Dr Phyo Paing

ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ

လူတွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကိုသေချာအသုံးချတတ်ရင်ကိုယ့်ရဲ့ circadian rhythm ကိုလိုသလို ပြောင်းလို့ရတယ်။ဘယ်အချိန်အိပ်ပြီးဘယ်အချိန်ထချင်တယ်။ဘယ်လိုအလုပ်လုပ်ချင်တယ်။စွမ်းအင်ကို ဘယ်လိုစီမံခန့်ခွဲမယ်။ ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်တယ်လေ့လာတာ။ဇီဝဗေဒ Biology ရဲ့အခွဲတစ်ခုဖြစ်တယ်။ ဘောလုံးမကန်ခင်မှာသွေးပူလေ့ကျင့်ခန်းဘာကြောင့်လုပ်သလဲ? နှလုံးခုန်မြန်ပြီး သွေးလည််ပတ်မှုကောင်းပြီးကြွက်သားတွေထဲ သွေးပိုရောက်အောင်။ထိခိုက်မှုနည်းစေတယ်၊ပျော့ပြောင်းမှုပိုဖြစ်စေတယ်၊လှုပ်ရှားမှုစွမ်းဆောင်ရည်အတွက် ကူညီပေးတယ်။ဒါက ဇီဝကမ္မဖြစ်စဥ်ကို အသုံးပြုတဲ့သာဓက တစ်ခုပဲ။ အိပ်ချင်နေတယ်၊ အလုပ်ကလဲမပြီးသေးဘူး။ကော်ဖီသောက်လိုက်တယ်။သွေးထဲမှာ adenosine receptor အဒီနိုစင်းလက်ခံကိုသွားပိတ်တယ်။ အရူးသွားလုပ်တယ်။adenosine တွေက သူ့ လက်ခံနဲ့ပေါင်းလို့မရပဲသွေးထဲလည်ပတ်နေတယ်။ဒီတော့ အနားယူမည့် အိပ်ချင်စိတ်ကိုအချိန်တစ်ခုထိ ရပ်ထားဖို့ ကူညီပေးတယ်။ Phyo Paing @ Derekdrphyopaing

ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ Read More »

ချမ်းသာကြွယ်ဝမှုဆိုတာ

သင့်ရဲ့ဝင်ငွေကချမ်းသာကြွယ်ဝမှုမဟုတ်ပါဘူး။ချမ်းသာကြွယ်ဝမှုဆိုတာမာရသွန်ပြေးပွဲပဲ။ရသမျှသုံးနေတာနဲ့ချမ်းသာကြွယ်ဝမှုတည်ဆောက်လို့မရဘူး။စာတော်တာ ဥာဏ်ကောင်းတာနဲ့လဲမဆိုင်ဘူး။ထိပ်တန်းကျောင်းတတ်ထားတာနဲ့မဆိုင်ဘူး။ငွေပေါ်တန်ဖိုးထားတတ်မှုနဲ့ဆိုင်တယ်။လူနေမှုပုံစံ၊ သုံးတဲ့ပုံစံ၊ စီမံခန့်ခွဲတဲ့ပုံစံနဲ့ဆိုင်တယ်။ချမ်းသာကြွယ်ဝသူတွေကမှန်ကန်တဲ့ အလုပ်ကိုရွေးချယ်တယ်။ဟောင်းနေပြီဖြစ်တဲ့The Millionaire Next Dollar စာအုပ်ဖတ်ရင်း။ Phyo Paing @ Derek

ချမ်းသာကြွယ်ဝမှုဆိုတာ Read More »

ဒါကို McKinsey’s 7S framework လို့ခေါ်တယ်။

လုပ်ငန်းဖွဲ့စည်းပုံ Structureလုပ်ငန်းစနစ် System လုပ်ငန်းမဟာဗျူဟာ Strategy ဒီကွာခြားချက်တွေ သိချင်ရင်Open AI ရဲ့ ဒီရက်ပိုင်းအဖြစ်အပျက်တွေကြည့်ရင်အများကြီးသင်ခန်းစာတွေရနိုင်တယ်။ မဟာဗျူဟာကောင်းကောင်း၊ စနစ်ကောင်းကောင်းနဲ့သွားပေမယ့် ဖွဲ့စည်းပုံအားနည်းချက်ဖြစ်လာရင်ဖွဲ့စည်းပုံကို အခွင့်ကောင်းယူထိုးနက်ရင်တစ်ရက်ထဲနဲ့လဲ ချော်လဲသွားနိုင်တယ်။ လုပ်ငန်းတစ်ခု၊ ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပုံတော်တော်အရေးကြီးတယ်။ လုပ်ငန်းတစ်ခုရဲ့ Culture လုပ်ငန်းလည်ပတ်ပုံတွေဖြစ်လာဖို့က အထက်က S သုံးလုံးအပြင်တန်ဖိုးထားမှု Shared Values ဦးဆောင်တဲ့ပုံစံ Leadership Style လုပ်ငန်းထဲက ဝန်ထမ်းတွေ Staffသူတို့ရဲ့ ကျွမ်းကျင်မှု Skill ဒီ S 7 လုံးလိုတယ်လို့ဆိုတယ်။ ဒါကို McKinsey’s 7S framework လို့ခေါ်တယ်။ စနစ်ရဲ့အပေါ်မှာ စဒခြာ Structure ဖွဲ့စည်းပုံရှိတယ်ဆိုတာ မေ့ထားလို့မရဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒါကို McKinsey’s 7S framework လို့ခေါ်တယ်။ Read More »

