Dr Phyo Paing

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ ကိုယ်နေချင်တဲ့နိုင်ငံအများစုမှာရင်းနှီးမြုပ်နှံမှုလုပ် အမြဲတမ်းနေထိုင်ခွင့်၊ဒီမှတဆင့် နိုင်ငံသားခံချင်ခံလို့ရတယ်။ ဒါမှမဟုတ် တချို့နိုင်ငံတွေက နိုင်ငံသား ဒေါ်လာ တစ်သိန်းကျော်နဲ့ဝယ်ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်ဗီဇာမလိုပဲ သွားလို့ရတယ်။ ပိုက်ဆံက ပေးတဲ့အရာတစ်ခုဆိုရင်လွတ်လပ်မှုပဲဖြစ်မယ်။ ဒါကြောင့် ပိုက်ဆံများများရှာပေးနိုင်တဲ့ပညာရပ်တွေ သင်ယူဖို့လိုတယ်လို့ထင်တယ်။ ပိုက်ဆံများများရှာနိုင်တဲ့ ပညာရပ်ဆိုတာ လူများများကို ကိုယ့်သတင်းအချက်အလက်ဘယ်လို ရောက်အောင်လုပ်မလဲ။ လူတွေ ဘာလိုချင်လဲဆိုတာ ဘယ်လိုရှာဖွေမလဲ။ လူများများကို ဘယ်လိုရောင်းမလဲ။ လူများများကို အသုံးပြုပြီးလူများများကို ဘယ်လိုဖြန့်ဖြူးရောင်းချပေးမလဲ။ဒီပညာရပ်တွေပါတယ်။ ဒီလို ကျွမ်းကျင်မှုကို “ဝင်ငွေ ဆပွားကျွမ်းကျင်မှု” High-income skill လို့ခေါ်တယ်။ ကြော်ငြာရေးနည်း၊ စာရေးနည်း၊ လူရှေ့သူရှေ့ဟောပြောနည်း၊ ဗီဒီယိုမှာ ကိုယ်ပြောချင်တဲ့မက်ဆေ့ကိုလူတွေ နားလည်အောင်ပြောနည်း၊လူတွေ စိတ်ဝင်စားအောင်ပြောနည်း၊ကွန်ပြူတာပရိုဂရမ်ရေးသားခြင်းကျွမ်းကျင်မှု၊မားကတ်တင်းပညာ၊စီမံခန့်ခွဲမှုပညာ ဒါတွေပါဝင်တယ်။ ခေတ်စနစ်တစ်ခုကို အသုံးချပြီး သမာအာဇီဝ ငွေရှာဖို့က leveraged power နည်းနည်းလုပ်များများရနိုင်တဲ့ ကျွမ်းကျင်မှုတွေလိုတယ်။ […]

ပိုက်ဆံရှိရင် ရွေးချယ်စရာရှိတယ်။ Read More »

ရှာသောသူတွေ့၏။
မရှာရင် မတွေ့။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းက စနစ်နဲ့ စတာမဟုတ်ဘူး။ Business Model နဲ့ စတယ်။ စလုံးက ST Signature hotelတစ်ခုလုံးမှာ reception မှာ အမြဲ လူတစ်ယောက်ပဲရှိတာမြင်လိမ့်မယ်။ကျန်တာအားလုံး၊သော့ဖွင့်၊ check-in နဲ့ check-out အကုန်လုံး ဖုန်းနဲ့ပဲ။ လူနှစ်ယောက်နဲ့ လည်ပတ်တဲ့ကော်ဖီဆိုင်တွေ။ Plug-in လေးရေးပြီးမီလီယံနဲ့ချီရှာနေတဲ့တစ်ယောက်တည်းရှိတဲ့လုပ်ငန်းတွေ။ ကနေဒါကျွန်းလေးပေါ်မှာနေပြီးစနစ်တည်ဆောက်ပြီးလုပ်ချင်တာလုပ် သူ့အလိုလိုလည်ပတ်နေတဲ့လုပ်ငန်းတွေ။ လူအများစုထင်တာ ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ စနစ်နဲ့ စတယ်လို့ထင်တတ်ကြတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ လုပ်ငန်းလည်ပတ်မှုပုံစံဒီဇိုင်းနဲ့စတယ်။ ဝန်ထမ်းမလိုတဲ့ စာအုပ်ဆိုင်ကို App နဲ့ ဖွင့်လို့ရတယ်။ ဝန်ထမ်းမလိုတဲ့ သင်တန်းကျောင်းကိုWebsite/ App နဲ့ ဖွင့်လို့ရတဲ့ခေတ်ကြီးဖြစ်နေပြီ။ အ play ခံရတိုင်းငွေဝင်တဲ့business model နဲ့ အိပ်နေလဲ ငွေဝင်ဖို့ Youtube တွေ၊ တခြားလုပ်ငန်းတွေအများကြီး ပေါ်နေပြီ။

