Lifestyle

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။

တကယ်လို့ အသက် ၈၂ နှစ်ထိနေရရင်ရက်ပေါင်း ၃၀၀၀၀ နေရမယ်။ တိတိကျကျပြောရရင် ၈၂ နှစ်နဲ့  ၅၁ ရက်။ ဘဝဆိုတာ ရက်ပေါင်း ၃၀၀၀၀ နေရတဲ့ဂိမ်းတစ်ခုသာဆိုရင်ပထမ ရက်ပေါင်း ၁ သောင်းက အသက် ၂၇ နှစ်လောက်ထိနေရမယ်။ ဒုတိယ ရက်ပေါင်း ၁ သောင်းက အသက် ၅၅ နှစ်ထိ နေရမယ်။ တတိယ ရက်ပေါင်း ၁ သောင်းကအသက် ၈၂ ထိ နေရမယ်။ကိုယ်က ကံကောင်းရင်ကျန်းမာရေးလိုက်စားရင်နည်းနည်းပိုနေရကောင်းနေရမယ်။ ပထမ ၂၇ နှစ်ထိက လောကအကြောင်း၊လူတွေအကြောင်းနားလည်အောင် ပညာသင်၊အသည်းကွဲ၊ လေ့လာတဲ့အချိန်။ ဒုတိယ အသက် ၅၅ နှစ်ထိအရွယ်ကဘဝမှာ သန်မာပြီးငွေကြေးလဲမဆိုး၊အပေါင်းအသင်းလဲမဆိုးအကောင်းဆုံးအရွယ်။ တတိယအရွယ် ၅၅ ကျော်ကတော့ ကိုယ်သားသမီးနဲ့ နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းတဲ့အရွယ်ဖြစ်ကောင်းဖြစ်မယ်။ ပထမ […]

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။
Read More »

ကိုယ့်ဘဝ ကိုယ်အဖြေမရှာတတ်တာ
ကိုယ့်အပြစ်လို့ပဲ ခံယူတယ်။

ကြိုးစားတိုင်း မဖြစ်ဘူး။မကြိုးစားတိုင်းလဲ မဖြစ်ဘူး။ ကြိုးစားရင် ဖြစ်နိုင်ခြေရှိတယ်။မကြိုးစားရင် ဖြစ်နိုင်ခြေမရှိဘူး။ ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပေမယ့်အောင်မြင်နိုင်ခြေများဖို့ ကြိုးစားဖို့လိုတယ်။ ကြိုးစားတယ်ဆိုတဲ့ စကားထက်အဖြေရှာတယ်ဆိုတဲ့ စကားပိုကြိုက်တယ်။ အောင်မြင်တယ်ဆိုတဲ့စကားထက်လိုချင်တာရတယ်ဆိုတဲ့စကား ပိုကြိုက်တယ်။ ဖြစ်ချင်တာဖြစ် လိုချင်တာရဖို့အဖြေရှာတတ်ဖို့လိုတယ်။ ကိုယ့်ဘဝ ကိုယ်အဖြေမရှာတတ်တာကိုယ့်အပြစ်လို့ပဲ ခံယူတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်အဖြေမရှာတတ်တာ
ကိုယ့်အပြစ်လို့ပဲ ခံယူတယ်။
Read More »

လူတိုင်းဘဝမှာ အခက်အခဲဆုံး
အချိန်တွေဆိုတာရှိတတ်တယ်။

လူတိုင်းဘဝမှာ အခက်အခဲဆုံးအချိန်တွေဆိုတာရှိတတ်တယ်။ဒါကြီးကိုသည်းခံကျော်လွှားနိုင်ရင်အကောင်းဆုံးအချိန်တွေရောက်လာမယ်။ ဘဝက အဖြေရှင်နိုင်ရင်အမြဲတမ်းခက်ခဲနေမှာ မဟုတ်ဘူး။ ၁။ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုသိ၂။ သတင်းအချက်အလက်ရှာ၃။ ဘယ်ပုံစံနဲ့ပြဿနာဖြေရှင်းမလဲအဖြေရှာ၄။ တကယ်လုပ်၅။ ရလဒ်ကိုပြန်လည်လေ့လာပြီး ပိုကောင်းအောင်လုပ်။ Phyo Paing @ Derek

