အကျင့်ဖြစ်အောင်လုပ်။
မော်တီဗေးရှင်း ပေးစရာမလိုအောင်လုပ်။အလုပ်တွေ လုပ်ဖို့မော်တီဗေးရှင်းမလိုအောင်အကျင့်ဖြစ်အောင်လုပ်။အကျင့်ဖြစ်ရင် မော်တီမလိုတော့ဘူး။ Phyo Paing @ Derek
အကျင့်ဖြစ်အောင်လုပ်။ Read More »
မော်တီဗေးရှင်း ပေးစရာမလိုအောင်လုပ်။အလုပ်တွေ လုပ်ဖို့မော်တီဗေးရှင်းမလိုအောင်အကျင့်ဖြစ်အောင်လုပ်။အကျင့်ဖြစ်ရင် မော်တီမလိုတော့ဘူး။ Phyo Paing @ Derek
အကျင့်ဖြစ်အောင်လုပ်။ Read More »
လူအများစုနဲ့ မတူချင်ရင်လူအများစုလုပ်နေတာလိုက်မလုပ်နဲ့။ ဒီအချက်က တော်တော်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့လူအများစုက ပျော်နေရင်အရေးမကြီးဘူး။ လူအများစုက တိုင်ပတ်နေရင်ကိုယ်ပါ တိုင်ပတ်သွားမယ်။ တခြားသူတွေ လုပ်နေတာနဲ့မတူပဲထူးခြားကွဲပြားဖို့ ၁။ သူတို့စဥ်းစားတဲ့ ပုံစံကိုလေ့လာကြည့်။ စဥ်းစားတဲ့ပုံစံကို လေ့လာဖို့အလွယ်ကူဆုံးက ပြောနေတဲ့ပုံပြင်တွေ လေ့လာဖို့လိုတယ်။ ကောင်းတယ်။ ဆိုးတယ်။ ဘာလုပ်သင့်တယ်။ ဘာလုပ်မရဘူး။ ဒီပုံပြင်တွေက သူတို့ရဲ့လောကအမြင်တွေက ဖြစ်လာတယ်။ ၂။ သူတို့လိုချင်တဲ့အရာတွေကိုလေ့လာကြည့်။ ငွေကြေးလား၊ အသိအမှတ်ပြုမှုလား၊အာဏာလား၊ လေးစားမှုလား၊ ဘာလိုချင်သလဲ။ ၃။ ဘာကြောင့်လိုချင်သလဲပြန်မေးကြည့်။ ဒါလေးက နည်းနည်းတမျိုးဖြစ်လိမ့်မယ်။ သူတို့ ဘာကြောင့် ဒီအရာတွေကိုလိုချင်သလဲ။ ပြဿနာဖြေရှင်းဖို့လား။ကလဲ့စားခြေဖို့လား။ငါဘာကောင်ဆိုတာ ပြဖို့လား။ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့မီဒီယာက ကလေးဘဝကတည်းကရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်တွေကြောင့်လား။ ၄။ သူတို့လိုချင်တာကို ဘယ်လိုရယူကြသလဲ။ လူတွေလိုချင်တာရဖို့ စဥ်းစားတဲ့မဟာဗျူဟာဆိုပါတော့။ ၅။ ပြဿနာကြုံရင် ဘယ်လိုတုန့်ပြန်သလဲ။ သူတို့လိုချင်တာရဖို့ လမ်းကြောင်းမှာ အတားအဆီရှိတဲ့အခါငြီးငြူလား၊ ဒါမှမဟုတ်
လူအများစုလုပ်နေတာ
လိုက်မလုပ်နဲ့။ Read More »
ဆေးကျောင်းမှာ စာမေးပွဲပြီးလို့ပျော်ရမယ် မကြံနဲ့ နောက်စာမေးပွဲတစ်ခုက ထပ်လာပြီ။ တစ်လ စာမေးပွဲတစ်ခုလောက်ရှိတယ်ပြောရမယ်။ စာသင်ရတယ်။ ဆေးရုံသွားရတယ်။ စာမေးပွဲဖြေရတယ်။ တကယ့်လက်တွေ့ဘဝရောက်တဲ့အခါအလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်ပြီးလစဥ် စာမေးပွဲစစ်သလို Project အသစ်တွေ လုပ်တဲ့အခါခံနိုင်ရည်ရှိလာတယ်။ လူနာတွေ့ရင် ရောဂါရာဇဝင်မေးတာ၊ စမ်းသပ်ရတာ၊ ရောဂါအမျိုးအမည်ကို ခွဲခြားဆုံးဖြတ်ပေးတာ၊ ဖြစ်စေတဲ့အကြောင်းအရင်းကို