Akyanpay

စီးပွါးရေးဆိုတာ ဘာလဲ?

စီးပွါးရေးဆိုတာ ဘာလဲ?စီးပွါးရေးဆိုတာ အရောင်း၊ အဝယ်။ ဘာတွေရောင်း ဘာတွေဝယ်သလဲ?ထုတ်ကုန် ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းဝယ်တယ်။ ဘာကြောင့် ဝယ်သလဲ?လိုချင်လို့၊ လိုအပ်လို့။ လိုချင်၊ လိုအပ်ရုံနဲ့ ဝယ်သလား?မဝယ်ပါ။ ဝယ်နိုင်ဖို့လဲလိုပါတယ်။ လိုချင်၊ လိုအပ်ပြီး ဝယ်နိုင်တာကိုဘာလို့ခေါ်သလဲ?ဝယ်လိုအား demand လို့ခေါ်ပါတယ်။ ဝယ်လိုအားများပြီး ရောင်းလိုအားနည်းရင်ဘာဖြစ်သလဲ?စျေးတက်ပါတယ်။ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများရင်ဘာဖြစ်သလဲ?စျေးကျပါတယ်။ ဒါဆို လုပ်ငန်းတွေ အောင်မြင်ဖို့ဘာလိုသလဲ?ဝယ်လိုအားရှိပြီး ရောင်းလိုအားနည်းဖို့လိုတယ်။ ဒီလို ရောင်းလိုအား ရှားပါးအောင်ဘယ်လိုလုပ်ကြမလဲ?တရားဥပဒေနဲ့ တင်သွင်းရခက်တဲ့အချိန်ကိုယ်က တင်သွင်းခွင့်ရရင် ရတယ်။ဒါမှ မဟုတ် ကိုယ့်ထုတ်ကုန်ကအစားထိုးရခက်ရင် ရတယ်။ ထုတ်ကုန်အစားထိုးရခက်ဖို့ ဘာလိုသလဲ?တခြားသူတွေမှာ မသိ၊ မရှိ၊ မတတ်တဲ့ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ၊နည်းစနစ်၊ လျှို့ဝှက်ချက်လိုတယ်။ ဒါကို ဝါရင်းဘူဖက်တို့ခေါ်တာရှိပါတယ်။ ဘာတဲ့?Economic moat ကျုံးခံတပ်ပါ။ ကဲ ကိုယ့်လုပ်ငန်းရဲ့ ဒီလိုအချိန်မှာရှိတဲ့Economic moats […]

စီးပွါးရေးဆိုတာ ဘာလဲ? Read More »

Media နဲ့ Code

ဒီနေ့ခေတ် ချမ်းသာကြီးပွါးချင်ရင်နိုင်ငံတကာမှာMedia နဲ့ Code နှစ်ခုကို အာရုံစိုက်တဲ့။ မီဒီယာဆိုတာ ကိုယ်ဖော်ပြတဲ့အရာတွေလူတွေဆီ အခမဲ့ရောက်နိုင်တာမျိုး။တနည်းပြောရရင် မားကတ်တင်းပေါ့။ကုဒ်ကတော့ ဆော့ဝဲပရိုဂမ်တွေချဲ့ထွင်လို့ရတဲ့ ထုတ်ကုန်တဲ့။တစ်ခုထုတ်ပြီး လူသိန်း၊ သန်းကိုကုန်ကျစရိတ်အများကြီး ထပ်မကုန်ပဲရောင်းလို့ရတယ်။ ဘယ်အရာမဆို လုပ်တဲ့သူတိုင်းအလုပ်ဖြစ်တာမှမဟုတ်တာ။ အလုပ်ဖြစ်အောင်လုပ်တဲ့သူပဲအလုပ်ဖြစ်တာ။ အဖြစ်လုပ်ရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Media နဲ့ Code Read More »

ကိုယ့်လုပ်ငန်း ဘာကြောင့်
အမြတ်ငွေ မကျန်သလဲ?

