Sapwar

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး

သင်တန်းတွေပဲ တက်ပြီးစာသင်တာ ကောင်းလိုက်တာနဲ့ပြီးသွားတတ်ကြတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ၂၀၁၆ ကတည်းကနည်းလမ်းရှာခဲ့တယ်။၂၀၂၀ မှာ နည်းပညာတွေ့ရှိခဲ့တယ်။ မိုက်လားလို့ မမေးတော့ဘူး။Sapwar.com ရဲ့ Strategy Toolsကိုယ့်လုပ်ငန်းရဲ့ marketing သမားတကယ်တတ်မတတ် Sapwar.com ရဲ့Strategy Tools သုံးခိုင်းလိုက်ရင်အဖြေထွက်တယ်။ လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ရေးမှာ ကူညီပေးဖို့www.Sapwar.com လာပါပြီ။ Phyo Paing @ Derek

လှည့်ကြည့်စရာမလိုတဲ့ Marketing Team
တည်ဆောက်ရေး
Read More Âť

Sapwar ဆပွါး

လှည့်ကြည့်စရာမလိုတဲ့ Marketing Teamတည်ဆောက်ဖို့ SAPWAR (ဆပွါး) လိုတယ်။ ၁။ S – Strategic Thinking Skill၂။ A – Analytical Skill၃။ P – Project Management Skill၄။ W – Writing skill (Copywriting, Content writing & Creation Skills)၅။ A – Ads strategy and implementation skill (Media Buying Skills)၆။ R – Research Skill (Market, Marketing, Product, Business and Industry, etc) Phyo Paing @

Sapwar ဆပွါး Read More »

ဒီနေ့ လကုန်တဲ့နေ့ဆိုတော့

ပိတ်ထားရတဲ့လုပ်ငန်းတွေလည်ပတ်သင့်သလောက်မလည်ပတ်တဲ့လုပ်ငန်းတွေအနေနဲ့ operating expenses ကိုကြည့်ပြီး စိတ်ညစ်နေနိုင်တယ်။ တော်တဲ့ဝန်ထမ်းတွေ မထွက်သွားဖို့အတွက်ကလဲလစာပေးထားရတာ၊ မြေနေရာအငှားစရိတ်ပေးထားရတာတွေရှိတဲ့အတွက် ဝန်ထမ်းများလေလေ၊ကုန်ကျစရိတ်ပိုများလေလေဖြစ်ပြီး စိတ်ညစ်နေနိုင်တယ်။ ဝန်ထမ်း ၁၅ ယောက်အောက် လုပ်ငန်းတွေအနေနဲ့ operating expenses cover ဖြစ်ဖို့online က အလွယ်တကူလုပ်လို့ရပေမယ့်ဝန်ထမ်းများတဲ့လုပ်ငန်းတွေမှာတော့ ပြောသလောက်မလွယ်ပါဘူး။ Online က ရောင်းဝယ်ဖောက်ကားလို့ရတဲ့ လုပ်ငန်းတွေအတွက်က ဒီကာလမှာ ကြော်ငြာတွေ အလုပ်အရမ်းဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ တကယ့် traffic များတဲ့influencer အများစုက ဘာမှ မတင်တဲ့အတွက်ကြော်ငြာတွေအတွက် attention ပိုရတဲ့သဘောဖြစ်ပါတယ်။ လက်ရှိမှာ Covid-19 third wave နဲ့ coup အပြင် cash ပြဿနာတွေကြောင့် လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေပြောင်းသွားပါတယ်။ဒီ ပြောင်းလဲသွားတဲ့ needs/ want တွေအတွက်ကိုယ့်လုပ်ငန်းက ပေးနေတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်ကို

ဒီနေ့ လကုန်တဲ့နေ့ဆိုတော့ Read More »

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား

တခါတလေ လုပ်ငန်းရှင်တိုင်းဟာ“ငါလုပ်နေတာ မှန်ကောမှန်ရဲ့လား မသိဘူး”ဆိုတာမျိုး ဖြစ်တတ်ကြတယ်။ဒီလိုမေးခွန်းကိုယ့်ကိုကိုယ် ပြန်မေးတာကောင်းတဲ့ အလေ့အကျင့်ဖြစ်တယ်။ Phyo Paing @ Derek

လုပ်ငန်းဘယ်လောက်ကြီးကြီးလုပ်ထားထား Read More »

