Recommendation

“ကိုယ်လိုချင်တာ ရအောင်မယူနိုင်တာ

ကိုယ် $ သုံးမကျလို့။ တခြားသူတွေကို အပြစ်တင်ဖို့ အကြောင်းပြချက် လိုက်ရှာမနေနဲ့။” အဲ့လိုရေးရင် ကြမ်းများသွားမလား။ Phyo Paing @ Derek

“ကိုယ်လိုချင်တာ ရအောင်မယူနိုင်တာ Read More »

အောင်မြင်မှု၊ ကျဆုံးမှု
ပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာ
Culture ကို တွေ့လိမ့်မယ်။

ဆွေစဉ် ခုနှစ်ဆက် သတ်ခံရတယ်။ဒါအရင် ဘုရင်ခေတ်က တရုတ်မှာ အမျိုးထဲက တစ်ယောက်ကT တလွဲလုပ်ရင် ဖြစ်တာ။ ဒီတော့ အမျိုးချင်းစည်းလုံးဖို့လိုလာတယ်။ အချင်းချင်း ဖေးမဖို့လိုလာတယ်။ အိမ်ထောင်ပြုဖို့ သူများသမီးကို အိမ်ခေါ်ထားဖို့အိမ်ထောင်ပြုလို့ရဖို့ ငွေကြေးကို ပိုးစိုးပက်စက်ရှာကြရတယ်။ ဒီတော့ အသက် ၃၀ လောက်ဆို လူရိုသေရှင်ရိုသေ နေရာတစ်ခုရှိနေဖို့ ကြိုးစားအားထုတ်ကြရတယ်။ 面子 မျက်နှာရဖို့ အရေးကြီးတယ်။ ငွေမရှိရင် ရှက်စရာလို့ထင်တယ်။ဒီတော့ စျေးရောင်းရမှာ စီးပွါးရေးလုပ်ရမှာ ရှက်စရာမဟုတ်ဘူးဒီအတွေးအခေါ်က မွေးကတည်းကရှိလာတယ်။ အောင်မြင်မှု၊ ကျဆုံးမှုပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာCulture ကို တွေ့လိမ့်မယ်။ Phyo Paing @ Derek

အောင်မြင်မှု၊ ကျဆုံးမှု
ပြဿနာအကုန်လုံးရဲ့ အမြစ်ကိုရှာ
Culture ကို တွေ့လိမ့်မယ်။
Read More »

လောကဓံကို ကြံ့ကြံ့ခံဖို့
နေ့စဉ် training ဆင်းနေဖို့လိုတယ်။

တချို့တွေက တရားထိုင်ပြီးသေဖို့ ပြင်ဆင်ကြတယ်။တချို့တွေ ငွေကြေးလွတ်မြောက်မှုအတွက်ပြင်ဆင်ကြတယ်။ တချို့တွေက အသက် ၁၀၀ လောက်ထိနေဖို့ ပြင်ဆင်ကြတယ်။တချို့တွေ အလုပ်က retire ယူဖို့ပြင်ဆင်ကြတယ်။ အနာဂတ်အတွက် နေ့စဉ်training ဆင်းနေဖို့လိုတယ်။ Phyo Paing @ Derek

လောကဓံကို ကြံ့ကြံ့ခံဖို့
နေ့စဉ် training ဆင်းနေဖို့လိုတယ်။
Read More »

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။

စိတ်ပါမှ စာကျက်မယ်ဆိုဆယ်တန်းတောင် အောင်ခဲ့မှာ မဟုတ်ဘူး။လောကမှာ ဆေးခါးသောက်ရတဲ့အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့ နောက်တစ်ဆင့်ရောက်ဖို့စိတ်မပါပေမယ့်၊ စိတ်ဖိစီးမှု များပေမယ့်၊ လုပ်ချင်ကိုင်ချင်စိတ်မရှိပေမယ့် လုပ်ရတဲ့ အချိန်တွေ လူတိုင်းမှာရှိတယ်။ ဒီအရာတွေက လူတွေရဲ့ဘဝကို ကွာခြားသွားစေတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။
Read More »

