My philosophy

ကိုယ်နဲ့ တူတဲ့ သူတွေ ဘယ်သူတွေလဲ

မြင်ဖန်များတော့ ပုံမှန်ဖြစ်သွားတတ်တယ်။ဒါကို normalize လို့ခေါ်တယ်။ သူများတွေ တန်းဆီနေတဲ့အချိန်ကြားဖြတ်ဝင်တာကို တော်လိုက်တာလို့ချီးကျူးတဲ့အခါ လူမှုအဖွဲ့အစည်းတစ်ခုရဲ့တန်ဖိုးထားမှုတွေဖြစ်သွားတတ်တယ်။ လူတွေ ဒုက္ခရောက်တဲ့အခါအမြတ်ဝင်ထုတ်တာကို စီးပွားရေး အကွက်မြင်လိုက်တာဆိုတဲ့အခါ။ တခါတလေ ကိုယ့်ကမ္ဘာနဲ့ ကိုယ်၊ ကိုယ့်စံနှုန်းနဲ့ ကိုယ်၊ ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်တစ်သီးတစ်သန့် တည်ထောင်နိုင်တဲ့ subculture တွေပေါ်လာတာကောင်းတဲ့ အချက်ပဲ။ ဘာကြောင့်လဲဆိုတော့ တချို့လူတွေနဲ့ ကျွန်တော်တို့အဆက်အစပ် မပြုချင်ကြဘူး။associate မလုပ်ချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့သူတို့က ကိုယ့်ကို ကိုယ်စားမပြုလို့။ တူညီတဲ့ ဘာသာစကားပြောနေကောင်းပြောနေလိမ့်မယ်။တူညီတဲ့ ရေမြေကလာရင်လာလိမ့်မယ်။ တူညီတဲ့ လူမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်။ တူညီတဲ့ နိုင်ငံသားဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် မတူညီတဲ့ စံနှုန်းတွေ၊ နေထိုင်မှုတွေနဲ့ နေလို့ရတယ်။ ကျောင်းတွေမှာ A ခန်း၊ B ခန်းခွဲသလိုပေါ့။ ဒီ subculture ကြီးက တဖြည်းဖြည်းကြီးလာလိမ့်မယ်။ အခုဆို ကျွန်တော်တို့ ငယ်ငယ်တုန်းကလို […]

ကိုယ်နဲ့ တူတဲ့ သူတွေ ဘယ်သူတွေလဲ Read More »

ဘဝရဲ့ ဥပဒေသတစ်ခု

ပျော်စေတဲ့အရာတွေထဲမှာ မတူညီတဲ့ အမြင်နဲ့လောကကို မြင်ကြည့်နိုင်ဖို့နဲ့ မတူညီတဲ့ ပုံစံနဲ့ အလုပ်တွေ လုပ်ကြည့်နိုင်ဖို့ပဲ။ ဒါကြောင့် ဘဝရဲ့ ဥပဒေသတစ်ခုထဲမှာ Always find new ways of seeing and doing thingsလို့ရေးထားလိုက်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ဥပဒေသတစ်ခု Read More »

ဘူစမာတွေကိုရှောင်။

ဒရာမာ ကြိုက်တဲ့နေရာမှာဒရာမာ မပေးနိုင်ရင်Trauma ပေးကြလိမ့်မယ်။ဘူကောင်တွေကိုရှောင်။ဖြစ်နိုင်ရင် ဘူစမာတွေကိုရှောင်။ Phyo Paing @ Derek

ဘူစမာတွေကိုရှောင်။ Read More »

ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်။

လူတွေ ကိုယ်လုပ်တဲ့အလုပ်ကိုချစ်လာတဲ့အခါကိုယ်လုပ်တဲ့အလုပ်ကို ပိုချစ်လာလိမ့်မယ်။ You do what you love.People love what you do. Then, you love what you do. Phyo Paing @ Derek

ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်။ Read More »

ဘဝမှာ လူဖြစ်ရကျိုးနပ်ချင်ရင်

ဒီ M နှစ်လုံးလိုတယ်။ ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့လိုတယ်။ ဒါကို Mastery လို့ခေါ်တယ်။ ဒီပညာရပ်ကို ငွေအနေနဲ့ပြန်ပြောင်းနိုင်ဖို့လိုတယ်။ဒါကို Monetization လို့ခေါ်တယ်။ ဒီလိုပြောင်းနိုင်ဖို့ ပထမအဆင့် လူတွေသိအောင်၊ အားပေးအောင်၊ အမာခံပရိသတ်ဖြစ်အောင်လုပ်ဆောင်ဖို့ မားကတ်တင်းအတတ်ပညာလိုတယ်။ ကိုယ့်လုပ်ငန်း ဒီထက်ကြီးပြီးလည်ပတ်မှုပိုင်းတွေ ကိုယ်ပါဝင်စရာမလိုပဲလည်ပတ်ဝင်ငွေဝင်ပြီးအံဝင်ဂွင်ကျဖြစ်နေဖို့ စီမံခန့်ခွဲမှုလိုတယ်။ Phyo Paing @ Derek

