သမိုင်း
2005 – 2025 ကာလကအမေရိကန်ရဲ့ အကြပ်အတည်းကာလလို့ခန့်မှန်းကြတယ်။2008 မှာ စီးပွားရေးကျဆင်းမှုအကြီးအကျယ်ဖြစ်တယ်။တရုတ်ကုမ္ပဏီတွေအားကောင်းလာပြီးစက်တင်ဘာ ၂၀၁၄ မှာအလီဘာဘာက ယူအက်စတော့မှာ တင်တဲ့အခါယူအက်သမိုင်းမှာ အကြီးဆုံးဖြစ်ခဲ့တယ်။ဒေါ်နယ်ထရမ့်တက်ပြီး မျိုးစုံ ကြိုးခုံကြတယ်။ အခု ၂၀၂၄ အချိန်ကို ကြည့်တဲ့အခါNvidia ရဲ့ စတော့တစ်ခုနဲ့တင်ဟောင်ကောင်းမှာတင်ထားတဲ့တရုတ်စတော့ စျေးကွက်တစ်ခုလုံးနဲ့ညီနေတယ်။ အေအိုင်အပိုင်း၊ Metaverse အပိုင်း၊Robotive အပိုင်းအကုန်လုံးမှာအဖက်ဖက်မှာ ယူအက်က အရှိန်ပြန်ရနေပြီးတရုတ်က ကျနေပြီ။ ဒါကို ၁၉၉၆ မှာထုတ်တဲ့ The Fourth Turning ဆိုတဲ့စာအုပ်မှာ သမိုင်းပရော်ဖက်ဆာနှစ်ယောက်ဖြစ်တဲ့Neil Howe and William Strauss ကသမိုင်းကိုကြည့်ပြီး အမေရိကန်ရဲ့အနာဂတ်ကိုဟောကိန်းထုတ် prophecy လုပ်တယ်။ အမေရိကန်ရဲ့ အနာဂတ်ကိုခန့်မှန်းဖို့စက်ဝိုင်းတစ်ခုကို နှစ်ပေါင်း ၈၀ပတ်ခြာလည်ကြာတတ်တယ်။အဲ့ဒီစက်ဝိုင်းတစ်ခုမှာ ရာသီ လေးခုရှိတယ်။ပထမရာသီက စံစားတဲ့ရာသီ၊ဒုတိယ ရာသီက နှိုးထမျက်စိပွင့်တဲ့ရာသီ။ဒီနှစ်ခုက ကောင်းတုန်းကပဲ။တတိယ ရာသီက […]