Sale

သင့်ရောင်းအားကို ချက်ချင်း
တိုးတက်စေနိုင်တဲ့ အချက် ငါးချက်

သင့်ရောင်းအားကို ချက်ချင်းတိုးတက်စေနိုင်တဲ့ အချက် ငါးချက် ၁။ ကိုယ့်လုပ်ငန်းအတွက် နေ့စဥ် post တင်ပါ။ ၂။ တင်သမျှ ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေအတွက် အကျိုးရှိစေဖို့ အဓိကထားပါ။ ၃။ ကြော်ငြာရေးနည်း၊ စာရေးနည်း လေ့လာပါ။ ၄။ ကိုယ့်လုပ်ငန်းအပေါ်ထားတဲ့ အတွေးအခေါ်ကို ပြောပြပါ။ ၅။ အလားအလာရှိတဲ့ ဖောက်သည်တွေသိချင်တဲ့ မေးခွန်းတွေကိုဖြေပေးပါ။ Guerrilla Marketing Coach – Myanmar Here are five tips to improve your sales immediately: 1. Post daily for your business. Consistency is key.2. Focus your content on how it […]

သင့်ရောင်းအားကို ချက်ချင်း
တိုးတက်စေနိုင်တဲ့ အချက် ငါးချက်
Read More Âť

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။

ဖောက်သည်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ကလဲဖောက်သည်နဲ့မတွေ့ခင် role play တွေအကြိမ်ကြိမ်အခါခါ လုပ်ရတယ်။ အရောင်းသမားတစ်ယောက်ကလဲရောင်းချခြင်းစနစ်ထဲမှာသွားဖို့မင်္ဂလာပါအစ်ကို၊ အစ်မကစလို့ဝယ်ပြီး ပြန်တဲ့အထိ စနစ်တကျသွားရတယ်။ ဒီလိုတွေဖြစ်အောင် လုပ်ငန်းတွင်း၊လုပ်ငန်းပြင်ပ Trainer တွေခေါ်ပြီးသင်တန်းပေးကြတယ်။ ဘာကြောင့်လဲ?စနစ်ကျအောင်၊ စံမိဖို့စီမံခန့်ခွဲမှုကောင်းအောင်။ အရောင်းသမားတွေတောင်ပလန်နဲ့ စနစ်တွေလုပ်နေရင်လုပ်ငန်းကြီးကို ဦးဆောင်နေတဲ့မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင်က ပလန်နဲ့ စနစ်လိုမလားစဉ်းစားကြည့်ရင် သိနိုင်တယ်။ ကုန်ပစ္စည်းတွေမှာတဲ့အခါInventory Planning လိုမယ်။ကုန်ပစ္စည်းတွေပြန်စစ်ဖို့စနစ်လိုမယ်။ အလိုလိုပေါက်တာ မြက်ပင်ပဲရှိတယ်။ ပလန်နဲ့ စနစ်မလိုရင်မန်းနေ့မန့်ဆရာတွေလဲ မလိုတော့ဘူး။ ဒီရက်ပိုင်းလုပ်ဖြစ်တဲ့ Training တွေပြီးတော့စဉ်းစားမိတာလေးများ။ Phyo Paing @ Derek

အရောင်းသမားတစ်ယောက်က
အရောင်းအတွက် မဖြစ်မနေ
Pre-call planning ဆိုတာလုပ်ရတယ်။
Read More Âť

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။

ဘာအလုပ် လုပ်နေနေ ရောင်းနေရပါတယ်။ ဒါကြောင်း သမာအာဇီဝနဲ့ စျေးရောင်းတာ ရှက်စရာမဟုတ်ဘူးလို့ အမြဲ ယူဆပါတယ်။

