Thinking

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။

လိုချင်တာရဖို့ လွယ်လွယ်လေး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုလေ့လာ၊ လုပ်ကြည့်။ မဖြစ်တာကို ချန်ခဲ့။ ဖြစ်တာကိုဆက်လုပ်။ ဒီလို deliberate thinking လုပ်ဖို့အချိန်သီးသန့်ပေးဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။ Read More »

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။

ပြဿနာသေးသေးလေးကိုအဖြေရှာမည့်အစားပုံကြီးချဲ့ စဉ်းစားတာဟာ အကြည်ဓာတ်ကို ပျက်စေတတ်တယ်။ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။အတွေးကို စရတယ်။ဒါမှ ယုတ္တိကျကျ အကောင်းဆုံးအဖြေရမှာ။ Phyo Paing @ Derek

ပြဿနာဖြစ်ရင် ခံစားမှုကိုမစရဘူး။ Read More »

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။​ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။
Read More »

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။

စိတ်ရှည်ဇွဲသန် သည်းညည်းခံပြုရန် သာသနာဆိုပြီးငယ်ငယ်ရှင်ပြုတုန်းကတွေ့လိုက်တယ်။ ဒီအချက်ကို ငါဘယ်နေရာမှာသုံးနိုင်မလဲ စဥ်းစားကြည့်တယ်။ ဗုဒ္ဓသာသနာကို နှစ်ပေါင်း၂၅၀၀ တိုင်အောင် တည်တံ့အောင်လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။ အာသောကမင်းလက်ထက်မှာတတိယသင်္ဂါယနာ တင်တယ်။ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့ကကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကိုဥပသမ္ပဒကံဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့်သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။ ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။စိတ်ရှည်ရတယ်။​ဇွဲသန်ရတယ်။​သည်းငြင်းခံရတယ်။စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သည်းခံရတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။​ ကျွန်တော်တို့က တချို့ကိစ္စတွေကိုခွင့်လွတ်လို့ရတယ်။မေ့လိုက်လို့မရဘူး။ဒါကနေ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့လိုတယ်။ ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကိုစိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီးဖြတ်သန်းနိုင်တဲ့ grit လိုတယ်။ Phyo Paing @ Derek

ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။
Read More »

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။

Attention တာ ကိုယ်ကသူနဲ့သွားconnect လုပ်နေတာနဲ့ တူတူပဲ။ဘယ်လို လူသိသိသိတာက မသိတာထက်ကောင်းတယ်လို့ပိုအာဘိုးအေတစ်ယောက်ပြောဖူးတယ်။ Phyo Paing @ Derek

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။ Read More »

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။

ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။ Read More »

လူတွေ တွယ်တာတဲ့ပုံစံသုံးမျိုးရှိတယ်။

တချို့က လုံခြုံမှုရချင်တဲ့ တွယ်တာမှုမျိုး။ တစ်ရက်ကို ဖုန်း ၁ နာရီလောက်ပြောလိုက်ရမှ။ နွေးထွေးမှု ဂရုစိုက်မှုကို လိုချင်တဲ့ပုံစံ။ ဒါကို Secure attachment style လို့ခေါ်တယ်။ သူ့ကိုဂရုစိုက်နေဖို့က ပိုအရေးကြီးတယ်။တခြားအရာတွေကို မေ့ထားလို့ရတယ်။ ဒီလိုလူနဲ့တွေ့ရင် ကိုယ်က တခြားကမ္ဘာကြီးထဲရောက်နေသလိုမျိုးဖြစ်တတ်တယ်။ တချို့က စိုးရိမ်ပူပန်တဲ့ တွယ်တာမှုမျိုး။ သူ့ကိုမချစ်တော့မှာ စိုးရိမ်စိတ်နဲ့ နေတဲ့သူမျိုး။သူ့အချိန်အများစုက ကိုယ်ချစ်တဲ့သူဘာလုပ်နေလဲဆိုတာ ထောက်လှမ်းနေတတ်သူပေါ့။ဒီလိုလူမျိုးနဲ့တွေ့ရင် လှုံခြုံမှုဆိုတာခံစားရတတ်တယ်။တပြိုင်တည်းမှာ ထိန်းချုပ်ခံရတယ်ဆိုတဲ့ခံစားချက် ခံစားရတတ်တယ်။ ဒါကို Anxious Attachment Style လို့ခေါ်တယ်။ တချို့က ထိန်းချုပ်ခံရမှာလွတ်လပ်မှုဆုံးရှုံးမှာ ကြောက်တဲ့ တွယ်တာမှုမျိုး။ တစ်ယောက်တည်းကို commit လုပ်ရင်ကိုယ့်ရဲ့လွတ်လပ်မှုပျောက်သွားမှာကြောက်တတ်ကြတယ်။ ဒီတော့ အရမ်းရင်းနှီးမှု Identity တွဲသွားမှာကို မလိုလားကြဘူး။ ရွေးချယ်စရာရှိနေဖို့ သူ့အတွက် အရေးကြီးတယ်။ဒါကို Avoidant Attachment Style

လူတွေ တွယ်တာတဲ့ပုံစံသုံးမျိုးရှိတယ်။ Read More »

လူအများနဲ့ အမြင်မတူသူ
ကိုယ့်အမြင်ကို မမှိတ်မသုန်
အကောင်ထည်ဖော်သူတွေကြောင့်
ကမ္ဘာကြီးပြောင်းလဲသွားတယ်။