လူတိုင်းဘဝမှာ အခက်အခဲဆုံး
အချိန်တွေဆိုတာရှိတတ်တယ်။
Read More »

အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။

ဒီလိုဖြစ်ဖို့ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေနေလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ဘဝမှာ သဘာဝအရ အလိုလိုဖြစ်နေတာ အများစုက အိုမယ်၊ နာမယ်၊ နောက်ဆုံးမှာ သေမယ်။ ကောင်းမွန်တဲ့ အိမ်လေးနေဖို့အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ပန်းမံတွေအတွက် ရေလောင်းရတယ်။မတူညီတဲ့ရာသီဥတုတွေအတွက် ပြင်ဆင်ရတယ်။ ကိုယ်ထူကိုယ်ထ လုပ်ရတတ်တယ်။ ကောင်းတာတစ်ခုက အသက်ကြီးလာတာနဲ့ သေချာလေ့လာတယ်ဆိုရင်အမှန်တွေမြင်ပြီး “အမြင်တွေ မှန်လာပြီ”။ အမြင်မှန်ရင် မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တတ်လာမယ်။မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်တိုင်းဘဝက ပိုကောင်းလာမယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရက မိမိကိုယ်သာ ကိုးကွယ်ရာ။ ကိုယ့်အားကိုယ်ကိုးကိုယ်ထူကိုယ်ထ။လဲကျပြန်ထ ဒါဘဝဘဲ။ အသက်ကြီးလာတာနဲ့အမျှပိုကောင်းလာဖို့ ဘဝကို ကြိုတင်စီမံဖို့လိုတယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတွေလုပ်ဖို့လိုတယ်။ ကိုယ်က သစ်ပင်မဟုတ်ဘူး။ရွေ့လို့ရတယ်၊ ပြောင်းလို့ရတဲ့သိဖို့လိုတယ်။နည်းလမ်းရှာဖို့လိုတယ်။ လောကုတ္တရာအတွက် ပစ္စုပ္ပန်မှာအဓိကနေ။လောကီအတွက် ပစ္စုပ္ပန်အပြင် အနာဂတ်ကိုလဲကြိုမြင်၊ ကြိုပြင်ရသေးတယ်။ Phyo Paing @ Derek

အသက်ကြီးလာတာနဲ့
ဘဝက ပိုကောင်းလာဖို့လိုတယ်။
Read More »

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး

အသိ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက်ကမ္ဘာလောကကြီးကထွက်ခွာသွားကြတယ်။ ငယ်သူငယ်ချင်းတွေ၊တက္ကသိုလ်တုန်းက သူငယ်ချင်းတွေ၊အသိမိတ်ဆွေတွေ။ ကိုယ်လဲ ဒီလမ်းသွားရမှာပါပဲ။ ဒါကြောင့်လဲ အသက်နဲ့ ခန္ဓာရှိတုန်းဘဝရဲ့ပေးထားချက်ကို အကောင်းဆုံးအသုံးပြုပြီးဘဝကို အလှပဆုံးဖန်တီးခဲ့ဖို့နေ့တိုင်း အားထုတ်နေပါတယ်။ နေ့စဥ် တော်ပျော်ပွားပေးရမယ်။တော်ရမယ်။ပျော်ရမယ်။ငွေကြေးဥစ္စာ ပွားရမယ်။ ယူတဲ့လက်တင်မဟုတ် ပေးကမ်းမှုပါရှိမယ်။ Phyo Paing @ Derek

ဘဝရဲ့ပေးထားချက်ကို
အကောင်းဆုံးအသုံးပြုပြီး
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။

