My philosophy

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

တခါတခါ စဥ်းစားမိတယ်။အောင်မြင်မှုဆိုတာ Trauma response တစ်ခုဖြစ်နိုင်တယ်။ အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးရှိပြီး ကျွန်တော်ကတော့ နှစ်မျိုးခွဲကြည့်တယ်။ ၁။ ကိုယ်လိုချင်တာရပြီးကိုယ့်ဘဝကိုယ်ကျေနပ်နေတာ။ ဒါကတော့ တစ်ကိုယ်ရည်အောင်မြင်မှုပေါ့။Private victory ပေါ့။ ၂။ နောက်တစ်မျိုးကတော့လူအများစုလိုချင်ပြီး မရသေးတဲ့အရာကိုရယူပိုင်ဆိုင် ဆွတ်ခူးနိုင်တဲ့အတွက်အသိအမှတ်ပြုမှုရတာမျိုး။ဒါကတော့ Public victory ပေါ့။ တချို့လူတွေအနေနဲ့ လူတွေအမြင်မှာအောင်မြင်တဲ့ ဘဝပိုင်ဆိုင်ပြီးအတွင်းကြေ မပျော်တာတွေလဲဖြစ်နိုင်တာပဲ။ ဒါကြောင့် ကိုရီးယားမှာ နာမည်ကြီးချမ်းသာအောင်မြင်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ သာဓကတွေတွေ့တွေ့နေရတတ်တယ်။ အများသူတွေရဲ့ အမြင်မှာရှိတဲ့အောင်မြင်မှုဆိုတဲ့အရာကို တောင်းတလွန်းတာဟာ Trauma response တစ်ခုပဲ။ ဒီ Trauma response က ကိုယ့်ကိုယ်ကို အတွက်ဆို ပြဿနာမရှိဘူး။အောင်မြင်ဖို့အတွက်လဲတွန်းအားတွေ အကြီးကြီးဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဒီ Trauma response ကိုကိုယ်တိုင်အပေါ်မဟုတ်ပဲတခြားသူတွေအပေါ် ထားတဲ့အခါtoxic အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်စေတတ်တယ်။ ဥပမာကိုယ့်လက်ထက်မှာ

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Read More »

1/10 တစ်ဆယ် တစ် ဖော်မြူလာ

အသစ်တစ်ခုလုပ်ရင်မအောင်မြင်နိုင်ခြေကို ၉၀% လို့သတ်မှတ်တယ်။စလုပ်တဲ့အခါ တစ်ခါတည်းအောင်မြင်စရာမလိုဘူး။ ဥပမာ စာအုပ် ဆယ်အုပ်ဖတ်မယ်။ဆယ်အုပ်မှာ တစ်အုပ်ကကိုယ့်ကိုအပြောင်းအလဲဖြစ်စေတဲ့စာတစ်အုပ်ဖြစ်ရင်ရပြီ။ အွန်လိုင်းပရိုဂရမ်လုပ်တယ်။ဆယ်ခုမှာတစ်ခု အောင်မြင်ရင်ရပြီ။ Content တွေဖန်တီးတယ်။ ဆယ်ခုမှာ တစ်ခုထူးခြားရင်ရပြီ။ကျန်တဲ့ ကိုးခုကတော့ mediocre ဖြစ်နေနိုင်တယ်။ အိုင်ဒီယာတစ်ခုကို software တစ်ခုအနေနဲ့ပြောင်းမယ်။ဆယ်ခုမှာ တစ်ခုအောင်မြင်ရင်ရပြီ။ App တစ်ခု launch လုပ်မယ်။ စ မိတ်ဆက်ဆက်ချင်း အောင်မြင်စရာမလိုဘူး။ဆယ်ခါမှာ တစ်ခါ စျေးကွက်လိုချင်တဲ့product-market fit feature ထွက်ရင်ရပြီ။ အသစ်တစ်ခုလုပ်တိုင်း 1/10 formula နဲ့ လုပ်ခဲ့တာ။ ၂၀၁၃ မှာ စာစသင်တော့သုံးနာရီ ဆယ်ချိန်မှာ တစ်ချိန်အကောင်းဆုံးဖြစ်ရင်ရပြီဆိုတဲ့ စိတ်နဲ့စခဲ့တယ်။ခုဆို ဆယ်စုနှစ်တစ်ခုကျော်ပြီ။ ဆေးကုမ္ပဏီမှာ အရောင်းသမားဘဝကဆရာဝန်အသစ်ဆယ်ယောက်ကို Sales call လုပ်ရင်တစ်ယောက်ရရင် ရပြီ။ဒီနည်းနဲ့ပဲ rejection ကို ကျော်လွှားခဲ့တာ။ ဘဝမှာ