ဒီနေ့ အမေးများဆုံးမေးခွန်းတွေက
လုပ်ငန်းတစ်ခုစမယ် ဘယ်ကစရမလဲ။
ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ။

အမှန်အတိုင်းပြောရရင် တကယ့် စွန့်ဦးတီထွင်၊ စီးပွားရေးသမားကအဲ့လို မေးခွန်းမေးနေတာထက် ရောင်းစရာပစ္စည်း ထရောင်းနေတာပဲ။ မရောင်းတတ်ရင် စီးပွားရေးလုပ်ရင် အောင်မြင်ဖို့ မလွယ်ဘူး။ ကိုယ့် idea၊ ကိုယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းရမှာ ရှက်နေရင်၊ ကြောက်နေရင် မရဘူး။ စွန့်ဦးတီထွင်အများစုက action taker တွေ။ နားလည်အောင်လေ့လာပြီးမှ လုပ်တာထက်၊ လုပ်စရာရှိတာ လုပ်လိုက်ရင်း နားလည်လာကြတာများတယ်။ ဒါကြောင့် learning by doing လို့ခေါ်ကြတယ်။ ကျွန်တော်တို့ဆိုလဲ ငယ်ငယ်တည်းက အိမ်က မုန့်ဖိုးမပေးတော့ ဝေဖာမှာပါတဲ့ ပါဝါရိမ်းဂျားအရုပ်တွေရောင်းတာ၊ မဲကပ်တွေ ရောင်းတာ၊ သူရဲချိုချဥ်ခေတ်က သူရဲချိုချဥ်ရောင်းတာ၊ ဂျင်ရောင်းတာ၊ ဒါက နှစ်တန်း၊ သုံးတန်းထဲက လုပ်ခဲ့ကြတာပဲ။ အဲ့တုန်းက စွန့်ဦးတီထွင် ဘာညာမသိဘူး။ ရောင်းတယ်ဆိုတာ သူတပါးပစ္စည်းခိုးတာမဟုတ်တဲ့အတွက်ရှက်စရာအလုပ်မဟုတ်ပါဘူး။ Phyo

ဒီနေ့ အမေးများဆုံးမေးခွန်းတွေက
လုပ်ငန်းတစ်ခုစမယ် ဘယ်ကစရမလဲ။
ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ။
Read More Âť

လူတွေဘာလို့ဝယ်သလဲ?

လူတိုင်းဟာ ဝယ်ယူမှုကိုကြိုက်ကြတယ်။ဒါကြောင့် အကြောင်းပြချက်တွေလိုက်ရှာကြတယ်။ ပထမအဆင့်ကတော့ ငွေပိုရှာနိုင်ဖို့၊ ငွေခြွေတာပေးဖို့၊ အချိန်ခြွေတာပေးဖို့ ပြဿနာတွေဖြေရှင်းဖို့ စိတ်ဆင်းရဲဒဏ်ကိုယ်ဆင်းရဲဒဏ် ကိုဖြေရှင်းဖို့ဝယ်ယူကြတယ်။ ဒုတိယအဆင့်က ကျန်းမာဖို့ဇိမ်ကျဖို့လူအထင်ကြီးဖို့လူချစ်လူခင်ပေါများ၊ အချစ်ခံရဖို့ ဝယ်ယူကြတယ်။ တကယ်လို့ ကိုယ်ရောင်းတဲ့ပစ္စည်းဒီထဲမှာ မပါရင်ပဲဖြစ်ဖြစ်၊ ကြော်ငြာရေးတဲ့အခါ သေချာ မရေးမိရင်ပဲ ဖြစ်ဖြစ် ရောင်းရသင့်သလောက် ရောင်းရဖို့ မလွယ်ဘူး။ Phyo Paing @ Derek

လူတွေဘာလို့ဝယ်သလဲ? Read More »

