Learning

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်

ကမ္ဘာပေါ်က အကောင်းဆုံးတက္ကသိုလ်ကတော့ဘဝ လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့၂၄ နာရီ၊ ၇ ရက်အချိန်မရွေး၊ နေရာမရွေးသတိရှိပြီးလေ့လာရင်လေ့လာသလိုပညာတွေရတယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်က အကောင်းဆုံး
တက္ကသိုလ်
Read More Âť

အရေးကြီးတာ
ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။

ပျော်နေတဲ့သူဆီက ပျော်ရွင်မှုအကြောင်းသင်ယူတယ်။ တော်နေတဲသူဆီကတော်ဖို့သင်ယူတယ်။ ငွေတွေပွားများနေတဲ့သူဆီကပွားဖို့ သင်ယူတယ်။ လူချစ်လူခင်ပေါတဲ့သူဆီကလူတွေနဲ့ ပေါင်းသင်းမှုအကြောင်းသင်ယူတယ်။ ဘဝမှာ ဆရာစုံတာကောင်းတယ်။ လူတိုင်းမှာ သင်ယူလေ့လာလို့ရတာအများကြီးပဲ။ အရေးကြီးတာ ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ
ဘယ်သူ့ဆီက ဘာသင်မလဲသိဖို့ပဲ။
Read More Âť

လူတိုင်းပညာသင်ဖူးတယ်။

လူတိုင်း သင်ယူခြင်းကို အကောင်းဆုံးပြုလုပ်ခြင်းlearning how to learn ကို မလေ့လာဖူးဘူး။ စာဖတ်တတ်တဲ့သူတိုင်း စာဖတ်ဖူးတယ်။ လူတိုင်းစာဖတ်မြန်နည်း speed-reading ကို မလေ့လာဖူးဘူး။ လူတိုင်းသိလိုက်သည်ဖြစ်စေမသိလိုက်သည်ဖြစ်စေတွေးတယ်။ ဒါပေမယ့် စနစ်တကျဘယ်လိုတွေးရမလဲthinking skill ကို သင်ကြားဖူးတဲ့သူမများဘူး။ လူတိုင်းစကားပြော၊ စာရေး၊ လူရှေ့စကားပြောဆက်သွယ်ပြောဆိုနေကြတယ်။ ဒါပေမယ့် လူတိုင်း အကောင်းဆုံးဘယ်လိုဆက်သွယ်ရမလဲမလေ့လာဖူးကြဘူး။ လူတိုင်းအချိန်ကို အသုံးပြုကြတယ်။ လူတိုင်းအချိန်ကို အကောင်းဆုံးဘယ်လိုအသုံးပြုရမလဲမလေ့လာဖူးကြဘူး။ လူတိုင်းကိုယ့်ရဲ့စိတ်နဲ့ကိုယ်ကိုထိန်းကျောင်းရတယ်။လူတိုင်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊စိတ်အခြေအနေကိုပြန်လည်မလေ့လာဖြစ်ဘူး။ လူတိုင်းစားကြတယ်။ အစားအသောက်ကို ကိုယ့်အတွက်ဖြစ်အောင်အာဟာရဖြစ်အောင်မလေ့လာဖူးကြဘူး။ ကိုယ်နားမလည်တဲ့အရာတစ်ခုကပဲကိုယ့်ကို ဒုက္ခပေးတာ။မကြာသင့်ပဲအချိန်တွေကြာနေစေတာ။ နည်းနည်းလုပ် များများရဖို့သင်ယူလေ့လာမှုပြုကြတယ်။ စစ်မှန်တဲ့ သင်ယူလေ့လာမှုမပြုရင်များများလုပ်ပြီး နည်းနည်းပဲရနေမှာ။ Phyo Paing @ Derek

လူတိုင်းပညာသင်ဖူးတယ်။ Read More »

သင်ယူမှု မာရသွန်ကို
မရပ်လိုက်ပါနဲ့။

သင်ယူမှု မာရသွန်သမားများ။ဒီသူများအတွက်တတ်သိပညာများဖြစ်တဲ့Personal, Professional နဲ့ Business တိုးတက်ရေးများအစဉ်တစိုက်မျှဝေပေးနေတာဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပါတယ်။စီးပွါးရေးသမားတွေပါတယ်။မန်နေဂျာတွေပါတယ်။အသက်မွေးမှုနယ်ပယ်မှာ ကျွမ်းကျင်သူတွေပါတယ်။တိုးတက်လိုသူတွေပါတယ်။ သင်ယူမှုလုပ်မနေရင် မတိုးတက်ဘူး။မတိုးတက်ရင် ဆုပ်ယုတ်နေပြီ။ဒါကြောင့် If you stop growing, you start dying ဆိုတာကြားဖူးပါလိမ့်မယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ဘယ်နေရာရောက်ရောက်သင်ယူလေ့လာနေမှပြဿနာတွေပိုဖြေရှင်းနိုင်မယ်။ပြဿနာကို အပြစ်တင်နေတာမဟုတ်အဖြေရှာနိုင်မှ တန်ဖိုးရှိသူဖြစ်မယ်။ သင်ယူမှု မာရသွန်ကိုမရပ်လိုက်ပါနဲ့။ Phyo Paing @ Derek

