ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။
သူများတော့ မသိဘူး။ကျွန်တော့်ဘဝမှာတော့ပြဿနာတွေတော်တော်များတယ်။ လူတွေနဲ့ပေါင်းတတ်သင်းတတ်ဖို့အခြေခံတွေ မလုပ်တတ်တော့အဖြေရှာရတယ်။ အဖြေရှာတော့ “How to win friends and influence people” မိတ္တဗလဋီကာတွေဖတ်ဖြစ်လာတယ်။ ကိုယ်ကလဲငယ်ငယ်တည်းကrelationship နဲ့ပတ်သက်လာရင် ပိုးပန်းဖို့အတွက်ကလဲ မတတ်။ ဒီတော့ လူတွေနဲ့စကားဘယ်လိုပြောရမလဲ“How to talk to anyone” တို့ကစလို့၊social engineering အကြောင်းတွေလေ့လာဖြစ်ပြန်တယ်။ ငွေများများရှာ တိုးတက်ချင်ပြန်ရောဒါနဲ့ “Think and Grow Rich” ကစလို့တက်ကျမ်းတွေဖတ်ဖြစ်တယ်။ ရည်မှန်းချက်ပန်းတိုင်ချဖို့Creative Visualization တို့ဖတ်ဖြစ်ပြန်ရော။ နောက်စာလေ့လာရတာကြာနေတယ်။ မှတ်ဥာဏ်တွေပိုကောင်း၊စာတွေပိုဖတ်မြန်ချင်တယ်။ ဒါနဲ့ Accelerated learning နဲ့စာအုပ်တွေဖတ်ရပြန်တယ်။ မိသားစုပြဿနာကတော်တော်ကြီးတော့စိတ်ပညာပိုင်း၊ healing ပိုင်းတွေဖတ်ပြီး အသုံးချရပြန်ရော။ လုပ်ငန်းစတော့ စွန့်ဦးတီထွင်မှုအပိုင်း၊မားကတ်တင်းအပိုင်း၊စီမံခန့်ခွဲမှုအပိုင်း ရှာဖွေရပြန်ရော။ လူတွေကိုအုပ်ချုပ်တော့အုပ်ချုပ်ရေး၊ လူတွေရဲ့စိတ်ပညာနဲ့စွမ်းဆောင်ရည်မြင့်ဖို့နည်းလမ်းတွေရှာရပြန်ရော။ ဘဝမှာ ပြဿနာတွေကို အဖြေရှာဖို့ နည်းပညာတွေ၊စာအုပ်တွေကို […]
ဘဝမှာ ပြဿနာတွေကို
အဖြေရှာဖို့ နည်းပညာတွေ၊
စာအုပ်တွေကို
အများကြီးကူညီပေးခဲ့တယ်။ Read More »