လူတိုင်းက နေ့စဥ်ရောင်းချခြင်းကို
လုပ်နေရတယ်။
Read More Âť

ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။

ငယ်ငယ်က လူတွေကိုယ့်ကုန်ပစ္စည်း ကြွေအောင်ပြောနိုင်ရင် ကုန်ပစ္စည်းရောင်းရတယ်။ လူတွေကိုယ့်ကိုကြွေရင် ကိုယ်ရောင်းတဲ့ပစ္စည်းတော်တော်များများရောင်းရနိုင်တယ်။ လူတွေအရမ်းလိုအပ်နေတဲ့ပစ္စည်းကို ရှာဖွေရောင်းချနိုင်ရင်လဲရောင်းရတယ်။ လူတွေ မလိုအပ်တဲ့ပစ္စည်းကို လိုချင်အောင်လုပ်ဆောင်နိုင်ရင်လဲရောင်းရတယ်။ ကိုယ်က ဘယ်လိုရောင်းမှာလဲ အရေးကြီးတယ်။ ကိုယ်တိုင် တစ်ယောက်ချင်းရောင်းမှာလား။ ကိုယ်တိုင် တစ်ယောက်ကနေ လူတစ်စုကို ရောင်းမှာလား။ ကိုယ့်ကိုကိုယ်စား တခြားသူတွေကို ကော်မရှင်ပေးပြီး ရောင်းခိုင်းမှာလား။ ကိုယ့်ဖောက်သည်တွေက ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ့်ရိုက်ထားတဲ့ ဗီဒီယိုက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ ကိုယ်ရေးထားတဲ့ စာက ကိုယ့်ကိုကိုယ်စားရောင်းပေးမှာလား။ နည်းပညာ၊ website နဲ့ app က ကိုယ့်ကိုယ်စားရောင်းပေးမှာလား။ ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုရောင်းမလဲအရေးကြီးတယ်။ Read More »

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်

ဘဝအပြောင်းအလဲလုပ်ချင်ရင်အရောင်းပညာသာ သင်။ကျောင်းပြီးတော့ အရောင်းလောကထဲပြန်ရောက်လာတယ်။အရောင်းလောကထဲရောက်လာတဲ့အခါမာန်မာနလေးတွေ ဘေးနားမှာချno လို့ပြောတာတွေကိုnext opportunity လို့ယူဆပြီးABC ဖြစ်အောင်လုပ်ရတယ်။ABC ဆိုတာ always be closingအဓိပ္ပာယ်က ကိုယ်နဲ့တွေ့လို့မှမရောင်းလိုက်ရင်ဒါရာဇဝတ်မှု ကျူးလွန်တာပဲ။ အရောင်းသမားလုပ်ပြီးသကာလလူတွေကိုယ့်ကို အထင်သေးမှာတွေဘာတွေပျောက်သွားတယ်။ငြင်းပယ်မှုတွေကို ခံနိုင်သွားတယ်။​ နောက်ပိုင်း တစ်ရောက်ချင်းရောင်းနေရတာအချိန် ကုန်တယ်။​လူအများရှေ့မှာ ရောင်းဖို့presentation စင်မြင့်ပေါ်က စျေးရောင်းနည်းလေ့ကျင့်မှရမယ်ဆိုပြီးStage-selling လေ့ကျင့်တယ်။​ နောက်ပိုင်း ကုန်ပစ္စည်းရောင်းရတာဝယ်ရမှာ၊ ပြန်ရောင်းရတာ၊ ကုန်ပစ္စည်းကျန်တာနဲ့အလုပရှုပ်တယ်။​ဒါဆို ဘာရောင်းမလဲဆိုတော့knowledge product ရောင်းလို့မရဘူးလားစဥ်းစားကြည့်တယ်​။ ဒါနဲ့ knowledge product တွေရောင်းဖို့marketing ဆိုတာကို လေ့ကျင့်ရတယ်။​ Sales တစ်ကြိမ်မှာ လူရာဂဏန်းလောက်ကိုပဲလွမ်းမိုး နိုင်ရင်၊Marketing က သန်းဂဏန်းကိုကိုယ့်ပေးချင်တဲ့ သတင်းရောက်အောင်လုပ်လို့ရတယ်။ ကိုယ်ပေးချင်တဲ့ message ကိုတစ်လတစ်လ လူသန်းပေါင်းများစွာကိုတွေ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်တာမားကတ်တင်း။ယုံကြည်မှုတွေကို အရောင်းအနေနဲ့ပြောင်းလဲနိုင်တာ အရောင်း။ထပ်ခါထပ်ခါ ပြန်လာအောင်လုပ်နိုင်တာဖောက်သည်ဝန်ဆောင်မှု။ Phyo Paing @