Business is a spiritual pursuit

အရှုံးအမြတ်၊ ဝင်ငွေတွေကို တခြားသူတွေနဲ့နှိုင်းယှဥ်တဲ့အခါ သာနေရင်ပျော်မယ်။ နောက်ကျနေရင် စိတ်ညစ်မယ်။ စီးပွားရေးရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုကို ယူဆောင်ပေးတဲ့ activities တွေဖြစ်တဲ့အတွက် တခြားသူနဲ့ နှိုင်းယှဥ်ပြီး စိတ်ညစ်နေစရာမလိုဘူး။ လူတိုင်း လုပ်ငန်းလုပ်တဲ့အခါ တိုးတက်ဖို့ ကြိုးစားအားထုတ်ရတာကြီးပဲ။ ဒီ struggle က ကိုယ့်ကို ပျော်ရွင်မှုတွေယူပေးတဲ့ struggle လေးဖြစ်ဖို့လိုတယ်။ ကိုယ်ချစ်တဲ့ လုပ်ငန်းကိုလုပ်ရင်း စားဝတ်နေရေး၊ လွတ်လပ်မှု၊ တိုးတက်ရေးနဲ့ စိတ်ပျော်ရွင်မှုတွေကို ယူဆောင်နိုင်ရင် ဘဝရဲ့ blessings ပဲ။ ဘယ်လုပ်ငန်းက ဝင်ငွေဘယ်လောက်ဝင်တဲ့အတွက် အဲ့လုပ်ငန်းကိုလုပ်ဆိုတာထက် ကိုယ့်ချစ်တဲ့ industry ရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးတိုးတက်သွားဖို့ ပိုအရေးကြီးတယ်။ ဘယ် industry မှာမဆို အမြဲတမ်း မုန့်ဝေနေမှာမဟုတ်ဘူး။ ဒုတ်ဝေတဲ့ကာလလဲရှိမယ်။

Business is a spiritual pursuit Read More Âť

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။

ဒါဟာ စီးပွားရေးလုပ်ရင် မဖြစ်မနေကြုံတွေ့ရမှာပဲ။ Copy လိုက်ကူးကြလိမ့်မယ်။ အရေးကြီးတာ ဒီနည်းစနစ်တွေကိုလူတွေ လိုက်ကူးလို့ရပေမယ့် လုပ်ငန်းရဲ့ မဟာဗျူဟာ၊ DNA ဖြစ်တဲ့ culture ကို copy ကူးလို့မရဘူး။ ဒါကြောင့် Strategy before tactics လို့ပညာရှိတွေက ဆိုကြတယ်။ Phyo Paing @ Derek

ဆိုင်တစ်ဆိုင်က suprise အစီအစဥ်လုပ်ပြီး လူတွေကလဲ ပျော်ပျော်ကြီး share ကြ အလုပ်ဖြစ်တာတွေတော့ တခြားဆိုင်တွေ လိုက်လုပ်ကြတယ်။ Read More »

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။

ဒီတော့ လူတွေမလိုအပ်တော့တဲ့ကိုယ်ရောင်းနေကျ ပစ္စည်းကိုထိုးရောင်းဖို့ နည်းပေါင်းစုံနဲ့ကြိုးစားကြတယ်။ လူတွေအမှန်တကယ်လိုအပ်နေတဲ့၊လိုချင်နေတဲ့ ပစ္စည်းကိုစျေးကွက်ထုတ်နိုင်တာဟာမားကတ်တင်းမှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါလုပ်နိုင်ရင် ခေါင်းကြီးပိုင်းရေးတာတွေ၊Boost လုပ်တာတွေ အရမ်းကြီးခေါင်းစားစရာတောင် မလိုသလောက်ပဲ။ စျေးကွက်ကို မျက်ခြေမပျက်လေ့လာပါ။​ဖောက်သည်တွေရဲ့ ပြောင်းလဲသွားတဲ့စိတ်နေသဘောထား၊ အကြိုက်တွေ၊secret desire တွေကို ဖော်ထုတ်ပါ။ဒါတွေကို ဖြည့်ဆည်းပေးဖို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဘယ်လိုဖန်တီးရမလဲ စဥ်းစားပါ။ စျေးကွက်လိုအပ်ချက်လေ့လာတယ်ဆိုတာရွှေရှာသလိုပါပဲ။ကိုယ်ကသိပြီး မြန်မြန်တူးဖော်နိုင်လေလေကိုယ့်လုပ်ငန်းအတွက် အလားအလာပိုကောင်းလေလေပဲ။တချိန်တည်းသိထားရမှာကရွှေထွက်တဲ့နေရာက အမြဲပြောင်းလဲနေမှာပဲ။ ကိုယ့်လုပ်ငန်းဟာလာမည့် အပြောင်းအလဲထက်စောနေဖို့ လိုတယ်။ Phyo Paing @ Derek

လူအများစုက advertising ကို
marketing လို့ထင်တတ်ကြတယ်။
Read More Âť

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့ ရေကူးတတ်နေရုံနဲ့ မရပါဘူး။ လှေလှော်တတ်ဖို့၊

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »