GMC

Multiple income streams (MIS)

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာအန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive incomeကိုယ်တိုင်အလုပ်မလုပ်ပဲအိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the companyဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital marketer အဖြစ်အလုပ်လုပ်လိုသူများအတွက်content တွေရေးပြီး မျှဝေမယ်။နောက် interview ဖြေတာကအစလုပ်ငန်းတစ်ခုမှာ […]

Multiple income streams (MIS) Read More »

Guerrilla Marketing ဆိုတာ

ဘာကြောင့် အီလွန်မက်က သူ့ကား Telsa Roadster ကိုအင်္ဂါဂြိုလ်စက်ကွင်းထဲ ပို့လိုက်သလဲ။ $200,000 လောက် ကုန်ကျတဲ့ ကားကိုအာကာသထဲပို့လိုက်ပြီးတစ်ကမ္ဘာလုံးရဲ့ သတင်းတွေမှာလူသန်းရာပေါင်းများစွာတွေ့အောင်လုပ်ပြီးbreaking news ဖြစ်အောင်လုပ်ပြီးTesla ရဲ့ပေးချင်တဲ့ အမှတ်တံဆိပ်မတ်ဆေ့နဲ့အမှတ်တံဆိပ် ကိုယ်ရည်ကိုယ်သွေးလူတွေမှတ်မိ၊ ပြောဆိုအောင်လုပ်ခဲ့တယ်။ Guerrilla Marketing ဆိုတာကုန်ကျစရိတ်အနည်းဆုံး သို့ မရှိသလောက်နဲ့လူတွေသိ၊ မြင်၊ ပြော၊ ဝယ်အောင်လုပ်ဆောင်တဲ့ မားကတ်တင်းစနစ်တစ်ခုဖြစ်ပါတယ်။ #GMC

Guerrilla Marketing ဆိုတာ Read More »

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်

ကိုယ့်လုပ်ငန်းနယ်ပယ်တူတွေထက်လေးငါးဆယ်ဆလောက်ကွာစေတဲ့အရာသုံးခုရှိတယ်လို့မြင်တယ်။ ၁။ Marketing လူပိုသိပြီးယုံကြည်အောင်လုပ်နိုင်စွမ်း၂။ Management ပန်းတိုင်ရောက်ဖို့ စီမံခန့်ခွဲနိုင်စွမ်း၃။ Machine/ Technology နည်းပညာအသုံးပြုနိုင်စွမ်း ဒီသုံးခုကို အသုံးပြု leverage လုပ်ပြီးကိုယ့်မဟာဗျူဟာကို စနစ်တကျတည်ဆောက်နိုင်ရင် ပြိုင်ဖက်ကိုအဝေးကြီးမျာ ချန်ခဲ့လို့ရတယ်။ နောက်တစ်ခုထပ်ဖြည့်ချင်ရင်Money ပေါ့။ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ်။ #GMC

ရင်းနှီးမြုပ်နှံမှုကိုလဲ leverage လုပ်လို့ရတယ် Read More »