1/10 တစ်ဆယ် တစ် ဖော်မြူလာ Read More »

စာအုပ်နှစ်မျိုးရှိတယ်။

အကြိမ်တစ်ရာမက ဖတ်ရမည့်စာအုပ်။နောက်တစ်အုပ်က တခါပဲဖတ်ရမည့်စာအုပ်။ အကြိမ်တစ်ရာမကဖတ်ရမည့်စာအုပ်တွေဖတ်မှတ်လိုက်နာကျင့်သုံးရင် သတ်မှတ်ထားတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာအကြီးအကျယ်အောင်မြင်မယ်။ တစ်ကြိမ်ပဲဖတ်ရမည့် အိုင်ဒီယာတွေရထားတဲ့အခါမတူညီတဲ့ ရှုထောင့်တွေက မြင်တဲ့အတွက်ဘယ်အချိန်၊ ဘာလုပ်ရမယ်ဘယ်လိုတွေးရမယ် အကြီးအကျယ်မြင်စေနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့အိုင်ဒီယာတွေနဲ့ တစ်ကြိမ်တော့ ဓာတ်ပြုကြည့်။ ကိုယ်နဲ့ အလုပ်ဖြစ်တဲ့ အိုင်ဒီယာတွေကိုတော့အကြိမ်ကြိမ်ဓာတ်ပြုကြည့်။ There are two types of books: one that must be read over and over again and another that should be read just once. If you only read books that need to be read multiple times, you’ll achieve

စာအုပ်နှစ်မျိုးရှိတယ်။ Read More »

စာဖတ်တယ်ဆိုတာ

ခရီးထွက်ရသလိုပဲရှာဖွေတွေ့ရှိမှုတစ်ခု အသစ်တွေ့သွားတဲ့အခါအရင်မမြင်ခဲ့တဲ့ ကမ္ဘာကြီးမြင်သွားတယ်။လုပ်နည်းကိုင်နည်းအသစ်တွေ တွေ့လာတယ်။ Reading is like embarking on a journey. When you discover something new, it’s as if you’re seeing a world you’ve never seen before. You come across new ways of doing and handling things. Phyo Paing @ Derek

စာဖတ်တယ်ဆိုတာ Read More »

ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။

ဘဝမှာ ပေးထားချက်တွေရှိတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ဘဝပေးအခြေအနေမတူဘူး။ဖြတ်သန်းလာမှုမတူဘူး။ဘဝကို ဖြတ်သန်းချင်တဲ့ပုံစံမတူဘူး။အိမ်မက်တွေ မတူဘူး။အနာဂတ်အမြင်မတူဘူး။ တခါတလေ ဘဝမှာကိုယ့်ဘဝပေးထားချက်တွေ မကြည့်ပဲဖြစ်ချင်တာတွေပဲ ဇွတ်လုပ်လို့မရဘူး။ ဘဝရဲ့ ပေးထားချက်တွေပေါ်မူတည်ပြီးကိုယ့်အိမ်မက်တွေကိုတစ်ဆင့်ချင်းအကောင်အထည်ဖော်သွားဖို့ဘဝခရီးလမ်းတစ်လျှောက်မှာမှန်ကန်တဲ့ ရွေးချယ်မှုတွေပြုလုပ်ဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ဘဝအနာဂတ်ကိုဒီဇိုင်းလုပ်တဲ့အခါဘဝရဲ့ ပေးထားချက်တွေကို ချရေးလိုက်တယ်။ကိုယ်ဘယ်အရာကို ဝါသနာပါလဲ။ဘယ်အရာတွေကို ကျွမ်းကျင်သလဲ။အနာဂတ်မှာ ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်က ဘာလဲ။ဘဝကို ဘယ်လိုပုံစံဖြတ်သန်းချင်သလဲ။ဘယ်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးမလဲ။ဝင်ငွေကို ဘယ်လိုရှာမလဲ။လက်ရှိကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေး၊ငွေရေးကြေးရေး အခြေအနေကဘာတွေလဲ။ ဘာရွေးချယ်မှုတွေ ပြုလုပ်လို့ရသလဲ။အဲ့ထဲမှာ လုပ်သင့်တဲ့အရာတွေကဘာတွေလဲ။ဘယ်အချိန်မှာဘယ်မှာနေပြီး၊ဘယ်သူတွေနဲ့တွေ့၊ဘာတွေလုပ်နေသင့်သလဲ။ ဘဝဆိုတာ “ပေးထားချက်တွေပေါ်မူတည်ပြီး”“အနာဂတ်အမြင် အကောင်အထည်ဖော်ဖို့”“ရွေးချယ်မှုတွေပြုလုပ်ပြီး”၊“တကယ်လက်တွေ့ အကောင်အထည်ဖော်”တဲ့နေရာပဲ။ In life, there are given situations and choices that you must navigate. To create your best self, you need to

ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။ Read More »

ကိုယ်ဘယ်လိုလူလဲဆိုတာ
အကြမ်းဖျင်းသိနိုင်တယ်။

၁။ ကိုယ့်ဘေးကလူတွေပျော်လား၂။ ကိုယ့်ဘေးကလူတွေ တိုးတက်နေလား၃။ ကိုယ့်ဘေးကလူတွေ ပိုတော်၊ ပိုပျော်၊ ဘဝတွေ ပိုကောင်းလာလား။ သာမာန်အချိန်အများစုကိုဒါနဲ့ကြည့်လို့ရနိုင်တယ်။ ကိုယ်နဲ့ဆက်ဆံတဲ့သူတွေကိုကြည့်ပြီးကိုယ်ဘယ်လိုလူလဲဆိုတာအကြမ်းဖျင်းသိနိုင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုလူလဲဆိုတာ
အကြမ်းဖျင်းသိနိုင်တယ်။
Read More »

ဘဝက

ကိုယ့်ကို ပြဿနာတစ်ခုပြီးတစ်ခုပေးလိမ့်မယ်။သင်္ချာပုစ္ဆာတွေလို သဘောထားလိုက်တော့အဖြေရှာရတာနဲ့ ချစ်ကျွမ်းဝင်လာတယ်။ Phyo Paing @ Derek

ဘဝက Read More »

1 + 1 > 2

ကိုယ်တစ်ယောက်တည်းမိုးပျံနေအောင်တော်လဲလုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ ဒါကြောင့် လူတွေနဲ့ ပေါင်းစည်းလုပ်တတ်တဲ့ အကျင့်လိုတယ်။ ဒါမှ 1 + 1 > 2 ထက်ကျော်လွန်တဲ့synergy ရမှာ။ ဒီလို ပေါင်းစည်းလုပ်ကိုင်နိုင်ဖို့လူတွေကို နားလည်ဖို့အရေးကြီးတယ်။သူတို့ရဲ့ အားသာချက်နဲ့သူတို့ ဘာလိုချင်လဲကို သိဖို့လိုတယ်။ ကိုယ့်ဖက်ကကြီး မကြည့်ပဲသူတို့လိုချင်တာပေးရင်းကိုယ်လိုချင်တာလဲရအောင်လုပ်ဆောင်ပေးနိုင်တဲ့အခါ1 + 1 > 2 (synergy) ကိုရမယ်။ လူတစ်ယောက်နဲ့ အလုပ်လုပ်သင့်မလုပ်သင့်ကြည့်တဲ့အခါသူနဲ့ အလုပ်လုပ်လိုက်တဲ့သူတွေရေတိုမှာ ဘာဖြစ်သွားကြသလဲ၊ရေရှည်မှာ ဘာဖြစ်သွားကြသလဲ ကြည့်လို့ရတယ်။ Alone,One can soar through the skies,Yet one’s power has its limits.Thus, the skill to collaborate with others is essential,For it is

1 + 1 > 2 Read More »

အခုအချိန် ငါးခု

၁။ အတတ်ပညာတစ်ခု ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် သင်ပါ။ အလုပ်ပေါပြီး နေရာတော်တော်များများမှာ အလုပ်ရှာလို့ရတဲ့ အတတ်ပညာသင်ပါ။ ဥပမာ စာရင်းကိုင်ဆို ACCA နောက် Technical skills တွေဖြစ်ပြီး အလုပ်ရှာလို့လွယ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ လေ့လာပါ။ ၂။ အဆက်အသွယ် အချိတ်အဆက်ရှာပါ။ တပြိုင်တည်းမှာပဲ အလိမ်အလည်သတိထားပါ။ ၃။ ဘာသာစကားကျွမ်းကျင်အောင်သင်ပါ။ ၄။ အချိန်လုံးဝမဖြုန်းပါနဲ့။ ကိုယ့်အခြေအနေနဲ့ တခြားနိုင်ငံကသူတွေ အခြေအနေမတူတာသတိပြုပါ။ ၅။ ထောက်ပံ့ပေးမည့်သူရှိရင်လွယ်ကူပေမယ့် ထောက်ပံ့ပေးမည့်သူမရှိတဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မြန်မာလူငယ်တွေ နေရာအနှံ့မှာရှိပါတယ်။ Phyo Paing @ Derek

အခုအချိန် ငါးခု Read More »