Akyanpay

ပြင်ဆင်မှုထားမှုနဲ့ အခွင့်အရေးဆုံမှတ်
မှန်ကန်တဲ့အချိန် timing ကောင်းဖို့လိုတယ်။

လက်ရှိအခြေအနေထက်၂ ဆ၊ ၃ ဆ က လွယ်ကောင်းလွယ်နိုင်ပေမယ့်၁၀ ဆ နဲ့ အဆ ၁၀၀ တိုးဖို့အတွက်ကပြောသလောက် မလွယ်တော့ဘူး။ လောကကို မြင်တဲ့အမြင်၊ကစားနေတဲ့ ဂိမ်း၊ စဥြးစားတဲ့ပုံစံ၊ တွေ့နေကျ ပေါင်းနေကျလူတွေ၊ နေ့စဥ်လုပ်နေတဲ့ အလုပ်တွေ၊ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေတိုးတက်အောင် မြင့်တင်ထားဖို့လိုပြီ။ အရေးအကြီးဆုံးက ပြင်ဆင်မှုထားမှုနဲ့ အခွင့်အရေးဆုံမှတ်မှန်ကန်တဲ့အချိန် timing ကောင်းဖို့လိုတယ်။ ကျွန်တော်တို့ ပြင်ဆင်နေတဲ့အနာဂတ်ရဲ့ timing ကောင်းတွေကဘယ်အချိန်တွေများလဲ။ လေဝှေ့တစ်ချက် timing ကောင်းတစ်ချက်ကကိုယ့်ကို အဆ ၁၀၀ လဲ ပိုကြီးသွားစေနိုင်တယ်။ မေးခွန်းက အဲ့အချိန်ကို စိတ်ရှည်ဇွဲသန်သည်းညည်းခံစောင့်နိုင်ရဲ့လား။ တချို့ရေရှည်ဂိမ်းတွေကရေတိုကြည့်တဲ့လူတွေနဲ့ ဆော့လို့မရတာမျိုး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ပြင်ဆင်မှုထားမှုနဲ့ အခွင့်အရေးဆုံမှတ်
မှန်ကန်တဲ့အချိန် timing ကောင်းဖို့လိုတယ်။
Read More »

ဝန်ထမ်းတွေကို ဒီလိုခွဲကြည့်။

ဝန်ထမ်းတွေကို ဒီလိုခွဲကြည့်။ ညွှန်ကြားတာ မလုပ်တဲ့သူ၊ညွှန်ကြားတာကို လွဲအောင်လုပ်မှအဆင်ပြေတဲ့သူ၊ညွှန်ကြားတာကို ဖြစ်အောင်လုပ်တဲ့သူ၊ညွှန်ကြားတာကို ထောင့်စေ့အောင်စဥ်းစားပြီး လုပ်ဆောင်တဲ့သူ၊ ညွှန်ကြားတာကို ထောင့်စေ့အောင်စဥ်းစားလုပ်ဆောင်ပြီးဥာဏ်သုံးပြီး ပိုကောင်းအောင်ဖန်တီးမှုရှိရှိလုပ်တဲ့သူ။ ကိုယ့်နားမှာ ဘယ်လို လူတွေဝန်းရံထားမှ လုပ်ငန်းအောင်မြင်မလဲစဥ်းစားကြည့်။ အရေးကြီးတာ ကိုယ်လိုချင်တဲ့ဝန်ထမ်းပုံစံ ရဖို့ ကိုယ်တိုင်ကလဲ အဲ့လိုဝန်ထမ်းလာအောင်ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိမှရနိုင်မယ်။ လူတိုင်းက ကိုယ်နဲ့ တန်တာပဲရတတ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဝန်ထမ်းတွေကို ဒီလိုခွဲကြည့်။ Read More »

ဒါကို Productize လို့ခေါ်ကြတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်နိုင်တဲ့ကျွမ်းကျင်မှု မရှိသေးသမျှလည်ပတ်မှုထဲဝင်ပါပြီးဥစ္စာစောင့်ဖြစ်နေအုံးမှာပဲ။ လုပ်ငန်းကို ကုန်ပစ္စည်းတစ်ခုလို စဥ်းစားကြည့်။ ဒါကို Productize လို့ခေါ်ကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒါကို Productize လို့ခေါ်ကြတယ်။ Read More »

