Nyan Htet

အဟောင်းတွေကို ထားခဲ့ပါ။

ebook တွေဖတ်တဲ့အခါattention ပိုစိုက်ရသလို၊စာရွက်တွေဖတ်သလို အရသာမရှိဖြစ်နေခဲ့တယ်။​ ဒါပေမယ့် အဲ့ဒီအချိန်မှာebook ဖတ်ဖို့က future ဆိုတာ သိထားတယ်။ဒါကြောင့် အပင်ပန်းခံပြီးebook တွေဖတ်တယ်။ ကျင့်သားမရသလို ဖတ်ရတာစာအုပ်တွေလို အရသာမရှိခဲ့ဘူး။မတူညီတဲ့ format တွေကိုCalibre ebook management softwareအသုံးပြုခဲ့တယ်။ Amazon ရဲ့ kindlee ink reader တွေသုံးပြီးဖတ်တယ်။စာရွက်လှန်ရတာ ကြာတော့ အားမရဘူး။speed-reading လုပ်လို့မရဘူး။ 2010 April မှာ iPad 1st gen ထွက်တယ်။iBooks ပါလာတယ်။ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာအကုန်ကိုiPad မှာ ဖြေရှင်းပေးသွားတယ်။ ဒီနောက်ပိုင်းမှာ စာဖတ်ဖို့ စနစ်တစ်ခုကောင်းကောင်းတည်ဆောက်လာနိုင်ခဲ့တယ်။ အနာဂတ်ကို သွားဖို့အတွက်Paper book တွေကို ထားခဲ့မှရမယ်။eBook တွေနဲ့ အသားကျမှရမယ်။​Generation Alpha က ebook နဲ့ကြီးမယ်။GenZ တွေက […]

အဟောင်းတွေကို ထားခဲ့ပါ။ Read More »

Speed-reading လေ့ကျင့်ပါ။

တစ်ရက်တစ်နာရီအတွင်းစာတစ်အုပ်ဖတ်ဖို့ Speed-reading ကို2006 Jan ကတည်းက လေ့ကျင့်လာခဲ့တယ်။ သာမာန်လူက စာတစ်လုံးချင်းစီဖတ်တယ်။နည်းနည်းမြန်လာရင် phrase by phrase ဖတ်တယ်။ဒီထက်မြန်လာရင် တစ်ပိုဒ်ချင်းစီဖတ်တယ်။ဒီထက်ပိုမြန်လာရင် တစ်ရွက်ချင်းစီဖတ်တတ်လာတယ်။ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်တဲ့Elon Musk တို့ Bill Gates တို့၊Speed-reading ကို ကျင့်သုံးခဲ့ကြတာ။ Speed-reading ကျွမ်းကျင်ဖို့အချိန်တစ်ခုလိုတယ်။​2006 မှာစခဲ့တာ 2012 လောက်မှဆေးအောင်တယ်။ ဒီ Speed-reading ဟာknowledge တွေအများကြီးကိုအချိန်တိုအတွင်း စုပ်ယူနိုင်အောင်ကူညီပေးခဲ့သလိုငယ်ငယ်က လေ့ကျင့်ခဲ့တဲ့memory training ဟာလေ့လာမှုကို မြန်နှုန်းမြင့်စေခဲ့တယ်။ တစ်ရက်စာတစ်အုပ်ဖတ်ပြီးVideo တစ်ခုလုပ်လာတာမကြာခင်လာမည့် မွေးနေ့မှာရက် ၁၀၀၊ အုပ် ၁၀၀ ပြည့်ပြီ။ ဆေးကျောင်းတက်နေစဥ်ကကျောင်းပြီးလို့ တခြားပညာရပ်များထပ်လေ့လာခဲ့ရရင်အချိန်တွေကို ဘယ်လိုချုံ့ရမလဲမေးရင်း Accelerated Learning ကိုအားထည့်လေ့လာခဲ့မိတယ်။ ဒါနဲ့ပတ်သက်တဲ့ learning technologiesတွေကို အနာဂတ်လူငယ်တွေအတွက်ဖန်တီးပေးသွားဖို့ ဆုံးဖြတ်ထားတယ်။ Phyo

Speed-reading လေ့ကျင့်ပါ။ Read More »

Systems Thinking

ပြဿနာတစ်ခုဖြစ်လာရင်အထင်အမြင်နဲ့အလွယ်တကူဆုံးဖြတ်ချက်ချလိုက်ကြတယ်။Perception-based decision-making လို့ခေါ်တယ်။ ဒီနေ့လိုခေတ်မှာ internet မှာတွေ့လိုက်တဲ့ပုံMedia ကဖော်ပြချက်တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာပြီးအထင်အမြင်ပေါ်မူတည်ဆုံးဖြတ်ချက်ချကြတယ်။ နောက်တစ်နည်းကတော့ အချက်အလက်ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချကြတယ်။Cause & Effect Model လို့ခေါ်တယ်။ဒါကြောင့် ဒါဖြစ်တယ်ဆိုတဲ့ model ပေါ့။ဥပမာ အလုပ်မကြိုးစားလို့ ဆင်းရဲတယ်။ဒီ model ရဲ့ flaw ကတရားသေမမှန်တာပဲဖြစ်တယ်။အလုပ်မကြိုးစားလို့ ဆင်းရဲတာဖြစ်နိုင်ပေမယ့်အလုပ်ကြိုးစားပြီးလဲ ဆင်းရဲနေတာဖြစ်နိုင်တယ်။သူ့ကိုလွမ်းမိုးနေတဲ့ Cultural, Geopolitical factorsတွေအများကြီးရှိနေနိုင်သေးတယ်။ နောက်စဥ်းစားနည်းတစ်ခုကတော့Systems Thinking လို့ခေါ်ပါတယ်။ဒါကိုတော့ ဆေးပညာလေ့လာတဲ့အခါမသိမသာ သတိထားလေ့လာမိခဲ့တယ်။ကျန်းမာရေးမကောင်းရင်ရောဂါလက္ခဏာပြတယ်။​ပြတဲ့ ရောဂါလက္ခဏာရဲ့ အရင်းအမြစ်ကိုသိဖို့ခန္ဓာကိုယ်မှာရှိတဲ့ System တွေကိုလိုက်စစ်ကြည့် စမ်းသပ်ရတယ်။အဲ့ကမှ အဖြေပေါ်လာတယ်။Systems Thinking နဲ့ Root-cause Analysisကိုလုပ်တယ်။ အလားတူပဲ ကျွန်တော်တို့ဘဝဆိုတာSystem တွေစုစည်းထားတာဖြစ်တယ်။ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊အချစ်ရေး၊ မိသားစုအရေး၊ စီးပွားရေး၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အစရှိတဲ့စနစ်တွေ ပါဝင်တယ်။စနစ်တစ်ခုမှာ ချို့တဲ့ရင် တခြားစနစ်တွေပေါ်မှာပါသက်ရောက်မှုရှိနိုင်တယ်။ ဥပမာ

Systems Thinking Read More »