Akyanpay

စီးပွားရေးလုပ်တဲ့အခါ

လူတွေရဲ့အပြုအမူကို အပြောင်းအလဲလုပ်တဲ့အခါအနုနည်းနဲ့ အကြမ်းနည်းရှိတယ်။ အကြမ်းနည်းကတော့ တရုတ်ပြည်မ နည်း။ အနုနည်းကတော့ အမေရိကန်နည်း။ လူတွေကို မေးကြည့်အန်ကယ်ဆန်နဲ့ တရုတ်ကြီး ဘယ်သူ့ပိုချစ်သလဲဆိုရင်တရုတ်ပြည်မက မဟုတ်တဲ့သူအများစုကအန်ကယ်ဆန်ကိုပဲ ပိုချစ်ကြလိမ့်မယ်။ ဘာကြောင့်လဲ အမေရိကန်က အနုနည်းသုံးတယ်။တရုတ်ကြီးက အကြမ်းနည်းသုံးတယ်။ စီးပွားရေးလုပ်တဲ့အခါ အကြမ်းနည်းသုံးပြီးစီးပွားရှာလို့ရတယ်။ အနုနည်းနဲ့ ရှာလို့ရတယ်။ အကြမ်းနည်းက လွယ်တယ်။ အနုနည်းက ခက်တယ်။ အကြမ်းနည်းက တိုက်ရိုက်ဆန်တယ်။အနုနည်းက ပျော့ပြောင်းတယ်။ပရိယာယ်များတယ်။ ကိုယ်က မားကတ်တင်းတို့၊ HR တို့မှာ ဘာနည်းအသုံးပြုနေလဲ။ အနုနည်း ပိုများလား။ အကြမ်းနည်း ပိုများလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားရေးလုပ်တဲ့အခါ Read More »

မန်နေဂျာ တကယ်စစ်ရဲ့လား။

မန်နေဂျာ တကယ်စစ်ရဲ့လား။ မန်နေဂျာဆိုတာ မန်နေ့မန့်အာဏာရှိတယ်။အာဏာဆိုတာ ဆုံးဖြတ်ပိုင်ခွင့်။ဆုံးဖြတ်ဖို့ ရွေးချယ်မှုပြုလုပ်ရတယ်။ရွေးချယ်မှုပြုလုပ်တဲ့အခါ စဥ်းစားရတယ်။စဥ်းစားခြင်းရဲ့ရန်သူက စိတ်ခံစားမှု။ အရှိကို အရှိအတိုင်း အနီးစပ်ဆုံးမြင်နိုင်ဖို့စိတ်ခံစားမှု ကောင်းတာ၊ ဆိုတာကို ကျော်လွှားနိုင်ဖို့လိုတယ်။ ကျော်လွှားပြီး စဥ်းစားတဲ့အခါယုတ္တိကျကျ ထိုးဖောက်စဥ်းစားတတ်ဖို့critical thinking လိုတယ်။ ကိုယ်စဥ်းစားတဲ့ logic တိုင်းမှာဟာကွက်တွေကို လိုက်ရှာရတယ်။ နှဖူးပေါ်လက်တင်ပြန်လည်စဥ်းစားတဲ့reflective thinking စဥ်းစားတတ်ဖို့လိုတယ်။ဥပမာ ကိစ္စတစ်ခုပေါ်လာတဲ့အခါငါတို့အရင်က ဒီ ပြဿနာကြုံဖူးလား၊ ဘယ်လိုဖြေရှင်းခဲ့သလဲ။ နောက် ပြဿနာအဖြေရှာဖို့ စာအုပ်ထဲမပါတဲ့ အဖြေရှာနိုင်တဲ့ဆန်းသစ်တဲ့ creative thinking လိုတယ်။ ကမ္ဘာကျော် MBA အတန်းတိုင်းကဝင်ခွင့် GMAT – Graduate Management Assessment Test ဆိုတာဖြေရတယ်။critical thinking ဖြေကို ဖြေရတယ်။ ကိုယ့်လုပ်ငန်းမှာ မန်နေဂျာခန့်မယ်ဆိုရင်Critical Thinking အတွက်test လေးတော့

မန်နေဂျာ တကယ်စစ်ရဲ့လား။ Read More »

Superpower-based Business (SBB)