ရှာဖွေတာ၊ကုသဖို့လမ်းကြောင်းပေးတာ။ ဒီ အရာတွေ အကုန်လုံးကအကြံပေးလုပ်တဲ့အခါ ထင်မှတ်မထားလောက်အောင်အသုံးဝင်တယ်။ တကယ်တမ်း ကိုယ်လုပ်ခဲ့တဲ့ဘယ်အလုပ်မှ အလကားဖြစ်သွားတယ်မရှိဘူး။ ကျွမ်းကျင်မှုတွေက လွဲယူလို့ရတယ်။ အရေးကြီးတာ စတိဂျော့ပြောသလို You can only connect the dots by going backward ဆိုသလို ဘဝရဲ့မဟာဗျူဟာအတွက်ပစ္စုပ္ပန်နဲ့ အတိတ်ကို ချိပ်ဆက်အနာဂတ်ကို ဖန်တီးနိုင်ဖို့လိုတယ်။ Phyo Paing @ Derek
ဘယ်အရာမှ အလကားမဖြစ်ဘူး။ Read More »
ပြဿနာဖြေရှင်းမှ တိုးတက်မှာ။အဆင့်မြင့် ပြဿနာ အဖြေရှာတဲ့အခါအထောက်အကူပြုအောင် စာဖတ်တာ။ Phyo Paing @ Derek
စာဖတ်ရုံနဲ့ မတိုးတက်ဘူး။ Read More »
ကိုယ့်ဘဝရဲ့ ထွက်ပေါက်ကကိုယ်ချစ်ရ၊ မြတ်နိုးရတဲ့ အလုပ်ပဲ။ဒါကြောင့် ကမ္ဘာကြီးပျက်နေလဲကမ္ဘာပျက်ထဲက ထွက်ဖို့ အလုပ်ကမ္ဘာမှာ ရင်ခုန်စရာ၊ ပျော်စရာ၊ စူးစမ်းစရာတွေနဲ့ ပြည့်နက်နေတတ်တယ်။ အဲ့ဒီ အလုပ်တွေ့တဲ့အခါဘဝနဲ့ ကိုယ်နဲ့ တစ်သားတည်းကျသွားတယ်။Work-life balance ဆိုတဲ့ စကားမလိုတော့ဘူး။ အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Phyo Paing @ Derek
အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Read More »
ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတယ်။ ဖတ်သမျှ၊ မှတ်သမျှ၊ကြုံဆုံသမျှ အကုန်လုံးကိုမသိစိတ်မှာခြုံငုံအကုန်မှတ်တမ်းတင်ထားတယ်။ ကိုယ့်ရဲ့ မသိစိတ်အလုပ်လုပ်ပုံကိုသတိပြုမိခြင်းကို သတိရှိခြင်းလို့ခေါ်တယ်။ Self-awareness လို့ခေါ်တယ်။ တခါတလေ ငါဘာ့ကြောင့်ဒါကို ဒီလိုလုပ်နေလဲဆိုတာ သတိမမူမိတတ်ကြဘူး။ အသိ၊ သတိ၊ ပညာ ဒီလိုလာတယ်။ အသိရှိလာရင်သတိလေးထားပြီးကိုယ့်ကိုယ်ကို လေ့လာမိလာမယ်။ဒါမှာ ကိုယ့်ကိုယ်ကိုပို သဘောပေါက်နားလည်လာမယ်။ဒီမှာ ပညာဖြစ်တယ်။ ဘဝမှာ ကိုယ့်ရဲ့မသိစိတ်ခြုံငုံမှတ်တမ်းတင်ရာကအလိုအလျောက်ဖြစ်လာတဲ့အပြုအမူတွေကို နေ့စဥ် လေ့လာရင်းကိုယ့်ကိုယ်ကို ပိုနားလည်လာတာပညာ ရတာပဲ။ Phyo Paing @ Derek
ကျွန်တော် ယုံကြည်တဲ့ RISE ဘဝမှာ ဒီလေးခုကို ကိုးကွယ်တယ်။ The Power of Research သုတေသနလုပ်ခြင်းInnovation တီထွင်ဆန်းသစ်ခြင်းSystem စနစ်Entrepreneurship စွန့်ဦးတီထွင်မှု။ ၁။ Research သုတေသန နေ့တိုင်း ကိုယ့်အတွက်၊ လုပ်ငန်းနယ်ပယ်အတွက်အသိပညာအသစ်တွေ၊အတွေးအခေါ်အသစ်တွေရှာဖွေစုဆောင်းဖို့ စာဖတ်ခြင်း၊စမ်းသပ်ခြင်း၊ လေ့လာခြင်း၊ ပြန်လည် စဥ်းစားသုံးသပ်ခြင်း။ ၂။ Innovation တီထွင်ဆန်းသစ်မှု