Dr Phyo Paing

အောင်မြင်ရေး ဖော်မြူလာကတော့

ကျွန်တော်နားလည်ထားတဲ့အောင်မြင်ရေး ဖော်မြူလာကတော့ ၁။ ကိုယ်ရဲ့စူပါပါဝါကို အကောင်းဆုံးအသုံးချ၂။ တခြားသူရဲ့စူပါပါဝါကို ကိုယ်နဲ့ပေါင်း၃။ ဖြစ်ချင်တာကို စဥ်းစား၄။ ဖြစ်နိုင်တာကို ကြံဆ၅။ ဖြစ်ခဲ့တာကို သင်ခန်းစာယူ၆။ ဖြစ်မည့်အနာဂတ်အခြေအနေကို ထည့်သွင်းစဥ်းစား၇။ ဖြစ်အောင်လုပ်ဖို့ပဲ။ Phyo Paing @ Derek

အောင်မြင်ရေး ဖော်မြူလာကတော့ Read More »

မာကတ်တင်းအကြောင်း

မားကတ်တင်းအကြောင်း နည်းနည်းပြောပြမယ်။ မားကတ်တင်း ဗားရှင်း 1.0 အဘိုးခေတ်မှာ မားကတ်တင်းမလိုဘူး။ ကုန်ပစ္စည်းရှိသူက ဆရာပဲ။ အဲ့ဒီခေတ်က ထုတ်သာထုတ်စမ်းပါကွာဆိုတဲ့ ထုတ်လုပ်မှုအသားပေးခေတ်။ Production Concept လို့ခေါ်တယ်။ မားကတ်တင်း ဗားရှင်း 2.0 နောက် အဖေ၊ အမေ လက်ထက်ကျတော့ လက်ဟောင်းပဲ ယူချင်တယ်။ စထုတ်တုန်းအရည်အသွေးကောင်းပြီး ရောင်းရပြီး နာမည်ကြီးရင် အရည်အသွေးညံံ့သွားတတ်လို့ဆိုတဲ့ ကုန်ပစ္စည်းအရည်အသွေးအသားပေး Product Concept ဆိုတာ ရောက်လာတယ်။ အထက်က နှစ်ခုကို Marketing 1.0 လို့ခေါ်တယ်။ မားကတ်တင်း version 1 ဆိုပါတော့။ Product-centric marketing ကုန်ပစ္စည်းအသားပေး မားကတ်တင်းလို့ခေါ်တယ်။ ကျွန်တော်ကတော့ “Me Marketing” လို့ အတိုကောက်နာမည်ပေးတယ်။ “ငါတော်တယ်၊ ငါမိုက်တယ်၊ ငါ့အသားပေး” မားကတ်တင်းပေါ့။

မာကတ်တင်းအကြောင်း Read More »

ပိုက်ဆံက motivation ပဲ

ပိုက်ဆံက motivation ပဲ။ အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။ ဒါကြောင့် အိပ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။ ရှေးတရုတ်အယူအဆမှာ ငွေကိုရန်သူလို့ မသတ်မှတ်ဘူး။ ငွေဆိုတာ energy စွမ်းအင်တစ်ခုလို့မှတ်ယူကြတယ်။ ငွေရှိတဲ့နေရာ ငွေပိုလာတယ်။ ဒါကြောင့် bank account ထဲဟောင်းလောင်းထားတာထက်ငွေဆောင်ထားတာ ငွေပိုလာတဲ့အယူအဆဖြစ်တယ်။ ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။ ငွေဆိုတာ စွမ်းအင်တစ်ခုပါ။ အဲ့စွမ်းအင် မပြတ်လပ်ဖို့အရံအနေနဲ့ အဆောင်ထားပါ။ စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ်သက်ရောက်မှုရှိပါတယ်။ ငွေကြေးနဲ့ စိတ်ဖိဆီးမှု လူအများစု Stress များတယ်ဆိုတာ ငွေကြေးကြောင့်အများစုပဲ။ နောက် ကျန်းမာရေးပေါ့။ ဒီနှစ်ခုပြည့်စုံရင် ကျန်တာက လုပ်ယူဖို့ သိပ်မခက်လှဘူး။ ငွေကြေးစီမံခန့်ခွဲမှုအတွက်ကတော့ သုံးငွေနဲ့ ဝင်ငွေနဲ့ စီမံခန့်ခွဲမှုပေါ့။ အနာဂတ်ကို အကောင်းအရမ်းမြင်ပြီး ချေးငှားတာကို အလွန်အကျွံမလုပ်သင့်သလို စိတ်ညစ်ပြီး အလုပ်မလုပ်တာမျိုးလဲ သတိထားဖို့လိုလာတယ်။

