People

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။

လူတွေကို ဂုဏ်ယူစေတဲ့အရာတစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ကိုယ့် client တွေ အောင်မြင်ရင်ဂုဏ်ယူတယ်။ကိုယ်ထုတ်တဲ့ကုန်ပစ္စည်းတွေကအသုံးပြုသူတွေရဲ့ ဘဝတိုးတက်ပြောင်းလဲစေရင်ဂုဏ်ယူတယ်။မစဥ်းစားမိတဲ့ ရှုထောင့်ကရေးလိုက်တဲ့စာတခြားသူတစ်ယောက်က အကျိုးရှိသွားရင်ဂုဏ်ယူတယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့အခက်အခဲဖြစ်ဖြစ်အထာကျကျ ဖြေရှင်းနိုင်တာ ဂုဏ်ယူတယ်။ Phyo Paing @ Derek

လူတွေကို ဂုဏ်ယူစေတဲ့အရာ
တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။
Read More »

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။

ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူတွေကသူများကိုလဲ အထင်သေးတတ်တာများတယ်။ အပြင်ပန်းမှာ ဟန်ဆောင်ထားတာဖြစ်ရင်ဖြစ်မယ်။ တခါတလေ လူမှုကွန်ယက်မှာဖြစ်ဖြစ်၊ဘဝမှာဖြစ်ဖြစ် ကိုယ့်ကိုအထင်သေးတဲ့ပုံစံစကားပြောတဲ့အခါ စိတ်မတိုလိုက်နဲ့။ လူတွေရဲ့ စိတ်ထဲမှာ မလှုံခြုံတဲ့စိတ်တစ်ခုရှိတယ်။ကိုယ်က နောက်ကောက်ကျန်ခဲ့မှာ ကြောက်တယ်။ တခါတလေ ကိုယ့်ကိုယ်မေးခွန်းထုတ်တဲ့မေးခွန်းကသူ့ကိုယ်သူ ရှာနေတဲ့ အဖြေလဲဖြစ်နိုင်တယ်။ လူတွေကို နားလည်ရင် ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာလွယ်ကူသွားနိုင်တယ်။ Phyo Paing @ Derek

လူတွေကို နားလည်ရင်
ဘဝပြဿနာ အများစု အဖြေရှာတဲ့နေရာ
လွယ်ကူသွားနိုင်တယ်။
Read More »

လူတွေကို ခွဲခြားဆက်ဆံပါ။

လူတွေကို ခွဲခြားဆက်ဆံပါ။ လူတွေကို ပျော်စေတာလဲ လူတွေ။လူတွေကို နာကျင်စေတာလဲ လူတွေ။ တချို့လူတွေက ကိုယ့်ဘဝအတွက်အရေးပါတယ်။တချို့လူတွေက အရေးနည်းနည်းပါတယ်။တချို့လူတွေက အရေးမပါဘူး။ ဘဝမှာ ဒဏ်ရာ trauma တွေရတာနည်းချင်ရင် လူတွေကို ခွဲခြားဆက်ဆံကြည့်ပါ။ လူတိုင်းကို ကိုယ့်အပေါ်အရေးပါတဲ့အရေးပါမှုနှုန်း မတူကြဘူး။ သူတောင်းစားတစ်ယောက်က ကိုယ့်ကို ဆဲသွားတာနဲ့၊ ကိုယ်လေးစားတန်ဖိုးထားတဲ့ သူတစ်ယောက်ကကိုယ့်ကို အပြစ်တင်တာနဲ့ ခံစားချက်ခြင်း မတူဘူး။ ဒီနေ့လို လူမှုကွန်ယက်ခေတ်မှာ လူတိုင်းရဲ့ အထင်အမြင်ကို ခံစားနေရင်ဒဏ်ရာတွေ နာကျင်မှုတွေ ကုစားလို့နိုင်မှာကို မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာ အရေးပါတဲ့လူနဲ့ အရေးမပါတဲ့သူခွဲသိဖို့လိုသလိုအရေးမပါတဲ့လူတွေရဲ့ စကားကြောင့်စိတ်ညစ်ခံမနေပါနဲ့။ Phyo Paing @ Derek