ရှာသောသူတွေ့၏။
မရှာရင် မတွေ့။
Read More »

Business Model လို့ခေါ်တယ်။

မလုပ်ချင်တာတွေ မလုပ်ရပဲလိုချင်တာရအောင်လုပ်လို့ရတယ်။ ဒါကို ဒီဇိုင်းလို့ခေါ်တယ်။ ကိုယ့်ဘဝမှာ မလုပ်ချင်တွေချရေးကြည့်။ ဥပမာ စီးပွားရေးမှာဆို တိုးတက်မှုမရှိပဲ ငွေအတွက်ပဲအလုပ်လုပ်နေတာမျိုးမလုပ်ချင်တာမျိုးဖြစ်ရင်ဖြစ်မယ်။ ကိုယ့်စီးပွားရေးအတွက်ကိုယ့်ဘဝကို စတေးရ၊ပေးဆပ်ပြီး လုပ်ငန်းကြီးကြီးလာတာမျိုးမဖြစ်ချင်ဘူးဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ်တစ်နေရာထဲမှာ ခြေချုပ်မိမည့်ခရီးသွားလို့မရတဲ့ လုပ်ငန်းမလုပ်ချင်ဘူး။ ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ဝန်ထမ်းတွေကြောင့် စိတ်သောကရောက်နေတာမျိုးမလိုချင်ဘူး။ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ တပြိုင်တည်းမှာပဲရချင်တဲ့ ရလဒ်တွေက ဘာတွေလဲ။ တစ်ခါတည်ဆောက်ပြီးတစ်သက်လုံးရောင်းလို့ရမယ့်အရာတွေဖန်တီးချင်တယ်။ အဖေခေတ်မှာ လုပ်လို့မရခဲ့တဲ့ဆန်းသစ်တဲ့လုပ်ငန်းတွေလုပ်ချင်တယ်။ နေ့စဥ်တိုးတက်မှုရှိမည့်လုပ်ငန်းလုပ်ချင်တယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့ကုန်ပစ္စည်းတွေ အဓိကရောင်းချင်တယ်။ ဒါမျိုးဖြစ်ရင်ဖြစ်မယ်။ ကိုယ်မလုပ်ချင်တာမလုပ်ရပဲလိုချင်တဲ့ရလဒ်ရဖို့ ဒီဇိုင်းလုပ်ဖို့လိုတယ်။ ဒီ ဒီဇိုင်းကို စီးပွားရေးလည်ပတ်ပုံမှာလုပ်ဆောင်တာကိုBusiness Model လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Business Model လို့ခေါ်တယ်။ Read More »

စဥ်းစားတယ်ဆိုတာ

လွယ်ကူတဲ့အလုပ်မဟုတ်ဘူး။ဒါကြောင့်လူအများစုက ဝေဖန်မှုတွေပဲလုပ်ကြတယ်လို့ကြားဖူးလိမ့်မယ်။ စဥ်းစားတယ်ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် ခေါင်းသုံးပြီးရည်ရွယ်ချက်ရှိရှိ စဥ်းစားတာမျိုးပေါ့။ ဒါိကို intentional thinking လို့ခေါ်ပါတယ်။ သူနဲ့ပြောင်းပြန်ကတော့ automatic thinking လို့ခေါ်တယ်။ အထင်အမြင်နဲ့ တခါတည်းကောက်ချက်ချလိုက်တာမျိုး။ နောက်ပြီး လူတွေကဘက်လိုက်တတ်တဲ့အတွေးတွေ ရှိတတ်ကြတယ်။သတိမမြင် ဂူမမြင်ဆိုသလို။ ကိုယ်ယုံကြည်တာကို သက်သေပြဖို့ကြိုးစားတဲ့ confirmation bias လိုမျိုး။ တွေးတတ်၊ ခေါ်တတ်ဖို့အတွက် အတ္တကို ဘေးချရတယ်။ကိုယ်ထင်တာအကုန် မမှန်နိုင်ဘူးဆိုတာ နှလုံးသွင်းဖို့လိုတယ်။မှားနေရင် ပြင်ဖို့လိုတယ်။ ဒီလို လုပ်နိုင်ဖို့က ငါက ငါ့အတွေးမဟုတ်ဘူး။ ငါက ငါ့လုပ်ရပ်မဟုတ်ဘူး။ဒီလို ကွဲကွဲပြားပြားသိရမယ်။ မှားရင်မှားမှန်းသိပြီး ပြင်နိုင်ဖို့လိုတယ်။ ဒါကို ပျော့ပျောင်းတဲ့ စိတ်ရှိဖို့လိုတယ်။ တချို့သူတွေ သေခြင်းတရားနဲ့နီးသွားတဲ့အခါလောကကို မြင်တဲ့အမြင်တွေပြောင်းသွားသလိုမျိုး။ လူတွေက အခြေအနေတွေကြောင့်လဲလောကအမြင်တွေ ပြောင်းသွားတတ်တယ်။ စူးစမ်းလိုစိတ်ရှိဖို့လိုတယ်။ စူးစမ်းလိုစိတ်ဟာ ပညာသင်တဲ့နေရာမှာလဲအထောက်အကူပြုတယ်။ စူးစမ်းလိုစိတ်ဟာ