မားကတ်တင်းမှာ 7P ဆိုတာရှိတယ်

မားကတ်တင်းမှာ 7P ဆိုတာရှိတယ်။တချို့လူတွေက ကတ်တီးကတ်သပ်49 P တွေ တွေ့သမျှ P တွေလျှောက်အော်နေတာမျိုးလဲ တွေ့ဖူးလိမ့်မယ်။သူတို့က ပိုသိတယ်ဆိုတာမျိုးပေါ့။အဲ့လိုပြောနေပြီဆိုကတည်းကသောက်တလွဲဆိုတာ နားလည်လိုက်တော့။ ဒီိနေ့ ညီငယ်၊ ညီမငယ်တို့ကို ပြောပြချင်တာ7P လို့ခေါ်တယ်။ဒါကို marketing mixes လို့ခေါ်သလိုဒိုရေမီဖာ တို့လို သံစဉ်တစ်ခုဖန်တီးဖို့ဒီ 7P က အရေးကြီးတယ်။ဒီ 7P အသုံးပြုပြီး သီချင်းတစ်ပုဒ်ဖန်တီးသလို ဖော်ပြတာကိုpositioning လို့ခေါ်တယ်။​ 7 P ဆိုတာကတော့Product ကုန်ပစ္စည်း၊ ဝန်ဆောင်မှု(သူ့ရဲ့ ဒီဇိုင်း၊ ကာလာ၊ ဘာညာ၊အနေအထားအကုန်ပါတယ်။)Price စျေးနှုန်းPlace ဖြန့်ချီမှုပုံစံPromotion စျေးကွက်ကို အသိပေးတဲ့ပုံစံPeople လူ၊ ဝန်ထမ်းProcess ဝန်ဆောင်မှုပေးတဲ့ဖြစ်စဉ်Physical evidence အဆောင်အယောင်ဒါကို ပြောတာဖြစ်တယ်။ ဖောက်သည်ဖက်ကတော့ဒါကို မြင်တဲ့အမြင်ကို7 C နဲ့ ဖော်ပြလို့ရသေးတယ်။Customer ValueCostConvenienceCommunicationConsiderationCo-ordinationConformation လို့ခေါ်တယ်။

မားကတ်တင်းမှာ 7P ဆိုတာရှိတယ် Read More »

STP ဆိုတာ ကြားဖူးပါသလား

၁။ STP ဆိုတာ ကွားဖူးပါသလား။၂။ 7 P ဆိုတဲ့ marketing mixes ဟာ P______ အတွက်အသုံးပြုတယ်။၃။ Product layers သုံးမျိုးကိုကြားဖူးပါသလား။၄။ Ansoff’s Matrix ဆိုတာ ကြားဖူးလား။၅။ Consumer’s buying behavior မှာ B2B နဲ့ B2C မတူတာသိပါသလား။ ဒီငါးမှတ်အောင်ရင် အခြေခံရှိတယ်လို့ယူဆလို့ရတယ်။ #GMC

STP ဆိုတာ ကြားဖူးပါသလား Read More »

လူတော်တော်များများမြင်အောင်
boost ကြတယ်

လူတော်တော်များများမြင်အောင် boost ကြတယ်။Follower တစ်သိန်းရှိတဲ့ Facebook page ရဲ့ကြော်ငြာစရာမလိုပဲ သွားတဲ့organic reach က 2-5% ပဲရှိတယ်။တစ်သိန်းမှာ ၂ ထောင်နဲ့ ငါးထောင်ပဲပုံမှန်မြင်တယ်။၅ ရာခိုင်နှုန်းဆိုရင်တောင်အခု ၂၀ တင်မှ အကုန်မြင်မှာ။လူတော်တော်များများမြင်အောင်boost ကြတယ်။တခြားနည်းလမ်းတွေ အများကြီးရှိသေးတယ်။အဲ့ဒါ Guerrilla Marketing Coach – Myanmar တွေ သိတယ်။ #GMC

လူတော်တော်များများမြင်အောင်
boost ကြတယ်
Read More »

Marketing ပညာဆိုတာ လေးနက်တယ်

Marketing ပညာဆိုတာ လေးနက်တယ်။စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊Non-profit အကုန်မှာ သုံးတယ်။ Make America Great Again တို့၊Brixit ရဲ့ Let’s take back control တို့၊ဒီလို slogan တွေက marketing မှာmessage လို့ခေါ်တယ်။ Marketing သမားတစ်ယောက်ကြွတ်မကြွတ် ဆိုတာ သူ့အိုင်ဒီယာဘယ်နှစ်လုံးကို branded ဖြစ်အောင်လူတွေ မှတ်မိအောင်၊​သူ၊ သူ့ organization နဲ့တွဲမိအောင်လုပ်နိုင်လဲနဲ့ ကြည့်တယ်။​ Namewee လို Malaysia တရုတ် rapper ဆိုသူ့ target audience ကို အရှေ့တောင်အာရှသားတွေ ထားပြီးမင်္ဂလာပါ သီချင်းနဲ့ မြန်မာပြည်သူတချို့ရဲ့အချစ်တွေကို ယူသွားခဲ့တယ်။ဒါက marketing ပညာရပ်ပဲ။ လျှို့ဝှက်ချက်တွေ မဟာဗျူဟာတွေအများကြီးရှိသေးတယ်။ #GMC

