My philosophy

ဘာအလုပ်လုပ်သလဲ။

တိုးတက်ရေးနည်းစနစ်ရှာဖွေမျှဝေတယ်။ စီးပွားရေးပညာသင်တယ်။ နည်းပညာလုပ်ငန်းလုပ်တယ်။လုပ်ငန်းရှင်တွေကို အကြံပေးတယ်။လူမှုကွန်ယက်မှာ ရေးချင်တာရေးတယ်။ Phyo Paing @ Derek

ဘာအလုပ်လုပ်သလဲ။ Read More »

လူတိုင်းက သေဖို့ကို
တစ်ခုခုလုပ်ရင်း စောင့်နေကြတာပဲ။

တခါတလေ အဲ့ဒီတစ်ခုခုထဲ အာရုံအရမ်းရောက်သွားတော့သေဖို့ စောင့်နေတယ်ဆိုတာ မေ့သွားတတ်တယ်။ တစ်ဘဝကို ထာဝရထင်ပြီးငါလုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့God-like mood တွေ ခံစားရဖူးမယ်။ဘဝကသွားပြီကွာလို့ ယူကြုံမရ ခံစားချက်တွေ ခံစားဖူးလိမ့်မယ်။လမ်းတွေလဲ အကြိမ်ကြိမ်ပျောက်လိမ့်မယ်။ပြန်တွေ့လိုက်၊ ဖြစ်ခဲ့တာ ပြန်မေ့လိုက်နဲ့ဘဝထဲမှာ လမ်းပျောက်လိုက်၊လမ်းဖောက်လိုက်နဲ့၊ တစ်ခုခုလုပ်ရင်း သေဖို့ စောင့်နေတယ်ဆိုတာ မေ့သွားတယ်။ Phyo Paing @ Derek

လူတိုင်းက သေဖို့ကို
တစ်ခုခုလုပ်ရင်း စောင့်နေကြတာပဲ။
Read More »

ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။

သေချာရှာရင် လူတိုင်းမှာ မွေးရာပါ ပါရမီသုံးခုလောက်ပါတတ်တယ်။ အဲ့ဒီစူပါ ပါဝါကိုသုံးနိုင်ရင်ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာလူရိုသေရှင်ရိုသေ နေရာတစ်ခုရမယ်။ ကိုယ်ဘေးနားက ကျွမ်းကျင်သူတွေမှာလဲဒီလို စူပါပါဝါတွေရှိတယ်။ဒါတွေကို ပေါင်းစပ်နိုင်ရင်ကြီးကျယ်ခမ်းနာတဲ့ အရာတွေဖန်တီးနိုင်တယ်။ ဒီ စူပါပါဝါတွေ ပေါင်းစပ်ဖို့မတူညီတဲ့ အမြင်တွေနဲ့ ကြည့်ပေးနိုင်ဖို့လိုတယ်။စာနာနားလည်ပေးတတ်ဖို့လိုတယ်။ တဖက်လူရဲ့ အားသာချက်ကို မြင်တတ်ဖို့လိုတယ်။ကိုယ့်ဖက်က အရင် ပေးတတ်ဖို့လိုတယ်။ တဖက်လူ အားနည်းချက်ကိုဖော့ပြီး တွေးပေးတတ်ဖို့လိုတယ်။ ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူကကိုယ်တိုင် ဖြစ်နေတတ်တယ်။ If you can change your mind, you can change your life တဲ့။စိတ်ပညာရှင် William James ကဆိုခဲ့တယ်။ Phyo Paing @ Derek

ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။ Read More »