ဒီခံယူချက်ထားမှပဲကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၈ ထောင်ကျော်မှာ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူး။ ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်ကယ်တင်ရှင်ရှာနေလို့မရဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးကပေးထားတဲ့ အခြေအနေကို “နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။ခုန်ချ သေမှာပဲ။ သဘာဝတရားကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။ ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲသမ္မာဒိဋ္ဌိ  မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။ လောကသဘာဝ နိယာမတွေသိအောင်ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့ဓာတုဗေဒ chemistry ကို လေ့လာတယ်။ လူသဘောမနော လူ့အကြောင်းနားလည်ဖို့စိတ်ပညာ psychology လေ့လာတယ်။ ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့ သင်္ချာ maths လေ့လာတယ်။ လူတိုင်းဘဝမှာ မွေးကတည်းကပေးထားချက်ရှိတယ်။ဘဝရဲ့ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့မေးထားချက်တွေရှိတယ်။

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။ Read More »

ဘဝမှာ လွတ်လပ်မှုထက်
ဘာများပိုအရေးကြီးအုံးမလဲ။

ကွန်ပြူတာတစ်လုံး၊ အိတ်တစ်လုံးနဲ့ပဲဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တယ်။ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာသွား။ဘဝကို ချုပ်နှောင်မှုတွေမရှိပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တယ်။စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်မားကတ်တင်း၊စီမံခန့်ခွဲမှုပညာတွေကအိမ်မက်တွေကို ဖြစ်စေခဲ့တယ်။ဘဝမှာ လွတ်လပ်မှုထက်ဘာများပိုအရေးကြီးအုံးမလဲ။ Phyo Paing @ Derek

ဘဝမှာ လွတ်လပ်မှုထက်
ဘာများပိုအရေးကြီးအုံးမလဲ။
Read More »

အောင်မြင်မှု

အသက်အရွယ်တစ်ခုရောက်လာတော့အောင်မြင်မှုဆိုတာ ဘဝနေထိုင်မှု lifestyle တစ်ခုဆိုတာနားလည်လာတယ်။ အောင်မြင်မှုဆိုတာ တခဏဟန်ဆောင်လို့ရတဲ့ အရာ မဟုတ်ဘူး။ “ကိုယ့်မှာရှိတာထက် ပိုမသုံးဖို့”အနာဂတ်အတွက် ခြိုးခြံခြွေတာဖို့Live below your means ဆိုတာအမြဲလက်ခံတယ်။ ကိုယ်နေထိုင်နေတဲ့ ဘဝနေထိုင်မှုကိုအခြေအနေဘယ်လိုဖြစ်သွားပါစေဒုက္ခမရောက်သွားဖို့လိုတယ်။ ဒါကြောင့် ငွေကြေးစီမံခန့်ခွဲမှုအရေးကြီးတာ။မဟုတ်ရင် အရှင်လတ်လတ်ကိုယ်မလုပ်ချင်တဲ့အလုပ်ကိုမမြင်ချင်တဲ့သူတွေနဲ့နေ့တိုင်းလုပ်ပြီး ကိုယ်မကြိုက်တဲ့သူတွေ အထင်ကြီးဖို့ကိုယ့်ကိုယ်ကိုယ် ငြင်းဆဲနေမိမယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

အကောင်းဆုံးကုသိုလ်တွေ
ဖန်တီးသွားနိုင်ဖို့လိုတယ်။

မဟုတ်လဲ တချိန်သေမှာပဲ။ တခဏကို ထာဝရလိုထင်တတ်ကြတယ်။ ဒီခဏဆိုတဲ့ အချိန်ကို အကောင်းဆုံးကုသိုလ်တွေဖန်တီးသွားနိုင်ဖို့လိုတယ်။ ကုသိုလ်က ကိုယ့်အတွက်နဲ့သူများအတွက်နဲ့ ရှိမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုတော်၊ ပိုပျော်၊ ပိုဝင်ငွေတိုးပွားနဲ့တခြားသူတွေအတွက် ပိုပေးတာ ဒါက နေ့စဥ် ကုသိုလ်လုပ်တာပဲ။ Phyo Paing @ Derek

အကောင်းဆုံးကုသိုလ်တွေ
ဖန်တီးသွားနိုင်ဖို့လိုတယ်။
Read More »