Marketing ပညာဆိုတာ လေးနက်တယ် Read More »

ဥစ္စာစောင့်

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။ ၁။ စီးပွားရေးလည်ပတ်မှုပုံစံ သေချာသိပြီလား။ဒါကို စာရွက်ပေါ်မှာချရေးတာကိုBusiness model generation လို့ခေါ်တယ်။ ၂။ ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်စီမံကိန်းရေးဆွဲပြီးပြီလား။ဒါကို brand plan လို့ခေါ်တယ်။ ၃။ ကိုယ့်လုပ်ငန်းဖောက်သည်အသစ်တွေဘယ်လိုရှာမလဲ မားကတ်တင်းပလန်ဖန်တီးတတ်ပြီလား။ဒါကို marketing plan လို့ခေါ်တယ်။ ၄။ ကိုယ့်လုပ်ငန်းရဲ့စုံစမ်းမေးမြန်းမှုတွေကိုဖြေဆိုပြီး ရောင်းဝယ်တတ်ပြီလား။ဒါကို sales plan လို့ခေါ်တယ်။ဒီလိုလုပ်ဖို့ လုပ်ဆောင်ရမည့်အရာတွေ အများကြီးရှိတယ်။FAQ လုပ်ပြီးပြီလား။Sales script တွေရေးပြီးပြီလား။Sales sequences တွေဖန်တီးပြီးပြီလား။ ၅။ ကိုယ့်လုပ်ငန်းလည်ပတ်မှုအတွက်လည်ငန်းစီးဆင်းမှု workflow တွေလိုတယ်။ဒါတွေ စနစ်တကျသတ်မှတ်ရေးချပြီးပြီလား။ ၆။ ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာအတွက်လူတော်တွေ၊ လူကောင်းတွေကိုယ့်ဆီအလုပ်လာလုပ်ချင်အောင်စီမံထားတဲ့ HR planning မှာrecruitment strategy သေချာရှိပြီလား။နောက် ရောက်လာရင်သင်ပေးမိတ်ဆက်ပေးဖို့orientation and training လုပ်ပြီးပြီလား။စွမ်းဆောင်ရည်ကိုတိုင်းတာဖို့performance appraisal လုပ်ဖို့ သေချာရှိပြီလား။

ဥစ္စာစောင့် Read More »

Marketing နဲ့ Sales

Marketing ဆိုတာ ဘာလဲ။Sales နဲ့ ဘာကွာသလဲ။ Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။ မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။​ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။​ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ စီစဉ်ပေးတာမျိုးပါလုပ်ကြတယ်။

Marketing နဲ့ Sales Read More »

branding နဲ့ marketing

မားကတ်တင်းဆိုတာကတော့ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်းကိုယ်သိစေချင်တဲ့လူတွေသိပြီးကြွေအောင် ထုတ်ဖော်ပြသပေးတဲ့လုပ်ငန်းစဥ်ပဲ။ တချို့ကကြွေအောင်အရင်မလုပ်ပဲရေဆာနေချိန် ရေရောင်းဖို့စဥ်းစားကြတယ်။ဒါက စျေးကွက်လိုအပ်ချက်အရမ်းကောင်းနေတဲ့အချိန်အဆင်ပြေနိုင်တယ်။ဒါပေမယ့် ရေရှည်အတွက်ကတော့raving fans တည်ဆောက်ဖို့လိုတယ်။ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲFans Economy ပိုင်းကိုသွားနေတယ်။ ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာတဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက်ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်းရောက်လာတယ်။ ဒီတော့ branding နဲ့ marketing ကအရင်ကထက် ပိုအရေးကြီးလာတယ်။ #GMC

branding နဲ့ marketing Read More »