GMC

Influencer ပဲလုပ် follower များများရချင်ရင်တော့

လူသိများနာမည်ကြီးပြီးလူတွေအားကျရတဲ့Influencer ဖြစ်အောင်လုပ်လို့ရတယ်။ နယ်ပယ်တစ်ခုမှာ အရေးပါအရာရောက်တဲ့ထဲထဲဝင်ဝင်သိတဲ့Thought leader ဖြစ်အောင်လုပ်လို့ရတယ်။ နှစ်ခုစလုံးလဲ လုပ်လို့ရတယ်။ တစ်ခုရှိတာ ကိုယ့်အတွေးရှုထောင့်ခပ်ကြမ်းကြမ်းတွေ ချပြပြီးInfluencer ပဲလုပ် follower များများရချင်ရင်တော့ပွဲခဏခဏ ဖြစ်တာနဲ့အလုပ်လုပ်လို့ရမှာ မဟုတ်ဘူး။ တစ်ခုကို သေချာရွေးချယ်ရတယ်။ Guerrilla Marketing CoachLow cost, high impactစရိတ်နည်းပါးထိရောက်မှုဆပွါး #gmc

Influencer ပဲလုပ် follower များများရချင်ရင်တော့ Read More »

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း

လူအများစုInternet Explorer ကနေFirefox နောက်Chrome ဘာကြောင့်ဒီလိုတွေ ဖြစ်လာလဲ? မားကတ်တင်းကလူတွေချစ်အောင်လုပ်တဲ့ပညာ။ နည်းပညာတီထွင်ဆန်းသစ်မှုကလူတွေ မရှိမဖြစ်၊ မသုံးမဖြစ်ဖြစ်အောင်လုပ်တဲ့ပညာ။ Pebble Watch ကိုဘယ်လောက်ချစ်ချစ်ဒီနေ့မှာတော့ တခြားနာရီတွေဖြစ်သွားပြီ။ နည်းပညာမားကတ်တင်းမှာလူတွေ အသုံးပြုရလွယ်ကူအောင်လုပ်နိုင်တာက မားကတ်တင်းပဲ။ Myspace တို့၊Friendster တို့၊16 နှစ်ကျော်ခံခဲ့တဲ့ Gtalk တို့ဒီနေ့မသုံးကြတော့ဘူး။ ဒါက အပြောင်းအလဲပဲ။ ဘဝမှာ နေ့စဥ် မရှိမဖြစ်တကယ့်အသုံးပြုနေရတဲ့နည်းပညာကုန်ပစ္စည်းတွေအတွက်အကောင်းဆုံးမားကတ်တင်းက“သိ”၊ “သုံး”၊ “သင်”ပဲ။ သိအောင်လုပ်။သုံးအောင်လုပ်။တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း။Snapchat တို့လိုပေါ့။ #GMC

တခြားသူတွေကို သုံးအောင်ပြန်သင်ပေးခိုင်း Read More »

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုမတူညီတဲ့ဆရာတွေကိုမေးကြည့်မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုတွေ့လိမ့်မယ်။ တချို့က ဖောက်သည်ရဲ့လိုချင်တာလိုအပ်တာကို နှစ်ဦးနှစ်ဖက်အကျိုးရှိရှိ ဖြည့်ဆည်းပေးတာ။ တချို့က ဖောက်သည်နဲ့ အကျိုးအမြတ်ရမည့်ရေရှည်ဆက်ဆံရေး တည်ဆောက်တာ။ တချို့က စိတ်ဝင်စားအောင်လုပ်တာ။ တချို့က သူစိမ်းတွေကို အသိ၊အသိကိုဖောက်သည်၊ဖောက်သည်ကို အမာခံ၊အမာခံပရိသတ်ကို အတွင်းလူအဖြစ်ပြောင်းတာ။ တချို့က မားကတ်တင်းဆိုတာအမြင်ပြောင်းပညာ။ တချို့က မားကတ်တင်းဆိုတာစျေးကွက်ရှာဖွေမှု ပညာ။ အဓိပ္ပာယ်ဖွင့်ဆိုချက် နောက်တစ်ခုရှိတယ်။ ဒါနဲ့ ဂေါ်ရဲလား?