ကိုယ့်လုပ်ငန်း ဘာကြောင့် အမြတ်ငွေ မကျန်သလဲ? နာမည်ကြီး ထမင်းငတ်မဖြစ်ဖို့ လုပ်ငန်းတွေ အမြတ်ငွေကျန်ဖို့လိုတယ်။ ၁။ ကိုယ့်လုပ်ငန်းရဲ့ အမြတ်ငွေ လမ်းကြောင်းprofit model ကို သေချာဖန်တီးပါ။တက်နေတဲ့ ငွေစျေးတွေမတည်ငြိမ်တဲ့စျေးနှုန်းတွေကြားသေချာတွက်ချက်ပြီးအမြတ်ငွေမော်ဒယ်ကိုသေချာဖန်တီးပါ။ ၂။ လုပ်ငန်းရဲ့ ထုတ်ကုန်နဲ့စျေးနှုန်းသတ်မှတ်မှု၊လူတွေရင်ထဲရောက်အောင် ကြော်ငြာတဲ့Offer ကို သေချာ ဒီဇိုင်းလုပ်ပါ။ ၃။ ကိုယ့်လုပ်ငန်းရဲ့ အရောင်းဖြစ်စဥ်Sales funnel ကို သေချာတည်ဆောက်ထားပါ။ ၄။ စျေးကွက်နဲ့အတူပြောင်းပါ။ ပြောင်းလဲသွားတဲ့ စျေးကွက်ရဲ့လိုအပ်ချက်တွေအတွက်ထုန်ကုန်အသစ်တွေ ဖန်တီးပါ။ ၅။ ကိုယ့်ထုတ်ကုန်ကို ဝယ်ဖို့ မေးစရာမလိုလောက်ပဲဝယ်မယ်ဆို တန်းဝယ်လို့ရတဲ့အထိသတင်းအချက်အလက်တွေကိုဖော်ပြထားပါ။ FAQ အမေးများတဲ့မေးခွန်းတွေလုပ်ထားပါလုပ်ငန်းရှင်တို့။ ဒီနေ့ခေတ်က ပြိုင်ဖက်မတွေ့အောင်ဖွပ်ထားတဲ့ ခေတ်မဟုတ်တော့ဘူး။ ၆။ လုပ်ငန်းရှင်ကိုယ်တိုင်အရေးပါ အရာရောက်တဲ့သူကိုယ်ပြောရင် စကားဖြစ်တဲ့သူဖြစ်အောင်လုပ်ထားပါ။Key Person of Influence လို့ခေါ်ပါတယ်။ ၇။ ကိုယ့်လုပ်ငန်းက ကြော်ငြာအတွက်Boost

ကိုယ့်လုပ်ငန်း ဘာကြောင့်
အမြတ်ငွေ မကျန်သလဲ?
Read More »

See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။

စီးပွားရေးမှာ အများမမြင်တဲ့ အခွင့်အလမ်းလှိုင်းတွေကို See ရမယ်။အန္တရာယ်လှိုင်းတွေကို See ရမယ်။ See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။ တခြားသူတွေ မ see ပဲ၊ ကိုယ် see နေပြီး ပြင်နေတဲ့ လှိုင်းက ဘာလှိုင်းလဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။ Read More »

Organic Social Media

ဒီနေ့ခေတ် မားကတ်တင်းရဲ့နတ်ရေစင်ကတော့ Organic Social Media ပဲ။ ကိုယ်တင်လိုက်တဲ့ စာ၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ကုန်ကျစရိတ်မရှိပဲ လူများများဆီရောက်နိုင်ခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ်က content တင်တင်၊ ကြော်ငြာတင်တင် လူတွေ မြင်နေပြီး စိတ်ဝင်စားနေတဲ့အခါကိုယ့်ရဲ့ မားကတ်တင်းစနစ်ကကြော်ငြာစရိတ်မသုံးရင်တောင်လည်ပတ်နေတာဖြစ်တဲ့အတွက် အရှုံးမရှိဖြစ်နေမှာ။ အရောင်းကို ဒီထက်ပိုလိုချင်လို့Boost လုပ်တယ်၊Media Buying လုပ်တယ်ဆိုလဲသဘောပေါ့။ ဆိုလိုချင်တာကတော့ကိုယ့်လုပ်ငန်းတူက ရောင်းအားတစ်ခုရဖို့ကြော်ငြာစရိတ်တွေ အများကြီးသုံးနေရတဲ့အချိန်ကိုယ်က အထာကျကျ ဆရာကျကျလည်ပတ်နေလို့ရတယ်။ မားကတ်တင်းမှာ နားထောင်ရဆိုးပေမယ့်ဟုတ်သလိုလိုရှိတဲ့ စကားတစ်ခုရှိတယ်။ဒါကတော့“Marketing is like sex: only losers pay for it.”― Antonio Garcia Martinez တဲ့။ ကြော်ငြာတာ ကောင်းတဲ့အချက်ပါ။ ကြော်ငြာတဲ့ အပေါ် ယံအလွှာမှာOrganic Social Media တည်ဆောက်ထားဖို့လိုတယ်။

Organic Social Media Read More »

