Akyanpay

အတွေး၊ အကြံ၊ အလုပ် အရေးကြီးတယ်။

ငွေကိုငွေနဲ့ရှာတာနဲ့ ငွေကို လုပ်အားနဲ့ရှာတာပြန်ရတဲ့ အမြတ်မတူကြဘူး။ တချို့က ငွေမရှိရင်ဘာလုပ်လို့ရမှာလဲစဥ်းစားကြတယ်။ ဒီနေ့ခေတ် ဒီမိုကရေစီမှာအရင်းရှင်စနစ် Capitalism ခေတ်မှာဒီငွေနဲ့ လူအားအသုံးပြုပြီးဝင်ငွေများများပိုရှာနိုင်အောင်စွန့်ဦးတီထွင်တွေက လုပ်ဆောင်ကြတယ်။ ငွေအားနဲ့ ချမ်းသာကြွယ်ဝမှုမတူဘူးတဲ့။ Capital ငွေမှာ မြေမပါဘူးတဲ့။ Wealth ကြွယ်ဝမှုမှာ မြေပါတယ်။ ဒီနှစ်ခုရဲ့ ပြန်ရနိုင်တဲ့နှုန်းထွက်တဲ့အခါ ၁။ နှစ်စဥ်ပြန်ရှာပေးနိုင်စွမ်း ၂။ အရင်းကျေမှတ်၃။ စျေးတက်ခြင်း ဒါတွေနဲ့တွက်တယ်။ အရိုးရှင်းဆုံးစဥ်းစားကြည့်တဲ့အနေနဲ့ကွန်ဒိုတစ်လုံးဝယ်လိုက်တယ်။ သိန်း ငါးထောင်ကျတယ်ဆိုပါစို့။ ပြန်ငှားလို့ တစ်လ ၁၅ သိန်းတစ်နှစ် သိန်း ၁၈၀ ကျမယ်။ ဒါဆို ၅၀၀၀ ပြည့်ဖို့ ခန့်မှန်းခြေ နှစ်သုံးဆယ်လောက်ရှိမယ်။ဒီကြားထဲမှာ ငှားမထွက်တဲ့လတွေရှိနိုင်သလိုစျေးကျသွားတာတွေလဲရှိနိုင်မယ်။ငွေကြေးဖောင်းပွမှုများတဲ့နေရာမှာတော့စျေးတက်သွားတာတွေ၊အခန်းခအပြောင်းအလဲတွေလဲရှိမယ်။ သူ့မှာ ရှုံးနိုင်တဲ့အန္တရာယ်နည်းသလို အမြတ်လဲနည်းတယ်။ စီးပွားရေးလုပ်ငန်းမှာကျတော့အရှုံးအမြတ်ရှိသလိုကျွမ်းကျင်မှုမရှိရင်လဲ အကုန်ပြုတ်သွားနိုင်တယ်။ကျွမ်းကျင်ရင် နှစ်စဥ်အမြတ်ငွေအပြင်ရှယ်ယာတန်ဖိုးတစ်ခုရှိမယ်။ ဥပမာ သိန်း ၅၀၀၀ ရင်းမယ်။တစ်လ သိန်း […]

အတွေး၊ အကြံ၊ အလုပ် အရေးကြီးတယ်။ Read More »

မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။

နေ့တိုင်းစာဖတ်၊ လေ့လာ၊ သင်ယူနေတာဒါသုတေသန (R & D) လုပ်နေတာပဲ။ဒါမလုပ်ရင် အသစ်မတီထွင်နိုင်ဘူး။မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။ Reading, studying, and learning every day is like doing Research & Development (R&D). Without this, you can’t innovate. If you don’t innovate, your business won’t grow further. Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။ Read More »

ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

လုပ်ငန်းလုပ်တယ်ဆိုတာထောင်ကျသလိုပဲ။ မနက်ထကတည်းကညအိပ်တဲ့အထိနေ့စဥ်အတွေး၊ အကြံ၊ အလုပ်၊စီးပွား အကုန်လုံးကိုတစ်သားတည်းကျအောင်တည်ဆောက်ထားလို့ရတယ်။မဟုတ်ရင် လုပ်ငန်းလုပ်တယ်ဆိုတာထောင်ကျသလိုပဲ။ ဖောက်သည်၊ ဝန်ထမ်း၊ စီးပွားမိတ်ဖက်၊စပလိုင်ယာ၊ စက်ပစ္စည်းကိရိယာအကုန်လုံး အံဝင်ဂွင်ကျဖြစ်လည်ပတ်ဖို့အတွက်ကPersonal-Professional-Business Ecosystem တစ်ခုတည်ဆောက်နိုင်ဖို့လိုတယ်။ ပါဆင်နယ်ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊တွေးတောကြံဆလုပ်ဆောင်ချင်တဲ့အရာတွေ၊မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေနဲ့ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီအောင်လုပ်ဆောင်ပြီးဒီကျွမ်းကျင်မှုကို နေ့စဥ်သွေးနေပြီးကိုယ့်လုပ်ငန်းလည်ပတ်ပုံနဲ့ ချိပ်ဆက်နိုင်တာSync ဖြစ်နေအောင်လုပ်တာကို ကျွန်တော်ကတော့ Personal-Professional-Business Ecosystem လို့ခေါ်တယ်။ ဒီလိုလုပ်ဆောင်ဖို့ ဘဝမှာကိုယ့်အတွက်၊ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွက်သေချာ ဘယ်လိုနေထိုင်လည်ပတ်ချင်လဲဒီဖိုင်းလုပ်ရပြီးကိုယ်ဝန်ဆောင်မှုပေးမည့်ဖောက်သည်၊ခန့်အပ်မည့်ဝန်းထမ်းပုံစံ၊ကိုယ့်နဲ့အလုပ်လုပ်မည့်စီးပွားမိတ်ဖက်အကုန်လုံးကို သေချာ စဥ်းစားအဓိပ္ပာယ်ဖွင့်ဆိုရတဲ့အဆင့်ရှိမယ်။ဒါကို Define လို့ခေါ်ပြီးဒီပေါ်မှာမူတည်ပြီး ပြန်လည် ဒီဇိုင်း Design လုပ်တယ်။ ဒီ Ecosystem တည်ဆောက်ဖို့ကငါးနှစ်နဲ့ ဆယ်နှစ်ကြားကြာနိုင်တယ်။ ဥပမာ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေကိုချရေးတာကနေ content marketing ဖြစ်ပြီးကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုတိုးတက်အောင်နေ့စဥ်လုပ်နေတဲ့အခါ ပျော်ရွင်မှုခံစားရသလိုကိုယ့်လုပ်ငန်းအတွက်လဲ အမြဲမပြတ်မဟာဗျူဟာမြောက်စဥ်းစားပေးနေနိုင်တယ်။ ဖရိုဖရဲဖြစ်နေတဲ့ နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုမနေမိဖို့ကတော့ ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။ Read More »

ဒါကို Business Model You လို့ခေါ်တယ်။

ကိုယ့်ရဲ့ Business Model ရဲ့ အလည်ခေါင်တည့်တည့်မှာကိုယ်ရှိနေတဲ့အခါဘယ်ဝန်ထမ်းထွက်ထွက်အရမ်းကြီး စိတ်ပူနေစရာမလိုတော့ဘူး။ ဘယ်သူ ကော်ပီကူးကူးစိတ်ညစ်စရာမလိုတော့ဘူး။ ဒါကို Business Model You လို့ခေါ်တယ်။ ကိုယ်က ပျားဘုရင်မလိုပဲပျားအုံတည်ရမည့် လမ်းကြောင်းချပေးပြီးနောက်က ပျားလုပ်သားတွေကလိုက်အကောင်အထည်ဖော်ပေးတာမျိုး။ဒါလို ကိုယ့်ရဲ့ နေရာ role ကိုQueen Bee Role (QBR) လို့ခေါ်တယ်။ ကိုယ်လိုချင်တဲ့ ဘဝနဲ့ စီးပွားရေးကိုဒီဇိုင်းလုပ်ဖို့ ဒီဖိုင်းအဆင့်က စတယ်။ Define and Design. At the very heart of your Business Model, when you are present, the constant stress about employees leaving or feeling overwhelmed becomes

ဒါကို Business Model You လို့ခေါ်တယ်။ Read More »

ဒီလိုနှလုံးသွင်းကြည့်။

စီးပွားရေးလုပ်နေရင်း ဝန်ထမ်းတွေ၊ ပြိုင်ဆိုင်မှုတွေကြောင့်စိတ်မညစ်ချင်ရင်အာရုံကို လုပ်ငန်းထဲမှာစိုက်နေတာထက်ကိုယ့်ကိုယ်ကို စိုက်ကြည့်။ ဒီလုပ်ငန်းမှာကြုံတွေ့နေတဲ့ စိန်ခေါ်မှုတွေကငါ့ကို တိုးတက်နေစေတယ်။နောက်တစ်ဆင့်ရောက်အောင်သင်ကြားပေးနေတယ်။ ကိုယ့်ကိုယ်ကို ပိုနားလည်လာစေတယ်။ပိုတိုးတက်လာစေတယ်။ဒါကြီးက ကိုယ့်ကိုပိုကောင်းအောင်၊ပိုတော်အောင်၊ ပိုတိုးတက်အောင်၊ပညာတတ်အောင် ကူညီပေးနေတယ်။ ငါ့လုပ်ငန်းမှာ ဘယ်သူမှမရှိတော့လဲအချိန်မရွေး ဒီအခြေအနေရောက်အောင်ပြန်စလို့ရတယ်။ ဒီလိုနှလုံးသွင်းကြည့်။ When you are engaged in business and facing challenges from employees and competition, to avoid getting overwhelmed, instead of focusing solely on the work, take care of yourself as well. The challenges I encounter in this business are

ဒီလိုနှလုံးသွင်းကြည့်။ Read More »

အပြောင်းအလဲနဲ့ သူငယ်ချင်းဖြစ်ဖို့လိုတာပဲ။

လုပ်ငန်းတစ်ခုအောင်မြင်ဖို့အပြောင်းအလဲနဲ့ သူငယ်ချင်းဖြစ်ဖို့လိုတာပဲ။ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ဥပဒေ၊ စျေးကွက်။ ဒီအပြောင်းအလဲအတွက်အိုင်ဒီယာကောင်းတွေ၊ကြိုတင်ပြင်ဆင်မှုတွေ၊ နေရာချထားမှုတွေ၊ပုံမှန်လေ့လာမှုတွေ၊အချိပ်အဆက်ကောင်းကောင်းနဲ့ လည်ပတ်နိုင်ဖို့တွေလိုတယ်။ To succeed in a business, adapting to change is essential, as well as cultivating friendships. These changes encompass political, economic, social, technological, legal, and market aspects. To navigate these changes effectively, good ideas, advanced preparations, strategic positioning, regular learning, and strong networking are crucial. Akyanpay

အပြောင်းအလဲနဲ့ သူငယ်ချင်းဖြစ်ဖို့လိုတာပဲ။ Read More »

ပြဿနာ ၇ ခု

ပြဿနာ ၇ ခု ၁။ အလုပ်မလုပ်ချင်မကိုင်ချင်ဖြစ်တဲ့ပြဿနာ။အလုပ်လုပ်ဖို့ မော်တီဗေးရှင်းလိုတဲ့ပြဿနာ။ ၂။ အလုပ်တော့လုပ်တယ်၊ အလုပ်မပြီးတဲ့ပြဿနာ။၃။ အလုပ်တော့ပြီးတယ်၊ များများပိုပြီးဖို့ အလုပ်ကို အကြာကြီးမလုပ်နိုင်တဲ့ပြဿနာ။ ၄။ အလုပ်ကို အကြာကြီးလုပ်နိုင်တယ်။လူတွေမခိုင်းတတ်တဲ့ပြဿနာ။၅။ သာမာန်လူတွေကို ခိုင်းတတ်တယ်၊လူတော်တွေကို မခိုင်းတတ်တဲ့ပြဿနာ။၆။ လူတွေတွေကို ခိုင်းတတ်တယ်၊ဦးဆောင်တဲ့သူတွေကို မမွေးထုတ်နိုင်တဲ့ပြဿနာ။ ၇။ ဦးဆောင်သူတွေတော့မွေးထုတ်နိုင်တယ်၊အကြာကြီး မထိန်းနိုင်တဲ့ပြဿနာ။ 1. Lack of Motivation to Work: The problem of not wanting to work or engage in a job due to a lack of motivation. 2. Incomplete Tasks: Although working, there’s

ပြဿနာ ၇ ခု Read More »

တိုးတက်မှုကို ရဖို့မလွယ်ဘူး။

ကျဆုံးနေဆုတ်ယုတ်နေတဲ့ အဖွဲ့အစည်းမှာအလုပ်မဝင်ချင်ကြဘူး။ အောင်မြင်၊ ဂုဏ်ယူ၊ တိုးတက်နေတဲ့အဖွဲ့အစည်းမှာပဲ အလုပ်လုပ်ချင်ကြတယ်။ တော်တဲ့ဝန်ထမ်းတွေ အလုပ်လာလုပ်စေချင်ရင်ကိုယ့်လုပ်ငန်းက တိုးတက်နေဖို့လိုတယ်။ဒါမှ တိုးတက်မှုကို ဆာလောင်တဲ့လူတော်တွေ အလုပ်လာလုပ်မှာ။ လူတွေတွေ အလုပ်လာလုပ်မှပိုတိုးတက်မှာ။ ဒီလို တိုးတက်အောင်၊ လူတော်တွေကိုယ့်အလုပ်မှာအလုပ်လာလုပ်အောင် ဦးဆောင်သူက စတယ်။ ကိုယ်က တော်နေမှကိုယ့်ဆီလာတဲ့သူက တော်မှာ။ တော်တဲ့သူဆီမှ တော်တဲ့သူတွေပိုလာမှာ။ လူက ကောင်းနေတာတစ်ခုတည်းနဲ့တိုးတက်မှုကို ရဖို့မလွယ်ဘူး။တော်ဖို့လဲလိုတယ်။ People generally don’t want to join an organization that is declining or regressing. They prefer to work in successful, prestigious, and progressive organizations. To attract competent employees, a

တိုးတက်မှုကို ရဖို့မလွယ်ဘူး။ Read More »

ဒီနေ့ခေတ်က ရွေးချယ်စရာတွေများတယ်။

Lifestyle business ဆိုတာရှိပါတယ်။Laptop တစ်လုံးနဲ့ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ၊ကြိုက်တဲ့သူနဲ့၊ ကြိုက်တဲ့အချိန်အလုပ်လုပ်လို့ရတာမျိုး။ Consulting လုပ်ငန်းတွေ၊One-person business တွေလိုမျိုးပါ။ နောက် ကိုယ်လုံးဝပါစရာမလိုတဲ့ထဲမှာWebsite/ App နဲ့ တခြား social media တွေကmonetization တွေကစလို့မြေပြင်မှာဆို venting machine တွေမှာCoffee ဆိုင်လိုမျိုး၊အဝတ်လျှောက်စက်တွေထားပြီး run တာမျိုးထိပါတယ်။ ဒါမှမဟုတ် creator/ influencer လုပ်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကြော်ငြာတွေကဝင်ငွေရှာတဲ့ လုပ်ငန်းမျိုး။ နောက် Startup လိုမျိုးပေါက်ကွဲမှုအားကောင်းပြီး ချဲ့လို့ထွင်လို့လွယ်တဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့နည်းပညာလုပ်ငန်းတွေရှိတယ်။ နောက်အလုပ်လုပ်နေရင်း အလွတ်တန်းပညာရှင်အနေနဲ့လုပ်တဲ့အလုပ်တွေရှိမယ်။ နောက် သမရိုးကျလုပ်ငန်းတွေရှိမယ်။ ဒီနေ့ခေတ်က ရွေးချယ်စရာတွေများတယ်။ Lifestyle business” refers to a type of business model where one can

ဒီနေ့ခေတ်က ရွေးချယ်စရာတွေများတယ်။ Read More »

Startup လို့ခေါ်တယ်.

တီထွင်ဆန်းသစ်မှုရှိရှိနဲ့ ဖောက်သည်ပြဿနာကိုဖြေရှင်းပြီးချဲ့လို့ထွင်လို့ရတဲ့ စီးပွားရေးပုံစံရှိပြီးပေါက်ကွဲမှုအားကောင်းနိုင်ခြေရှိတဲ့စီးပွားရေးလုပ်ငန်းကို Startup လို့ခေါ်တယ်. ချဲ့ထွင်လို့လွယ်ကူဖို့ နည်းပညာအသုံးပြုကြတယ်။ဖောက်သည်ရဲ့ပြဿနာကိုသိဖို့ စမ်းသပ်လေ့လာမှုတွေလုပ်ကြတယ်။ တီထွင်မှုရှိဖို့ မတူညီတဲ့ နည်းလမ်းတွေနဲ့ဖောက်သည်ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေ ရှာကြတယ်။ ပေါက်ကွဲမှုအားကောင်းမကောင်းကတော့စျေးကွက်အပေါ်မူတည်ပြီးဖြစ်ပေါ်လာတယ်။ Startup တစ်ခုမှာ ပုံမှန် ဝင်ငွေနဲ့ အမြတ်ငွေရလာတဲ့အခါအခြေကျတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပြီ။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေကိုဖန်တီးလို့ရလာပြီ။လူတွေသိရှိ အသိအမှတ်ပြုလာပြီ။ Startup နဲ့ သာမာန်စီးပွားရေးလုပ်ငန်းကွာတဲ့အချက်က၁။ ကြီးထွားနိုင်စွမ်း၂။ ချဲ့ထွင်နိုင်စွမ်း၃။ စွန့်စားမှု ၄။ မတူညီကွဲပြား တီထွင်ဆန်းသစ်ပြီးစျေးကွက်ကို အပြောင်းအလဲဖြစ်စေမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၅။ လုပ်ငန်းလည်ပတ်၊ ဝင်ငွေရေစမည့်စီးပွားရေးမော်ဒယ် ဒါတွေပါမယ်။ နည်းပညာအသုံးပြုမှ startup ဖြစ်တာမဟုတ်ပေမယ့်တီထွင်ဆန်းသစ်မှုရှိဖို့လိုတယ်။နောက်ချဲ့ထွင်နိုင်စွမ်းအရေးကြီးတယ်။ Startups are businesses that focus on innovation, solving customer problems in novel ways, and are

Startup လို့ခေါ်တယ်. Read More »