မားကတ်တင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Read More »

ဒီကိုးဆင့်ကိုလုပ်

မားကတ်တင်း မိုးလင်းသိမယ် 😀 ဒီကိုးဆင့်ကိုလုပ် ၁။ ဘာရောင်းမလဲ?၂။ ဘယ်သူဝယ်မလဲ?၃။ ဘာကြောင့်ဝယ်သင့်သလဲ?၄။ ဝယ်သင့်တာကို ဘယ်လိုပြောမလဲ?၅။ ဘယ်ကနေပြောမလဲ?၆။ လာမေးရင် ဘယ်လိုဖြေပြီးရောင်းမလဲ?၇။ ဘယ်လိုပို့မလဲ?၈။ ဘယ်လို စိတ်တိုင်းပိုကျအောင်လုပ်ပေးလို့ရမလဲ?၉။ ဘာလိုကုန်ပစ္စည်းတွေနဲ့ဖောက်သည်ဘဝပိုကောင်းအောင်လုပ်ပေးမလဲ? #GMC

ဒီကိုးဆင့်ကိုလုပ် Read More »

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ?

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ? ၁။ လူသိအောင်မလုပ်နိုင်လို့၂။ လူကြိုက်အောင်မလုပ်နိုင်လို့၃။ လူတွေယုံကြည်အောင် မလုပ်နိုင်လို့၄။ လူတွေ ဆက်သွယ်မေးမြန်းအောင် မလုပ်နိုင်လို့၅။ လူတွေ ဝယ်အောင်မလုပ်နိုင်လို့၆။ လူတွေ ထပ်ဝယ်အောင် မလုပ်နိုင်လို့၇။ လူအချင်းချင်းကြား ကောင်းသတင်းပြန်ပြောအောင် မလုပ်နိုင်လို့။ #GMC

လုပ်ငန်းတွေ ဘာကြောင့်မအောင်မြင်လဲ? Read More »

Sapwar Guerrilla Marketing

ရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ရေခဲသေတ္တာကို အသုံးချပြီးကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကိုရောင်းသွားနိုင်တဲ့ ကုမ္ပဏီကရေခဲသေတ္တာထွင်တဲ့ ကုမ္ပဏီထက်ပိုချမ်းသာပြီး အကျိုးကျေးဇူးပိုရတယ်တဲ့။ဥပမာ Coca Cola ကိုကာကိုလာ။ဒါက Nvidia ရဲ့ တည်ထောင်သူJensen Huang ပြောတာ။ တခါတလေ ကိုယ်ကနည်းပညာကိုထွင်စရာမလိုဘူး။ဒါကို အသုံးချနိုင်ဖို့ (leverage) လုပ်နိုင်ဖို့ပဲလိုတယ်။ ဒါက Sapwar Guerrilla Marketing(ဆပွားကော်ရဲလား) ရဲ့အတွေးအခေါ်တစ်ခုဖြစ်တဲ့နည်းပညာသစ်ကိုသုံးLeverage New Technology ဖြစ်တယ်။ #GMC #Sapwar

Sapwar Guerrilla Marketing Read More »

မားကတ်တင်းလုပ်တဲ့အခါလူများများ သိလေလေကောင်းလေလေဆိုပြီးလူအများစုထင်တတ်ကြတယ်။ လူများများ သိအောင်မလုပ်ပဲမားကတ်တင်းလုပ်တဲ့ နည်းတစ်ခုရှိတယ်။ဒါကို ဒိုင်လျိုမားကတ်တင်းလို့ခေါ်တယ်။အင်္ဂလိပ်လိုဆို Niche Marketing ပေါ့။ ဒိုင်လျိုမားကတ်တင်းရဲ့သဘောတရားအရလူတိုင်းဝယ်နေတာကို ငါတို့မဝယ်ဘူး။ငါတို့က လူအများစုစဥ်းစားတာနဲ့မတူဘူး။ တဖြည်းဖြည်းချင်း ဒီ ဒိုင်လျိုဂေဟစနစ်ထဲကိုရောက်လာတဲ့အခါတခြားအုတ်ရောရော ကျောက်ရောရောတွေကိုကုန်ပစ္စည်းတွေကိုတစ်သက်လုံးစိတ်မဝင်စားတော့ဘူး။ ဒိုင်လျိုမားကတ်တင်းကစိတ်ရှည်ရတယ်။ဥာဏ်သုံးရတယ်။ဖောက်သည်ကို အထူးနားလည်ရတယ်။ #GMC

Read More »

