ဘဝကို အချစ်နဲ့ပဲ မဖြတ်သန်းနဲ့
စနစ်ထည့်ပြီး ဖြတ်သန်း။
အချစ်မှာလဲ စနစ်လိုတယ်။မွေးနေ့မမေ့တာ။စိတ်ခံစားမှုလိုအပ်ချက်ဖြည့်ပေးတာ။ပုံမှန် ဆက်သွယ်မှုပြုလုပ်တာ။အဆင်မပြေတာတွေကို ဖြေရှင်းတာ။နားလည်ပေးတာ။ဒါတွေက ထပ်ခါထပ်ခါလုပ်ရမည့်အရာတွေ။ ဒီထပ်ခါထပ်ခါလုပ်ရမည့်အရာတွေကိုစနစ်ချဖို့လိုတယ်။ မဟုတ်ရင် အချစ်ရေးကဖရိုဖရဲဖြစ်သွားမယ်။ ဘဝမှာ အချစ်ရေး စာမေးပွဲလဲအကြိမ်ကြိမ်ကျဖူးတယ်။ဖြေတိုင်းမအောင်တဲ့ စာမေးပွဲတစ်ခုဖြစ်ခဲ့တယ်။ဒါ လူတော်တော်များများကြုံရမှာပဲ။ ဒီစနစ်တည်ဆောက်ဖို့၁။ ကိုယ့်ရဲ့ အချစ်ကို မြင်တဲ့အခြေခံအယူအဆကို ပြန်ဆန်းစစ်ရတယ်။ ၂။ မှားတာတွေဖယ်၊ မှန်တာတွေနဲ့ပြန်အစားထိုးရတယ်။(ဥပမာ လုပ်ငန်းတစ်ခုလုပ်တဲ့အခါရှိတဲ့အယူအဆနဲ့အချစ်ရေးမှာရှိတဲ့ အယူအဆမတူဘူး။အချစ်ရေးမှာရှိတဲ့ အယူအဆနဲ့ကလေးကို ပြုစုပျိုးထောင်တဲ့ အယူအဆမတူပြန်ဘူး။) ၃။ ကိုယ့်အကြောင်းကိုယ်သိအောင်သေချာလုပ်။တဖက်လူအကြောင်းကို သိအောင် သေချာလုပ်။မှန်မမှန် ပြန်မေးကြည့်။ပြဿနာအများစုက ကိုယ့်ကိုကိုယ်နဲ့တဖက်လူလိုအပ်ချက်ကို မသိလို့ပဲ။ အချစ်ရေးဆိုတာ လိုအပ်ချက်တွေဖလှယ်တဲ့ နေရာတစ်ခုလို့ပြောရင်မှန်မလားမသိဘူး။ ၄။ ကိုယ့်ရဲ့ တုန့်ပြန်မှုပုံစံတွေကိုပြန်သတိပြု၊ ပြင်သင့်ရင်ပြင်။ဥပမာ ခေါင်းစားရင် မခံနိုင်တာမျိုးဆိုအဲ့လိုဖြစ်လာတဲ့အခါဘယ်လို တုန့်ပြန်မလဲ။တုန့်ပြန်မှု စနစ်ကို ပြန်ကောင်းအောင်လုပ်။(လူတိုင်းက ငယ်ဘဝကတည်းကသတိမထားမိပဲ မသိစိတ်က ဖြစ်နေတဲ့တုန့်ပြန်မှု စနစ်တွေရှိတယ်။) အိမ်ထောင်ပြုပြီး ဘဝကိုပျော်တဲ့နှုန်းက ၅၀% ရှိခဲ့မယ်ဆို၅၀% ထဲပါဖို့တော့လိုတာပေါ့။ ကလေးထပ်မယူတော့ဘူးဆိုရင်အိမ်ထောင်ဆိုတဲ့ […]
ဘဝကို အချစ်နဲ့ပဲ မဖြတ်သန်းနဲ့
စနစ်ထည့်ပြီး ဖြတ်သန်း။ Read More »