Akyanpay

အစကောင်းမှ အနှောင်းသေချာ။

အစကောင်းမှ အနှောင်းသေချာ။ ဖြစ်နိုင်ရင် အမျိုးတွေနဲ့ အလုပ်မလုပ်နဲ့။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ဥပဒေသပဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းက စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ကိစ္စပဲဖြစ်ဖြစ်၊ အကြောင်းအရာတစ်ခုကြောင့်တစ်ခုခု ဖြစ်ခဲ့သည်ရှိသော် မျက်နှာပျက်ရမှာ။ ဒါကြောင့် ကိုယ်တိုင် စီမံနေတဲ့လုပ်ငန်းမှာအမျိုးခန့်တာ မလုပ်ဘူး။ လုပ်ငန်းဆိုတာ မိသားစု မဟုတ်ဘူး။ရည်မှန်းချက်တူ၊ တန်ဖိုးထားတဲ့ သူတစ်စု ဖွဲ့စည်းထားပြီးအနာဂတ်အမြင်တစ်ခုအတွက်အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ခံစားချက်တွေအရေးကြီးတာမှန်ပေမယ့်သွားမည့် လမ်းကြောင်းပိုအရေးကြီးတယ်။ အားကိုးရတဲ့ ညီအစ်ကိုမောင်နှမတွေရှိတာတော့တစ်မျိုး။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အစကောင်းမှ အနှောင်းသေချာ။ Read More »

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ
အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။ ၁။ အိုင်ပီ (Intellectual Property)၂။ မီဒီယာအက်ဆက် (Media Assets)၃။ ဆော့ဝဲ နဲ့ ဒေတာ (Software & Data) ၁။ အိုင်ပီ (Intellectual Property) အိုင်ပီဆိုတဲ့ နေရာမှာ နောက်ဥာဏမူပိုင်ခွင့်နဲ့ပတ်သက်လို့ ကိုယ့်အမှတ်တံဆိပ်တွေပါမယ်။ တခြားသူတွေလိုက်လုပ်ရခက်တဲ့ လျှို့ဝှက်ချက်တွေပါမယ်။ တချို့လုပ်ငန်းတွေအတွက်ဘယ်မှာဝယ်၊ ဘယ်မှာလွဲ၊ ဒီလျှို့ဝှက်လေးတွေကလဲ IP ပဲ။လူတိုင်းကို အသိပေးလို့မရဘူး။ နောက် ကိုယ့်ဝက်ဆိုက်ရဲ့ဒိုမိန်းနာမည်ပါမယ်။ ၂။ မီဒီယာအက်ဆက် (Media Assets) လူမှုကွန်ယက်နဲ့ မီဒီယာတွေမှာရှိတဲ့အရင်းအနှီးတွေ။ ဥပမာ Facebook, Tik Tok, Instagram,Youtube, Linkedin အစရှိတဲ့Social Media တွေမှာရှိနေတဲ့Followers, Organic Engagement တွေ။ ၃။

ဒီနေ့ခေတ် လုပ်ငန်းတွေမှာ
အရေးအကြီးဆုံးအရာ ၃ ခုရှိတယ်။
Read More »

