ငွေရှာနည်း
ပိုက်ဆံရှာဖို့ စျေးကွက်ပြဿနာအရင်ရှာတယ်။ ပြဿနာရှာပြီးရင်၊ ဒီပြဿနာတွေထဲကမှ ကိုယ်ဖြေရှင်းချင်တဲ့၊ ဖြေရှင်းနိုင်တဲ့ ပြဿနာကိုရွေးချယ်ပြီးဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာတယ်။ ဒီနည်းလမ်းက လက်ရှိရှိနေတဲ့နည်းလမ်းတွေထက်ပိုကောင်းတဲ့နည်းလမ်းဖြစ်ရမယ်။နောက် ဒီဖြေရှင်းတဲ့နည်းလမ်းအတွက်လူတွေက ငွေပေးချေနိုင်စွမ်းနဲ့၊ ငွေပေးချေချင်စိတ်ရှိရမယ်။ သူတို့မှာ ငွေပေးချေနိုင်စွမ်းမရှိရင်သူတို့အစား ငွေပေးချေပေးမည့်သူရှိရမယ်။ ဒီစျေးကွက်ပြဿနာကိုဖြေရှင်းမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုနာမည်တစ်ခုပေးရမယ်။ ဒီနာမည်ကလဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဖြေရှင်းပေးမည့်အဖြေကို ကိုယ်စားပြုနိုင်စွမ်းရှိရမယ်။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအသုံးပြုမည့်လူတွေကို ကိုယ့်လုပ်ငန်းအကြောင်းသိအောင်လုပ်ရမယ်။ စိတ်ဝင်စားအောင်လုပ်ရမယ်။မေးအောင်လုပ်ရမယ်။ဝယ်အောင်လုပ်ရမယ်။ဝယ်ပြီးထပ်ဝယ်အောင်၊ ထပ်ဝယ်ပြီးသူ တခြားသူကိုပြောအောင်လုပ်ရမယ်။ နောက်ပိုင်း ဒီစနစ်ကိုလည်ပတ်တဲ့အခါဝန်ထမ်းခန့်၊ ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့နည်းစနစ်တွေ သေချာချပေး။ တစ်ခုချင်းလွဲ။ တကယ်လို့ ကိုယ့်လုပ်ငန်းက လူမလိုတဲ့ solopreneur လုပ်ငန်း၊နည်းပညာအသုံးပြုတဲ့ လုပ်ငန်းဆိုရင်set it and forget it လုပ်လို့ရနိုင်တယ်ဆိုရင်ဒါကို repeat လုပ်။ ဒါကစီးပွားရေးလုပ်နည်း၊ ငွေရှာနည်း ၁၀၁ ပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ […]