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ ဒီလေးချက်လိုတယ်။

Mindset နဲ့ Skillset တင်မရဘူး။​ ဒီနောက်ကွယ်ကရှိတဲ့ Physical, Mental, Emotional and Spiritual fitness ကောင်းဖို့လဲလိုတယ်။ စိတ်အမြင်သဘောထားတွေ ကောင်းနေပြီး ကျန်းမာရေးမကောင်းရင်လဲ​ စွမ်းဆောင်ရည်မမြင့်ဘူး။ အတွေးမရှင်းရင်လဲ​ စွမ်းဆောင်ရည်ကောင်းဖို့မလွယ်ဘူး။ ဦးနှောက်အာရုံနောက်နေတဲ့ အချိန်မျိုး လူတိုင်းဖြစ်ဖူးကြတယ်။ ဒါက အိပ်ရေးမဝလို့၊ အစားအသောက်ကြောင့်၊​ ဒါမှမဟုတ် ဆေးဝါးကြောင့်ဖြစ်တတ်တယ်။ ဒါကလဲ ဂရုစိုက်ဖို့လိုတယ်။ နောက် စိတ်ခံစားမှုမကောင်းရင်၊ ရည်းစားနဲ့ပြတ်ထားရင်လဲ စိတ်ခံစားမှုက မကောင်းဘူး။ နောက် ဘဝမှာ တစ်ရက်တစ်ရက် အသက်ရှင်နေပြီး ဘာကြောင့်အသက်ရှင်နေလဲ ရည်မှန်းချက်မရှိရင်လဲ စွမ်းဆောင်ရည်က အကန့်အသတ်ရှိတယ်။ Phyo Paing @ Derek

စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ဖို့ ဒီလေးချက်လိုတယ်။ Read More »

ကိုယ်မားကတ်တင်းလုပ်တဲ့ပုံစံ

ကိုယ်မားကတ်တင်းလုပ်တဲ့ပုံစံကကိုယ်စီးပွါးရေးလုပ်တဲ့ပုံစံအများကြီးကို ဖော်ပြတယ်။ Guerrilla Marketing CoachLow cost, high impactစရိတ်နည်းပါးထိရောက်မှုဆပွါး #gmc

ကိုယ်မားကတ်တင်းလုပ်တဲ့ပုံစံ Read More »

အကောင်းဆုံးကိုယ်ဖြစ်မှ

မိုးလင်းတော့ ပြီးခဲ့တဲ့တစ်ရက်တာကို ပြန်လည်သုံးသပ်၊စာအုပ်ဖတ်၊ မှတ်စုထုတ်၊ စာရေး။အလုပ်နဲ့ပတ်သတ်တာလေ့လာ၊ဗီဒီယိုတစ်ပုဒ်ရိုက်။ကိုယ့်လုပ်ငန်းတွေအတွက် လုပ်စရာရှိတာဝန်ထမ်းတွေကို ညွှန်ကြား။အကြံပေးတဲ့ အလုပ်လုပ်။ညနေရောက်လေ့ကျင့်ခန်းလုပ်။ညရောက်တော့စာသင်စရာရှိတာသင်။သင်စရာမရှိရင်နား။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းနေ့စဉ်တည်ဆောက်နေတယ်။ အကောင်းဆုံးကိုယ်ဖြစ်မှတခြားသူတွေကို ပြန်လည်ကူညီနိုင်မှာ။ Phyo Paing @ Derek

အကောင်းဆုံးကိုယ်ဖြစ်မှ Read More »

ဂရုစိုက်တာ ကောင်းတဲ့အချက်ပဲ။

ကျန်းမာရေး၊ဝမ်းစာရေး၊ဝမ်းသာရေးနဲ့လူတွေအားလုံး လန်းဖြာရေးအတွက် ကျွန်တော်တို့ အတွေး၊အကြံ၊ အလုပ်တွေကိုဂရုစိုက်တာ ကောင်းတဲ့အချက်ပဲ။ Phyo Paing @ Derek

ဂရုစိုက်တာ ကောင်းတဲ့အချက်ပဲ။ Read More »

လက်ခံတတ်ဖို့အရေးကြီးတယ်။

စိတ်ဆိုတာ အိမ်ဖြစ်ခဲ့မယ်ဆိုရင်အတွေးဆိုတာ ဧည့်သည်ပဲ။အိမ်လာတဲ့ ဧည့်သည်ရွေးချယ်လက်ခံတတ်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

လက်ခံတတ်ဖို့အရေးကြီးတယ်။ Read More »

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း မားကတ်တင်းဆိုတာကတော့ ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိစေချင်တဲ့လူတွေသိပြီး ကြွေအောင် ထုတ်ဖော်ပြသပေးတဲ့ လုပ်ငန်းစဥ်ပဲ။ တချို့ကကြွေအောင်အရင်မလုပ်ပဲ ရေဆာနေချိန် ရေရောင်းဖို့ စဥ်းစားကြတယ်။ ဒါက စျေးကွက်လိုအပ်ချက် အရမ်းကောင်းနေတဲ့အချိန် အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ရေရှည်အတွက်ကတော့ raving fans တည်ဆောက်ဖို့လိုတယ်။ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲ Fans Economy ပိုင်းကိုသွားနေတယ်။ ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာ တဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။ ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက် ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်း ရောက်လာတယ်။ ဒီတော့ branding နဲ့ marketing က အရင်ကထက် ပိုအရေးကြီးလာတယ်။ ၁။ Marketing ဆိုတာ ဘာလဲ။ Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း Read More »