ပိုက်ဆံက motivation ပဲ Read More »

ငွေဆိုတာ ဝင်လေ၊ သုံးမိလေ

အချိန်ကိုပဲ ရောင်းလို့ချမ်းသာတဲ့သူဆိုတာတော်တော်လေးရှားတယ်။ ငွေကြေးကြွယ်ဝမှုကိုတည်ဆောက်ဖို့လုပ်ငန်း၊ အမှတ်တံဆိပ်၊ ပိုင်ဆိုင်မှုတစ်ခုလိုတယ်။ဒီပိုင်ဆိုင်မှုက ကိုယ့်ကိုငွေရှာပေးနေရမယ်။ ဒါက ချမ်းသာကြွယ်ဝမှုရဲ့ အခြေခံပဲ။ဒါဆို အချိန်မရောင်းရဘူးလားဆိုတော့မဟုတ်ပြန်ဘူး။ ကိုယ့်ကိုယ် ပညာသင်ပေးနေရင်၊ကိုယ့်ကို တိုးတက်နေစေတယ်ဆိုရင်၊ကိုယ့်အချိန်နဲ့ ကိုက်ညီတဲ့ငွေရှာပေးနေတယ်ဆိုရင်၊ကိုယ့်ကို ပျော်နေစေတယ်ဆိုရင်၊ကိုယ့်အနာဂတ်မှာ လုပ်မည့်အလုပ်တွေအတွက်ပြင်ဆင်မှုဖြစ်နေစေတယ်ဆိုရင်လုပ်သင့်တာပေါ့။ ငွေဆိုတာ ဝင်လေ၊ သုံးမိလေပဲ။ ချမ်းသာကြွယ်ဝမှုတည်ဆောက်ဖို့ငွေရှာပေးနေတဲ့အမှတ်တံဆိပ်၊ စီးပွားရေး၊ပိုင်ဆိုင်မှုလိုအပ်တယ်။ Phyo Paing

ငွေဆိုတာ ဝင်လေ၊ သုံးမိလေ Read More »

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့ ၁။ နေ့စဥ် စာဖတ်ပါ။ အိုင်ဒီယာအသစ်တွေနဲ့ ထိတွေ့ပါ။၂။ နေ့စဥ် journaling လုပ်ပြိး ကိုယ့်ကိုယ်ကိုလေ့လာပါ။၃။ နေ့စဥ် လေ့ကျင့်ခန်းလုပ်ပါ။၄။ နေ့စဥ်ငွေရတဲ့ အလုပ်လုပ်ပါ။​၅။ နေ့စဥ် သက်ဆိုင်ရာနယ်ပယ်မှာတိုးတက်နေအောင်လုပ်ပါ။၆။ နေ့စဥ် ကိုယ်နဲ့အနီးဆုံးလူတွေinner circle ထဲကလူတွေကို အချိန်ပေးပါ။၇။ နေ့စဥ် ဝင်ငွေတိုးပွားအောင်လုပ်ပါ။၈။ နေ့စဥ် အနားယူတဲ့အချိန်ပေးပါ။၉။ နေ့စဥ် ဘာသာရေး သို့ စိတ်ငြိမ်းချမ်းရေးလုပ်ဆောင်ပါ။ Phyo Paing @ Derek

ကိုယ့်ရဲ့ဖြစ်တည်မှုကို နေ့စဥ် ဂုဏ်ယူနေဖို့ Read More »

ဥာဏ်ဆိုတာ ဆွမှ ထတာ။

စာဖတ်တယ်ဆိုတာမေ့လိုက်။ သင်တန်းတက်တယ်ဆိုတာ မေ့လိုက်။ Intellectual stimulation ဥာဏ်ဆွဖို့ အလုပ်တစ်ခုလို့စဥ်းစားကြည့်လိုက်။ ဥာဏ်ဆိုတာ ဆွမှ ထတာ။ထမှ ကြွတာ။ ကြွမှ ဥာဏ်ရည်ကို အကောင်းဆုံးအသုံးပြုနိုင်တာ။ လူတွေနဲ့ တိရစ္ဆာန်တွေကို ကွာခြားစေတာဥာဏ်ပညာလို့ပြောရင်မမှားဘူး။ ဥာဏစွမ်းအားရှင်တစ်ယောက်အနေနဲ့ဦးနှောက်ကို နိုးဆွ၊ နိုးထပြီး နိုးကြွဖို့နေ့စဥ် လုပ်ဆောင်ဖို့ အချိန်ပေးသင့်တယ်လို့ ထင်တာပဲ။ Phyo Paing @ Derek