တခါတလေ ကိုယ်က
ကံကြမ္မာကို ဖန်တီးတယ်။

တခါတလေ ကံကြမ္မာကကိုယ့်ကို ပြန်ဖန်တီးတယ်။ ဒါကြောင့် တခါတလေကိုယ့်ကံကြမ္မာက ပေးတဲ့အကြံ၊ပြောတဲ့ အသံ ပြန်နားထောင်ကြည့်။ Spiritual guidance က ပါဆန်နယ်ဖြစ်တယ်။ တခြားသူတွေ လုပ်သလို လိုက်လုပ်စရာမလိုဘူး။သူတို့လို မလုပ်တဲ့အတွက်ကြောက်စိတ် Fear of Missing out (FOMO) ဖြစ်စရာမလိုဘူး။ ကိုယ့်နှလုံးသား အသံကို သေချာ နားထောင်ကြည့်ပါ။ ပြီးသွားတဲ့ ရလဒ်တွေကြည့်ဖို့ ဒေတာကို လေ့လာ။ မဖြစ်သေးတဲ့ အနာဂတ်အတွက်နှလုံးသား အသံနားထောင်ကြည့်။ နှလုံးထားထဲက Voice ကို ကြားဖို့၊ပြင်ပ ပယောဂ Noise တွေကို ဖယ်ဖို့လိုတယ်။ တခြားသူတွေ လုပ်တဲ့အလုပ်တွေ၊ သူတို့ တွေး၊ ကြံ၊ လုပ် တာတွေကို လိုက်လုပ်စရာလိုချင်မှ လိုမယ်။ သေချာအချိန်ပေး ပြန်ထားထောင်ကြည့်တဲ့အချိန်တွေ လိုကောင်းလိုမယ်။ Malcolm Gladwell

တခါတလေ ကိုယ်က
ကံကြမ္မာကို ဖန်တီးတယ်။
Read More »

တစ်ဒီဂရီ အပြောင်းအလဲ

The One Degree Shiftတစ်ဒီဂရီ အပြောင်းအလဲ ဂေါ်သီးတစ်လုံးရဲ့ တာထွက်တစ်ဒီဂရီအပြောင်းအလဲကဘယ်နေရာမှာ လမ်းဆုံးမလဲဆိုတာကြီးကျယ်တဲ့ အဆုံးအဖြတ်ပေးတယ်။ လေယာဥ်တစ်စီးရဲ့တစ်ဒီဂရီ အပြောင်းအလဲကလဲအချိန်ကြာလေ ရောက်တဲ့လမ်းဆုံးမတူလေပဲ။ ဘဝဆိုတဲ့ သင်္ဘောကြီးသွားနေနဲ့လမ်းမှာအိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခု ကတစ်ဒီဂရီပဲ။ဒါပေမယ့် ဘဝတွေကို ကွာသွားစေနိုင်တယ်။ ဘဝမှာ တစ်ဒီဂရီအပြောင်းအလဲတွေအများကြီး ကြုံခဲ့ဖူးတယ်။ ၁။ တိုးတက်နေမှုသည် ပြီးပြည့်စုံမှုထက်ပိုအရေးကြီးတယ်။Progress > Perfect၂။ ဒီနေ့လုပ်လိုက်တဲ့ အလုပ်သည်မနက်ဖြန်အလုပ်ကို ခြွေတာပေးနိုင်ရမယ်။Multiply your time၃။ ဘာပဲလုပ်လုပ် အရှုံးကို ကန့်သတ်ထားပါ။Limit Your Loss၄။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေရမယ်။Be bigger than your business၅။ ကိုယ့်ကိုငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှေမြောပါနဲ့။Invest in things that can help you make money ကိုယ့်ကို တစ်ဒီဂရီအပြောင်းအလဲone degree

တစ်ဒီဂရီ အပြောင်းအလဲ Read More »

ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။

ဘယ်အရာမဆို လေ့လာလို့ရတယ်။ကျွမ်းကျင်အောင်လုပ်လို့ရတယ်။ Self-taught လုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကို ဘောင်မခပ်လိုက်မိဖို့အရေးကြီးတယ်။ ဒီဘွဲ့နဲ့ရတယ်။ ဒါပဲ လုပ်ရမယ်။ တစ်သက်လုံးဒါပဲ လုပ်ခဲ့တော့ဒါပဲလုပ်ရမယ်။ကိုယ်က ဒါအထူးပြုတော့ဒီတစ်ခုပဲလုပ်ရမယ်။ ကျွန်တော်တို့ ကျောင်းတတ်တုန်းကdigital marketing ဆိုတာလဲ မကြားဖူးဘူး။ နောက် ဘာ coach ညာ coach ဆိုတာလဲမရှိကြသေးဘူး။ Facebook စသုံးတုန်းက group ဆိုတာလဲ မရှိဘူး။Page ဆိုတာလဲ မရှိသေးဘူး။ နောက် cover photo ဆိုတာလဲ တင်လို့မရသေးဘူး။လက်မ တစ်ခုပဲရှိတယ်။ အသည်းတွေ၊ ဘာညာသာရကာမရှိသေးဘူး။ နောက် ဆယ်နှစ်မှာဖြစ်လာမည့်အလုပ်တွေကဒီနေ့မှာ ရှိနေတဲ့ အလုပ်တွေဖြစ်ချင်မှ ဖြစ်မှာ။ ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။ Read More »

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။

ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ ဘွဲ့လွန်တွေထပ်ယူ။အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကို မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊ အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊ လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ ဘာကြောင့်ပေါ်ခဲ့တယ်။ ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။ အဲ့အချိန်က အလုပ်ကြမ်းသမားတွေက တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆို တစ်ရက်ကို

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။ Read More »

မတူ

လောကအမြင်မတူ၊တန်ဖိုးထားမှုမတူ၊စဉ်းစားဆုံးဖြတ်တဲ့ပုံစံမတူ၊ခံယူချက်မတူ၊ယုံကြည်ချက်မတူ၊အမူအကျင့်မတူဘဝတွေ မတူဖြစ်သွားကြတယ်။ Different perspectives on life,Different values,Different ways of thinking and deciding,Different beliefs,Different behaviorslead to the divergence of lives. Phyo Paing @ Derek

မတူ Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။ တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီး beach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Earn &

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။

ဘဝမှာ ချခဲ့တဲ့ဘယ်ဆုံးဖြတ်တိုင်းအတွက်မှနောင်တမရပေမယ့်သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။ ဒါကတော့ “Fit ကိုက်ညီမှု” ဆိုတဲ့ စကားလုံးပဲ။ လူတိုင်းအတွက် အဆင်ပြေတဲ့အရာကကိုယ်နဲ့ အဆင်ပြေချင်မှ ပြေမှာ။ တစ်ခုခုကို လိုချင်မှုဆန္ဒပြင်းပြတဲ့အတွက်ကြိုးစားလုပ်ဆောင်ပြီးလိုချင်တဲ့အရာရခဲ့တဲ့ အချိန်တွေရှိမယ်။ဒါပေမယ့် What’s next? ဒါပြီး ဘာဆက်လုပ်မလဲဆိုတာကိုမေးဖို့ ကျန်သွားတဲ့အခါဘဝက မလိုချင်တဲ့ နောက်ဆက်တွဲတွေခံစားရတတ်တယ်။ တခါတလေ တချို့ ကိုယ်ဖြစ်ချင်တယ်လို့ထင်တဲ့ ဆန္ဒတွေကကိုယ်တကယ်သွားသင့်တဲ့လမ်းကြောင်းအတွက်ရန်သူတွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် တစ်ခုခုလုပ်ချင်စိတ်ဖြစ်ချင်စိတ်ပေါ်လာရင်ဒါက ဆူညံသံ Noise လား၊ရင်ထဲက တကယ်ဖြစ်ချင်တဲ့ Voice လားပြန်မေးကြည့်တယ်။ Noise တွေကို Voice လို့ထင်ရင်Choice တွေ မှားတတ်တယ်။ In life, despite the regrets we may have from certain decisions, we often gain

သင်ခန်းစာတွေတော့ အများကြီးရခဲ့တယ်။ Read More »