တစ်ကိုယ်ရည်သတ္တိ
ဒီနေရာမှာမွေး၊ ဒီနေရာမှာကြီးဒီနေရာမှာနေ၊ ဒီနေရာမှာသေသမရိုးကျ ဖြစ်တည်မှုကိုမကြိုက်ရင် နာမခံ အာခံရဲတာ တစ်ကိုယ်ရည်သတ္တိပဲ။ ဒီဘွဲ့တစ်ခုရ၊ ဒီတစ်ခုနဲ့အသက်မွေး၊ဒီတစ်ခုနဲ့ သက်ဆုံးတိုင်ဖြတ်သန်း။ဒီအယူအဆကို မကြိုက်ရင်နာမခံ အာခံရဲတာ တစ်ကိုယ်ရည် သတ္တိလို့ပဲမြင်တယ်။ မဖြစ်နိုင်ဘူးလို့ပြောတဲ့အရာတွေနာမခံ အာခံပြီးကိုယ့်အိမ်မက်ကို မဖြစ်ဖြစ်အောင်ဇွဲသန်သန်၊ ဥာဏ်ရှိရှိနဲ့ လုပ်ခဲ့တဲ့ သူတွေကြောင့်ကောင်ကင်မှာ ပျံသန်းလို့ရတဲ့လေယဥ်ပျံတွေပေါ်လာတယ်။ညအခါ လသာသာ၊ ဖယောင်းတိုင်မီးတွေကအလင်းတွေရလာတယ်ဆို မမှားဘူး။ တချို့အခါတွေမှာ နာမခံ အာခံပြီး ကိုယ်ယုံကြည်ရာကိုယ်လုပ်နိုင်ဖို့သတ္တိအကြီးကြီးလိုတယ်။ Being born, growing up, living, and dying in the same place, and the traditional existence that comes with it, can feel limiting to those who dislike it. […]
