Akyanpay

လုပ်ငန်းရှင် ငါးမျိုး

လုပ်ငန်းရှင် ငါးမျိုး ၁။ အရင်းပြုတ်လုပ်ငန်းရှင်၊၂။ တိုင်ပတ်လုပ်ငန်းရှင်၊၃။ ဒုံရင်းဒုံရင်းလုပ်ငန်းရှင်၊၄။ ပြိုင်ဆိုင်မှုကြောင့် စိတ်ဒုက္ခရောက်လုပ်ငန်းရှင်၊၅။ စျေးကွက်မှာ ဘာလာလာဖြေရှင်းပြီးတိုးတက်ကြီးထွားနေတဲ့ လုပ်ငန်းရှင်။ လုပ်ငန်းရှင်ချင်းတူပေမယ့်ရောက်နေတဲ့ အဆင့်မတူကြဘူး။ထားတဲ့စိတ်နေသဘောထား၊မြင်တဲ့ အမြင်၊ရှိထားတဲ့ ကျွမ်းကျင်မှု မတူကြဘူး။ ပြဿနာအဖြေရှာဖို့ နည်းနာကောင်းမရှိသမျှအဆင့် ၁ နဲ့ ၄ ကြားမှာ လည်နေမယ်။ ကိုယ်ကစားဂိမ်း ကိုယ်ကျွမ်းကျင်မှ ရမှာပဲ။လုပ်ငန်းရှင်ဂိမ်းကစားမယ်ဆိုလုပ်ငန်းရှင်လို စဉ်းစားပြီးလုပ်ငန်းရှင်မှာရှိသင့်ရှိထိုက်တဲ့ကျွမ်းကျင်မှုနဲ့ အမြင်ရှိရမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းရှင် ငါးမျိုး Read More »

စီးပွါးရေးမော်ဒယ်။

အားလုံး သုံးချင်သုံးလို့ရဖို့ကျွန်တော်ရဲ့ စီးပွါးရေးမော်ဒယ်။ ၁။ Passion into Project ဝါသနာကို ပရောဂျက်အဖြစ်ပြောင်းခြင်း ၂။ Project into Productပရောဂျက်ကို ထုတ်ကုန်အနေဖြင့်ပြောင်းခြင်း ၃။ Product into Platformထုတ်ကုန်ကို ပလက်ဖောင်းအနေဖြင့်ပြောင်းခြင်း စိတ်ဝင်စားရင် ဆက်ဖတ်ကြည့်ပါ။ ၁။ Passion Into Project ပထမအဆင့်: စိတ်အားထက်သန်မှုကို ပရောဂျက်အဖြစ်သို့ ပြောင်းလဲခြင်း ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရင်း စိတ်အားထက်သန်မှုမှ စတင်ပါ။ လုပ်ဆောင်ရန် လုပ်ငန်းစဉ်များ: – မူလ စိတ်အားထက်သန်မှုကို ဖော်ထုတ်ခြင်း:သင်၏ စိတ်ဝင်စားမှုများ သို့မဟုတ် မကြာခဏ ကြုံရသော ပြဿနာများကို အခြေခံပါ။ – ရည်မှန်းချက်များ သတ်မှတ်ခြင်း:ဒီစိတ်ဝင်စားမှုများ သို့မဟုတ် ပြဿနာများကို ဖြေရှင်းလိုသော ရည်ရွယ်ချက်ကို ပေါ်လွင်စွာ ဖော်ပြပါ။ –

စီးပွါးရေးမော်ဒယ်။ Read More »