ကမ္ဘာပေါ်မှာ လူတိုင်းနဲ့ကိုက်ညီတဲ့
တစ်ခုတည်းသော မဟာဗျူဟာမရှိဘူး။

စီးပွားရေးမှာ ၁။ စျေးပေါလေကောင်းလေ၊ ၂။ ကြီးလေ ကောင်းလေ၊ ၃။ မတူလေကောင်းလေ၊ ၄။ လူတစ်စုအတွက် သီးသန့်လုပ်ဆောင်ပေးလေကောင်းလေလေ လေးလေ ရှိကြတယ်။ ၁။ စျေးပေါလေ ကောင်းလေ ကိုယ့်လုပ်ငန်းက ဘယ် “လေ” နဲ့ကိုက်လဲကြည့်ရမယ်။စျေးပေါတာကို ရွေးမယ်ဆို ကိုယ့်မှာ စျေးပေါအောင် ရောင်းနိုင်တဲ့ စူပါပါဝါရှိရမယ်။ ငွေကြေးအင်အား၊ အချိပ်အဆက် အင်အား၊ ထုတ်လုပ်နိုင်မှု အင်အား။ လူများများကို ရောင်းလို့ရနိုင်တဲ့အင်အား။ဒီစူပါပါဝါတွေရှိရမယ်။ ၂။ ကြီးလေကောင်းလေ ကြီးလေကောင်းလေ ဖြစ်ဖို့အတွက်လူများများကို ရောင်းရမယ်။ စျေးအပေါဆုံး ဖြစ်စရာမလိုဘူး။ ကြီးလေ ကောင်းလေဖြစ်ဖို့အတွက်ကိုယ်ဘယ်လုပ်ငန်းနယ်ပယ်ကိုပဲလုပ်မယ်အထူးပြု အာရုံစိုက်ရတယ်။ အရင်းအမြစ်အကုန်လုံးကိုဒီအထဲ ထည့်ရတယ်။နိုင်ငံရေး၊ စီးပွားရေး အခြေအနေတည်ငြိမ်မယ်။ စျေးကွက်အကြိုက်နဲ့ လိုက်ပြောင်းနိုင်မယ်။အရင်းအနှီးတွေလဲ ကောင်းကောင်းရှိမယ်ဆို ဒီ မဟာဗျူဟာက အကောင်းဆုံးဖြစ်နိုင်တယ်။ ၃။ မတူလေ ကောင်းလေ

ကမ္ဘာပေါ်မှာ လူတိုင်းနဲ့ကိုက်ညီတဲ့
တစ်ခုတည်းသော မဟာဗျူဟာမရှိဘူး။
Read More »

အဖြေရှာထားရမည့်အချိန်ပဲ။

Browser မသိ၊ Website domain name ဆိုတာမသိတဲ့ နေရာမှာ ကိုယ့်လုပ်ငန်းဆီဝယ်နေကျသူတွေကိုကိုယ့် App မှာ ဝယ်နေကျ“အကျင့်” ဖြစ်အောင်လုပ်ရမည့်အချိန်ပဲ။ Social Media Marketing မှာ ၁။ တင် (Post တင်တယ်။)၂။ မြင် (လူတွေမြင်တယ်၊ စိတ်ဝင်စားတယ်။)၃။ မေး (မေးမြန်းတယ်။)၄။ ဝယ် (ဝယ်ယူတယ်။)၅။ ထပ်ဝယ် (ထပ်ဝယ်တယ်။)၆။ ညွှန်း (တဆင့်စကားတဆင့်ညွှန်းတယ်။) ဒီအဆင့်တွေမှာ Facebook, Tik Tok, Instagram, Linkedin, Youtube, etcအကုန်လုံးက တင်ပြီးမြင်အောင်လုပ်။မေးပြီဆိုတာနဲ့ ဝယ်အောင်ကိုယ့် App/ Website/ Platform က လုပ်နိုင်ဖို့ ဖြေးဖြေးပြောင်းသွား။ ပုံမှန် messenger ထဲမှာ ဝယ်ရင်ကိုယ့် owned media ဖြစ်တဲ့ App/

အဖြေရှာထားရမည့်အချိန်ပဲ။ Read More »

ဖောက်သည်ဝန်ဆောင်မှု
ကာစတမာဆားဗစ်။

ကိုယ်ဘယ်လောက်တော်တော်၊ကိုယ့်ထုတ်ကုန်ဘယ်လောက်ကောင်းကောင်းလူမသိရင် မအောင်မြင်ဘူး။ သိစေချင်တဲ့သူ သိအောင်လုပ်တာ မားကတ်တင်း။ သိပြီးဝယ်ချင်အောင်၊ မေးအောင်လုပ်တာ ကြော်ငြာ။ မေးရင် ရောင်းတာ အရောင်း။ဝယ်ပြီးထပ်ဝယ်ချင်အောင်လုပ်တာဖောက်သည်ဝန်ဆောင်မှု ကာစတမာဆားဗစ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဖောက်သည်ဝန်ဆောင်မှု
ကာစတမာဆားဗစ်။
Read More »

