Thinking

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။

Facebook (Meta) က Social Media Company လို့မစဉ်းစားဘူး။Communication Company လိုစဉ်းစားတယ်။ Tik Tok (Byte Dance) က သူ့ကိုယ်သူVideo-sharing company လို့မစဉ်းစားဘူး။AI company လို့စဉ်းစားတယ်။ MI (Xiaomi) က သူ့ကိုယ်သူ Phone Company လို့မစဉ်းစားဘူး IoT တွေအသုံးပြုတဲ့နေ့စဉ်သုံးပစ္စည်းတွေထုတ်တဲ့Lifestyle Company လို့စဉ်းစားတယ်။ ဒီနေ့ connecting people ဆိုတဲ့Nokia ထက် Facebook, Messenger,WhatsApp ကိုအသုံးပြုလာတယ်။ ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်းနောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Phyo Paing @ Derek

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Read More »

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။

ကိုးတန်းတုန်းက ဆရာမြောက်ပေးတာနဲ့English – Myanmar သာလွန်Dictionary ကြီးကို သူငယ်ချင်းပေးလိုက်တယ်။Oxford English – English Dictionaryဝယ်ပြီး စလေ့လာတယ်။အဲ့မှာစ တိုင်ပတ်ပါလေရော။ ၈ တန်းထိက ကျောင်းပြေးလိုက်၊game နှိပ်လိုက်လုပ်ခဲ့တော့အခြေခံမရှိတဲ့အခါ တော်တော်ခက်တယ်။ဒါနဲ့ အလွယ်ဆုံးနည်းလမ်းရှာတော့ပထမဆုံးစကားလုံးတွေက အဓိကပဲ။ဒီ hack လေးကို apply လုပ်လိုက်တော့အရမ်းလွယ်သွားတယ်။ စာအုပ်ဖတ်ရင်လဲအလားတူပဲစာရေးဆရာတွေက ပထမအပိုဒ်ကိုအကောင်းဆုံး လက်စွမ်းပြလေ့ရှိတယ်။ဒါမှ သူ့စာဆက်ဖက်မှာကိုး။ တချို့သေးသေးလေးတွေကကြီးမားတဲ့ ရလဒ်ကောင်းတွေရစေနိုင်တယ်။​ Phyo Paing @ Derek

တချို့သေးသေးလေးတွေက ကြီးမားတဲ့ ရလဒ်ကောင်းတွေ ရစေနိုင်တယ်။ Read More »

စဉ်းစားနည်းသင်ပါ။

Mainstream media က လူတွေကိုဦးနှောက်ဆေးထားတာတွေရှိတယ်။ နောက်ပြီး အစားသောက် ကော်ပရေးရှင်းတွေကလူတွေရဲ့ craving ဖြစ်အောင်သကြားဓာတ်ကျွေးပြီးထိန်းထားတယ်။ ဒါကြောင့် regulations အရUS မှာတော့ စားတဲ့အစားအစာထဲမှာဘယ်လောက် ကယ်လိုလီပါပဲMcDonald Menu တွေဘေးတွေ့ဖူးတယ်။တခြားနေရာတွေတော့ မတွေ့ဖူးဘူး။ သတင်းတိုင်းကို ယုံလို့မရဘူး။ ဥပမာ တစ်ရက် အစာသုံးနှပ်စားရမယ်။မစားရင် အစာအိမ်ဖြစ်မယ်ဆိုတာမျိုး။ 1973 မှာ တင်သွင်းခဲ့တဲ့Amos Tversky and Daniel Kahneman ရဲ့“Availability Heuristic” အရ လူတွေကစဉ်းစားမှုမလုပ်ကြပဲ mental shortcut လုပ်လာကြတယ်။ Prospect theory နဲ့ နိုဘယ်ဆုရ ထားတဲ့Professor Daniel Kahneman ရဲ့မေးခွန်းလေး က လူတွေစဉ်းစားရဘယ်လောက်ပျင်းလဲဆိုတာ သက်သေပြနေတယ်။ ဒီမေးခွန်းလေးဖြေကြည့်ကြည့်။Tennis Bag နဲ့ Tennis Ball နှစ်ခုကို

စဉ်းစားနည်းသင်ပါ။ Read More »

“ကိုယ်မစဉ်းစားပဲ မနေနိုင်ရင်”