စီးပွားရေးလုပ်ငန်းဆိုတာ

စီးပွားရေးလုပ်ငန်းဆိုတာ ယာဥ်တစ်စီးပဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ယာဥ်တစ်စီးပဲ။ ဘာယာဥ်နဲ့ သွားမလဲ၊ ဘယ်လို အမျိုးအစားလဲ၊ ကိုယ့်အနေနဲ့ ဒီယာဥ်ကို ညွှန်ကြားမောင်းနှင်နိုင်လား၊ဒီယာဥ်ကို ဘယ်သွားမလဲ၊လမ်းပြတဲ့သူ၊မောင်းတဲ့သူ၊ စပယာ၊ တင်မည့်လူနဲ့ ကုန်၊ပန်းတိုင်ရောက်ဖို့လိုအပ်တဲ့ လောင်စာ၊ တစ်ဆင့်ချင်းသွားမည့် မှတ်တိုင်တွေ၊သွားလမ်းမှာရှိတဲ့ မြေပြင်အခြေအနေ၊ရာသီဥတု နဲ့ လိုအပ်ရင် ထိန်းသိမ်းပြုပြင်ဖို့၊ကြိုတင်ကာကွယ်ဖို့ အစီအစဥ်ဒါတွေ သိထားဖို့လိုတယ်။ လုပ်ငန်းမတည်ဖွဲ့စည်းပုံ Structure နဲ့ Shared Valuesကျင်လည်တဲ့နယ်ပယ် Industry ပိုင်ရှင်ရဲ့ နားလည်ကျွမ်းကျင်မှု Expertise သွားမည့်လမ်း လုပ်ငန်းမဟာဗျူဟာ Strategy ညွှန်းကြားသူတွေ BOD နဲ့မောင်းနှင်သူ Leader ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်မှု Staffs & Skills လည်ပတ်ပုံ Systems & Operationsထုတ်ကုန်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုလိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှု Finance & Budgeting

စီးပွားရေးလုပ်ငန်းဆိုတာ Read More »

ကိုယ့်လုပ်ငန်းမှာ ဒါတွေရှိပြီလား။

ကိုယ့်လုပ်ငန်းမှာ ဒါတွေရှိပြီလား။ ၁။ ပြိုင်ဖက်တွေ အတုခိုးရခက်တဲ့ဥာဏ မူပိုင်ခွင့် Intellectual property နည်းစနစ်တစ်ခုဖြစ်ရင်ဖြစ်မယ်၊အမှတ်တံဆိပ်၊ လျှို့ဝှက်ချက်တစ်ခု (ဥပမာ ကိုကာကိုလာဆို သူ့ရဲ့ ဖော်မြူလာ) ၂။ ဂေဟ စနစ်။ Ecosystem လို့ ခေါ်ပြီးပြိုင်ဖက်တွေ အလွယ်တကူ ကော်ပီကူးရခက်တဲ့ စနစ်။ ကိုယ့်လုပ်ငန်း ကြော်ငြာကိုကော်ပီကူးလို့ရကောင်းရမယ်၊ကုန်ပစ္စည်းကို ကော်ပီကူးလို့ရကောင်းရမယ်၊ဒါပေမယ့် ဂေဟစနစ်တစ်ခုလုံးကူးလို့မရဘူး။ ၃။ အရှိန် ရွှေစျေးတွေ တက်နေပြီးလုပ်ငန်းငွေကိုရွှေမှာ ရင်းထားရင် ပိုကိုက်တာပဲ။ဘာလို့ စီးပွားရေးလုပ်နေသလဲ။ အရှိန်မှာ။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အချိန်စောင့်ရပါတယ်။ ဒီ timing အချိန်အတွက်အရှိန်ကို ဆောက်ထားတဲ့သဘောပါ။ ၄။ စီမံခန့်ခွဲမှု ဦးဆောင်သူလုပ်ငန်းတစ်ခုမှာ ကိုယ်မပါဘဲလည်ပတ်ဖို့အတွက် စနစ်တစ်ခုတည်းကောင်းရုံနဲ့မရပါဘူး။ထူးချွန်တဲ့ ဦးဆောင်သူနဲ့ ကောင်းမွန်တဲ့ ရုံးတွင်းယဥ်ကျေးမှုလိုပါတယ်။ အထက်ကပြောသွားတဲ့ အချက်တွေကစီးပွားရေး ခံတပ် Economic Moats ထဲက

ကိုယ့်လုပ်ငန်းမှာ ဒါတွေရှိပြီလား။ Read More »