စဥ်းစားတယ်ဆိုတာ Read More »

ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါ
အောင်မြင်မှုဆိုတာ ဖြစ်တယ်။

ကြိုတင်ပြင်ဆင်မှုနဲ့ အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါအောင်မြင်မှုဆိုတာ ဖြစ်တယ်။ အနာဂတ်အခွင့်အလမ်းတွေကိုအမိအရ ရယူဖို့ ထင်မြင်ယူဆချက် Hypothesis ဟာလုပ်ငန်းတစ်ခုမှာ အလွန်အရေးကြီးတယ်။ ကိုယ့်ရဲ့အလားအလာရှိတဲ့ဖောက်သည်တွေက ဘယ်သူတွေလဲ။သူတို့ဘာတွေ စိတ်ဝင်စားသလဲ။သူတို့ဘာကြောင့် ကိုယ့်ကုန်ပစ္စည်း၊ဝန်ဆောင်မှုကို ဝယ်လိမ့်မလဲ၊ဘယ်လိုသိအောင်လုပ်မလဲကစလို့၊ အနာဂတ်စီးပွားရေးလည်ပတ်မှုပုံစံနဲ့စီးပွားရေးမြေပြင်အခြေအနေဒါတွေအတွက် လုပ်ငန်းရဲ့ထင်မြင်ယူဆချက်ထုတ်ပြီးပြန်လည်ဆန်းစစ်မှု ပြုလုပ်ဖို့လိုတယ်။ နောက်မဟာဗျူဟာဘယ်လိုပြင်ဆင်မလဲ။ဒီမဟာဗျူဟာကို ကိုယ့်ဝန်ထမ်းတွေကိုဘယ်လို ပြောကြားမလဲ strategic narrative လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်း တိုက်ရိုက်ဆုံတဲ့အခါ
အောင်မြင်မှုဆိုတာ ဖြစ်တယ်။
Read More »

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။

ဘဝမှာ အမြဲရှောင်လွဲလို့မရတာကအနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။ အနိစ္စဆိုတာ မမြဲခြင်း။ ကိုယ့်မှာရှိတာတွေကို တွယ်တာမှုလွန်ကဲတာ၊ တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘဝမှာ အို၊ နာ၊ သေ။ ဒီသုံးခုက ရှောင်လွဲလို့မရဘူး။ ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊မျှော်မှန်းမထားတဲ့အရာတွေဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။ ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။ ငါလို့ထင်နေတဲ့အရာက ငါမဟုတ်ဘူး။ ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။မတည်မြဲဘူး။အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။ ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။ မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်ကြိုတင်ပြင်ဆင်။ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။ လောကဓံကို အရမ်းလဲတုန်လှုပ်ခြောက်ခြားမနေအောင်စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။ Phyo Paing @ Derek

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။ Read More »

“စိတ်ရှည်” ဖို့လိုတယ်။

လုပ်ရပ်တွေအတွက် “စိတ်မြန်” ပြီး၊ရလဒ်တွေအတွက် “စိတ်ရှည်” ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

“စိတ်ရှည်” ဖို့လိုတယ်။ Read More »

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ?

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ? ၁။ ကိုယ်ဘာဖြစ်ချင်သလဲ ရည်မှန်းချက်ပန်းတိုင်သတ်မှတ်၂။ စနစ်ကို နားလည်အောင်လုပ်၃။ စနစ်ရဲ့ မညီမျှမှုတွေကို ရှာဖွေ (leverage point လို့လဲခေါ်တယ်။)၄။ ဒါတွေကို အသုံးချ ၅။ ရလဒ်တွေကို ပြန်သုံးသပ်၊ လေ့လာ။၆။ လိုအပ်တဲ့ သတင်းအချက်အလက်တွေသေချာစုစည်း။၇။ ပြုပြင်မှုတွေလုပ်။ ဥပမာ တက္ကသိုလ်ကောင်းကောင်းတက်ချင်ပညာရေးစနစ်ကိုလေ့လာအရေးကြီးတာကိုလေ့လာပြင်ဆင်အသုံးချတာမျိုး။ Phyo Paing @ Derek

စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ? Read More »