မားကတ်တင်းက
အလယ်တန်းကစားတာနဲ့တူတယ်

ဖောက်သည်ရဖို့ အရင်ကထုတ်တာနဲ့ရောင်းရပြီ။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းမှရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်သေချာရှင်းပြမှ ရောင်းရတော့တယ်။ နောက်ပိုင်း ထုတ်ပြီးအရည်အသွေးကောင်းတာအပြင်ရှင်းပြစရာမလိုလောက်အောင်ကိုယ့်လုပ်ငန်းရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်းကို ရင်းနှီးနေအောင်လုပ်ထားမှရောင်းရတဲ့ခေတ်ဖြစ်လာတယ်။ဒါကို ဒီနေ့ခေတ်မှာ မားကတ်တင်းလို့ခေါ်တယ်။ မားကတ်တင်းကအလယ်တန်းကစားတာနဲ့တူတယ်။သူအားကောင်းလွန်းတဲ့အခါအရောင်းက ဂိုးသွင်းတာလွယ်သွားတယ်။ဖောက်သည်ဝန်ဆောင်မှုပေးတယ်ဆိုတာဂိုးပြန်မပေးရဖို့ နောက်တန်းနဲ့တူတယ်။ #GMC

မားကတ်တင်းက
အလယ်တန်းကစားတာနဲ့တူတယ်
Read More »

မားကတ်တင်းပညာတတ်ရင်

မားကတ်တင်းမှာ အရေးအကြီးဆုံးစကားလုံးက positioning ပဲ။လူတွေရဲ့ ရင်ထဲဘယ်ပုံစံနေရာယူမလဲ။ဒီလို နေရာယူဖို့ စဥ်းစားရတဲ့အချက်တွေရှိတယ်။ဒါကို STP ဆိုတာနဲ့ လုပ်တယ်။ ဥပမာ ကိုယ်က မျက်နှာသစ်ဆပ်ပြာထုတ်တယ်ဆိုပါတော့။မားကတ်တင်းဆိုတာ ဒီကုန်ပစ္စည်းထုတ်ခင်ကတည်းက စတယ်။ဘယ်သူတွေအတွက်ထုတ်မှာလဲ။ဘာတွေပိုကောင်းမလဲ။ဘယ်လိုထုတ်မှာလဲ။ဘယ်လောက်နဲ့ရောင်းမလဲ။အစရှိတဲ့မေးခွန်းတွေအတွက်လေ့လာရတယ်။ ဒါကို market research လုပ်တယ်။စျေးကွက်သုတေသနလုပ်တယ််လို့ခေါ်တယ်။market research နဲ့marketing research နဲ့မတူဘူး။Research ဆိုတာ ပြောဆိုမေးမြန်းကြည့်ရှုပြီး ကိုယ့်မေးခွန်းတွေအတွက်အဖြေရှာဖွေရေးဖြစ်စဥ်ဖြစ်တယ်။ဒီအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတယ်။ မျက်နှာသစ်ဆပ်ပြာရောင်းလို့ရမည့်သူတွေကို ခွဲကြည့်မယ်ဆို၁။ အမျိုးသမီးငယ်စျေးကွက်၂။ Lady စျေးကွက်၃။ အာကြီးမစျေးကွက်၄။ ဖွားဖွားစျေးကွက်၅။ ကလေးတွေအတွက်၆။ ဝက်ခြံပေါက်တဲ့ ဆယ်ကျော်သက်အားတီတို့အတွက်၇။ ခန့်ချောကြီး သာကောတို့အတွက်၈။ အသက်ကြီးပိုင်းရောက်နေတဲ့ senior သာကောစျေးကွက်၉။ ဘိုးဘိုးစျေကွက်ဒီလို ခွဲခြမ်းတာကို segmentation လို့ခေါ်တယ်။ဒီပေါ်မူတည်ပြီး ဘယ်သူတွေကိုရွေးမလဲပြန်စဥ်းစားရတယ်။ ဥပမာ အားတီတို့နဲ့ သာကောတို့စျေးကွက်ရွေးမှာလား။ကလေးတွေသုံးလို့ရတဲ့ မျက်နှာသစ်လုပ်မှာလား။အမျိုးသမီးလေးတွေအတွက်လား။ရွေးရပြီ။ဒီနေ့ခေတ်က အရင်လို တစ်ခုထုတ်ပြီးလူတိုင်းပစ်တဲ့ ခေတ်မဟုတ်တော့ဘူး။ရွေးချယ်စရာများလာတဲ့ခေတ်မှာလူတိုင်းအတွက် အကိုက်ညီဆုံးဖြစ်အောင်

မားကတ်တင်းပညာတတ်ရင် Read More »