စေတနာမှန်တိုင်း အပင်မသန်ဘူး။

စေတနာတစ်ခုနဲ့ မရဘူး။အမြော်အမြင် လိုတယ်။ ဦးဆောင်သူတစ်ယောက်ရဲ့အမြော်အမြင်ကို သူကိုယ်တိုင်ရဲ့ဘဝ၊သူဦးဆောင်တဲ့ အဖွဲ့၊သူဦးဆောင်တဲ့ အဖွဲ့အစည်း၊ သူဦးဆောင်တဲ့ လုပ်ငန်း၊ သူဦးဆောင်တဲ့ နိုင်ငံ နဲ့ကြည့်လို့ရတယ်။ စေတနာမှန်တိုင်း အပင်မသန်ဘူး။ စေတနာမှန်ပြီး တိုင်ပတ်နေတဲ့အလုပ်တွေ၊ အဖွဲ့အစည်းတွေအများကြီးရှိနိုင်တယ်။ စေတနာမှန်မှန်၊အမြော်အမြင်ရှိရှိ၊မဟာဗျူဟာကောင်းကောင်း၊အကောင်အထည်ဖော်မှု သေသေသပ်သပ်၊ လေ့လာချိန်ဆ ဆက်လုပ်သွားနိုင်ဖို့လိုတယ်လို့ထင်တယ်။ Akyanpayကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စေတနာမှန်တိုင်း အပင်မသန်ဘူး။ Read More »

ဒီမေးခွန်းတွေမေးကြည့်ပါ။

တစ်ခုခု ဆုံးဖြတ်ချက်ချတဲ့အခါဒီမေးခွန်းတွေမေးကြည့်ပါ။ ၁။ မိမိ ဘာလိုချင်သလဲ?၂။ မိမိ ဘာမလိုချင်ဘူးလဲ?၃။ မိမိဘာလုပ်နိုင်သလဲ?၄။ မိမိထိန်းချုပ်နိုင်မှုမရှိသည့်အရာများမှာ ဘာတွေလဲ?၅။ ရွေးချယ်စရာများ ဘာတွေရှိသလဲ?၆။ အန္တရာယ်များ ဘာတွေရှိသလဲ?၇။ ဘာသတင်းအချက်တွေ ထပ်သိဖို့လိုမလဲ?၈။ ရေတို၊ ရေလတ်၊ ရေရှည် မိမိဘာလုပ်နိုင်သလဲ? Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒီမေးခွန်းတွေမေးကြည့်ပါ။ Read More »

ဘဝမှာ စနစ်ရဲ့ အသုံးချခံမဖြစ်နဲ့။

နိုင်ငံတစ်နိုင်ငံမှာ ဝမ်းပျက်ဝမ်းလျောဖြစ်တယ်။နိုင်ငံက ဆင်းရဲတော့ဆေးဝါးဖြန့်ချီရတာအင်မတန်ခက်တယ်။ ဒါကို အကြံပေးတစ်ယောက်ကကိုကာကိုလာရဲ့နေရာတိုင်းရောက်နေတဲ့ဖြန့်ချီရေးစနစ်ကို အသုံးပြုဖို့အကြံပေးတယ်။ကိုကာကိုလာကလဲ ကူညီပေးတယ်။ ဆေးဝါးက တစ်နိုင်ငံလုံးရောက်သွားတယ်။ ဒီ အယူအဆ concept ကိုpiggybacking လို့ခေါ်တယ်။ ရှိပြီးသား နက်ဝေါ့ကိုအသုံးချပြီးလိုချင်တဲ့ ပန်းတိုင်ရောက်အောင်လုပ်တာကိုဆိုလိုတာပါ။ ဥပမာ ကျွန်တော့်အနေနဲ့ ဒီစာကို ကိုယ့်မှတ်စုထဲမှာရေးပြီးသိမ်းထားလို့ရတယ်။ဒါကို လူတွေသုံးနေတဲ့ ဖေ့ဘုတ်လို လူမှုကွန်ယက်မှာရေးလို့ရတယ်။ စာလုံးပေါင်းအမှားတွေပြင်လို့ရသလို၊ ဘယ်အိုင်ဒီယာကိုလူတွေကကြိုက်တယ်၊ဘယ်အိုင်ဒီယာ မကြိုက်ဘူး။ဘယ်လိုပြောရင် လက်ခံတယ်။ဘယ်လိုဆို လက်မခံဘူး။ စမ်းသပ်လို့ရသလို၊ လူတွေကို ကိုယ်သိစေချင်တဲ့သတင်းအချက်အလက်ပို့လို့ရတယ်။ ဘဝမှာ စနစ်ရဲ့ အသုံးချခံမဖြစ်နဲ့။စနစ်ကို ပြန်အသုံးချ။ ဒါမှ လူဖြစ်ရကျိုးနပ်တာ။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘဝမှာ စနစ်ရဲ့ အသုံးချခံမဖြစ်နဲ့။ Read More »

3M

လုပ်ငန်းတိုင်းအတွက် အချိန်ကောင်းဆိုတာရှိတယ်။ဒီအချိန်ကောင်းတွေက တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူး။ ဒီအချိန်ကောင်းမှာ ပေးလာတဲ့ အခွင့်အလမ်းကိုရယူနိုင်စွမ်းရှိဖို့ ကြိုတင်ပြင်ဆင်ကြတယ်။ ဒီအချိန်ကောင်းအတွက်ပြင်ဆင်တာကိုTiming တွက်တယ်လို့ခေါ်ကြတယ်။ ဒီအချိန်ကောင်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊နည်းပညာ၊ သဘာဝပတ်ဝန်းကျင်အပြောင်းအလဲပေါ်မူတည်ပြီးဖြစ်နေ၊ ပျက်နေတယ်။ ဆိုလာရောင်းတဲ့သူတွေအတွက်ရာသီဥတုပူပြီး၊မီးမလာ ပစ္စည်းတင်သွင်းရခက်တဲ့အချိန်ရောင်းစရာပစ္စည်းအလုံအလောက်ရှိထားတာဖြစ်နိုင်သလို၊အိမ်တော်တော်များများ ဆိုလာတပ်ပြီးလိုင်းလုံးပြီးသွားမှဆို တမျိုးဖြစ်သွားနိုင်တယ်။ လုပ်ငန်းတိုင်းက ဒီ Timing အတွက်အန္တရာယ်တွေကို နားစွင့်၊ ဖြစ်နိုင်မည့်အခြေအနေတွေကြားကရလဒ်ကောင်းတွေရအောင်၊အန္တရာယ်တွေနည်းအောင်ပြင်ဆင်ကြတယ်။ ဒါကို Strategic Planning လို့ခေါ်တယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

3M Read More »

ဒါကို သုတေသနလုပ်ဆောင်ခြင်း
research လို့ခေါ်ပါတယ်။

စီးပွားရှာဖို့ အရင်မစဥ်းစားနဲ့။ ပြဿနာရှာဖို့ အရင်စဥ်းစားကြည့်။ စျေးကွက်ပြဿနာရှာပြီး ဖြေရှင်းနိုင်မှ ထုတ်ကုန်ဆိုတာ ဖြစ်တယ်။ ဒီလို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရှိမှရောင်းလို့ရမယ်။ ရောင်းတိုင်းလဲ မမြတ်ဘူး။ မြတ်ဖို့ ရောင်းမည့်စျေး၊ရောင်းရနိုင်မည့် ပမာဏ၊ဖြန့်ချီမည့်စျေးကို အတွက်အချက်လုပ်ရတယ်။ စီးပွားရှာဖို့စဥ်းစားတိုင်းစျေးကွက်ပြဿနာ ကို အရင်ရှာကြည့်ပါ။ ပြီးရင် ကိုယ်ကစျေးကွက်မှာရှိနေပြီးသား ထုတ်ကုန်တွေထက်ဘာတွေပိုကောင်း၊ဘာတွေပိုပြောင်း၊ဘယ်လို မြန်ဆန်၊ သက်သာ၊ ပျော်ရွင်၊ ကျေနပ်၊ လိုချင်အောင်လုပ်ရမလဲစဥ်းစားပြီးလုပ်ဆောင်တဲ့အခါ စီးပွားရေးဆိုတာ ဖြစ်လာမယ်။ စျေးကွက်မှာ ကွင်းထဲမကန်ခင်အပြင်ကနေ လေ့လာနေတာကလဲအလုပ်လုပ်နေတာပါပဲ။ ဒါကို သုတေသနလုပ်ဆောင်ခြင်းresearch လို့ခေါ်ပါတယ်။ စီးပွားမရှာခင်ပြဿနာ အရင်ရှာပါ။ ပြဿနာရှာပါ။ပြဿနာ မဖန်တီးပါနဲ့။ 😀 Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဒါကို သုတေသနလုပ်ဆောင်ခြင်း
research လို့ခေါ်ပါတယ်။
Read More »