Superpower-based Business (SBB)ကိုယ့်ရဲ့ စူပါပါဝါကိုကိုယ့်လုပ်ငန်းအတွက်အသုံးပြုနေပြီလား။ ၁။ ကိုယ့်ရဲ့ အားသာချက်ကိုရှာ၂။ ကိုယ့်ရဲ့ စူပါပါဝါတည်ဆောက်၃။ ကိုယ့်ရဲ့ စူပါပါဝါကို လုပ်ငန်းအဖြစ်ပြောင်း၄။ ကိုယ့်ကို စူပါပါဝါကို လုပ်ငန်းအနေနဲ့ ကိုယ်မပါလဲ လည်ပတ်အောင် ဖန်တီး၅။ နေ့တိုင်း ကိုယ့်ရဲ့စူပါပါဝါကိုတိုးတက်နေအောင်လေ့ကျင့်ယူ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Superpower-based Business (SBB) Read More »

လုပ်ငန်းလည်ပတ်မှု စနစ်

နေရာသစ်မှာ လုပ်ငန်းအသစ်စဖို့စွန့်ဦးတီထွင်မှုကို လေ့လာရတယ်။ စျေးရောင်းကောင်းဖို့ မားကတ်တင်းနဲ့ အရောင်းကို လေ့လာရတယ်။ ထိုးမရောင်းပဲဝယ်ဖို့ အမှတ်တံဆိပ်တည်ဆောက်ခြင်း ကိုလေ့လာတယ်။ ရောင်းပြီးရင်လဲ မြတ်ဖို့၊ ငွေလည်ပတ်မှု ကောင်းဖို့ ငွေကြေးစီမံခန့်ခွဲမှုကို လေ့လာတယ်။ ထပ်ခါထပ်ခါလုပ်ရတဲ့ အလုပ်တွေမြန်ကောင်းသက်သာအောင်လုပ်ငန်းလည်ပတ်မှု စနစ်ဆောင်တာတွေကိုလေ့လာတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းလည်ပတ်မှု စနစ် Read More »

စီးပွားရေးလုပ်တယ်ဆိုတာ

စီးပွားရေးလုပ်တယ်ဆိုတာ တိုးတက်ရေးလုပ်တာပဲ။ ကိုယ်တိုးတက်သလောက်ပဲကိုယ့်လုပ်ငန်းတိုးတက်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားရေးလုပ်တယ်ဆိုတာ Read More »

သေချာစဥ်းစား ဆုံးဖြတ်ရမည့်အချိန်ပဲ။

အပေါ်ယံကြည့်ရင် လူပြဿနာ။ မြန်မြန်ပြင်ရမှာ စီးပွားရေးလုပ်တဲ့ business model ခေတ်ပေါ်မူတည်ပြီး စနစ်က လိုက်တယ်။ ဖွဲ့စည့်ပုံ structureလည်ပတ်တဲ့ စနစ် system ရှေ့ဆက်မည့်မဟာဗျူဟာ strategy ဝန်ထမ်းဦးရေနဲ့ ပုံစံ staffလုပ်ငန်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု skill ဒီငါးခုကို ပြန်ကြည့်ရတော့မယ်။ လုပ်ငန်းရည်မှန်းချက်နဲ့ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံ၊ လည်ပတ်ပုံ၊ မဟာဗျူဟာတွေပြန်ချိန်ကြည့်ပြီးလက်ရှိရှိနေတဲ့ ဝန်ထမ်း၊စျေးကွက်မှာ အခုနဲ့အနာဂတ်မှာ ရနိုင်တဲ့ဝန်ထမ်း၊သူတို့ရဲ့ လုပ်ငန်းမလာခင်ကျွမ်းကျင်မှု၊ကိုယ်က ပြန်သင်ပေးရမည့် ကြာချိန်ဒါတွေကို ထည့်တွက်ပြီးသေချာစဥ်းစား ဆုံးဖြတ်ရမည့်အချိန်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

သေချာစဥ်းစား ဆုံးဖြတ်ရမည့်အချိန်ပဲ။ Read More »

