Outliers
တော်တိုင်းမအောင်မြင်ဘူး။ IQ မြင့်တိုင်း မအောင်မြင်ဘူး။စမတ်ဖြစ်တိုင်း မအောင်မြင်ဘူး။ ကိုယ်စမတ်ဖြစ်တာကို လူကြောနပ်မှုနဲ့ပေါင်းစပ်မှ အောင်မြင်မှုဆိုတာဖြစ်လာတယ်။ ဒါကတော့ ကမ္ဘာကျော်စာအုပ်တွေဖြစ်တဲ့Blink တို့၊ Tipping points တို့ကိုရေးတဲ့ Outliers ရဲ့ စာရေးဆရာ Malcolm Gladwell ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Chris Langan ဆိုတဲ့ မြင်းမွေးမြူရေးလုပ်ပြီးကိုယ့်ဖာကိုယ်ပညာလေ့လာတဲ့ ပုဂ္ဂိုလ်ဆိုရင်IQ 195–210 လောက်ရှိပြီးကမ္ဘာ့ IQ အမြင့်ဆုံးလူထဲမှာပါတယ်။ သူက အက်တမ်ဗုံး atomic bomb တီထွင်တဲ့ရူပဗေဒပညာရှင်ဖြစ်တဲ့ Robert Oppenheimer လိုတော်တာပဲ ဘာကွာသွားလဲဆိုရင်ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တော်ရုံနဲ့ မရဘူး၊ လူကြောနပ်ဖို့လဲလိုတယ်။ ကိုယ့် အသိပညာ၊ အတတ်ပညာ၊ ဥာဏ်မပညာကို အသုံးချ leverage လုပ်တတ်မှုလိုတယ်။ သမ္မာကျမ်းစာမှာ Matthew Effect ဆိုတာရှိပြီး“to those […]