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။

ကျွန်တော် Derek ရဲ့ Mental Model ၁၂ ခု ၁။ ဆုံးရှုံးနိုင်ခြေ ဘယ်လောက်ရှိသလဲ။ အကောင်းဆုံးဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ။ ဒါက ကျွန်တော်အမြဲအသုံးပြုတဲ့mental model တစ်ခုဖြစ်တယ်။ Mental model ဆိုတာ အခြေအနေတစ်ခုကို အဓိပ္ပာယ်ဖွင့်တဲ့အချိန်ဆုံးဖြတ်ချက်ချတဲ့အချိန်အသုံးပြုတဲ့မြေပုံ တစ်ခုဖြစ်တယ်။ ဒီ downside risk ဘယ်လောက်ရှိလဲ၊upside potential ဘယ်လောက်ရှိသလဲဟာဆုံးဖြတ်ချက် ချတာတွေကို လွယ်ကူစေတယ်။ ၂။ မနက်ဖြန် ဘာပြဿနာကြုံနိုင်လဲ။ ဒါက ဒုတိယ mental model ဖြစ်တယ်။ ကျောင်းပြီးရင် အလုပ်မရတာကြုံနိုင်တယ်။ အလုပ်လုပ်တဲ့အခါ မအောင်မြင်တာကြုံနိုင်တယ်။Social Media မှာ content marketing လုပ်တဲ့အခါကိုယ့်ကို တိုက်ခိုက်တာတွေ ကြုံနိုင်တယ်။ဝန်ထမ်းရေးရာ ပြဿနာ ကြုံနိုင်တယ်။အသက်ကြီးတဲ့အခါ မကျန်မာတာကြုံနိုင်တယ်။အထီးကျန်တာ ကြုံနိုင်တယ်။ စိတ်ရဲ့ ကျက်စားရာမရှိတာ ကြုံနိုင်တယ်။သေခါနီးအချိန်

ကိုယ့်ရဲ့ mental model ကို
ကိုယ်တိုင် သိပြီလား။
မသိရင် ဘဝရဲ့ တိုင်ပတ်မှုအပေါင်း
သရဖူဆောင်းတဲ့ ဝဲကယက်ထဲက
ထွက်နိုင်ဖို့ မလွယ်ဘူး။
Read More »

အကြွားသန်ဖို့ထက် အမှန်တတ်ဖို့
ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။

ဂုတ်တွေ ကွန်ပြူတာတွေနဲ့ဟိတ်ကြီးဟန်ကြီးနဲ့ ဓာတ်ပုံတွေရိုက်Congratulations တွေတင်Billboard တွေ ထောင်ပြီးBusiness Plan လောက်တောင်မဆွဲတတ်၊ Financial Projections မလုပ်တတ်တာကို လူ့ပေါက်ပန်းလို့နာမည်ပေးထားတယ်။အဲ့လို အဟန်ပဲရှိပြီး အဆံမရှိတဲ့Culture ကို တိုက်ဖျက်ချင်တယ်။ဒီခံယူချက်နဲ့ အလုပ်လုပ်နေတာပဲ။အကြွားသန်ဖို့ထက် အမှန်တတ်ဖို့ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။ Phyo Paing @ Derek

အကြွားသန်ဖို့ထက် အမှန်တတ်ဖို့
ပိုအရေးကြီးတယ်လို့ ယူဆထားတယ်။
Read More »

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့ကအလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်ဥပဒေသလေးတွေရှိတယ်။ Robert Greene ရဲ့ 48 laws of power မှာလဲပါတယ်။ကိုယ့်ဆရာ၊ boss ထက်သာကြောင်းအရမ်းကာရော မပြချင်နဲ့။ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။ဒါကို never outshine your master လို့ခေါ်တယ်။ အလုပ်ခွင်ဝင်ကတည်းကဒါကို သတိထားတယ်။Meeting မှာ၊ လူကြားသူကြားမှာကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီးလမ်းလျှောက်တာ၊ Level တူပြတာ ဘယ်တော့မှမလုပ်ခဲ့ဘူး။ ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်လူကြားသူကြားမှာ ဆရာနဲ့ တန်းတူနေပြတာ၊သူထက်တတ်ကြောင်းပြတာဟာကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။ အကြောင်းကတော့ လူတိုင်းမှာ Ego အတ္တ ရှိတယ်။ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီးကိုယ့်အလှည့်ရောက်ဖို့မဟာဗျူဟာကျကျစောင့်ပြီးပြင်ဆင်နေဖို့လိုတယ်။ ခေါင်းငုံ့သည်းခံပြီးအချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာEQ ကောင်းတာပဲ မဟုတ်လား။ Phyo Paing @ Derek