လုပ်ငန်းတိုင်းမှာ အိမ်မက်ရှိတယ်။

လုပ်ငန်းတိုင်းမှာ အိမ်မက်ရှိတယ်။ ဒီအိမ်မက်ကို ချရေးထားတာကိုလုပ်ငန်းရဲ့ အနာဂတ်အမြင်လို့ခေါ်တယ်။ အနာဂတ်အမြင်က လုပ်ငန်းတစ်ခုသွားနေတဲ့ အကောင်အထည်ဖော်နေတဲ့အိမ်မက်တစ်ခုပဲ။ သင့်လုပ်ငန်းရဲ့ အနာဂတ်အမြင်ကဘာလဲ။ Phyo Paing @ Derek #drphyopaing

လုပ်ငန်းတိုင်းမှာ အိမ်မက်ရှိတယ်။ Read More »

စနစ်က ဂိမ်းပဲ။

စနစ်က ဂိမ်းပဲ။ ထိပ်ဆုံးရောက်တဲ့သူတွေကစနစ်ရဲ့ ဂိမ်းကို ပလေးသွားတဲ့သူတွေပဲ။နိုင်ငံတစ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေကိုကြည့်ဒါက အဲ့နိုင်ငံရဲ့ စီးပွားရေးစနစ်ကို မြင်လိမ့်မယ်။ ထပ်ဆုံးရောက်တိုင်းတော်လို့ တတ်လို့ ဟုတ်ချင်မှ ဟုတ်မယ်။စနစ်ရဲ့ အထာကို နပ်လို့နဲ့၊စနစ်နဲ့ အံဝင်ပြီး ကွက်တိဖြစ်သွားလို့လဲ ဖြစ်ရင်ဖြစ်မယ်။ ဥပမာ ကျောင်းမှာ ဆရာမကို ဖားမှအဆင့်တစ်ရတာမျိုး။ ဒီစနစ်ကို ပုံဖော်တဲ့သူတွေရှိတယ်။ထဲထဲဝင်ဝင် အသုံးချသူတွေရှိတယ်။နည်းနည်းအသုံးချတဲ့သူတွေရှိတယ်။စနစ်အလယ်က အသုံးချသူတွေရှိတယ်။စနစ်ကြောင့်တိုင်ပတ်သူတွေရှိတယ်။စနစ်ထဲက ကွင်းလုံးကျွတ်ထွက်သွားသူရှိတယ်။ထွက်ချင်သူတွေရှိတယ်။တိုက်ပွဲဝင် အာခံတွန်းလှန်တဲ့သူတွေရှိတယ်။ အမေရိကားက အမေရိကားစနစ်၊တရုတ်က တရုတ်စနစ်၊အာရှက အာရှစနစ်။ စနစ်ရဲ့ သားကောင် အမှားတစ်ထောင်ဖြစ်ရင်ဖြစ်မယ်။စနစ်ရဲ့ မုဆိုးအမဲလိုက်သမား ဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဘယ်စနစ်မှာ ကျင်လည်နေလဲဂိမ်းအကြောင်း နားလည်ဖို့တော့လိုတတ်တယ်။ အလုပ်လဲကြိုးစား၊ ဂိမ်းအကြောင်းလဲ တီးမိခေါက်မိအောင်လုပ်မိဖို့လိုကောင်းလိုနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စနစ်က ဂိမ်းပဲ။ Read More »