လုပ်ရမလုပ်ရ ဆုံးဖြတ်ခက်နေရင်“ကိုယ်မစဉ်းစားပဲ မနေနိုင်ရင်”လုပ်ကြည့်သင့်တယ်ဆိုတဲ့ rule ကိုအသုံးချလိုက်တယ်။ဒီနေ့ခေတ်က Speed Blitz လိုတယ်။ဆုံးဖြတ်ချက်တွေ မြန်ဖို့လိုတယ်။ Phyo Paing @ Derek#drphyopaing#phyopaing

“ကိုယ်မစဉ်းစားပဲ မနေနိုင်ရင်” Read More »

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။

မနက်ထတိုင်း ပထမဆုံးမေးတဲ့မေးခွန်းကအခုချိန် ငါအပျော်ရွင်ဆုံးအရာကဘာလဲ?နေ့တိုင်းလိုလို အဖြေက အသက်ဝဝရှူလို့ရတယ်။ဒါပျော်စရာပဲ။ ဒီအတွက် ဘယ်လိုခံစားရလဲဆိုတဲ့ ပျော်ရွင်မှုခံစားချက် မှတ်ဥာဏ်ကို နေ့စဥ်ပြန်တူးဆွတယ်။အချိန်တစ်ခုပေးပြီး ပြန်ခံစားကြည့်တယ်။ ဒါကို priming လို့ခေါ်တယ်။ ပျော်ရွင်မှုအတွက် ထားတဲ့ စံနှုန်းတွေကိုအနိမ့်ဆုံးကို လျော့ချထားပြီး၊ ကိုယ့်အစွမ်းအဆထွက်လာဖို့ စံနှုန်းကိုအမြင့်ဆုံးထိ တင်ထားလိုက်တယ်။ တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက် မခံစားရတာကြာပြီ။ မနက်ထတိုင်း ပြန်ပြန်မေးပြီး အချိန်တစ်ခုပေး ခံစားကြည့်ပါ။ ကိုယ့်ဘဝအတွက် “လက်ရှိ”ပျော်ရွင်စရာလေးတွေ၊ ကျေးဇူးတင်စရာလေးတွေ၊ ဂုဏ်ယူစရာလေးတွေ။ မဟုတ်ရင် မနက်ထလာ မအလမျက်နှာ မြင်နေတာနဲ့ ဒေါသပဲထွက်နေရမယ်။ နာရေးသတင်းတွေပဲတွေ့နေတာနဲ့ ဝမ်းနည်းကြေကွဲနေရလိမ့်မယ်။ Phyo Paing @ Derek

တချို့ဆို ပျော်တယ်ဆိုတဲ့ ခံစားချက်
မခံစားရတာကြာပြီ။
Read More »

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

Every behavior has a positive intention. ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။ ဒီအချက်က လူတွေအပေါ်ခွင့်လွတ်နားလည် နိုင်စွမ်းကို အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။ Oxygen ကိုစျေးကစားတဲ့သူတွေ၊စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊တွေ့သမျှလူ blame သူတွေ၊ သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။ ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်ကျွန်တော်တို့လူသားတွေကဒါကို ပျော်ပျော်ကြီးဖြတ်သန်းဖို့နည်းလမ်းမျိုးစုံကြိုးစားကြတယ်။ပုထုဇဉ်ဥာဏ်နဲ့ပေါ့။ ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါးလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ အစရှိတာတွေဖုံးလွမ်းပြီး အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။ အနောက်တိုင်းမှာ Christian Values တွေရှိသလို၊ဂျပန်မှာ Harmony, order, and self-development ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။ကျွန်တော်တို့

