တရားထိုင်တယ်ဆိုတာ
ကားလို့ပြောလိုက်တယ်ဆိုပါတော့တစ်ယောက်နဲ့တစ်ယောက်မြင်တာမတူကြဘူး။ တချို့က တိုယိုတာမြင်ရင်မြင်မယ်၊တချို့က ဟွန်ဒါ၊ တချို့က ဘီအန်ဒဗလူ၊အတူညီတဲ့ အမှတ်တံဆိပ်၊မတူညီတဲ့ မော်ဒယ်၊မတူညီတဲ့ အရောင်၊ စိတ်ကူးထဲပုံဖော်ကြမယ်။ ဘဝမှာလဲ အလားတူပဲ။တူညီတဲ့ ပြင်ပအဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ပုံစံတွေနဲ့ တုံ့ပြန်တက်ကြတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခေါင်းထဲမှာ မတူညီတဲ့ အတွေး၊ ပုံရိပ်၊ အသံ၊တုန့်ပြန်တဲ့ပုံစံတွေ၊ဖန်တရာဖြစ်နေတဲ့ ပက်တန်တွေကလွမ်းမိုးထားတယ်။ တရားထိုင်တယ်ဆိုတာ အဲ့ဒီအတွေး၊ ပုံရိပ်၊ အသံ၊ တုန့်ပြန်မှုနဲ့ ဖန်တရာပက်တန်တွေကိုပြန်လေ့လာတာပဲ။ ဒီလိုလေ့လာဖို့ သတိလေးနဲ့အသိလေးထည့်လိုက်တယ်။ စွမ်းဆောင်ရည်မြင့်ဖို့ ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့Journaling နဲ့ Meditation လုပ်တယ်။အချိန်အများကြီးမပေးနိုင်ရင်တစ်ရက် ၁၅ မိနစ်လောက်တော့လုပ်နိုင်ရင် ကိုယ့်ကိုယ်ကို ပိုနားလည်လာမယ်။ လူတိုင်းမွေးလာကတည်းက ပြိုင်ကားအကောင်းစားပဲ။ဘဝဖြတ််သန်းမှု ထရာမာနဲ့ ဒရာမာတွေကြားမှာဘရိတ်တွေ ကပ်သွားကြတယ်။ When you say ‘car,’ people imagine different things. They […]