အလုပ်ဒီဇိုင်းကို သေချာလုပ်ပေးနိုင်တယ်ဆိုရင်

လုပ်ငန်းအတွက် တစ်နှစ်မပြည့်သေးတဲ့ ဝန်ထမ်းတွေရှိမယ်။တစ်နှစ်ကျော်သွားတဲ့ ဝန်ထမ်းတွေရှိမယ်။တစ်နှစ်ကျော်ပြီး အလွယ်တကူအစားထိုးလို့မရတဲ့စွမ်းဆောင်ရည် အလွန်မြင့်တဲ့ ဝန်ထမ်းတွေရှိမယ်။နောက် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ စီမံခန့်ခွဲတဲ့ ဝန်ထမ်းတွေရှိမယ်။ ဒါကို Top Tier, Tier 1, Tier 2, Tier 3 လို့စဥ်းစားကြည့်။ အရေးဟဲ့ အကြောင်းဟဲဖြစ်လာရင်ပထမဆုံး ဦးစားပေးက Top Tier နဲ့ Tier 1 လာမယ်။ ပြီးရင် Tier 2 လာမယ်။ နောက်ဆုံးမှ Tier 3 လာမယ်။ ဒီလိုစဥ်းစားတဲ့အခါ အားလုံးအတွက်လဲမျှတနိုင်သလို၊ ဖောက်သည်တွေကို တူရာတူရာစုတဲ့ segmentation လုပ်တာ၊ ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းတွေကိုလဲsegmentation နဲ့ profiling လုပ်မှအကောင်းဆုံးနဲ့ အမျှတဆုံးစီမံခန့်ခွဲနိုင်မယ်လို့ထင်တယ်။ Talent acquisition ဝန်ထမ်းတော်၊ ကောင်းရှာဖွေခန့်ထားရေး မှာလဲ

အလုပ်ဒီဇိုင်းကို သေချာလုပ်ပေးနိုင်တယ်ဆိုရင် Read More »

လုပ်ငန်းမဟာဗျူဟာကို ကစားရမှာပဲ။

နိုင်ငံရေး မုန်တိုင်းတွေပြင်းထန်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံနဲ့ မဟာဗျူဟာကကျစ်လစ်ပြီး၊ ရွေ့ပြောင်းလို့ရတဲ့Lean and Mobileစီးပွားရေးပုံစံ business model ကအထောက်အကူပြုတတ်တယ်။ ဒါကတော့ ၂၀၂၁ လောက်ကတည်းကစတင်စဥ်းစားသင့်တဲ့ မော်ဒယ်တစ်ခုဆို မမှားဘူးလို့ပြောနိုင်တယ်။ ဒုတိယ စဥ်းစားသင့်တဲ့ အချိန်ကတော့ဒီအချိန်လဲဖြစ်နိုင်တယ်။ Asset တွေရွေ့ပြောင်းလို့ရတာ၊ ပေါ့ပါးတဲ့ ပုံစံတည်ဆောက်တာမျိုး။ နောက် အလုပ်ခန့်ထားတဲ့ပုံစံမှာလူငယ်ခြေထက်တွေထက်၊ မိသားစုရှေ့ရှုတဲ့ ဝန်ထမ်းတွေကိုအဓိက ခန့်အပ်ထားတဲ့ ပုံစံဖက်ကိုပြောင်းသွားတာမျိုး။ နောက်တစ်ခုက လူငယ်ဝန်ထမ်းတွေကိုကိုယ့်လုပ်ငန်းမှာပဲ အမြဲအလုပ်လုပ်ရမယ်ဆိုတာထက်အလုပ်တစ်ဖက်နဲ့ အနာဂတ်အတွက်လေ့လာနေပြီး ရေကြည်ရာမြက်နုရာကိုကူညီပေးနိုင်တဲ့ လုပ်ငန်းပုံစံစဥ်းစားရမည့် အချိန်မျိုးဖြစ်နေနိုင်တယ်။ နောက်တစ်ခုက စျေးကွက်ကိုနောက်တစ်နေရာ ရွေ့ဖို့ ကြိုတင်စဥ်းစားသင့်တဲ့အချိန်မျိုး။ မဟုတ်လဲ ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်ကတော့ တခြားနိုင်ငံချဲ့ဖို့ အနည်းနဲ့ အများရှိပြီးသားဖြစ်မှာပါ။ ပိုမြန်သွားတယ်လို့ သာ စဥ်းစားကြည့်ပါ။ နောက်တစ်နေရာရွေ့တဲ့အခါလဲပထမနေရာကို မထားသွားဖို့အရေးကြီးတယ်။အခြေကျဖို့က သုံးနှစ်လောက် အနည်းဆုံးတော့ စဥ်းစားထားဖို့လိုနိုင်တယ်။ ဒီလို စဥျးစားထားတာကကိုယ့်လုပ်ငန်းအတွက်တင်မဟုတ်ပဲကိုယ့်လက်ရှိဝန်ထမ်းတွေအတွက်

လုပ်ငန်းမဟာဗျူဟာကို ကစားရမှာပဲ။ Read More »

