Dr Phyo Paing

Marketing အကြံပေးတယ်ဆိုတာ

Marketing အကြံပေးတယ်ဆိုတာA အလုံး ၁၀၀ T အလုံး၂၀၀P အလုံး ၃၀၀အင်တာနက်ကရှာပြီးအကြံပေးလို့ရရင် လူတိုင်းအကြံပေးတွေ အတိုင်ပင်ခံတွေဖြစ်ကုန်မှာပေါ့။ Blue Ocean လေးဖတ်ပြီးအကြံပေးရင် ဒါအကြံပေးလို့မခေါ်ဘူး။ပါတာဖတ်လို့ ခေါ်တယ်။ပါတာပဲ ပြန်ဖတ်ပြဖို့။ Marketing အကြံပေးမယ်ဆိုလူတွေသိတဲ့ အမှတ်တံဆိပ်ဘယ်နှစ်ခုလောက် တည်ဆောက်ဖူးလဲ။ကိုယ့်ရဲ့ လုပ်ငန်းကိုကော လူသိပြီလား။Marketing campaign ပေါင်းဘယ်နှစ်ခုလောက် လုပ်ဖူးပြီးပြီလဲ။လုပ်ငန်းပေါင်း ဘယ်နှစ်ခုအောင်မြင်အောင် ကူညီပေးဖူးလဲ။ဒီထဲက ရလဒ်တွေ ကိုယ်ပိုင် framework တွေဘယ်နှစ်ခုတည်ဆောက်ပြီးပြီလဲ။ဒါတွေလိုမယ်လို့ စဉ်းစားမိတယ်။ မြန်မာပြည်မှာက အဟိတ်အဟန်နဲ့သိပ်လုပ်စားလို့ကောင်းတာ။ဘာရယ်ညာရယ် မဟုတ်လူရှိန်တာပေါ့။ ဒါကြောင့်လဲ ပါတာဖတ်တဲ့ အတိုင်ပင်ခံတို့အကြံပေးတို့ မဖြစ်အောင်ကိုယ်တိုင် စမ်းသပ်မှုတွေ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ နေ့စဥ် စမ်းသပ်မှုတွေလုပ်ဖို့တွန်းအားတွေရနေတယ်။ ဘယ်သူ့မှ မရည်ရွယ်ပါဘူး။ကိုယ့်ကိုကိုယ် သတိပေးတာ။အဲ့လို မဖြစ်အောင်။ #GMC

Marketing အကြံပေးတယ်ဆိုတာ Read More »

Guerrilla Marketing ကြောင့်

Guerrilla Marketing ကြောင့်စွန့်လွတ်လိုက်ရတဲ့အရာတွေရှိတယ်။Boost Budget တွေအများကြီးသုံးစရာလိုတဲ့အချက် စွန့်လွတ်လိုက်ရတယ်။တခြားသူတွေ comment မှာဝင်ပြီး အမှိုင်ပစ်တာကြောင့်စိတ်ညစ်ရတာတွေစွန့်လွတ်လိုက်ရတယ်။စွန့်လွတ်လိုက်ရတာတော့ အများကြီးပဲ။ #GMC

Guerrilla Marketing ကြောင့် Read More »