ဘဝအပြောင်းအလဲလုပ်ချင်ရင်
အရောင်းပညာသာ သင်
Read More Âť

Sales နဲ့ Marketing ကွာခြားချက်က

Marketing က leverage လုပ်လို့ရတာပဲ။ ဘာတွေကို marketing လုပ်လို့ရလဲ?သာမာန်လူအများစုကတော့Product နဲ့ service ကို လုပ်တယ်။ နောက်တစ်ဆင့်တက်သွားရင်Philosophy, Personalities ကိုလုပ်တယ်။ Elon Musk ဘာကို Marketing လုပ်သလဲ။ Xiaomi ရဲ့ Li Jun ဘာကို Marketing လုပ်သလဲ။ Philosophy နဲ့ Peronality ကိုMarketing လုပ်ဖို့က lighthouse identity ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

Sales နဲ့ Marketing ကွာခြားချက်က Read More »

ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။

စီးပွားရေးဆိုတာ ဖောက်သည် ပြဿနာဖြေရှင်းပြီးအကျိုးအမြတ်ရှာဖွေတာ။ မားကတ်တင်းဆိုတာ ကိုယ်ဖြေရှင်းတဲ့ပြဿနာကို ကိုယ်ရည်ရွယ်တဲ့သူတွေသိရှိစိတ်ဝင်စားပြီး ဝယ်ယူအားပေးချင်အောင်လုပ်တာ။ ကိုယ်ရောင်းတဲ့ပစ္စည်းကို စိတ်ဝင်စားအောင်လုပ်တာကြော်ငြာကို စိတ်ဝင်စားအောင်လုပ်တာဒါတွေက အပေါ်ယံဆန်တယ်။ မားကတ်တင်းဆိုတာ ဒီထက်အများကြီးပိုနက်နဲတယ်။ စိတ်ပညာဆန်တယ်။ နည်းပညာဆန်တယ်။ အတွေးအခေါ်ဆန်တယ်။Identity politics တို့၊ Identity marketing တို့၊ ကုန်ပစ္စည်းမထွက်သေးဘူးငွေကြိုလွဲထားတာမျိုးတို့။ ဒီတွေဟာ နေ့စဥ်မျက်စိရှေ့ဖြစ်ပျက်နေတာတွေ။ကမ္ဘာ့အအောင်မြင်ဆုံး brand တိုင်းကဝယ်ပါဝယ်ပါ ထိုးရောင်းမနေဘူး။ ကိုယ့်အထာနဲ့ကိုယ် ဆက်သွယ်မှုလုပ်တယ်။တကယ်ဖြစ်သင့်တာ ကိုယ်ရောင်းတဲ့ကုန်ပစ္စည်းဖြေရှင်းပေးတဲ့ပြဿနာက ဝယ်ယူသူတွေတကယ်ကြုံတွေ့နေတဲ့ပြဿနာဟုတ်ရဲ့လား ရှာဖွေဖော်ထုတ်ဖို့လိုတယ်။ အဲ့ဒါကို ကြီးကြီးကျယ်ကျယ်ဆို Research သုတေသနလုပ်တယ်လို့ခေါ်တယ်။တချို့တွေက ပြောကြတယ်ဆယ်တန်းအောင်စရာမလိုဘူးအလိုက်သိဖို့လိုတယ်တဲ့။ အလိုက်သိတယ်ဆိုတာ marketing ရဲ့စကားလုံးပဲ။ ဒီလိုအလိုက်သိဖို့ ကိုယ်ချင်းစာတရားလိုတယ်။Empathy ဆိုပါတော့။ ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။ဝယ်သူလိုချင်တဲ့၊ လိုအပ်တဲ့ပစ္စည်းဟုတ်ရဲ့လားနည်းနည်း ခံစားသုံးသပ်ကြည့်ပါအုံး။ Phyo Paing @ Derek

ရောင်းချင်တာပဲ ထိုးရောင်းမနေပါနဲ့။ Read More »

Customer is always right?

