အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။
အသက် ၂၀ နှောင်းပိုင်းနဲ့အသက် ၃၀ ကျော်ရင်အိုမင်းခြင်းဆိုတာ စပြီ။ ဘယ်လိုသိသာလဲဆိုငယ်ငယ်က ကြိုက်သလောက်စား၊ကြိုက်သလောက်သောက်မဝတတ်တဲ့သူက ဝလာတတ်ပြီ။ပိန်ရင်တောင်မှ ရုပ်ရင့်လာတဲ့လက္ခဏာတွေ စဖြစ်လာပြီ။ သေချာ မထိန်းသိမ်းရင်အင်ဂျင်ကျတာ ပိုပိုမြန်လာမယ်။ မွေးကတည်းကဆဲလ်တွေ ပွားလိုက်၊ ကြီးလိုက်၊ပျက်ရင် အားကောင်းမောင်းတန်ပြုပြင်လိုက်နဲ့။အင်ဂျင်အသစ်ဆိုတော့ဒဏ်ခံနိုင်တယ်။ပြုပြင်နိုင်စွမ်းသိပ်ကောင်းတယ်။ အသက် ၂၀ နဲ့ ၃၀ ကြားကတော့စွမ်းအင်အမြင့်ဆုံး။ခန္ဓာကိုယ်ရဲ့ ပျက်ရင်ပြင်တဲ့ယန္တရားလည်ပတ်မှုအကောင်းဆုံး။ကော်လဂျင်ထုတ်လုပ်မှုအကောင်းဆုံးအချိန်။နုပျိုမှု၊ စွမ်းအင်အမြင့်ဆုံး။ မသိသာပေမယ့် လောကဓာတ်ကြောင့်ဆဲလ်တွေဒဏ်ခံရတာဒီအန်အေပျက်စီးတာ မသိမသာစခံရပြီ။ ၃၀ နဲ့ ၅၀ ကြားမှာ ဆဲလ်ပွားတာနည်းလာပြီ။ပျက်ရင်ပြင်တာ အရင်ထက်စာရင်ထိရောက်မှု နည်းလာပြီ။ဒဏ်တွေဖြစ်တဲ့ အရက်၊ နေရောင်၊ ဆေးလိပ်၊ပြင်ပဒဏ်တွေရဲ့ရိုက်ခတ်မှုကြောင့်ဆဲလ်ထဲက မိုက်ခရိုဟွန်းဒီယားတွေကRONs လို့ခေါ်တဲ့RONS (Reactive Oxygen and Nitrogen Species) ကိုများများစားစားပိုထုတ်ပြီးဒီအန်အေ၊ ပရိုတင်း၊ လစ်ပစ်ကိုဒဏ်တွေ စပေးပြီ။အသားအရည်လျော့ရွဲလာတာ၊အရိုးအဆစ်ပျော့ပြောင်းမှုနည်းလာတာမျိုးစဖြစ်တတ်ပြီ။ အသက် ၅၀ ကျော်လေအင်ဂျင်ကျလေ။ပျက်စီးသွားတဲ့ဆဲလ်တွေကထပ်မပွားနိုင်တော့ဘူး။ထပ်မပြင်နိုင်တော့ဘူး။အဆုတ်၊ နှလုံး၊ ကျောက်ကပ်အင်ဂျင်တွေ သိသိသာသာကျလာပြီ။ […]
အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။ Read More »