ယုံကြည်မှုတွေကို အရောင်းအနေနဲ့
ပြောင်းလဲနိုင်တာ အရောင်း

ဘဝအပြောင်းအလဲလုပ်ချင်ရင်အရောင်းပညာသာ သင်။ကျောင်းပြီးတော့ အရောင်းလောကထဲပြန်ရောက်လာတယ်။အရောင်းလောကထဲရောက်လာတဲ့အခါမာန်မာနလေးတွေ ဘေးနားမှာချno လို့ပြောတာတွေကိုnext opportunity လို့ယူဆပြီးABC ဖြစ်အောင်လုပ်ရတယ်။ABC ဆိုတာ always be closingအဓိပ္ပာယ်က ကိုယ်နဲ့တွေ့လို့မှမရောင်းလိုက်ရင်ဒါရာဇဝတ်မှု ကျူးလွန်တာပဲ။အရောင်းသမားလုပ်ပြီးသကာလလူတွေကိုယ့်ကို အထင်သေးမှာတွေဘာတွေပျောက်သွားတယ်။ငြင်းပယ်မှုတွေကို ခံနိုင်သွားတယ်။နောက်ပိုင်း တစ်ရောက်ချင်းရောင်းနေရတာအချိန် ကုန်တယ်။လူအများရှေ့မှာ ရောင်းဖို့presentation စင်မြင့်ပေါ်က စျေးရောင်းနည်းလေ့ကျင့်မှရမယ်ဆိုပြီးStage-selling လေ့ကျင့်တယ်။နောက်ပိုင်း ကုန်ပစ္စည်းရောင်းရတာဝယ်ရမှာ၊ ပြန်ရောင်းရတာ၊ ကုန်ပစ္စည်းကျန်တာနဲ့အလုပရှုပ်တယ်။ဒါဆို ဘာရောင်းမလဲဆိုတော့knowledge product ရောင်းလို့မရဘူးလားစဥ်းစားကြည့်တယ်။ဒါနဲ့ knowledge product တွေရောင်းဖို့marketing ဆိုတာကို လေ့ကျင့်ရတယ်။Sales တစ်ကြိမ်မှာ လူရာဂဏန်းလောက်ကိုပဲလွမ်းမိုး နိုင်ရင်၊Marketing က သန်းဂဏန်းကိုကိုယ့်ပေးချင်တဲ့ သတင်းရောက်အောင်လုပ်လို့ရတယ်။ကိုယ်ပေးချင်တဲ့ message ကိုတစ်လတစ်လ လူသန်းပေါင်းများစွာကိုတွေ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်တာမားကတ်တင်း။ယုံကြည်မှုတွေကို အရောင်းအနေနဲ့ပြောင်းလဲနိုင်တာ အရောင်း။ထပ်ခါထပ်ခါ ပြန်လာအောင်လုပ်နိုင်တာဖောက်သည်ဝန်ဆောင်မှု။ #GMC

ယုံကြည်မှုတွေကို အရောင်းအနေနဲ့
ပြောင်းလဲနိုင်တာ အရောင်း
Read More »

Leverage ကို အသုံးချဖို့

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။မဟာတံတိုင်းကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။ဘယ်ကြီးကျယ်တဲ့အရာမှတစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။စီရိုနာဒို ဘယ်လောက်တော်တော်တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။Leverage ကုတ်အား ကန်အားလိုတယ်။ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီးမွဲနေတာ လူတွေကို မခိုင်းတတ်လို့။ Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု၂။ ငွေ၃။ နည်းပညာ၄။ နည်းစနစ် အစရှိတာတွေပါတယ်။ ဒါတွေကို ခိုင်းစေဖို့စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။ ကျွန်တော် လူတွေကို စီမံခန့်ခွဲမှုလုပ်ရတာကို အသေမုန်းတယ်။စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီးခဏခဏစဉ်းစားခဲ့ဖူးတယ်။ နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။Leverage ကို အသုံးချဖို့လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကိုဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။ ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။၂၀၁၃ ကစလို့ Marketing Managementမားကတ်တင်းစီမံခန့်ခွဲမှုကိုBusiness School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။ အတွေးအခေါ် ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ #GMC

Leverage ကို အသုံးချဖို့ Read More »

မားကတ်တင်းဆိုတာ
“အထင်အမြင်ပြောင်းပညာ”

လူတွေကို ဒုက္ခအပေးဆုံးကတခြားသူတွေရဲ့ အထင်အမြင်။ကံကောင်းချင်တော့ကိုယ်က အထင်အမြင်ပြောင်းအလုပ်ဖြစ်တဲ့ marketing လုပ်နေရတာပဲ။မားကတ်တင်းဆိုတာ“အထင်အမြင်ပြောင်းပညာ”။ #GMC

မားကတ်တင်းဆိုတာ
“အထင်အမြင်ပြောင်းပညာ”
Read More »

မားကတ်တင်းသမားတစ်ယောက်ရဲ့
အဓိက တာဝန်တစ်ခု

မားကတ်တင်းသမားတစ်ယောက်ရဲ့အဓိက တာဝန်တစ်ခုကလူတွေရဲ့အထင်အမြင်ကိုပြောင်းဖို့ပဲ။ဒါမားကတ်တင်းရဲ့အရေးအကြီးဆုံးအချက်ပဲ။ လူတွေရဲ့အထင်အမြင်ပြောင်းမှခံစားချက်ပြောင်းမယ်။ခံစားချက်ပြောင်းမှ လုပ်ရပ်ပြောင်းမယ်။လုပ်ရပ်ပြောင်းမှ ကိုယ်လိုချင်တဲ့Call to action ရမယ်။ROAS တွေကောင်းမယ်။ လူတွေရဲ့အထင်အမြင်ကိုပြောင်းဖို့ကိုယ်ပေးချင်တဲ့ message လိုတယ်။ဒီ message ကို လူတွေစိတ်ထဲစွဲအောင်heart ထိအောင် ဘယ်လိုပုံစံpresentation လုပ်မလဲ။ဒါက သာမာန်မားကတ်တင်းသမားနဲ့Pro ကိုကွာသွားစေတဲ့အချက်ပဲဖြစ်မယ်။ #GMC

