ကိုယ် ထိုက်တန်တယ်ဆိုတာ ယုံစရာ မလိုဘူး။ထိုက်တန်တဲ့ နေရာမှာ နေကြဖို့ ကိုယ့်ကိုကိုယ် ခွင့်ပြုဖို့ပဲ လိုတယ်။
ကိုယ်ထင်ထားတာထက် ပိုကောင်းတဲ့ အရာ ရလာရင်ဖျက်ချင်လာတယ်။ဒါ ကံဆိုးတာ မဟုတ်ဘူး။ဒါ ကိုယ့်ဦးနှောက်က လုပ်နေတာ။ Self-sabotage အကြောင်းပြောပြမယ်။ ပိုက်ဆံ ပိုရလာတယ်။စုဖို့ အကြောင်းပြချက် ရှိတယ်။ဒါပေမယ့် ရလာတာနဲ့ အကုန်သုံးလိုက်တယ်။ဖြုန်းလိုက်တယ်။ မလိုအပ်တာ ဝယ်လိုက်တယ်။ပြီးတော့ “ငါ ငွေ စု မရဘူး” လို့ ပြောတယ်။ Relationship ကောင်းနေတယ်။ချစ်တဲ့သူက ကိုယ့်ကို ကောင်းကောင်း ဆက်ဆံတယ်။ဒါပေမယ့် ရုတ်တရက် ရန်စမိတယ်။အကြောင်းမဲ့ သံသယ ဝင်မိတယ်။ပြီးတော့ ပျက်သွားရင် “ငါ နဲ့ လူက မကိုက်တာပဲ” လို့ ပြောတယ်။ Business ကောင်းလာတယ်။ဖောက်သည် တိုးလာတယ်။ ဝင်ငွေ တက်လာတယ်။ဒါပေမယ့် ရုတ်တရက် ဆိုးတဲ့ ဆုံးဖြတ်ချက် ချမိတယ်။ပြီးတော့ “လုပ်ငန်းက မလွယ်ဘူး” လို့ ပြောတယ်။ Pattern ကို […]
