competitive advantage
ပြိုင်ဖက်တွေ လုံးဝလိုက်မယှဥ်နိုင်တဲ့ကိုယ့်လုပ်ငန်းရဲ့ “ပြိုင်တိုင်းနိုင်နိုင်တဲ့”competitive advantage က ဘာလဲ။ လုပ်ငန်းသေးသေးကြီးကြီး“ပြိုင်တိုင်းနိုင်နိုင်တဲ့”competitive advantage လိုတယ်။ တချို့အတွက် အရင်းအနှီးအများကြီးရှိတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်လုပ်ငန်းနှံ့စပ်မှုကျွမ်းကျင်တာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်အဆက်အသွယ် အချိပ်အဆက်ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်စျေးကွက် အနံ့ခံ ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်အိုင်ဒီယာအသစ်တွေနဲ့ စိတ်ဝင်စားအောင်လုပ်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်ဝန်ထမ်းကောင်းတွေကိုယ်နဲ့တစ်သားတည်းရှိအောင်လုပ်ဆောင်နိုင်တာ ဖြစ်ရင်ဖြစ်မယ်။တချို့အတွက်စည်းစနစ်ကောင်းတာဖြစ်ရင်ဖြစ်မယ်။တချို့အတွက်ကုန်ကျစရိတ်ချွေတာနိုင်တာ ဖြစ်ရင်ဖြစ်မယ်။ ကိုယ်”ပြိုင်တိုင်းနိုင်နိုင်တဲ့” အားကိုကိုယ့်ကိုယ်ကိုယ်သိဖို့လိုတယ်။ကိုယ့်ဖောက်သည်တွေ သိဖို့လိုတယ်။ ဒီကမှ တဆင့် မီဒီယာအားကိုသုံး အလားအလာရှိတဲ့ဖောက်သည်တွေသိဖို့လိုတယ်။သိပြီးဝယ်အောင်လုပ်ဖို့လိုတယ်။ ပြိုင်တိုင်းနိုင်နိုင်တဲ့အားနဲ့စီးပွားရေးစီမံခန့်ခွဲမှုအားနဲ့ပေါင်းနိုင်ဖို့လိုတယ်။ နိစ္စဓူဝလည်ပတ်တဲ့ စီမံခန့်ခွဲမှု၊နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲကြောင့်ဖြစ်ပေါ်လာတဲ့စျေးနှုန်း၊ လည်ပတ်မှု၊ မားကတ်တင်း၊ အုပ်ချုပ်မှုအပြောင်းအလဲအတွက်အပြောင်းအလဲ စီမံခန့်ခွဲမှုလိုတယ်။ တိုက်ရိုက် မပြိုင်ဘဲ နိုင်အောင်လုပ်ချင်ရင်ပြိုင်တိုင်းနိုင်နိုင်တဲ့ အားသုံးပါ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
competitive advantage Read More »