ရွေးချယ် ပျင်းတတ်ဖို့လိုနိုင်တယ်။

စွမ်းဆောင်ရည်မြင့်ဖို့ ငပျင်း ဖြစ်ဖို့လိုတယ်။ Total ငပျင်းတော့ မဟုတ်ဘူး။Partial ငပျင်း။ အလုံးစုံ ငပျင်းက ကိစ္စရပ်အကုန်လုံးကို ပျင်းတာ။ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ငပျင်းကရွေးချယ်ပျင်းတာ။ စွမ်းဆောင်ရည်မြင့်တဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ငပျင်းတွေကများများလုပ်ပြီး နည်းနည်းရတဲ့အရာတွေကို ပျင်းတယ်။ သူတို့က ဘာတွေကို မပျင်းဘူးလဲဆိုနည်းနည်းလုပ် များများရတဲ့အလုပ်တွေ။ ဥပမာ စာမေးပွဲအောင်ဖို့ စာနားလည်ပြီးရင်ဖိုက်စတားနဲ့ ဖိုးစတား ကို အရင်ကြည့်တာမျိုး။ ဒီလိုလုပ်ဖို့ ဥာဏ်သုံးဖို့လိုတယ်။အရေးမပါတဲ့ အရာတွေကို အရာသိပ်မပေးမိဖို့လိုတယ်။ လုပ်ငန်းရှင် ဥပမာ ဖားတစ်ပိုင်း ငါးတစ်ပိုင်းငပျင်းလုပ်ငန်းရှင်ကစျေးကွက်ပြဿနာကို အနံ့ခံတယ်။လုပ်ငန်းလည်ပတ်ဖို့အတွက် ဝန်ထမ်းတွေ ခန့်ထားတယ်။ စနစ်တကျလုပ်ဖို့ စနစ်တွေဖန်တီးထားတယ်။ စနစ်တွေ လိုက်နာမနာသိဖို့ ကြီးကြပ်ရေးမှူးထားထားတယ်။ လိုက်နာရမည့် စည်းကမ်းနဲ့လုပ်ငန်း ဖွဲ့စည်းပုံ တည်ဆောက်ထားတယ်။အနာဂတ်အမြင်နဲ့ တန်ဖိုးထားမှုတွေကိုသတ်မှတ်ထားတယ်။ ဒါကို Leverage လို့ခေါ်တယ်။ လုပ်ငန်းရှင်လဲ

ရွေးချယ် ပျင်းတတ်ဖို့လိုနိုင်တယ်။ Read More »

စျေးကွက်နဲ့ အတူ အရေးကြီးတယ်။

စျေးကွက်ကို ထားမသွားဖို့လိုတယ်။ လူတွေမှာ ရှိတတ်တဲ့ယုံကြည်မှုတစ်ခုကစျေးကွက်ကို ထားသွားပြီးပြန်လာရင် ချက်ချင်းပြန်လုပ်လို့ရတယ်လို့ ယုံကြည်မှုလွန်ကဲတတ်ကြတယ်။ လုပ်ငန်းလုပ်တဲ့အခါ အရှိန်လိုတယ်။ အရင်ခေတ် case study တွေကြည့်လို့ရတယ်။တချို့ ပြည်တွင်းမှာ အရမ်းအဆင်ပြေနေပြီအကြောင်းအမျိုးမျိုးကြောင့်တခြားအရမ်းဝေးတဲ့နေရာရောက်ပြီးစျေးကွက်နဲ့ မျက်ခြေပျက်သွားတဲ့အခါ လုပ်ငန်း မကြီးတော့ဘူး။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းကတည်ဆောက်ရမခက်ဘူး။ကိုယ်မပါဘဲ လည်ပတ်ပြီးဆက်လက်ကြီးထွားနေတဲ့လုပ်ငန်းကတည်ဆောက်ရခက်တယ်။ ဒုတိယတစ်ခုကို လုပ်နိုင်ဖို့စျေးကွက်ကို မျက်ခြေမပျက်ကြည့်နေတဲ့ခေါင်းဆောင်က ကိုယ်တိုင်ဖြစ်ရင်ဖြစ်၊ဆယ်စုနှစ်တစ်ခုနီးပါးသင်ပေးခဲ့ဖူးတဲ့လက်လွဲသူ ရှိရင်ရှိ။ စျေးကွက်နဲ့ အတူ အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စျေးကွက်နဲ့ အတူ အရေးကြီးတယ်။ Read More »

မေးကြည့်ပါ။

ဘာစီးပွါးရေးလုပ်ရမလဲ အစား၊ဘယ်စျေးကွက် ပြဿနာဖြေရှင်းရမလဲမေးကြည့်ပါ။လစဉ်ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲအစားဘယ်စျေးကွက်ပြဿနာဖြေရှင်းပေးရင်လစဉ်ဝင်ငွေရနိုင်မလဲ မေးကြည့်ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မေးကြည့်ပါ။ Read More »