Akyanpay

၂၀၂၄ ကတော့ စတင်ပြီ။

ကိုယ့်ရဲ့ mission ကိုယ်တစ်ယောက်တည်းသွားလို့မရဘူး။ Team လိုတယ်။ ဒီ Team ကလဲ ကိုယ့်လိုပဲအနာဂတ်ကို ယုံကြည်ဖို့လိုတယ်။နောက် တန်ဖိုးထားမှုတွေတူညီဖို့လိုတယ်။ နောက် ကိုယ်ရည်ကိုယ်သွေး၊ ကျွမ်းကျင်မှုနဲ့ နေရာချထားမှုမှန်ကန်ဖို့လိုတယ်။၂၀၂၄ ကတော့ စတင်ပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

၂၀၂၄ ကတော့ စတင်ပြီ။ Read More »

စွန့်ဦးတီထွင်စစ်စစ်တွေက

စွန့်ဦးတီထွင်စစ်စစ်တွေက အငြိမ်နေချင်တဲ့သူတွေမဟုတ်ဘူး။တစ်ခုပြီးတစ်ခု အသစ်အသစ်ထပ်လုပ်ချင်နေတဲ့သူတွေ။ ကုန်ပစ္စည်းအသစ်၊ ဝန်ဆောင်မှုအသစ်၊အမှတ်တံဆိပ်အသစ်၊ ကုမ္ပဏီအသစ်၊လုပ်ငန်းအသစ်၊ နယ်ပယ်အသစ်။ ကြိုက်တာ၊ ရင်ခုန်တာ၊ အခွင့်အလမ်းတွေ့တာ၊ စိတ်ဝင်စားတာအသစ်တွေ တစ်ခုပြီးတစ်ခုလုပ်နေတတ်တယ်။ဒါကို စွန့်ဦးတီထွင် စစ်စစ်တွေပဲတကယ် နားလည်တာမျိုး။ စတင်ထားတဲ့လုပ်ငန်းကို နိစ္စဓူဝလည်ပတ်မှုမှာ ကိုယ်မပါဝင်မှအသစ်အသစ်တွေက လုပ်လို့ရမှာ။ မဟုတ်ရင် တစ်ခုစပြီးတစ်သက်လုံး ဥစ္စာစောင့်ဖြစ်နေမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စွန့်ဦးတီထွင်စစ်စစ်တွေက Read More »

ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုမှ ကုမ္ပဏီတစ်ခုသို့။

ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုမှ ကုမ္ပဏီတစ်ခုသို့။ကုမ္ပဏီတစ်ခုမှ ကုမ္ပဏီအဖွဲ့အစည်းသို့။ လုပ်ငန်းတစ်ခုမှာ ၁။ စတင်ခြင်း Start၂။ ကြီးထွားခြင်း Speed Up၃။ စနစ်ချခြင်း Systemize၄။ ချဲ့ထွင်ခြင်း Scale၅။ ရောင်းချခြင်း Sell ငါးဆင့်အကြမ်းဖျင်းရှိပါတယ်။ စတင်ခြင်း Start လုပ်ငန်းသစ်စတင်တဲ့အခါ ၁။ အိုင်ဒီယာ ထုတ်လုပ်ခြင်းနဲ့ ရွေးချယ်ခြင်း (idea generation & selection)-အချိန်ကောင်းရွေးချယ်ခြင်း (Timing)-လုပ်သင့်မလုပ်သင့်ကြည့်ရမည့်အချက်သုံးချက် ၂။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုအနေဖြင့်ပမာဏနည်းနည်းဖြင့် စမ်းသပ်ရောင်းချကြည့်ခြင်း (idea validation) -စျေးကွက်ကို စမ်းသပ်ခြင်း (market testing) ၃။ များများထုတ်လုပ်ရောင်းချဖို့ စီမံကိန်းချမှတ်ခြင်း venture planning -ကိုယ့်လုပ်ငန်းရဲအားသာချက်၊ အောင်မြင်စေနိုင်မည့် အရေးကြီးအချက်များချရေးခြင်း Critical Success factors (CSF) ကိုရှာဖွေခြင်း-လုပ်ငန်းအတွက် မဟာဗျူဟာရေးဆွဲခြင်း-လုပ်ငန်းရဲ့အနာဂတ်အမြင်၊ သမိုင်းပေးတာဝန်၊

ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုမှ ကုမ္ပဏီတစ်ခုသို့။ Read More »

ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ။

လူအဓိကနဲ့သွားမှာလားနည်းပညာအဓိကနဲ့ သွားမှာလား။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ။ စနစ်ချတဲ့အခါ စနစ်ကြီးပဲကသေချာ ဒီဇိုင်းလုပ်တာပြဿနာသိပ်မရှိဘူး။ အဓိကပြဿနာဖြစ်တာ လူ။ လူတွေက ပျော်၊ ဝမ်းနည်း၊အမျိုးမျိုးဖြစ်တတ်တယ်။ခံစားချက်ပေါ်မူတည်ပြီးစွမ်းဆောင်ရည်မငြိမ်ဘူး။ ဒါကြောင့် ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်ချင်ရင်မိုက်ကယ်ကာဗာကအစားထိုးလို့လွယ်တဲ့ လူတွေခန့်။အစားထိုးလို့ရဖို့အတွက်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ကျွမ်းကျင်မှုတွေကိုခွဲလိုက်။ အကုန်လုံးမခိုင်းနဲ့။ပြီးရင် ကျွမ်းကျင်မှုအနည်းဆုံးနဲ့လုပ်လို့ရအောင်လုပ်တဲ့။ တချို့လုပ်ငန်းတွေက လူတော်တစ်ယောက်တွေ့သွားတဲ့အခါဂိမ်းတစ်ခုလုံးပြောင်းသွားတာမျိုးဖြစ်တယ်။ အဲ့ဒီလူ ရှာတဲ့အချက်က အချိန်ပေးရတယ်။ အချိန်သိပ်ပေးစရာမလိုတာက ကိုယ့်လုပ်ငန်းလည်ပတ်တဲ့ နေရာမှာကုန်ပစ္စည်းထည့်တာပဲ။ ဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့အခါကျတော့ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းပုံစံ Productize လုပ်ရတယ်။ ခလုပ်ဖွင့်တာနဲ့ လုပ်လို့ရတဲ့ Turnkey Operation ဖြစ်ဖို့အတွက်ကိုယ့်ရဲ့ business model မှာ ဝန်ဆောင်မှုပေးတဲ့အရာတွေကိုချုံ့ရသလို၊လိုအပ်ရင် ကိုယ်အဓိထားတဲ့ ဖောက်သည်ပုံစံကို သေချာသတ်မှတ်ရတယ်။ အဆင့်အနေနဲ့ကတော့၁။ ဒီဇိုင်းလုပ်တဲ့အဆင့် design ၂။ ဘယ်အပိုင်းတွေကို ဘယ်သူက ဘယ်လောက်ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲ decide၃။ တာဝန်လွဲတဲ့အဆင့် delegate၄။ ကိုယ်လုပ်တဲ့အလုပ် do အဆင့်လေးဆင့်။ ကော်ဖီဆိုင်တစ်ဆိုင်မှာ

ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ။ Read More »

လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။

ပြေးလေ ဝေးလေဖြစ်နေသလား။ စီးပွားရေးဆိုတာ ဖောက်သည်တွေရဲ့လိုအပ်ချက်၊ လိုချင်မှု၊ တနည်း ပြဿနာတွေကိုအမြတ်ငွေယူဖြေရှင်းတာဖြစ်တယ်။ ဒါကြောင့် ဘာပြဿနာကို ဘယ်လိုပုံစံဖြေရှင်းမလဲ အရင်စဥ်းစားဖို့လိုတယ်။ တချို့တစ်လတစ်လ ရုန်းကန်ပြီးဘဝတွေ လုပ်တာနဲ့ ရတာမတန်ဖြစ်နေတာတွေ တွေ့ဖူးလိမ့်မယ်။ တချို့ကျတော့လဲ ပျော်ပျော်ပါးပါးငွေတွေဝင်နေတာမျိုး။ ဘာကွာသွားသလဲ? လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။ ဘယ်လုပ်ငန်း၊ဘယ်နယ်ပယ်မှာ ဘယ်လိုမျိုးဖောက်သည်တွေကိုဘယ်လိုပုံစံမျိုး ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုဘယ်လောက်နဲ့ ဘယ်နှစ်ကြိမ်ကို ဘယ်လိုမတူတဲ့ပုံစံနဲ့ဘယ်လိုသိအောင်လုပ်ပြီးဝယ်အောင်၊ ထပ်ဝယ်အောင်လုပ်ဆောင်မလဲ၊ဘယ်လောက်ကုန်ကျပြီး၊ဘယ်လိုလူတွေကိုယ့်ကိုကူညီဖို့လိုသလို၊ဘယ်လို ဝန်ထမ်းတွေကို အလုပ်ခန့်ထားရမလဲ။ လုပ်ငန်းဘယ်လိုလည်ပတ်မလဲ အရင်စဥ်းစားရတယ်။ လမ်းမှားပြီး ဇွတ်ပြေးနေရင်ပြေးလေ ဝေးလေဖြစ်နေနိုင်တာဖြစ်တဲ့အတွက်လုပ်ငန်းကို ဒီဇိုင်းအရင်လုပ်ဖို့လိုတယ်။ ဒီလိုရွေးချယ်မှုပြုလုပ်တဲ့အခါကိုယ့်လုပ်ငန်းဖြစ်တဲ့အတွက်ကိုယ့်ရဲ့ အားသာချက်ပေါ်အခြေခံတဲ့ လုပ်ငန်းဖြစ်ရင်အကောင်းဆုံးပဲ။ ကိုယ့်ရဲ့အားသာချက်ကိုသိဖို့အတွက်တခြားသူတွေ ခက်ခက်ခဲခဲလုပ်နေရပြီးကိုယ့်အတွက် လွယ်နေတဲ့အရာရှိသလား။ဒီမေးခွန်းမျိုးကို ပြန်မေးကြည့်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ရွေးချယ်မှုအရေးကြီးတယ်။ Read More »

စီးပွားရေးမှာ
“သာ” ထက် “ကွာ” က ပိုအရေးကြီးတယ်။

စီးပွားရေးမှာ “သာ” ထက် “ကွာ” က ပိုအရေးကြီးတယ်။ ဒီနေ့ခေတ် လုပ်ငန်းအချင်းချင်းပြိုင်တဲ့အခါ စျေးပိုသက်သာအောင်၊ ဝန်ဆောင်မှုပိုသာအောင်၊“သာ” ဖို့ အသားပေးကြတယ်။ ဒီနေ့ခေတ်က ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှားတဲ့ ခေတ်မဟုတ်တော့ဘူး။ အချိုရည်လို့ပြောလိုက်ရင် ကိုကာကိုလာကို ပြေးမြင်ကြတယ်။ သူထက် အရသာပိုသာအောင်လိုက်ပြိုင်တာ ပက်ဆီ။ ဒါပေမယ့်အချိုရည်လို့ပြောလိုက်တဲ့အခါလူအများစုက ကိုကာကိုလာကို ပြေးမြင်ကြဆဲပဲ။ ဒါပေမယ့် အားဖြည့်အချိုရည်လို့ပြောလိုက်တဲ့အခါကျွဲရိုင်း Red Bull ကို ပြေးမြင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က မရှိသေးတဲ့ အချိုရည်အကန့်သစ်ဖြစ်တဲ့“အားဖြည့်” အချိုရည်ဆိုတဲ့ လုံးလုံးကွာတဲ့အပိုင်း category ကို ရွေးချယ်ခဲ့လို့ပါ။ Blue Ocean မဟာဗျူဟာဆိုတာ ကြားဖူးလိမ့်မယ်။ Cirque du Soleil ဆပ်ကပ်အဖွဲ့က သူ့တို့ကိုယ်သူတို့ ဆပ်ကပ်လို့မမြင်ဘူး။ တိရိစ္ဆာန်အသုံးမပြုတဲ့ ပြပွဲ (theatre) လို့မြင်တယ်။ အဲ့ဒီ