စံမီအောင် စီမံကြတယ်။

စံမီအောင် စီမံကြတယ်။ စီတယ်ဆိုတာ စုစည်းခြင်း။ စီတယ်ဆိုတာ စနစ်ကျအောင်ပြုလုပ်ခြင်း။စီတယ်ဆိုတာ အစီအရီဖြစ်အောင်ပြုလုပ်ခြင်း။စီတယ်ဆိုတာ တူရာတူရာစုစည်းခြင်း။စီတယ်ဆိုတာ နေရာမှန်လူမှန်ချထားခြင်း။ မံတယ်ဆိုတာ မွမ်းမံခြင်း။ မွမ်းမံတယ်ဆိုတာ ပိုကောင်းအောင်ပြုပြင်ခြင်း။ စံဆိုတာ စံနှုန်း။ စံနှုန်းဆိုတာ ပြည့်မီရမည့်အခြေခံ သတ်မှတ်ချက်။ အလုပ်လုပ်ပုံ စံနှုန်း။ဒီဇိုင်းရဲ့ စံနှုန်း။ အရေအသွေးရဲ့ စံနှုန်း။မြန်ဆန်မှု စံနှုန်း။ ဘာတွေကို စီပြီး ဘယ်လိုတွေ မံလဲ။ လုပ်ငန်းတွင်းမှာ လူတွေရဲ့ကျွမ်းကျင်မှု၊ အားသာမှုအလိုက်မတူညီတဲ့ လုပ်ငန်းဆောင်တာတွေမှာလုပ်ဖို့စီစဥ်ပေးတယ်။ မားကတ်တင်း စီမံခန့်ခွဲမှုလုပ်တဲ့အခါဖောက်သည်တွေကို ပုံစံ တူရာတူရာစုတယ်။အလုပ်တွဗကို ပုံစ တူရာစုပြီး တာဝန်ချတယ်။ မံတယ်ဆိုတာ ပြုပြင်မွမ်းမံတာဖြစ်တယ်။ဒါကြောင့် စီမံခန့်ခွဲမှုမှာ PDCA ဆိုတာရှိတယ်။Plan, Do, Check, Act တဲ့။စီစဥ်၊ လုပ်ဆောင်၊ ပြန်စစ်၊ မွမ်းမံ။ စံမီဖို့ စီမံကြတဲ့အခါ ကိုယ့်ရဲ့ စံနှုန်းကို

စံမီအောင် စီမံကြတယ်။ Read More »

စီးပွါးရေးလုပ်တယ်ဆိုတာ
အမဲလိုက်တာ မဟုတ်ဘူး။

အိုင်ဒီယာက မျိုးစေ့ဆို၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအနေနဲ့ပြောင်းနိုင်တာရေလောင်းပေါင်းသင်တာပဲ။ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အပင်ပေါက်တဲ့အခါလိပ်ပြာ၊ ပျားပန်းတုံးလေးတွေကိုဆွဲဆောင်တယ်။ဒါက ဖောက်သည်တွေ။အသီးအပွင့်ကတော့ အမြတ်။ကိုယ်စိုက်ပျိုးထားတဲ့ ဥယျာဉ်ကကိုယ့်လုပ်ငန်းကြီ။ တချို့က လိပ်ပြာဖမ်းဖို့အပင်အမျိုးမျိုးပြောင်းစိုက်ကြတယ်။တချို့က လိပ်ပြာလာအောင်သေချာပေါင်းသင်စိုက်ပျိုးတယ်။ တခါက ပြောဖူးသလိုစီးပွါးရေးလုပ်တယ်ဆိုတာအမဲလိုက်တာ မဟုတ်ဘူး။ ကောက်စိုက်ပေါင်းသင်သလိုနေ့စဉ် ရေလောင်းပေါင်းသင်ရတယ်။ ကိုယ်စိုက်ချင်တဲ့မျိုးစေ့ အပင်နဲ့စိုက်မည့်နေရာ ကာလံဒေသံကိုလဲတချက်ကြည့်ရသေးတယ်လုပ်ငန်းရှင်တို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စီးပွါးရေးလုပ်တယ်ဆိုတာ
အမဲလိုက်တာ မဟုတ်ဘူး။
Read More »

အဖြေရှာနိုင်ရင်

ကိုယ့်လုပ်ငန်းကြုံတွေ့နေတဲ့ ပြဿနာတွေကိုချစ်ကျွမ်းဝင်ပြီး အဖြေရှာနိုင်ရင်နောက်တစ်ဆင့်တက်ပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အဖြေရှာနိုင်ရင် Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ

လုပ်ငန်းလုပ်တယ်ဆိုတာ လွတ်လပ်မှုရချင်လို့ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ ကိုယ်က စီးပွါးရေးကိုတည်ဆောက်ဖို့ထက်စီးပွါးရေးလုပ်ငန်းက ကိုယ့်ကို တည်ဆောက်ပေးဖို့ကျွန်တော့်အတွက် ပိုအရေးကြီးတယ်။ ကိုယ့်ဘဝမှာ အချိန်မရွေးနောက်လုပ်ငန်းတစ်ခုတည်ဆောက်နိုင်တယ်လို့လုံးဝ ယုံကြည်တယ်။ဒါက Entrepreneur တိုင်းရှိတဲ့ယုံကြည်မှုပဲ။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးမှ ရမယ်။ အိမ်တစ်အိမ်ဆောက်ပြီးဥစ္စာစောင့်ဖြစ်မည့် အဖြစ်မျိုးထက်အိမ်များများ မြန်မြန်ဆောက်ပြီးကြာကြာအမြတ်ငွေရပြီးထိန်းသိမ်းထားသူပဲ ဖြစ်ချင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းလုပ်တယ်ဆိုတာ Read More »

အလုပ်

အလုပ်ကို ဖြစ်သလိုလုပ်၊အကြောင်းပြချက်တွေပဲရှာပြီးဖြစ်ချင်သလိုဖြစ်နေတဲ့ဘဝကိုအပြစ်မတင်နဲ့ပေါ့။ ကိုယ်ကို အလုပ်ခွင်မှာအလွယ်တကူ အစားထိုးလို့ရတယ်ဆိုတာအရေးမပါသေးလို့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အလုပ် Read More »

ဘာအလုပ် လုပ်လုပ်
ကွက်ကြို စဉ်းစားပါ။

ဘာအလုပ် လုပ်လုပ် ကွက်ကြို စဉ်းစားပါ။ ဝန်ထမ်းတွေထက် ကွက်ကြိုမစဉ်းစားထားရင်နဖူးတွေ့ ဒူးတွေ့ ဝန်ထမ်းရေးရာပြဿနာကြုံမှ အကြည်ဓာတ်ပျောက် အပူဓာတ်ရောက်လိမ့်မယ်။ စျေးကွက်မှာလဲ အလားတူပဲ။အနာဂတ်ရေးရာလဲ အလားတူပဲ။ ကိုယ်ကြိုတင်မစဉ်းစားမိတဲ့အရာကကိုယ့်အတွက် အန္တရာယ် risk တစ်ခုပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘာအလုပ် လုပ်လုပ်
ကွက်ကြို စဉ်းစားပါ။
Read More »