တိုက်ရိုက် မပြိုင်နဲ့။

တိုက်ရိုက် မပြိုင်နဲ့။ တတိယ လမ်းကသွားပြီးမပြိုင်ပဲ နိုင်အောင်လုပ်လို့ရတယ်။ Xiaomi က နည်းပညာ ကုမ္ပဏီကြီးမဟုတ်ဘူး။ မားကတ်တင်း ကုမ္ပဏီ။ Facebook က မီဒီယာကုမ္ပဏီမဟုတ်ဘူး။နည်းပညာ ကုမ္ပဏီ။ ဒါက 2012 က တရုတ်မ ယောကျာ်ကိုယ်တိုင်ပြောခဲ့တာ။Tik Tok က လူမှုကွန်ယက်ကုမ္ပဏီမဟုတ်ဘူး။AI ကုမ္ပဏီ။ Uniqlo ကို တည်ထောင်တဲ့ Tadashi Yanai ကUniqlo က fashion ဖက်ရှင်ကုမ္ပဏီမဟုတ်ဘူး။နည်းပညာ ကုမ္ပဏီတဲ့။ သူ့လုပ်ငန်းရဲ့ ထုတ်လုပ်ဖြန့်ချီရေးအဆင့်တိုင်းမှာ နည်းပညာကို အသုံးပြုတယ်တဲ့။ ဒီဂျစ်တယ်ကို အသုံးပြု ဖောက်သည်တွေရဲ့လိုအပ်ချက်ကို အမြန်ဆုံးတုန့်ပြန်တယ်တဲ့။ တခါတလေ လုပ်ငန်းတွေကတူညီတဲ့ နေရာ space မှာ ပြိုင်နေကြပေမယ့်မတူညီတဲ့ လားရာ လမ်းကြောင်းတွေရွေးချယ်ခဲ့ကြပြီးသား။ မပြိုင်ပဲ နိုင်အောင်လုပ်ဖို့ ကိုယ့်လုပ်ငန်းအပေါ် မြင်တဲ့အမြင်၊ထားတဲ့ သဘောထား၊

တိုက်ရိုက် မပြိုင်နဲ့။ Read More »

မပြိုင်ပဲ နိုင်ချင်ရင်
လူတိုင်း ပြိုင်နေတဲ့ ဂိမ်းမှာ မပြိုင်နဲ့။

လုပ်ငန်းတစ်ခုရဲ့ အားသာချက်ဆိုတာ အချိန်အပေါ်မှာ မူတည်တယ်။ လုပ်ငန်းတစ်ခုမှာလဲအားသာချက် competitive advantage မရှိလို့ မရဘူး။ ဒါကလဲ အမြဲရှိမနေဘူး။ ဒီအားသာချက်က အချိန်တစ်ခုပဲရမယ်။ကိုယ့်နောက်က ပြိုင်ဖက်တွေကိုယ့်အားသာချက်ကို ဘယ်လောက်မြန်မြန် လိုက်လုပ်နိုင်တယ်ဆိုတာနဲ့ကြည့်လို့ရနိုင်တယ်။ အမြင်သာဆုံးကတော့ နည်းပညာလောကမှာOpenAI ရဲ့ AI တစ်ခေတ်ဖြစ်လာတော့နောက်က အပြိုင်လိုက်လုပ်နိုင်လာတယ်။ အရေးကြီးတာ ကိုယ်ကဘယ်နှစ်လ ပိုရှေ့ရောက်နေလဲ။နောက် ဘယ်လို ecosystem စီးပွားဂေဟစနစ်တည်ဆောက်နေလဲ အရေးပါတယ်။ 2007 Sep တုန်းက iPhone ထွက်ပြီးHTC Desire တို့၊ နောက်ပိုင်း Samsung S2 တို့နဲ့စျေးကွက်မှာ Android တစ်ခေတ်ဖြစ်လာခဲ့တယ်။ Snapchat ရဲ့ story feature အောင်မြင်တော့Facebook, Instagram မှာ ကူးတာပဲ။ Tik Tok ရဲ့ short video

မပြိုင်ပဲ နိုင်ချင်ရင်
လူတိုင်း ပြိုင်နေတဲ့ ဂိမ်းမှာ မပြိုင်နဲ့။
Read More »