လူတွေကို ခွဲခြားဆက်ဆံပါ။ Read More »

တူရာ တူရာပဲစုတယ်။

လူတိုင်းက ကျွမ်းကျင်ရာ လိမ္မာရာ အသက်မွေးကြတယ်။ အလုပ်အပေါ်ထားတဲ့ ခံယူချက်တွေကခံစားချက်တွေကို လွမ်းမိုးတယ်။ အကောင်းဆုံး ဖောက်သည်တွေရချင်ရင်အကောင်းဆုံးဖြစ်အောင် လုပ်နေဖို့လိုတယ်။ ဓာတ်တူရာစုဖြစ်တဲ့အတွက်တူရာ တူရာပဲစုတယ်။ Phyo Paing @ Derek

တူရာ တူရာပဲစုတယ်။ Read More »

Alignment လွဲတတ်ကြတယ်။

လူတွေက လောကကြီးကိုကိုယ့်ပုံပြင်ထဲ ဝင်စေချင်ကြတယ်။ ကိုယ့်မိဘရဲ့ ပုံပြင်နဲ့ကိုယ့်ပုံပြင် မတူတဲ့အခါ။ ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ရဲ့ ပုံပြင်မတူတဲ့အခါ။ ဝန်ထမ်းတွေနဲ့အုပ်ချုပ်သူရဲ့ ပုံပြင်မတူတဲ့အခါ။ Alignment လွဲတတ်ကြတယ်။ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ပုံပြင်နဲ့ မြင်ကြတဲ့အခါပြောနေတဲ့ ပုံပြင်တွေ တူဖို့တော်တော်အရေးကြီးတယ်။ ဒါမှ ဘဝရဲ့ အခန်းဆက်တွေမှာတူတူရှေ့ဆက်လို့ရမှာ။ Phyo Paing @ Derek

Alignment လွဲတတ်ကြတယ်။ Read More »

ဒါကို leverage လို့ခေါ်တယ်။

နည်းနည်းလုပ်ပြီး များများရတာ leverage ပဲ။ အလုပ်နည်းနည်းလုပ်ပြီးရလဒ်များများရဖို့ leverage လုပ်လို့ရတယ်။ ငွေနည်းနည်းရင်းပြီးရလဒ်များများရဖို့ leverage လုပ်လို့ရတယ်။ လူတွေနဲ့ တိရစ္ဆာန်ကိုကွာစေတာ leverage လုပ်နိုင်စွမ်းပဲ။ ကျားသစ်ကြုတ် တစ်ကောင်အပြေးဘယ်လောက်မြန်မြန်မန္တလေးက ရန်ကုန်ကို တစ်ပြိုင်တည်းမပြေးနိုင်ဘူး။လူတွေက နည်းပညာသုံးတဲ့အခါမန္တလေးက ရန်ကုန်ကို တစ်ခါတည်းသွားလို့ရတယ်။ ကြိုးစားမှုထက် အသုံးချတတ်မှုကအရင်လာတယ်။ ဒါကို leverage လို့ခေါ်တယ်။ လူ၊ နည်းပညာ၊ အဆက်အသွယ်၊ သတင်းအချက်အလက်ဘယ်အရာတွေကို ကိုယ့်ရဲ့ leverage အနေနဲ့အသုံးပြုနေလဲ။ A little effort for greater returns is all about leverage. You can achieve more results with less work by leveraging. Similarly, with

ဒါကို leverage လို့ခေါ်တယ်။ Read More »