စီးပွားရေးမှာ
“သာ” ထက် “ကွာ” က ပိုအရေးကြီးတယ်။
Read More »

မန်နေဂျာတစ်ယောက်ရဲ့
အဓိက တာဝန်က

မန်နေဂျာတစ်ယောက်ရဲ့ အဓိက တာဝန်က ဆုံးဖြတ်ချက်ချရတယ်။ဆုံးဖြတ်ချက်ချဖို့ စဥ်းစားတတ်ရတယ်။လူနဲ့ စနစ်ကို အသုံးပြုပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်ရမှာဖြစ်တဲ့အတွက် လူအကြောင်းနားလည်ရတယ်။ကိုယ်လုပ်တဲ့ အလုပ်စနစ်အကြောင်းနားလည်ရတယ်။စဥ်းစားတတ်ရတယ်။ လူတစ်ယောက် အလုပ်လုပ်တာတော်တိုင်းတော်တဲ့ မန်နေဂျာမဖြစ်ဘူး။ မန်နေဂျာတစ်ယောက်ကစီမံကိန်း plan ကောင်းကောင်းချရတယ်။ဘယ်သူက ဘယ်အလုပ်ကို ဘယ်အချိန်မှာ ဘယ်လိုပြီးအောင်လုပ်မလဲ။ ဒါလုပ်ဖို့ ဘာတွေလိုအပ်မလဲ။ ဘာတွေ မှားနိုင်သလဲ။ ကြိုတင်ဘာတွေကာကွယ်မလဲ။ လုပ်ဆောင်နေတာ ဘယ်လောက်ရောက်ပြီလဲ။ ဘယ်အချိန် plan အကောင်အထည်ပေါ်မလဲ။ ဒါတွေ လုပ်ဆောင်နိုင်ဖို့စဥ်းစားတတ်ဖို့လိုတယ်။ စိတ်ရှည်ဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

မန်နေဂျာတစ်ယောက်ရဲ့
အဓိက တာဝန်က
Read More »

ဖန်တီးနိုင်စွမ်းက စူပါပါဝါတစ်ခုပဲ။

ကိုယ့်ပြိုင်ဖက်က ကိုယ့်ကိုကော်ပီကူးတာကောင်းတဲ့အချက်ပဲ။ သူတို့က ကော်ပီမကူးပဲကိုယ်တိုင် ဖန်တီးမှုတွေ ပြုလုပ်တတ်သွားမှသာကြောက်ဖို့ကောင်းတာ။ ကော်ပီလုပ်တယ်ဆိုကတည်းက ကိုယ်လုပ်ပြီးသားကိုလုပ်တဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကိုယ့်နောက်ကပဲ ဖြစ်ဖို့များတယ်။ ဒီနေ့လို creative economy မှာဖန်တီးနိုင်စွမ်းက စူပါပါဝါတစ်ခုပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဖန်တီးနိုင်စွမ်းက စူပါပါဝါတစ်ခုပဲ။ Read More »

business model

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့အလွယ်ကူဆုံးက သူနဲ့ကိုက်တဲ့ business model ပါ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

business model Read More »