Productize

တချို့လုပ်ငန်းတွေက ဝယ်ရောင်းလုပ်လို့ရတယ်။ တချို့ လုပ်ငန်းတွေကဝယ်ရောင်းလုပ်လို့မရဘူး။ဘာကွာလဲဆို ဦးဆောင်သူအပေါ်အရမ်းမှီခိုလား၊ မမှီခိုလားဆိုတဲ့မေးခွန်းပဲ။ ဒါကြောင့် လုပ်ငန်းတစ်ခုကို တချိန်ပြန်ရောင်းဖို့ ရည်ရွယ်ရင်ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ ဥပမာ အင်္ဂလိပ်စာ သင်တန်းကျောင်းတစ်ခုဗျာတည်ထောင်သူဦးဆောင်ပြီး လည်ပတ်နေတာနဲ့တည်ထောင်သူ မပါတော့ပဲ လည်ပတ်နေပြီးလစဥ် ဝင်ငွေရတာနဲ့ တန်ဖိုးဖြတ်တဲ့အခါ တည်ထောင်သူမပါပဲ လည်ပတ်နေတာကိုပဲဝယ်မည့်သူတွေက ပိုကြိုက်ကြမယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ အစမ်းကြီးဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တကယ်တမ်း နိုင်ငံတကာမှာ Private Equity Game က တော်တော်တောင်ကြမ်းနေပြီ။ လုပ်ငန်းတစ်ခုကို ကွန်ဒိုတစ်ခုလိုပဲ စဥ်းစားကြည့်။ လုပ်ငန်းဆိုတာ စျေးကွက်ပြဿနာဖြေရှင်းတာ။စျေးကွက်အကြောင်းအမြဲမျက်စိဖွင့်နားစွင့်ဖို့၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ အသစ်ဖန်တီးဖို့၊အသိပေးဖို့၊ ရောင်းချဖို့၊ ဝန်ဆောင်မှုပေးဖို့၊ ငွေလက်ခံဖို့၊ လည်ပတ်ဖို့ ဒါတွေကို လုပ်ဆောင်ပြီး လုပ်ငန်းတစ်ခုလုံးကို ကုန်ပစ္စည်းတစ်ခုလိုစဥ်းစားတာ။ဒါကို Productize လို့ခေါ်ပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

Productize Read More »

စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။

လုပ်ငန်းတစ်ခု စတင်တဲ့အခါအနာနဲ့ ဆေးတည့်ဖို့ ၁။ Problem-Market Fit ၂။ Proposition-Market Fit ၃။ Product-Market Fit ၄။ Platform-Market Fit ဒီလေးခုလိုတယ်။ ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာကဘာလဲ၊ ကိုယ့်ရဲ့ messaging က ဘယ်လိုသွားသလဲ၊ ကုန်ပစ္စည်းက စျေးကွက်ပြဿနာဘယ်လိုဖြေရှင်းပေးမလဲ၊ဒါကို ပလက်ဖောင်းတစ်ခုလို ဘယ်လိုပြောင်းမလဲ။ ဒီနေ့ခေတ်က စီးပွားရေးတစ်ခုထဲပြိုင်တဲ့ခေတ်မဟုတ်တော့ဘူး။စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။ ကူးလို့ အလွယ်ကူဆုံးက အိုင်ဒီယာ၊ လုပ်ပုံကိုင်ပုံကိုတော့ ကူးလို့ရချင်ရမယ်။စီးပွာဂေဟ စနစ်တည်ဆောက်ပုံကို တစ်ပုံစံတည်း ကော်ပီကူးလို့ မရဘူး။ ဗျူဟာအလုပ်ဖြစ်ရင် ကူးဖို့လွယ်တယ်။သူက အချိန်တိုအတွင်းဖြစ်တဲ့အတွက်။ မဟာဗျူဟာက ဆယ်စုနှစ်ဝက်ကစလို့အချိန်ပေးရတာဖြစ်တဲ့အတွက် ကော်ပီဘယ်လောက် ကူးကူး၊ကူးလို့ မလွယ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စီးပွားဂေဟ စနစ် Ecosystem ပြိုင်တဲ့ခေတ်။ Read More »

လုပ်ငန်းတစ်ခုဆိုတာ

လုပ်ငန်းတစ်ခုဆိုတာ စလုပ်တာကလွယ်တယ်။ဆက်လုပ်ဖို့ပဲ ခက်တတ်တာ။ဒါကြောင့် စပြီးရင် ဆက်နိုင်ဖို့ကြိုတင်စဉ်းစားဖို့လိုတာ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

လုပ်ငန်းတစ်ခုဆိုတာ Read More »