လူဖြစ်ခြင်းတာဝန်ကို

လူတစ်ယောက်က ကမ္ဘာမြေကြီးပေါ်မွေးလာတိရစ္တာန်တွေကို စားသောက်၊ အသီးအရွက်တွေ စားသောက်ပြီးလူအချင်းချင်း ဒုက္ခပေးသွားတဲ့သူတွေရှိတယ်။ ဒီအတိုင်းပဲ ပြန်သေသွားတဲ့သူတွေရှိတယ်။ လူ့အဖွဲ့အစည်းမှာ တာဝန်ကျေတဲ့သူသားတစ်ယောက်အနေနဲ့ တခြားသူတွေရဲ့ဘဝနေထိုင်မှုပိုကောင်းအောင် ကူညီပေးတဲ့သူတွေရှိတယ်။ လူသားမျိုးနွယ်အကုန်မဟုတ်ရင်တောင်၊လူမျိုးတစ်မျိုး၊ တစ်နိုင်ငံကို ကိုဘဝတွေ တိုးတက်ပြောင်းလဲအောင်လုပ်ပေးသွားတဲ့သူရှိတယ်။ လူသားမျိုးနွယ်စုတစ်ခုလုံးဘဝတွေပိုကောင်းအောင်ဆက်သွယ်မှုပိုမြန်၊ မီးအလင်းရောင်တွေရ၊ လေထဲ၊ ရေထဲမှာ ခရီးသွား၊ အသိပညာတွေ အလင်းပွင့်၊ အသက်တွေ ပိုရှည်၊ အာကာသထဲထိခြေဆန့်ဒီလို အပြောင်းအလဲလုပ်ပေးသွားတဲ့ သူတွေရှိတယ်။ ဒီလို လူအချင်းချင်းဒုက္ခပေးတဲ့သူ၊ ဘဝကို ဖြစ်သလိုကုန်ဆုံးသူ၊ လူဖြစ်ခြင်းတာဝန်ကို ကိုယ့်ကဏ္ဍကိုယ်သိ ထမ်းဆောင်သူတွေရှိတယ်။ နိုင်ငံတစ်ခုကိုပြောင်းလဲသွားပေးတဲ့သူတွေရှိတယ်။လူသားတွေဘဝကို ပြောင်းလဲမြင့်တင်သွားပေးတဲ့သူတွေရှိတယ်။ Every individual emerges into the vast expanse of our world, engaging in the consumption of animals, fruits, and

လူဖြစ်ခြင်းတာဝန်ကို Read More »

လေးစားမှုဆိုတဲ့အရာက
အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။

ကျွန်တော် ဆေးကျောင်းမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။နောက်ဆုံးတန်းမှာ သူနဲ့အမြဲထိုင်တယ်။စာကြည့်တိုက်လုပ်ပြီး လူတွေကို ပညာအလင်းဖွင့်ပေးတယ်။ ယုံကြည်ရာအတွက် ဘဝကိုစတေးတယ်။သူယုံကြည်ရာအတွက် သူ့နောက်လိုက်တွေကို“ပစ်မထားခဲ့ဘူး”။ တခါတလေ လေးစားမှုဆိုတဲ့အရာက အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာတဲ့အခါဖန်တီးတဲ့သူတွေရှိတယ်။တွန်းလှန်တဲ့သူတွေရှိတယ်။ ဘေးထိုင်ဘုပြောတဲ့သူတွေရှိတယ်။ကြားထဲက အမြတ်ထုတ်သွားတဲ့သူတွေရှိတယ်။ကြည့်စရာမျက်နှာတွေများတဲ့အတွက် ရှေ့ဆက်နေရတဲ့သူတွေရှိတယ်။ချနှင်းခံရတဲ့သူတွေရှိတယ်။ ကိုယ်ဘယ်နေရာပါမလဲလိပ်ပြာလုံဖို့လိုတယ်။ Phyo Paing @ Derek

လေးစားမှုဆိုတဲ့အရာက
အထူးလုပ်ယူနေလို့ရတဲ့အရာမဟုတ်ဘူး။
Read More »