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။

အရင်ကတစ်ခုခုလုပ်လို့ မအောင်မြင်ရင်ဒါကံပဲ။ ငါအရင်က ဘာတွေလုပ်ထားခဲ့လဲမသိဘူး။ငါကံကိုက မပါဘူး။အစရှိတဲ့ အတွေးတွေ ဝင်ဝင်လာခဲ့တယ်။ပါရမီနည်းပါးတယ်တို့ဘာတို့ပေါ့။ နောက်ပိုင်းမှာ ဒါတစ်ခုခုပိုကောင်းဖို့ဖြစ်တာပါကွာ။ ငါဘယ်အရာတွေကို ပိုကောင်းအောင်လုပ်လို့ရလဲ။ အရှုံးဆိုတာ မရှိဘူး၊ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ကို ပြောင်းဖို့လိုမယ်။ ဒီလိုတွေးလိုက်တယ်။ ပါရမီကံမပါလို့ အလုပ်မဖြစ်ဘူးဆိုတာမျိုးထက်ဟုတ်ပြီ ပါရမီကံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒီအတိုင်း စဥ်းစားမိလာခဲ့တယ်။ အယူအဆတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုတာတလွဲမဖြစ်သွားဖို့ အရေးကြီးတယ်ဆိုတာ ဆင်ခြင်လာမိတယ်။ နောက်ပိုင်း အရာရာကို မေးခွန်းထုတ်လာဖြစ်တယ်။ကိုယ့်ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပါ ပါဝင်တယ်။ ကျွန်တော်တို့အများဆုံး နေတဲ့အိမ်ကအတွေးထဲမှာ ဖြစ်တယ်။ ကျွန်တော်တို့ အတွေးအကြံတွေဟာ ကျွန်တော်တို့ ဖတ်တဲ့စာ၊ ပေါင်းသင်းတဲ့သူ၊ လေးစားအားကျ follow လုပ်ထားတဲ့သူတွေအပေါ်အများကြီး မူတည်ပါတယ်။ အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ ကောင်းမွန်တဲ့အတွေးတွေ ခေါင်းထဲထည့်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ Read More »

ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာ အချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။

🎯ကိုယ်ဘာတွေ plan လုပ်ထားသလဲ? 🎯ဘာတွေပြီးသွားပြီလဲ? 🎯ဘာတွေ ဆက်လုပ်ဖို့လိုသေးသလဲ? 🎯ဘာတွေကို အသစ်ဖန်တီးမလဲ? 🎯ဘယ်အပြောင်းအလဲတွေလုပ်မလဲ? 🎯Client တွေအတွက်ဘာတွေပြင်ဆင်ထားပေးဖို့လိုမလဲ? 🎯ကိုယ်နဲ့မဆိုင်တဲ့ သူများအကြောင်းစဉ်းစားဖို့ စိတ်မဝင်စားသလို အချိန်လဲမရဘူး။ ဒါကတော့ ကျွန်တော့်တစ်ယောက်ထဲတင်မဟုတ်ဘူး၊ high-performer တွေအကုန်ကြည့်ရင် ဒီလိုပုံစံပဲဆိုတာတွေ့လိမ့်မယ်။ ဟိုလူမကောင်းဘူး ဒီလိုမကောင်းဘူးပဲစဉ်းစားနေရင် သင့်ဘဝအတွက်ကော စဉ်းစားဖို့ အချိန်လုံလောက်ပါ့အုံးမလား? ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာအချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ခေါင်းထဲမှာ စဉ်းစားနေတဲ့အကြောင်းမှာ အချိန်အများစုက ကိုယ့်အကြောင်းဖြစ်ဖို့လိုတယ်။ Read More »

ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။

Perspectives ဆေးတက္ကသိုလ်တက်၊ Engineer တက်လိုက်တဲ့အတွက် ၆ နှစ် ၇ နှစ် အချိန်အလဟသ ကုန်သွားတယ်လို့ပြောတာ လုံးဝ မှားတယ်။ ဘာပဲတက်ခဲ့တက်ခဲ့ သင်လုံးဝမမှားပါဘူး။ ဘာကြောင့်လဲဆို knowledge transfer လုပ်လို့ရတဲ့အတွက်ဖြစ်တယ်။ ဘာသာစကားသုံးမျိုးလောက်တတ်သွားရင် နောက်တစ်မျိုးထပ်လေ့လာဖို့က သိပ်မခက်တော့ဘူး။ တချို့က တစ်ခုခုလုပ်တော့မယ်ဆို ဆုံးဖြတ်ချက်မှားမှာ သိပ်ကြောက်ကြတယ်။  ကျွန်တော် ဆေးကုမ္ပဏီထွက်ပြီး ဖုန်းဆိုင်ဖွင့်ခဲ့တဲ့အခါ SME တွေ ဘယ်လိုစဥ်းစားတယ်သိလာတယ်။ MNC မှာ ဝင်လုပ်တဲ့အခါ corporate တွေဘယ်လိုလုပ်သလဲသိလာတယ်။ ဆုံးဖြတ်ချက်မှားမှာ မကြောက်ပါနဲ့။ Steve Jobs ပြောသလို You can only connect the dots by going backward တဲ့။ Nike ရဲ့ slogan

ဆုံးဖြတ်ချက်မှားမှာကြောက်ပြီး ဘာမှမလုပ်ဘဲ မနေပါနဲ့။ Read More »