သင်ယူမှု မာရသွန်ကို
မရပ်လိုက်ပါနဲ့။
Read More Âť

Life-long learning အရေးကြီးတယ်။

သင်ယူမှုဆိုတာ တမင်တကာ လေ့ကျင့်ရတယ်။ အမြင်သာဆုံးက ထိုင်းမှာနေလဲ အလိုအလျောက်ထိုင်းစကားမတတ်သွားဘူး။ ဘာကြောင့်လဲဆိုတော့ သင်ယူမှုပြုလုပ်တဲ့အခါဦးနှောက်က စနစ် ၂System II ကို အသုံးပြုတယ်။ ဒါက Thinking Fast and Slow ကိုရေးသားခဲ့တဲ့ Daniel Kahneman ရဲ့သီအိုရီနဲ့ ကြည့်တာ။ လူတွေမှာ အလိုအလျောက်စဥ်းစားတဲ့ System I ဆိုတာရှိတယ်။ဆရာကြီးဥပမာပေးတာကတင်းနစ်ရိုက်တဲ့ Bat ဘတ်တံ နဲ့ Ball ဘောလုံးနှစ်ခုပေါင်းရင် $1.1 ကျတယ်။Bat ဘတ်တံက Ball ဘောလုံး ထက်$1 ပိုများတယ်။ ဒါဆို Ball လုံးတစ်လုံးဘယ်လောက်ကျမလဲ။ ပုံမှန်အားဖြင့် အလိုအလျာက် System I နဲ့သွားရင်Bat ဘတ်တံက Ball ဘောလုံးထက် $1 များမှတော့Ball ဘောလုံးက $0.1

Life-long learning အရေးကြီးတယ်။ Read More »

လူတိုင်းရှိသလိုလိုနဲ့
ပျောက်နေတဲ့အရာက
“အနာဂတ်”ပဲ။

လူတိုင်းရှိသလိုလိုနဲ့ပျောက်နေတဲ့အရာက“အနာဂတ်”ပဲ။ နေရာတစ်ခု၊စျေးကွက်တစ်ခုမှာကြီးထွားဖို့အတွက်ဆိုတာအချိန်တစ်ခုပေးရတယ်။ အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ဆိုဘယ်မှာနေဘာတွေလုပ်ဘယ်လိုဝင်ငွေရှာဘယ်သူတွေနဲ့တွေ့ဘယ်လိုအသက်ကြီးပြီးဘယ်လိုဘဝရဲ့အဆုံးသတ်နေဝင်ချိန်ကိုဖြတ်သန်းမလဲ။ဒီမေးခွန်တွေပါလာတယ်။ ဒီမေးခွန်းတွေမေးတဲ့အခါနေထိုင်မည့်နေရာတတ်ထားတဲ့ကျွမ်းကျင်မှုရှိထားတဲ့နိုင်ငံသားနဲ့အသက်မွေးမှုပြုနိုင်တဲ့အရာတွေပါဝင်တယ်။ ကိုယ့်နေရာမှာကိုယ်နေရာတစ်ခုရပြီးသူတွေအတွက်နောက်တစ်နေရာမှာအသစ်ကပြန်စဖို့အတွက်opportunity cost ကြီးတယ်။ရှိထားတာကိုလဲထားခဲ့ရမယ်။နောက်နေရာမှာလဲအသစ်ပြန်စရမယ်။ အခုမှစတင်မည့်လူငယ်တွေအတွက်ကောင်းတဲ့အချက်တွေအများကြီးရှိတယ်။ဆုံးရှုံးစရာများများစားစားမရှိဘူး။ လုပ်ငန်းလုပ်မယ်ဆိုရင်ပိုပြီးတောင်စဥ်းစားရတယ်။ကိုယ်ကမြစ်ငယ်လေးထဲမှာကျင်လည်နေရာကမြစ်ကြီးထဲကိုသွားတဲ့အခါနောက်ပင်လယ်ထဲသွားတဲ့အခါလုပ်လို့ရတာကျွမ်းကျင်တာတွေကတူချင်မှတူမယ်။ အနာဂတ်ဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။ အနာဂတ်ကိုစဥ်းစားတဲ့အခါကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းတစ်ခုရှိတယ်။ “ငါနေ့တိုင်း မလုပ်ရပဲမနေနိုင်တဲ့အရာတွေဆိုဘာတွေများဖြစ်မလဲ။” ၁။ သင်ယူလေ့လာခြင်း learning၂။ စမ်းသပ်လုပ်ဆောင်ခြင်း experimenting၃။ ပြန်လည်မျှဝေခြင်း သင်ကြားခြင်း teaching ဒီသုံးခုကို ဘယ်နေရာရောက်ရောက်အတိတ်မမေ့ ဦးနှောက်မပျက်သွားရင်လုပ်ဖြစ်နေအုံးမယ်။ ဒါနဲ့ကိုယ့်ဘဝ၊ ကိုယ့်စီးပွားအကုန်လုံးကိုဒီသုံးခုပေါ်မူတည်ပြီးဒီဇိုင်းလုပ်လိုက်တယ်။ အနာဂတ်အတွက်ဘယ်မှာနေမယ်၊ဘာတွေလုပ်မယ်မေးခွန်းတွေဖြေဖို့ဒီမေးခွန်းလေးပြန်မေးကြည့်။ “ငါနေ့တိုင်း မလုပ်ရပဲမနေနိုင်တဲ့အရာတွေဆိုဘာတွေများဖြစ်မလဲ။” Phyo Paing @ Derek