ဥာဏ်ဆိုတာ ဆွမှ ထတာ။ Read More »

မပြိုင်ပဲ နိုင်အောင်လုပ်။

မပြိုင်ပဲ နိုင်အောင်လုပ် တရုတ်မှာ လောင်ဇူးဆိုတဲ့ ရှေးပညာရှိကြီးရေးခဲ့တဲ့၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီးကမ္ဘာတစ်ဝှမ်းမှာလဲ စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။ Tao 道 ဆိုတာ “လမ်း” ကို ပြောတာဖြစ်တယ်။နက်နဲတဲ့ အတွေးအခေါ်ကဗျာဖြစ်အနေနဲ့ဘဝနေထိုင်နည်းကို တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန်ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတဲ့ အချိန်မှာ သဘာဝနဲ့ သဟဇာတဖြစ်အောင်နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့အတွေးအခေါ်ဖြစ်တယ်။ မပြိုင်ပဲ နိုင်ငံအောင်လုပ်ဆိုတာ Tao Te Ching ရဲ့ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်းထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။ စီးပွားရေးမှာလဲ အလားတူပဲ။ စီးပွားရေးလို့ပြောလိုက်တဲ့အခါလူတွေက သူများကို စီးမှ ပွားမယ်၊အထက်စီးကနေမှ ပွားမယ်ထင်တယ်။အမှန်တော့ စီးပွားရေးဆိုတာ သူများမမြင်တာကို See မှဖောက်သည်ရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆိုမမှားပါဘူး။ စီးပွားရေးမှာ ဖောက်သည်ကိုလုမှအောင်မြင်မယ်။ ပြိုင်မှ သာမှ အောင်မြင်မယ်လို့ထင်ကြတယ်။

မပြိုင်ပဲ နိုင်အောင်လုပ်။ Read More »

ဒီနေ့လက်ကိုင်ထားတဲ့
ဥပဒေသတစ်ခု။

ငပိန်းတွေကို စကားအနိုင်ပေးနိုင်အောင်ကိုယ့်ကိုယ်ကို လေ့ကျင့်ပါ။ပြိုင်မငြင်းပါနဲ့။ကိုယ့်မှာ အချိန်တွေ အများကြီးမရှိဘူး။လုပ်စရာတွေရှိသေးတယ်။ဒါကတော့ ဒီနေ့လက်ကိုင်ထားတဲ့ဥပဒေသတစ်ခု။ Phyo Paing @ Derek

ဒီနေ့လက်ကိုင်ထားတဲ့
ဥပဒေသတစ်ခု။
Read More »

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း

လူအများစုInternet Explorer ကနေFirefox နောက်Chrome ဘာကြောင့်ဒီလိုတွေ ဖြစ်လာလဲ? မားကတ်တင်းကလူတွေချစ်အောင်လုပ်တဲ့ပညာ။ နည်းပညာတီထွင်ဆန်းသစ်မှုကလူတွေ မရှိမဖြစ်၊ မသုံးမဖြစ်ဖြစ်အောင်လုပ်တဲ့ပညာ။ Pebble Watch ကိုဘယ်လောက်ချစ်ချစ်ဒီနေ့မှာတော့ တခြားနာရီတွေဖြစ်သွားပြီ။ နည်းပညာမားကတ်တင်းမှာလူတွေ အသုံးပြုရလွယ်ကူအောင်လုပ်နိုင်တာက မားကတ်တင်းပဲ။ Myspace တို့၊Friendster တို့၊16 နှစ်ကျော်ခံခဲ့တဲ့ Gtalk တို့ဒီနေ့မသုံးကြတော့ဘူး။ ဒါက အပြောင်းအလဲပဲ။ ဘဝမှာ နေ့စဥ် မရှိမဖြစ်တကယ့်အသုံးပြုနေရတဲ့နည်းပညာကုန်ပစ္စည်းတွေအတွက်အကောင်းဆုံးမားကတ်တင်းက“သိ”၊ “သုံး”၊ “သင်”ပဲ။ သိအောင်လုပ်။သုံးအောင်လုပ်။တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း။Snapchat တို့လိုပေါ့။ #GMC

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း Read More »