စျေးကွက်ပြဿနာကို မတူညီတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ နည်လမ်းလမ်းရှာဖွေဆန်းသပ်ခြင်း။ ၃။ System စနစ် ထပ်ခါထပ်ခါ လုပ်ရမည့်အလုပ်တွေကိုမြန်ကောင်းသက်သာဖြစ်အောင်ပိုမြန်အောင်၊ရလဒ်တွေ ဗရမ်းဗတာကြုံရာကျပန်းလုပ်နေတာထက်ပိုကောင်းအောင်၊ အချိန်ကုန် လူပင်ပန်းသက်သာအောင်စနစ်ရဲ့ စွမ်းပကားကို အသုံးပြုခြင်း။ ၄။ Entrepreneurship စွန့်ဦးတီထွင်မှု စွန့်စားမှုနဲ့ ဆွတ်ခူးမှုရလဒ်နဲ့ တိုက်ရိုက်အချိုးကျနေတယ်။စွန့်စားရမယ်၊ ကိုယ်နဲ့ရင်ဘတ်ချင်းတူတွေသူတွေကိုဦးဆောင်ရမယ်၊ရှိတာနဲ့ဖြစ်အောင် တီထွင်ဖန်တီးနိုင်ဖို့ကစျေးကွက်တစ်ခုရဲ့ အပြောင်းအလဲပဲ။ ဒါကြောင့် အမြင့်ကိုပျံသန်းနိုင်ဖို့ RISE ကို ကျင့်သုံးဖို့
မော်တီဗေးရှင်းကို မရှာနဲ့၊ ရလဒ်ရတဲ့နည်းကို ရှာ။ပိုက်ဆံရှိတဲ့ လူတွေက ပိုက်ဆံ ပိုရှာရတာကို ကြိုက်တယ်။ စာတော်တဲ့ ကလေးက စာလုပ်ရတာကို ကြိုက်တယ်။ တိုးတက်နေတဲ့ သူကတိုးတက်တဲ့ အရသာကို ကြိုက်တယ်။ လူတွေက လုပ်ငန်းစဉ် process တွေမှာပျော်တာ မဟုတ်တတ်ကြဘူး။ “ရလဒ်ရတဲ့” လုပ်ငန်းစဥ် တွေမှာပျော်တာ။ စာလေ့လာပြီး စာမေးပွဲမအောင်ရင်စာလေ့လာရတာကိုလဲ မကြိုက်တတ်ကြဘူး။ ရလဒ်ရတဲ့နည်းတွေ တွေ့ရင်တိုးတက်တာပဲ။ ကိုယ်မတော်တာ မဟုတ်ဘူး။ ရလဒ်ရတဲ့ နည်းမတွေ့သေးတာ။ Phyo Paing @ Derek
ကြိုးစားတိုင်း အောင်မြင်ရင်လူတိုင်း ကြိုးစားနေကြမှာပေါ့။ စီးပွားရေး လုပ်တိုင်း ကြီးပွားကြမယ်ဆို လူတိုင်း စီးပွားရေး လုပ်ကြမှာပေါ့။ လမ်းလျှောက်တိုင်း ပန်းတိုင်ရောက်ကြတာမှမဟုတ်တာ။ လမ်းမသိရင် ခဏခဏ မှားမယ်။နည်းမသိရင် ကြာမယ်။ ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Phyo Paing @ Derek
ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Read More »
ကျောင်းပျော်ကြီးပဲဖြစ်နေလို့မရဘူး။လက်တွေ့ဘဝ အဖြေရှာဖို့သင်တန်းတက်တာ ပိုအရေးကြီးတယ်။ ဒါကတော့ ကျွန်တော့်ခံယူချက်ပြောတာပါ။ သင်တန်းတစ်ခုတက်ရင်အမြဲ ROI (Return On Investment) ရင်းထားတာနဲ့ ပြန်ရတာကို ကြည့်တယ်။ သင်တန်းတစ်ခုက ၁။ အတွေး (တွေးပုံခေါ်ပုံ)၂။ အကြံ (ကြံစဥ် ပလန်ချပုံ)၃။ အလုပ် (လုပ်ဆောင်မှုကို ပိုလွယ်ကူစေခြင်း) ဒီ သုံးခုနဲ့တိုင်းတာကြည့်တယ်။ သင်တန်းတစ်ခု တက်ပြီးတိုင်းနံပတ်တစ်က “အရင်းပြန်ကျေ” ရမယ်။ အရင်းဆိုတဲ့အရာမှာ ငွေကြေးတင်မဟုတ်ဘူး၊အချိန်ပေးလိုက်ရတဲ့အတွက်အချိန်အတွက်ပါ ပြန်ထည့်တွက်တယ်။ Phyo Paing @ Derek
သင်တန်းတက်တယ်ဆိုတာ
အသုံးချဖို့။ Read More »