ဘဝမှာ လူဖြစ်ရကျိုးနပ်ချင်ရင် Read More »

ငယ်တုန်းအရေးအကြီးဆုံးက

ပညာကို သေချာသင်ဖို့ပဲ။ ပညာသေချာတတ်တဲ့အခါ လောကကို နားလည်မယ်။နားလည်တဲ့အခါမှ သေချာ အရသာခံတတ်မယ်။ အသိပညာ၊ အတတ်ပညာဆိုတာ ပိုက်ဆံရှာဖို့တစ်ခုတည်းမဟုတ်ဘူး။ လောကကို နားလည်အရသာခံတတ်ဖို့။ သိမယ်၊ မြင်မယ်၊ နားလည်မယ်၊ အသုံးချတတ်မယ်၊ ဖန်တီးတတ်မယ်။ Phyo Paing @ Derek

ငယ်တုန်းအရေးအကြီးဆုံးက Read More »

နေရာတိုင်းမှာက အခွင့်အလမ်းရှိတယ်။

ဒီအခွင့်အလမ်းက ကိုယ့်အားသာချက်နဲ့ကိုက်လား။ဒီအခွင့်အလမ်းကိုကိုယ်က ကြိုက်လား။ ဒီအခွင့်အလမ်းက ကိုယ်အနာဂတ်သွားမည့် စီမံကိန်းကိုအထောက်အကူပြုမလား။ ဒီအခွင့်အလမ်းကိုပေးလိုက်ရတဲ့အချိန်နဲ့ပြန်ရတာ တန်သလား။ဒီမေးခွန်းတွေ ပြန်မေးကြည့်ဖို့လိုတတ်တယ်။ မဟုတ်လဲ အလုပ်ကတော့ လုပ်ရမှာပဲ။ အရေးကြီးတာ ထိရောက်ပြီး ဘဝအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

နေရာတိုင်းမှာက အခွင့်အလမ်းရှိတယ်။ Read More »

ဘာသာစကားရဲ့ ပါဝါက
အရေးကြီးတယ်။

မြန်မာလို ကောင်းကောင်းတယ်ရင်လူဦးရေ သန်း ၅၀ ကိုကိုယ့်ဖန်တီးမှုတွေ ချပြလို့ရတယ်။ ယဥ်ကျေးမှု အတွေးအခေါ်တွေကို လေ့လာလို့ရတယ်။ အင်္ဂလိပ်လိုတတ်ရင် သန်း ၁၅၀၀ ရှိတယ်။ တရုတ်လိုဆို သန်း ၁၃၀၀ ရှိတယ်။ စပိန်လို ၅၅၉ သန်း။ ဂျပန်လိုဆို ၁၂၈ သန်းရှိတယ်။ မတူညီတဲ့ ဘာသာစကားပြောတဲ့အခါမတူညီတဲ့ စဥ်းစားပုံနဲ့ စဥ်းစားတယ်။ မတူညီတဲ့ အထင်အမြင်ကိုဖြစ်ပေါ်စေတယ်။ဒါကို Sapir-Whorf hypothesis လို့ခေါ်တယ်။ ဥပမာ မြန်မာလို စွန့်ဦးတီထွင်တရုတ်လို 企业家အင်္ဂလိပ်လို Entrepreneur ဒီသုံးခုကို မြင်တဲ့ အထင်အမြင်မတူဘူး။ ဘာသာစကားသင်တဲ့အခါယဥ်ကျေးမှုကို လေ့လာပြီး သူတို့ လောကကို ဘယ်လိုမြင်လဲဆိုတဲ့အထင်အမြင်တွေကိုလဲ လေ့လာဖို့လိုတယ်လို့ထင်တာပဲ။ Phyo Paing @ Derek

ဘာသာစကားရဲ့ ပါဝါက
အရေးကြီးတယ်။
Read More »

အနံ့ခံတတ်ဖို့လိုတယ်။

ဘဝမှာ အခွင့်အလမ်းတွေက ပြဿနာ အယောင်ဆောင်ပြီးဘဝထဲ ဝင်ဝင်လာတတ်တယ်။ အခွင့်အလမ်းတွေကို အနံ့ခံတတ်ဖို့တော့လိုတယ်။ Phyo Paing @ Derek

အနံ့ခံတတ်ဖို့လိုတယ်။ Read More »