ခေါင်းငုံ့ Read More »

Principles

Billionaire Ray Dalio ရဲ့Principles စာအုပ်ထဲကစာကြောင်းတစ်ကြောင်းကိုအရမ်းသဘောကျတယ်။“လူအများစုဟာဘာသာတရားနဲ့ legal framework တွေ၊ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့pre-packaged principles တွေကြားကရုံးမထွက်နိုင်ကြဘူးတဲ့။” ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာအရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။လူသားတွေအားလုံးဟာ အပြစ်ရဲ့သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့guilty ဖြစ်အောင်လုပ်ပြီးလူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။ လူသားတွေရဲ့ Psychological safetyပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာပေါ်ပေါက်လာတယ်။ အနောက်တိုင်းကနေ Colony ပြုတော့ပထမဆုံး export လုပ်တာ religion ပဲ။အာသောကမင်းကြီးလက်ထက်မှာBuddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။​တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာConfucius Center ဆိုတာလုပ်တယ်။​Empire တစ်ခု တည်ဆောက်ဖို့philosophy တစ်ခု၊ Belief System တစ်ခုကိုပြန့်အောင်လုပ်ပြီးလူအများလက်ခံဖို့လိုတယ်။ Empire တစ်ခုတည်ဆောက်ဖို့philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကိုပြန့်ပွားအောင် propagade လုပ်တဲ့အခါတချို့ message

Principles Read More »

တရုတ်စာလေ့လာဖို့ အရမ်းကောင်းတဲ့ App တစ်ခု

တစ်ကမ္ဘာလုံးမှာ English လိုပြောတဲ့လူ1.35 billion ရှိတယ်။တရုတ်လို ပြောတဲ့လူ1.31 billion ရှိတယ်။ကမ္ဘာ့လူဦးရေ 7.9 Billion မှာ2.66 billion က English နဲ့ တရုတ်လိုပြောတယ်။ ဒါဆို Utility value အရကြည့်မယ်ဆိုရင်သတင်းအချက်အလက်ရှာဖွေဖို့၊ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားတစ်ခုစတင်လေ့လာဖို့ရွေးရမယ်ဆိုရင်English ဖြစ်ပြီး ဒုတိယကတော့Chinese ဖြစ်တယ်။ ဒါကတော့ စလုံးရဲ့ဖခင်ဖြစ်တဲ့Lee Kuan Yew စဥ်းစားခဲ့တဲ့ပုံစံဖြစ်ပြီးBilingual Education နဲ့တရုတ်နဲ့ အနောက်ကမ္ဘာကြားပွဲစားနိုင်ငံလုပ်ပြီး မဟာဗျူဟာကျကျတတိယနိုင်ငံတွေကြားထဲကပထမနိုင်ငံ အိုအေစစ်တည်ဆောက်သွားခဲ့တယ်။ Predictive Texting လို့ခေါ်တဲ့ဒီနေ့ခေတ်မှာ ဘာစာကြောင်းကိုရိုက်ချင်လဲဆိုတာတရုတ်က နှစ်ပေါင်းများစွာကတည်းကသုံးနေပြီးသားဖြစ်နေတယ်။ မော်စီတုန်းလက်ထက်မှာ computer ပေါ်ကQWERTY Keyboard ပေါ်တရုတ်စကားလုံးတွေဆန့်အောင် ပညာရှင်တွေ စဥ်းစားကြံဆခဲ့ကြတယ်။အဲ့အချိန်က တရုတ်ဆိုတာ လူအထင်မကြီးတဲ့အချိန်။ Bopomofo လို့ခေါ်တဲ့ Zhuyin ကို phoneticsအနေနဲ့ အသုံးပြုကြတယ်။​ဒါကို အသံထွက်

တရုတ်စာလေ့လာဖို့ အရမ်းကောင်းတဲ့ App တစ်ခု Read More »