လူတိုင်းရှိသလိုလိုနဲ့
ပျောက်နေတဲ့အရာက
“အနာဂတ်”ပဲ။
Read More Âť

လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး
စွမ်းဆောင်ရည်နှစ်ခုဆိုရင်

အကြိုက်ဆုံးဝါသနာထဲမှာ “သင်ယူခြင်း learning” ပါတယ်။ သင်ယူရင်း တိုးတက်တယ်။တိုးတက်ရင် ပျော်ရွင်တယ်။ သင်ယူဖို့အတားအဆီက “ငွေကြေး”။အကြွေးတွေများ စိတ်ဖိဆီးနေရင်သင်ယူမှုကို ကောင်းကောင်းမလုပ်နိုင်ဘူး။ငွေကြေး ကြပ်တည်းနေရင်သင်ယူမှုကောင်းကောင်းမလုပ်နိုင်ဘူး။အလုပ်မရှိဝင်ငွေမရှိရင်သင်ယူမှုကောင်းကောင်းမလုပ်နိုင်ဘူး။ သင်ယူမှုကို ဒုက္ခပေးနိုင်တဲ့အရာတွေကိုရှောင်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံးစွမ်းဆောင်ရည်နှစ်ခုဆိုရင်“သင်ယူခြင်း” နဲ့ “ပြန်လည်သင်ကြားပေးနိုင်ခြင်း”ပဲ။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး
စွမ်းဆောင်ရည်နှစ်ခုဆိုရင်
Read More Âť

risk management

စဉ်ဆက်မပြတ် လေ့လာနေခြင်းသည်အနာဂတ် အန္တရာယ်ကို ရှောင်ရှားဖို့risk management တစ်ခုပဲ။ Phyo Paing @ Derek

risk management Read More Âť

ကိုယ်ဘယ်လောက်အစွမ်းအစရှိတယ်ဆိုတာ
နေ့စဥ် စမ်းသပ်မှုက ရင်ခုန်စရာပဲ။

မနက္မိုးလင်းတိုင်း ရင်ခုန်စရာကိုယ်မလုပ်ရမနေနိုင်တဲ့ အလုပ်တွေလုပ်ခွင့်ရှိနေတာကို ကျေးဇူးတင်မိတယ်။ တစ်ရက်တစ်ရက် ကုန်သွားတိုင်းဒီနေ့ကို ငါအကောင်းဆုံးအသုံးချလိုက်တယ်ဆိုတဲ့ပီတိက လူသားအတွေ့အကြုံကို ကောင်းကောင်းပေးနိုင်တယ်။ ဘဝဆိုတာ တိုတိုလေးပဲ။ တစ်နှစ်တစ်နှစ်ဆိုတာ ခဏလေးပဲ။ အခုတောင် ဘာလိုလိုနဲ့ ၂၀၂၄ ၈ လ ကုန်တော့မယ်။ ကိုယ်ဘယ်လောက်အစွမ်းအစရှိတယ်ဆိုတာနေ့စဥ် စမ်းသပ်မှုက ရင်ခုန်စရာပဲ။ Phyo Paing @ Derek

ကိုယ်ဘယ်လောက်အစွမ်းအစရှိတယ်ဆိုတာ
နေ့စဥ် စမ်းသပ်မှုက ရင်ခုန်စရာပဲ။
Read More Âť

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ အပင်စိုက်သလိုပဲ။ချက်ချင်းကြီး ကြီးလာတာတွေ့ရချင်မှ တွေ့ရလိမ့်မယ်။ “မှန်ကန်တဲ့နည်း”နဲ့ပုံမှန်ရေလောင်းရင် အချိန်ရောက်ရင် တဖြည်းဖြည်းကြီးလာတာ တွေ့ရလိမ့်မယ်။ ကံကောင်းရင် ပိုက်ဆံဆိုတာ ချက်ချင်းရှာလို့ ဖြစ်သွားနိုင်ပေမယ့်ကံကောင်းလို့ ချက်ချင်းပညာတတ်သွားတာအဲ့လိုတော့မရှိသေးဘူး။ ဦးနှောက်က ချိတ်ဆက်သင်ယူမှုအတွက်အချိန်တော့ပေးရသေးတယ်။ Phyo Paing @ Derek

ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ Read More »