဘူး။ မဟုတ်ရင် လုပ်လေမြုပ်လေလုပ်ငန်းတွေ တွေ့ဖူးမလားမသိဘူး။ လေး၊ ငါး၊ ဆယ်နှစ်ရှိနေပြီဒုံရင်းက ဒုံရင်းပဲ။ ပိုက်ဆံပဲ ရှာနေလို့မရဘူး။ ထိန်းသိမ်းနိုင်ဖို့လဲလိုတယ်။ ပွားနိုင်ဖို့လဲလိုတယ်။ ဒီသုံးခုက တူမလိုနဲ့ […]

စဉ်းစားတဲ့ ပုံစံမတူကြဘူး။ Read More »

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။

ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကိုမဖြည့်ဆည်းနိုင်ရင် စိတ်ထွက်ပေါက်တွေရှာရင်းစိတ်ခံစားမှုတွေ ဖြစ်တယ်။ဒီမှာဆုံးဖြတ်ချက်မှားတွေ ချမိတတ်တယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုဆိုတာ ကိုယ့်အတွက် အရေးအကြီးဆုံးအရာတွေပဲ။ တချို့အတွက်က လှုံခြုံမှု၊တချို့အတွက်က လွတ်လပ်မှု၊တချို့အတွက်က တိုးတက်မှု၊တချို့အတွက်က ချစ်မြတ်နှိုးခံရမှု။လူတစ်ယောက်တည်းမှာ သုံးလေးငါးခုလောက်ဖြစ်နိုင်တယ်။ ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီးဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပြီး
ဒါဖြည့်ဆည်းအောင် ဒီဇိုင်းလုပ်ဖို့လိုတယ်။
Read More »

ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပိုက်ဆံကတော့ရှာရမှာပဲ။ နည်းတာနဲ့ များတာပဲကွာမယ်။ ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်ရမှာပဲ။ စီးပွားရေးလုပ်ဖို့ လုပ်နည်းတော့နားလည်ဖို့လိုတယ်။ ဝယ်ရောင်းလုပ်တာ၊ ပွဲစားလုပ်တာက ပိုက်ဆံရှာတာ။ စီးပွားရေးလုပ်ငန်းတည်ဆောက်အမှတ်တံဆိပ်တည်ဆောက်ပြီးငွေရှာတာကပိုက်ဆံလာအောင်လုပ်တာ။ ငွေကို ငွေနဲ့ပြန်ရှာတာက ပိုက်ဆံပွားတာ။ ရှာ၊ လာ၊ ပွား အဆင့်မှာမရှိတဲ့ငွေကို ပွားလို့မလွယ်ဘူး။ ဒီတော့ ငွေလာဖို့ လုပ်ငန်းတည်ဆောက်တဲ့အခါအမှတ်တံဆိပ်တည်ဆောက်တာ၊လူတွေစိတ်ဝင်စားမေးမြန်းအောင်လုပ်တာ၊ ရောင်းတာ၊ ဝန်ဆောင်မှုပေးတာ၊ ဝန်ထမ်းခေါ်ယူ၊ သင်ကြား၊ စီမံတာ၊ ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ သေချာလုပ်တတ်မှ ရမယ်။ ဒါကြောင့်လဲ အိမ်စာမြန်မြန်နဲ့ မှန်မှန်လုပ်ဖို့ကိုယ့်ကိုယ်ကို အမြဲသတိပေးဖြစ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ငွေကြေးစီမံခန့်ခွဲမှုလုပ်တာ
သေချာလုပ်တတ်မှ ရမယ်။
Read More »

ကိုယ့်စူပါပါဝါ ကိုယ်သိ။

မားကတ်တင်း ဒီပုံစံလုပ်လိုက်လို့ဒီလောက်ရောင်းအားတက်သွားတယ်။မှန်တယ်။ အဲ့ဒါ ခဏပဲရလိမ့်မယ်။ ရေရှည်ခံချင်ရင် အရေးကြီးတာ ကိုယ့်လုပ်ငန်းရဲ့ စူပါပါဝါကိုသိရမယ်။ဒါကို ရေရှည်ခံအောင်လုပ်ရမယ်။ ဒါကို ဝါရင်ဘူဖတ်ရဲ့ ပါတနာ ချာလီမန်ကာက ဘယ်လိုပြောခဲ့လဲဆိုရင် “Charlie says that once we have decided we’re capable of understanding the business, the next thing to determine is whether the business has an intrinsic competitive advantage that is durable. In Buffett’s investing strategy, this concept is referred to as a

ကိုယ့်စူပါပါဝါ ကိုယ်သိ။ Read More »

မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။

ပိုက်ဆံဝင်တဲ့အခါသာ ကောင်းတာ။ လူတွေကို စီမံခန့်ခွဲရတာ သိပ်မကောင်းဘူး။ ဖြစ်နိုင်ရင် ကိုယ်တစ်ယောက်တည်းသာလုပ်လိုက်ချင်တယ်ဆိုတဲ့သူတွေရှိလား။ ဒါဆို ကျွန်တော်တို့ first principle thinking ကိုအသုံးပြုပြီး စီးပွားရေးဆိုတာကို တစ်စစီဖြုတ် လေ့လာကြည့်ရအောင်။ စီးပွားရေးတစ်ခုရပ်တည်ဖို့ဘာလိုမလဲ?ဒါဆို စီးပွားရေးဆိုတာ ဘာလဲ?ဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း အမြတ်ငွေရှာတာ။ဒါ စီးပွားရေးပဲ။ Solving problems for profit ပဲ။ ဒါဆို လုပ်ငန်းတစ်ခု ရပ်တည်ဖို့ဘာလိုမလဲ? ဖောက်သည်လိုတယ်။ ဖောက်သည်ဆိုတာဘာလဲ?ကိုယ့်ကို ပိုက်ဆံပေးတဲ့သူက ဖောက်သည်ပဲ။ ဟုတ်တယ်။ လုပ်ငန်းတစ်ခုက ဖောက်သည်ရှိရင်၊ဖောက်သည်ရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိရင်၊ဖောက်သည်ကလဲ ပိုက်ဆံပေးချင်ရင်၊ နောက်ဖောက်သည်ကလဲ ပိုက်ဆံပေးနိုင်ရင်စီးပွားရေးဆိုတာ ဖြစ်တယ်။ ဒါဆို လူတစ်ယောက်တည်းနဲ့ကောစီးပွားရေးလုပ်လို့ရလား?ရဒါပေါ့။ ဖောက်သည်ရှိရင်ရတယ်။ ပိုက်ဆံပေးတဲ့သူရှိရင် ရတယ်။ ဒါကို solopreneur လို့လဲခေါ်တယ်။ ဒါဆို လူများများကို ရောင်းချင်ရင်ဖောက်သည်များများရချင်ရင် ဘာလိုမလဲ?

မော်ဒယ်မှားရင် မယ်တော်လဲမကယ်နိုင်ဘူး။ Read More »

ကိုယ့်ကိုယ်ကို ကန့်သတ်ထားတာ
ကိုယ့်အတွေးအခေါ်ပဲ။

ဒီနှစ်ထဲမှာရတဲ့ သင်ခန်းစာကတော့တွေးရဲရတယ်။ကြံရဲရမယ်။ လုပ်ရဲရမယ်။အတွေး၊ အကြံ၊ အလုပ်အရေးကြီးတယ်။ကိုယ့်ကိုယ်ကို ကန့်သတ်ထားတာကိုယ့်အတွေးအခေါ်ပဲ။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ကန့်သတ်ထားတာ
ကိုယ့်အတွေးအခေါ်ပဲ။
Read More »

ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။

သစ်ခုတ်ဖို့ အချိန်ခြောက်နာရီရရင်လေးနာရီကို ပုဆိန်သွေးမယ်။ကျန်နှစ်နာရီကို ခုတ်မယ်တဲ့။ဒါ အားလုံးသိကြတဲ့ လင်ကွန်းပြောခဲ့တဲ့စကားလေး။ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ်ဓားသွေးဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။ Read More »

ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။

စီးပွါးရေးလုပ်ရင်းကိုယ်က လုပ်ငန်းကိုမပိုင်ပဲ၊လုပ်ငန်းက ကိုယ့်ကိုပိုင်သွားတယ်။စီးပွါးရေးလုပ်တယ်ဆိုတာဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Phyo Paing @ Derek

ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Read More »

သေချာမသိတဲ့အရာတွေကြောင့်
ဒုက္ခရောက်တာများတယ်။

ကိုယ်မသိတဲ့အရာတွေထက်ကိုယ်သိသလိုလိုနဲ့သေချာမသိတဲ့အရာတွေကြောင့်ဒုက္ခရောက်တာများတယ်။ Phyo Paing @ Derek

သေချာမသိတဲ့အရာတွေကြောင့်
ဒုက္ခရောက်တာများတယ်။
Read More »

နားလည်ဖို့ ပညာသင်ကြတယ်။

1, 4, 5, 2, 3 ဒါကို ဒေတာလို့ ခေါ်တယ်ဆိုပါတော့။ (data)1, 2, 3, 4, 5 ဒေတာကို လုပ်ငန်းစဥ်အလိုက်စုစည်းတဲ့အခါ သတင်းအချက်ဖြစ်တယ်။ (information)1, 2, 3, 4, 5 ဒါက ငယ်စဥ်ကြီးလိုက် စီထားတာပဲ ဒါကိုနားလည်ဒါကို အသိပညာလို့ခေါ်လိုက်တယ်။ (knowledge) 5, 4, 3, 2, 1 ဒီလိုလဲ ကြီးစဥ်ငယ်လိုစီလို့ရသေးတယ်နားလည်တာ ဥာဏ်ပညာ။ (wisdom) data, information, knowledge, wisdom နဲ့ ဥာဏ်ပညာကို အသုံပြု ထိုးထွင်းသိမြင်တာကို insight လို့ခေါ်တယ်။ နားလည်ဖို့ ပညာသင်ကြတယ်။လေ့လာမှု ပြုကြတယ်။ Phyo Paing @ Derek

နားလည်ဖို့ ပညာသင်ကြတယ်။ Read More »