မိဘရဲ့အမွေဆက်ခံပြီးဘုရင်မလုပ်ပဲ တောထွက်အမှန်တရားကိုရှာဖွေတယ်။သစ္စာလေးပါးကိုရှာဖွေတွေ့ရှိတယ်။သွားရမည့်လမ်းရှစ်ကြောင်းကိုမဂ္ဂင်ရှစ်ပါးနဲ့လမ်းပြပြီးသတ္တဝါတွေကို လွတ်မြောက်ကြောင်း“လမ်းပြ”တယ်။ လူငယ်တွေရဲ့ အတွေးအခေါ်ကိုအဆိပ်ခတ်တယ်ဆိုပြီးသူ့အမြင်မှားကြောင်း တောင်းပန်ခိုင်းတယ်။အဆိပ်ခွက်ကိုပဲရွေးသွားတဲ့ Socrates.သူ့အတွေးအခေါ်အကူညီ မှီဥာမ်းပြီး Stoic System of Thinking ပေါ်လာတယ်။ လူတွေကြားထဲ လူတွေနားကြပ်တပ်နားထောင်မယ်ဆိုတဲ့ အမြင်နဲ့ရှေ့ဆက်ခဲ့တဲ့ Walkman ကSony ကိုရှေ့ရောက်စေခဲ့တယ်။ ဖုန်းတွေမှာ keyboard မလိုဘူးဆိုပြီးiPhone ဖြစ်လာတယ်။ Electric Car တွေ ဆွဲဆောင်မှုမရှိဘူး။Space exploration လုပ်ဖို့လုပ်နေတာရူးနှမ်းတယ်လို့ကိုယ့် role model တွေဝေဖန်တာကိုစိတ်ထိခိုက်ခိုက်နဲ့ အမြင်ကိုမမှိတ်မသုန်ဖြစ်အောင်လုပ်ခဲ့တဲ့ Elon Musk. လူတွေငှက်တွေလို လေထဲပြန်နိုင်မယ်ဆိုတဲ့အမြင်ကြောင့် လေယဉ်တွေပေါ်လာတယ်။ CRISPR gene editing လိုလူတွေရဲ့ DNA sequence ကိုလိုသလိုပြင်တဲ့ Homo Deus တွေဖြစ်လာနိုင်တာတွေ။ ဒါတွေက အမြင်မတူတဲ့သူတွေကြောင့်ဖြစ်လာကြတယ်။အမြင်မတူတဲ့သူတွေမှာလိုတာစိတ်ရှည်မှု၊ ဇွဲနဲ့ အနစ်နာခံလေ့လာမှုပဲ။ Phyo Paing @

လူအများနဲ့ အမြင်မတူသူ
ကိုယ့်အမြင်ကို မမှိတ်မသုန်
အကောင်ထည်ဖော်သူတွေကြောင့်
ကမ္ဘာကြီးပြောင်းလဲသွားတယ်။
Read More »

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။

ခန္ဓာကိုယ်မှာ apotosisဆိုတဲ့ ဖြစ်စဥ်တစ်ခုရှိတယ်။အဟောင်းအနွမ်း၊ မလိုအပ်၊ပုံမမှန်တဲ့ ဆဲလ်တွေကိုအလိုအလျောက်သေအောင်စနစ်ချထားတဲ့ ဖြစ်စဥ်တစ်ခုဖြစ်တယ်။ ဒီဖြစ်စဥ် ပျက်တဲ့အခါပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးလာပြီးကင်ဆာတို့လို ရောဂါတွေပေါ်လာတတ်တယ်။ ဘဝမှာလဲ အလားတူပဲ။လိုအပ်တဲ့အရာတွေပဲ မှတ်ပြီးမလိုအပ်တဲ့အရာတွေ မေ့လို့ရအောင်ဦးနှောက်က ဖန်တီးထားပေးတယ်။ ဒါကိုလွန်ဆန်ပြီး မပျော်တဲ့အရာတွေစိတ်ညစ်စေတဲ့ အဖြစ်အပျက်ကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီးဖျက်မပစ်နိုင်တဲ့အခါစိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။ Phyo Paing @ Derek

မပျော်တဲ့အရာတွေ၊
စိတ်ညစ်စေတဲ့ အဖြစ်အပျက်တွေကိုပဲထပ်ခါထပ်ခါ စဥ်းစားပြီး
ဖျက်မပစ်နိုင်တဲ့အခါ
စိတ်ညစ်မှုကင်ဆာစွဲကပ်လာတတ်တယ်။
Read More »

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။

တောင်ပေါ်မြို့လေးမှာအပင်လေးစိုက်ပြီး အေးဆေးနေမယ်စဥ်းစားပြီး ပြဿနာ မရှိတော့ဘူးမထင်လိုက်နဲ့။သူ့မှာလဲ သူ့ပြဿနာနဲ့သူရှိတာပဲ။ တရားအားထုတ်ရင်ပြဿနာမရှိတော့ဘူးလို့ မထင်လိုက်နဲ့။တရားအားထုတ်တဲ့အချိန်ခန္ဓာကိုယ်အဖြစ်အပျက်ရှုရင်းဝေဒနာတွေကိုတွေ့ရမှာပဲ။ အဲ့တော့ ဘဝနဲ့ ပြဿနာနဲ့ဒွန်တွဲနေတဲ့အတွက်ပြဿနာတွေရှိနေတယ်ဆိုတာသာမာန်ပဲဆိုတဲ့ စိတ်ထားပြီးကိုယ်က ပြဿနာထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ သေချာတဲ့အရာတစ်ခုက
ဘယ်မှာပဲနေနေ၊
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်
ပြဿနာ ဆိုတာရှိနေမှာပဲ။
Read More »