Planning System နဲ့ အချက် ၁၁ ချက်

ကျွန်တော်အသုံးပြုဖြစ်တဲ့Planning System နဲ့ အချက် ၁၁ ချက် ဒီနေ့လို အပြောင်းအလဲ များတဲ့ခေတ်မှာPlan ချတဲ့ပုံစံမှန်ဖို့ ပိုအရေးကြီးပါတယ်။ ၁။ အိမ်မက်တွေကို ပြန်တူးဆွပါ။ ကိုယ့် company မှာ အိမ်မက်တွေရှိလိမ့်မယ်။ ဒီ အိမ်မက်ကို Vision အနာဂတ်အမြင်အနေနဲ့ပြောင်းပါ။ ဒါက ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက်ကြာမည့်အနာဂတ်အမြင်ဖြစ်ပါမယ်။ ၂။ မဟာဗျူဟာအကြမ်းချပါ။ ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာအကြမ်းကိုစဥ်းစားကြည့်ပါ။ မဟာဗျူဟာအကြမ်းတည်ဆောက်တဲ့အခါပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အခြေအနေတွေကိုသေချာ သုံးသပ်နိုင်မှုလိုပါတယ်။ ဒီ Situational Analysis သေချာလုပ်နိုင်ဖို့လိုပါတယ်။ ၃။ မှန်ကန်တဲ့မျှော်မှန်းချက်ထားပါ။ မဟာဗျူဟာတစ်ခု အလုပ်ဖြစ်မဖြစ်သည်မှန်ကန်မှုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မျှော်မှန်းချက် ထားနိုင်၊ မထားနိုင်အပေါ်အများကြီး သက်ဆိုင်ပါတယ်။ အကောင်းပဲဇွတ်မြင်လို့မရသလို၊ အဆိုးပဲ ဇွတ်မြင်လို့လဲမရဘူး။ အခြေအနေနဲ့

Planning System နဲ့ အချက် ၁၁ ချက် Read More »

ငွေရှာနည်း

ပိုက်ဆံရှာဖို့ စျေးကွက်ပြဿနာအရင်ရှာတယ်။ ပြဿနာရှာပြီးရင်၊ ဒီပြဿနာတွေထဲကမှ ကိုယ်ဖြေရှင်းချင်တဲ့၊ ဖြေရှင်းနိုင်တဲ့ ပြဿနာကိုရွေးချယ်ပြီးဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာတယ်။ ဒီနည်းလမ်းက လက်ရှိရှိနေတဲ့နည်းလမ်းတွေထက်ပိုကောင်းတဲ့နည်းလမ်းဖြစ်ရမယ်။နောက် ဒီဖြေရှင်းတဲ့နည်းလမ်းအတွက်လူတွေက ငွေပေးချေနိုင်စွမ်းနဲ့၊ ငွေပေးချေချင်စိတ်ရှိရမယ်။ သူတို့မှာ ငွေပေးချေနိုင်စွမ်းမရှိရင်သူတို့အစား ငွေပေးချေပေးမည့်သူရှိရမယ်။ ဒီစျေးကွက်ပြဿနာကိုဖြေရှင်းမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုနာမည်တစ်ခုပေးရမယ်။ ဒီနာမည်ကလဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဖြေရှင်းပေးမည့်အဖြေကို ကိုယ်စားပြုနိုင်စွမ်းရှိရမယ်။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအသုံးပြုမည့်လူတွေကို ကိုယ့်လုပ်ငန်းအကြောင်းသိအောင်လုပ်ရမယ်။ စိတ်ဝင်စားအောင်လုပ်ရမယ်။မေးအောင်လုပ်ရမယ်။ဝယ်အောင်လုပ်ရမယ်။ဝယ်ပြီးထပ်ဝယ်အောင်၊ ထပ်ဝယ်ပြီးသူ တခြားသူကိုပြောအောင်လုပ်ရမယ်။ နောက်ပိုင်း ဒီစနစ်ကိုလည်ပတ်တဲ့အခါဝန်ထမ်းခန့်၊ ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့နည်းစနစ်တွေ သေချာချပေး။ တစ်ခုချင်းလွဲ။ တကယ်လို့ ကိုယ့်လုပ်ငန်းက လူမလိုတဲ့ solopreneur လုပ်ငန်း၊နည်းပညာအသုံးပြုတဲ့ လုပ်ငန်းဆိုရင်set it and forget it လုပ်လို့ရနိုင်တယ်ဆိုရင်ဒါကို repeat လုပ်။ ဒါကစီးပွားရေးလုပ်နည်း၊ ငွေရှာနည်း ၁၀၁ ပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

ငွေရှာနည်း Read More »