မပြိုင်ဘဲ နိုင်လို့ရတယ်။

တစ်ခုခုလုပ်တော့မယ်ကြံတိုင်းငါ့ပြိုင်ဖက် ဘာလုပ်နေလဲမစဥ်းစားချင်တဲ့ သူတွေရှိတယ်။ တချို့ကျတော့ ပြိုင်ဖက်ကိုအမှုန့်ခြေချင်တဲ့သူတွေရှိတယ်။ လောကမှာ စီးပွားရေးလုပ်တဲ့အခါပြိုင်ပြီးနိုင်အောင်လုပ်တဲ့ ပုံစံရှိတယ်။ မပြိုင်ပဲ နိုင်အောင် လုပ်တဲ့ပုံစံရှိတယ်။ ပြိုင်ပြီးနိုင်အောင်လုပ်ဖို့အတွက်Game Theory ဆိုတာ သုံးကြတယ်။ ဥပမာဗျာဓာတ်ဆီဆိုင်နှစ်ဆိုင်ဆိုပါတော့။ တူညီတဲ့ ဓာတ်ဆီဆိုင်နှစ်ဆိုင်က တစ်နေရာထဲမှာရှိနေမယ်ဆိုရင်ဘာဖြစ်မလဲ။ ဝယ်သူတွေအတွက် စျေးကြည့်ပြီးဝယ်ရတာလွယ်ကူမယ်။ ဆိုင်ပိုင်ရှင်တွေအတွက်ကိုယ့်တစ်ဆိုင်တည်း လုပ်ချင်သလိုလုပ်မရတော့ဘူး။ပြိုင်ဖက်ရဲ့ လုပ်ဆောင်တာကို ကြည့်ရပြီ။ သူလုပ်နိုင်ပြီး ကိုယ်မလုပ်နိုင်ရင်ကျန်ခဲ့မယ်။ ဒီတော့ ပြိုင်ဖက်လုပ်တာတွေကြည့်ပြီးကိုယ်က လိုက်လုပ်ရင်လုပ်မယ်။အရင်လုပ်ရင် လုပ်မယ်။ ၁။ စျေးကြည့်ရမယ်။၂။ တဖက်က မဲဖောက်ပေးနေလားကြည့်ရမယ်။၃။ ဆီထည့်ပြီးရေသန့်ဖူးပြန်ပေးလားကြည့်ရမယ်။၄။ ကားရေပါဆေးပေးသလား ကြည့်ရမယ်။ ၅။ အိမ်သာတွေ ကောင်းအောင်လုပ်နေသလားကြည့်ရမယ်။၆။ အလွယ်တကူဝယ်လို့ရတဲ့ စတိုးဆိုင်တွေပါဖွင့်နေလား။၇။ စားသောက်ဆိုင်တွေပါထည့်ထားပြီလား။ ၈။ နာမည်ကြီး စားသောက်ဆိုင်တွေပါပါနေပြီလားကြည့်ရမယ်။ အဲ့တော့ ဟိုဖက်၊ ဒီဖက်ကြည့်ပြီးလုပ်လိုက်၊ မောလိုက်ဖြစ်မယ်။ ဒါကြောင့် စီးပွားရေးလုပ်တဲ့အခါMonopoly လုပ် လက်ဝါးကြီးအုပ်မလားNiche

မပြိုင်ဘဲ နိုင်လို့ရတယ်။ Read More »

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။

တရုတ် Starbucks မှာ ဝန်ထမ်းမမြဲတဲ့ပြဿနာ အမြဲဖြစ်ခဲ့တယ်။လေ့လာကြည့်တော့ဝန်ထမ်းအများစုက တက္ကသိုလ်ကျောင်းသားတွေ၊တက္ကသိုလ်ဘွဲ့ရစတွေ ဖြစ်ပြီးမိဘအများစုရဲ့အမြင်က တက္ကသိုလ်တက်ပြီး ကော်ဖီရောင်းနေရတယ်။အဲ့လို မြင်ပြီး Apple တို့၊ Google တို့မှာအလုပ်ရစေချင်တယ်။ ဒါနဲ့ Starbucks က သူ့ရဲ့ People First Policy ကိုမိဘတွေ သိအောင်ရှင်းပြတဲ့အပြင်အာမခံကို ဝန်ထမ်းတွေပါမကသူတို့ မိဘတွေအတွက်ပါ စီစဥ်ပေးလိုက်တယ်။ နောက်ပိုင်း Starbucks မှာလုပ်တဲ့အမြင်က တဖြည်းဖြည်းပြောင်းလာတယ်။ Paypal ကို လူသုံးများအောင်စလုပ်သုံးကသူငယ်ချင်းတွေကို သုံးအောင်ညွှန်းပေးရင်$10 ပေးတယ်။နောက်ပိုင်း ကုန်ကျစရိတ်များလာတော့ဒီ ပရိုဂမ်ကိုရပ်ရင်လဲ လူအုပ်ကြီးရဲ့ပြဿနာရှိတယ်။ဒီတော့ visa/ master နဲ့ ချိပ်ပြီး$50 သွင်းရင် $10 fee ပေးတဲ့အပိုင်းလေးထည့်လိုက်တယ်။ Instagram ကို မစခင် ဓာတ်ပုံရိုက်၊ Checkin တင်တဲ့ Burbn ကိုလုပ်တယ်။Founder Kevin

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။
Read More »