risk management
စဉ်ဆက်မပြတ် လေ့လာနေခြင်းသည်အနာဂတ် အန္တရာယ်ကို ရှောင်ရှားဖို့risk management တစ်ခုပဲ။ Phyo Paing @ Derek
စဉ်ဆက်မပြတ် လေ့လာနေခြင်းသည်အနာဂတ် အန္တရာယ်ကို ရှောင်ရှားဖို့risk management တစ်ခုပဲ။ Phyo Paing @ Derek
မနက္မိုးလင်းတိုင်း ရင်ခုန်စရာကိုယ်မလုပ်ရမနေနိုင်တဲ့ အလုပ်တွေလုပ်ခွင့်ရှိနေတာကို ကျေးဇူးတင်မိတယ်။ တစ်ရက်တစ်ရက် ကုန်သွားတိုင်းဒီနေ့ကို ငါအကောင်းဆုံးအသုံးချလိုက်တယ်ဆိုတဲ့ပီတိက လူသားအတွေ့အကြုံကို ကောင်းကောင်းပေးနိုင်တယ်။ ဘဝဆိုတာ တိုတိုလေးပဲ။ တစ်နှစ်တစ်နှစ်ဆိုတာ ခဏလေးပဲ။ အခုတောင် ဘာလိုလိုနဲ့ ၂၀၂၄ ၈ လ ကုန်တော့မယ်။ ကိုယ်ဘယ်လောက်အစွမ်းအစရှိတယ်ဆိုတာနေ့စဥ် စမ်းသပ်မှုက ရင်ခုန်စရာပဲ။ Phyo Paing @ Derek
ကိုယ်ဘယ်လောက်အစွမ်းအစရှိတယ်ဆိုတာ
နေ့စဥ် စမ်းသပ်မှုက ရင်ခုန်စရာပဲ။ Read More »
ပညာရပ်တစ်ခုလေ့လာတယ်ဆိုတာ အပင်စိုက်သလိုပဲ။ချက်ချင်းကြီး ကြီးလာတာတွေ့ရချင်မှ တွေ့ရလိမ့်မယ်။ “မှန်ကန်တဲ့နည်း”နဲ့ပုံမှန်ရေလောင်းရင် အချိန်ရောက်ရင် တဖြည်းဖြည်းကြီးလာတာ တွေ့ရလိမ့်မယ်။ ကံကောင်းရင် ပိုက်ဆံဆိုတာ ချက်ချင်းရှာလို့ ဖြစ်သွားနိုင်ပေမယ့်ကံကောင်းလို့ ချက်ချင်းပညာတတ်သွားတာအဲ့လိုတော့မရှိသေးဘူး။ ဦးနှောက်က ချိတ်ဆက်သင်ယူမှုအတွက်အချိန်တော့ပေးရသေးတယ်။ Phyo Paing @ Derek
အမှိုက်တွေ နေ့တိုင်းရှင်းပါ။နေ့တိုင်း အကြည်ဓာတ်အပြည့်နဲ့အလုပ်လုပ်ဖို့ဆိုတာအမှိုက်တွေ နေ့တိုင်းရှင်းနိုင်ဖို့လိုတယ်။ လူတွေက သိလိုက်သည်ဖြစ်စေ၊မသိလိုက်သည်ဖြစ်စေသူတို့ အမှိုက်ကို ဘေးနားလူတွေကိုသွားပစ်တတ်ကြတယ်။ လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊အပြင်မှာပဲ ဖြစ်ဖြစ်ဒီအမှိုက်တွေကို သိသိသာသာတစ်ကြောင်း၊မသိမသာ တစ်ကြောင်း ပစ်တဲ့အခါကိုယ်က အမှုမဲ့၊ အမှတ်မဲ့နေရင်အမှိုက်တွေက ကိုယ့်ဆီပါလာမယ်။အနံ့နံလာမယ်။လေးလံထိုင်းမှိုင်းလာမယ်။ ဒီနေ့ နေ့တိုင်း အဲ့အမှိုက်တွေကိုပြန်လည်ခြေဖျက်စွန့်ပစ်ဖို့လိုနိုင်တယ်။ ဒါကြောင့် နေ့တိုင်းကိုယ့်အတွေးတွေကို ချရေးခြင်းအားဖြင့်သတိနဲ့ ဘယ်အရာက အမှိုက်၊ဘယ်အရာက အမိုက်၊ဘယ်အရာက အကြိုက်ဆိုတာ သိနိုင်တယ်။နေ့တိုင်း မေတ္တာပွားများခြင်းဖြင့်လူတွေကို ခွင့်လွတ်ပြီးအမှိုက်ခြေဖျက်လို့ရနိုင်တယ်။နေ့တိုင်း တရားထိုင်ခြင်းဖြင့်အမှိုက်တွေကို ခြေဖျက်လို့ရတယ်။ Phyo Paing @ Derek
လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်။ အချစ်လို့ပြောလိုက်ရင်လိင်ပိုင်းဆိုင်ရာ အဓိက မဟုတ်ဘူး။အဓိက စိတ်ခံစားမှု။ ဒီစိတ်ခံစားမှုက ခလုတ်သံစဉ်တွေလိုပဲ။သူ့မှာ သံစဉ်လေးတွေရှိိတယ်။ လူတွေက အဲ့ဒီသံစဉ်တွေရှိနေရင်ပြီးပြည့်စုံတယ်လို့ခံစားကြရတယ်။ အဲ့ဒီသံစဉ်တွေက ကိုယ်ငယ်ငယ်ကလိုချင်ခဲ့တဲ့ အဖေ၊ ဒါမှမဟုတ် အမေရဲ့ပုံစံစိတ်ကူးထဲက ပုံမျိုးဖြစ်နိုင်တယ်။ ဥပမာ ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ပဲ မေတ္တာနဲ့ချစ်ပေးတဲ့အဖေကို လိုချင်ခဲ့တဲ့အခါအဲ့လိုလူတွေ့ရင် အရမ်းချစ်မိတာမျိုး။ ဒါမှမဟုတ် ကိုယ့်အဖေ၊ အမေကကိုယ့်ကို အားကိုးတဲ့အခါကိုယ်က တစ်ခုခုဆို ကယ်တင်ချင်စိတ်ဖြစ်ပြီးBroken ဖြစ် ပျက်နေတဲ့အရာကိုပြင်ပေးချင်တဲ့ သူကြီးဖြစ်နေတတ်တာမျိုး။ အချစ်ရေးမှာ တိုင်ပတ်သူကအမြဲ တိုင်ပြန်ပတ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ခေါင်းထဲက သံစဉ်တွေကြောင့်။သေချာမသိနားမလည်ရင်ဒါကို ချိန်ငြိဖို့ ခက်တတ်တယ်။ Phyo Paing @ Derek
အာရုံစူးစိုက်မှု၊ဇွဲ၊ ဒူပေဒါပေခံမှု၊လေ့လာမှု၊ ဆန်းစစ်သုံးသပ်မှု၊မြန်ဆန်မှု၊ လေးစားမှု၊စိတ်ရှည်မှု ဘဝရဲ့အမူအကျင့်တွေ အရေးကြီးတယ်။ ခပ်ညံ့ညံ့ဘဝ မနေချင်ရင်ခပ်ညံ့ညံ့ အမူအကျင့်တွေရှောင်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ကိုယ်လုပ်တဲ့အလုပ် အတွေး၊ အကြံ၊ အလုပ်အကုန်လုံးက တစ်နေရာတည်းကိုဦးတည်နေဖို့ အထူးအရေးကြီးတယ်။တစ်နေရာတည်ကို မဦးတည်နေရင်ကားတစ်စီး အလိုင်းမန့်လွဲသလိုဖြစ်နေတတ်တယ်။ဒါကြောင့် အာရုံမစိုက်သင့်၊မလုပ်သင့်တာကို “no” လို့ပြောရဲတဲ့သတ္တိလိုတယ်။ It’s very important to focus all your thoughts, ideas, and work in one direction. If you don’t stay focused on one thing, it can be like a car veering off track. Therefore, it’s essential to have the discipline to say ‘no’ to things that