လုပ်ငန်းတွေက customer serviceကောင်းဖို့အတွက် training ပေးတဲ့အခါလူတိုင်းနားလည်အောင်Customer is always right လို့သုံးကြတယ်။ အဲ့ဒီ စကားက လုပ်ငန်းရှင်၊Entrepreneur တွေကိုလွမ်းမိုးမှုရှိနေပြီးBad customer တွေနဲ့ ဆက်ဆံတဲ့အခါအလိုဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အတွက်စိတ်ညစ်တတ်ကြတယ်။ အမြဲဘူနေတဲ့သူက ဘယ်လိုလုပ်ပေးပေးဘူနေမှာ သဘာဝပဲဖြစ်တဲ့အတွက်Australia က Marketing စာရေးဆရာAllan Dib က ခပ်ရှင်းရှင်းပဲFire Bad Customer တဲ့။ Bad customer တွေကိုပေးတဲ့အချိန်တွေကိုDream Clients တွေကိုပေးလိုက်တဲ့အခါNet Promoter Score ပိုတက်လာတဲ့အတွက်လုပ်ငန်းအောင်မြင်နိုင်ခြေပိုများတယ်။ ဒါကြောင့် အရင်ခေတ်က“Customer is always right” ဆိုတာမှန်ခဲ့ပေမယ့်ဒီနေ့ခေတ်ရဲ့ အောင်မြင်ရေး formula က“Choose your clients. Choose your future” တဲ့။ ကိုယ် ဝန်ဆောင်မှုပေးချင်တဲ့အိမ်မက်ထဲက ideal customer

Customer is always right? Read More Âť

Sales System တည်ဆောက်ဖို့

1. Sales Process ကိုတည်ဆောက်ပါ။ 2. SOP ရေးပါ။ (Standard Operating Procedures) 3. Sales Script တည်ဆောက်ပါ။4. ကိုယ့်ရဲ့ဝန်ထမ်းတွေကို Sales Training လုပ်ပေးပါ။ 5. ကိုယ့်ရဲ့ Sales Process ကို test လုပ်ပါ။ 6. ဖောက်သည်တွေရဲ့ မေးမြန်းမှု Objection Handling ကိုသေချာလုပ်ဆောင်ပါ။7. FAQ လုပ်ပါ။ (Frequently Asked Questions) Phyo Paing @ Derek

Sales System တည်ဆောက်ဖို့ Read More »

FAB အလွန် (Features, Advantage, Benefits)

အရောင်းသမားတွေအနေနဲ့ ပစ္စည်းရောင်းတဲ့အခါBenefit တွေကိုပဲထိုင်ပြောနေတာထက်Category ခွဲပြောရောင်းတတ်ဖို့အရေးကြီးတယ်။ ဥပမာ အဝတ်လျှော်စက်ရောင်းမယ်ဆိုပါတော့ ၁။ သူက စွမ်းဆောင်ရည်ပိုမြင့်တယ်။ – Motor လည်နှုန်းမြန်တဲ့အတွက် အချိန်ကုန်ပိုသက်သာစေတယ်။ – Size အတူတူပေမယ့်အတွင်းမှာပိုကျယ်လို့ အဝတ်ပိုထည့်လို့ရတယ်။ ၂။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုစနစ်ပါတယ်။ -ဒါကြောင့် လျှပ်စစ်စားသက်သာတဲ့အတွက် မီတာခလဲသက်သာတယ်။ -သဘာဝပတ်ဝန်းကျင်အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင်အတွက်အထောက်အကူပြုတယ်။ FAB အလွန် (Features, Advantage, Benefits) Phyo Paing @ Derek

FAB အလွန် (Features, Advantage, Benefits) Read More »