မားကတ်တင်းသမားတစ်ယောက်ရဲ့
အဓိက တာဝန်တစ်ခု
Read More »

Marketing 3.0

Marketing 3.0 တုန်ကကျတော့တစ်ဘို့ထဲမကြည့်နဲ့People, Profit နဲ့ Planet ကြည့်ကြဆိုပြီးtriple bottom line (3P) နဲ့ကုမ္ပဏီတွေက CSR တွေလုပ်ကြတယ်။ Marketing 4.0 ရောက်ပြန်တော့F factors တွေအရေးကြီးတယ်ဆိုတော့Facebook friends, followers နဲ့ fans တွေကိုdigital communication နဲ့အသုံးချနိုင်အောင်Aware, appeal, ask, act, advocate ဆိုပြီး5A နဲ့ လုပ်ခဲ့ကြတယ်။​ ဒီနေ့ခေတ် Marketing 5.0 မှာတော့data-driven marketing နဲ့agile marketing နဲ့ပေါင်းပြီးလုပ်ဆောင်လာကြတယ်။ဘယ် post ကို ဘယ်အချိန်မှာဘယ်ပုံစံနဲ့ ဘယ် platform ကတင်ရင်ဘယ်လို ဖြစ်မယ်ဆိုတဲ့predictive marketing နဲ့အခြေအနေ အချိန်အခါပေါ်ကြည့်ပြီးလုပ််ဆောင်ရတဲ့ contextual marketingအရေးကြီးလာခဲ့တယ်။ Predictive marketing အတွက်program

Marketing 3.0 Read More »

Multiple income streams (MIS)

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာအန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive incomeကိုယ်တိုင်အလုပ်မလုပ်ပဲအိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the companyဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital marketer အဖြစ်အလုပ်လုပ်လိုသူများအတွက်content တွေရေးပြီး မျှဝေမယ်။နောက် interview ဖြေတာကအစလုပ်ငန်းတစ်ခုမှာ

Multiple income streams (MIS) Read More »

Guerrilla Marketing ဆိုတာ

ဘာကြောင့် အီလွန်မက်က သူ့ကား Telsa Roadster ကိုအင်္ဂါဂြိုလ်စက်ကွင်းထဲ ပို့လိုက်သလဲ။ $200,000 လောက် ကုန်ကျတဲ့ ကားကိုအာကာသထဲပို့လိုက်ပြီးတစ်ကမ္ဘာလုံးရဲ့ သတင်းတွေမှာလူသန်းရာပေါင်းများစွာတွေ့အောင်လုပ်ပြီးbreaking news ဖြစ်အောင်လုပ်ပြီးTesla ရဲ့ပေးချင်တဲ့ အမှတ်တံဆိပ်မတ်ဆေ့နဲ့အမှတ်တံဆိပ် ကိုယ်ရည်ကိုယ်သွေးလူတွေမှတ်မိ၊ ပြောဆိုအောင်လုပ်ခဲ့တယ်။ Guerrilla Marketing ဆိုတာကုန်ကျစရိတ်အနည်းဆုံး သို့ မရှိသလောက်နဲ့လူတွေသိ၊ မြင်၊ ပြော၊ ဝယ်အောင်လုပ်ဆောင်တဲ့ မားကတ်တင်းစနစ်တစ်ခုဖြစ်ပါတယ်။ #GMC

Guerrilla Marketing ဆိုတာ Read More »

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်

ကိုယ့်လုပ်ငန်းနယ်ပယ်တူတွေထက်လေးငါးဆယ်ဆလောက်ကွာစေတဲ့အရာသုံးခုရှိတယ်လို့မြင်တယ်။ ၁။ Marketing လူပိုသိပြီးယုံကြည်အောင်လုပ်နိုင်စွမ်း၂။ Management ပန်းတိုင်ရောက်ဖို့ စီမံခန့်ခွဲနိုင်စွမ်း၃။ Machine/ Technology နည်းပညာအသုံးပြုနိုင်စွမ်း ဒီသုံးခုကို အသုံးပြု leverage လုပ်ပြီးကိုယ့်မဟာဗျူဟာကို စနစ်တကျတည်ဆောက်နိုင်ရင် ပြိုင်ဖက်ကိုအဝေးကြီးမျာ ချန်ခဲ့လို့ရတယ်။ နောက်တစ်ခုထပ်ဖြည့်ချင်ရင်Money ပေါ့။ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်။ #GMC

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ် Read More »