စနစ်တစ်ခုကို ဘယ်လို အမြတ်ထုတ်မလဲ? ၁။ ကိုယ်ဘာဖြစ်ချင်သလဲ ရည်မှန်းချက်ပန်းတိုင်သတ်မှတ်၂။ စနစ်ကို နားလည်အောင်လုပ်၃။ စနစ်ရဲ့ မညီမျှမှုတွေကို ရှာဖွေ (leverage point လို့လဲခေါ်တယ်။)၄။ ဒါတွေကို အသုံးချ ၅။ ရလဒ်တွေကို ပြန်သုံးသပ်၊ လေ့လာ။၆။ လိုအပ်တဲ့ သတင်းအချက်အလက်တွေသေချာစုစည်း။၇။ ပြုပြင်မှုတွေလုပ်။ ဥပမာ တက္ကသိုလ်ကောင်းကောင်းတက်ချင်ပညာရေးစနစ်ကိုလေ့လာအရေးကြီးတာကိုလေ့လာပြင်ဆင်အသုံးချတာမျိုး။ Phyo Paing @ Derek
ဒီနေ့ခေတ်မှာ ဘယ်လောက်မြန်မြန်လေ့လာနိုင်တယ်။ ဘယ်လောက်မြန်မြန်အသုံးချနိုင်တယ်။ဘယ်လောက်မြန်မြန် သင်ခန်းစာယူနိုင်တယ်။ဘယ်လောက်မြန်မြန် လဲရာကပြန်ထနိုင်တယ်။ဒါက ပိုအရေးကြီးသွားမယ်။ အနာဂတ်မှာ polymath တွေပိုထွက်လာမယ်။ Polymath ဆိုတာ ပညာရပ်တစ်ခုထက်ပိုပြီးပညာရပ်တွေကို ထဲထဲဝင်ဝင်ပိုသိတဲ့လူတွေ။ အနာဂတ် စွန့်ဦးတီထွင်တွေကလဲဒီ polymath ထဲကလာမယ်။ ကျွန်တော်ကတော့ ဒီတစ်ခုပဲကျွမ်းကျင်တယ်။ကျန်တာဘာမှ မသိဘူးလုပ်လို့က အဘိုးခေတ်မှာရမယ်။ ဒီနေ့ခေတ်က T-shaped လိုကျွမ်းကျင်မှုကအခြေခံဖြစ်လာမယ်။ မားကတ်တင်းပဲ နားလည်တယ်။လူတွေရဲ့ စိတ်ပညာနားမလည်ဘူး။ ဦးနှောက်အလုပ်လုပ်ပုံမသိဘူး။ အတွေးအခေါ်ပညာမသိဘူး။ စဉ်းစားပုံမသိဘူး။စီမံခန့်ခွဲမှုမသိဘူး။ အဲ့လိုမဟုတ်တော့ဘူး။ ခေတ်တွေက ပြောင်းနေပြီ။ မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Better, Smarter နဲ့ Faster ဖြစ်ဖို့လိုလာပြီ။ Phyo Paing @ Derek
ခေတ်တွေက ပြောင်းနေပြီ။
မြန်မြန်သင်ယူနိုင်စွမ်းအရေးကြီးလာပြီ။ Read More »
မြန်မာပြည်မှာ ဆင်ရဲတွင်းက ထွက်ဖို့ ဖော်မြူလာကတော့ဒါလေးဖြစ်မလားမသိဘူး။ အတွေးအခေါ်မှန်ဖို့ လုပ်။ နေ့စဥ် သင်ခန်းစာယူ။အပြစ်တင်တတ်တဲ့စိတ်ဖျောက်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကိုယ်ရှင်းရှင်းလင်းလင်းသိ။ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကို မကန့်သတ်ထားနဲ့။ ကိုယ်နဲ့ပေါင်းတဲ့သူတွေကို ဂရုစိုက်။ တစ်ဖက်ပိတ်အမြင်နဲ့ အသက်မရှင်နဲ့။ နေ့စဥ် သင်ယူ။ သင်ယူထားတာကို ချရေးမှတ်သား။ ပြန်လည်အသုံးချ။ ပိုကောင်းတဲ့ အခွင့်အလမ်းအမြဲရှာဖွေ။ ကိုယ့်ကိုယ်ကို အပြစ်မတင်နဲ့။ ဘဝကြီးကို ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေ။ ဘာသာစကားအသစ်သင်။ လူတွေကို လေ့လာ။ဘူနေတဲ့သူ၊ သာမာန်လူ၊ အောင်မြင်သူ၊အရမ်းအောင်မြင်သူ သူတို့ရဲ့ အတွေးအခေါ်ဘာကွာလဲ၊ အမူအကျင့်ဘာကွာလဲလေ့လာ။ အတုယူလို့ရတာတွေကိုကိုယ့်ဘဝမှာ ပြန်လည်အသုံးချ။ Phyo Paing @ Derek