Akyanpay

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။

တရုတ် Starbucks မှာ ဝန်ထမ်းမမြဲတဲ့ပြဿနာ အမြဲဖြစ်ခဲ့တယ်။လေ့လာကြည့်တော့ဝန်ထမ်းအများစုက တက္ကသိုလ်ကျောင်းသားတွေ၊တက္ကသိုလ်ဘွဲ့ရစတွေ ဖြစ်ပြီးမိဘအများစုရဲ့အမြင်က တက္ကသိုလ်တက်ပြီး ကော်ဖီရောင်းနေရတယ်။အဲ့လို မြင်ပြီး Apple တို့၊ Google တို့မှာအလုပ်ရစေချင်တယ်။ ဒါနဲ့ Starbucks က သူ့ရဲ့ People First Policy ကိုမိဘတွေ သိအောင်ရှင်းပြတဲ့အပြင်အာမခံကို ဝန်ထမ်းတွေပါမကသူတို့ မိဘတွေအတွက်ပါ စီစဥ်ပေးလိုက်တယ်။ နောက်ပိုင်း Starbucks မှာလုပ်တဲ့အမြင်က တဖြည်းဖြည်းပြောင်းလာတယ်။ Paypal ကို လူသုံးများအောင်စလုပ်သုံးကသူငယ်ချင်းတွေကို သုံးအောင်ညွှန်းပေးရင်$10 ပေးတယ်။နောက်ပိုင်း ကုန်ကျစရိတ်များလာတော့ဒီ ပရိုဂမ်ကိုရပ်ရင်လဲ လူအုပ်ကြီးရဲ့ပြဿနာရှိတယ်။ဒီတော့ visa/ master နဲ့ ချိပ်ပြီး$50 သွင်းရင် $10 fee ပေးတဲ့အပိုင်းလေးထည့်လိုက်တယ်။ Instagram ကို မစခင် ဓာတ်ပုံရိုက်၊ Checkin တင်တဲ့ Burbn ကိုလုပ်တယ်။Founder Kevin […]

ပြဿနာက အဖြေရှာဖို့။
ခိုလို ထိုင်ငြီး အပြစ်တင်ဖို့ မဟုတ်ဘူးဆို
မှားမယ်မထင်ဘူး။
Read More »

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။

လုပ်ငန်းရှင်တစ်ယောက်ရဲ့ဝန်ထမ်းစီမံခန့်ခွဲမှုထိန်းသိမ်းမှု အရည်အချင်းကိုတစ်ခုတည်းနဲ့ မေးကြည့်လို့ရနိုင်တယ်။ အလုပ်တွဲလုပ်တဲ့အကြာဆုံးဝန်ထမ်းသက်တမ်းဘယ်လောက်ရှိပြီလဲ။ ဝန်ထမ်းရေးရာပြဿနာကြုံတယ်ဆိုတာ ကိုယ်က ဒီပြဿနာကို အဖြေမရှာနိုင်သေးလို့။ တော်ပြီးကောင်းတဲ့ ဝန်ထမ်းတွေကိုယ့်ဆီလာအလုပ်လုပ်ချင်ဖို့၊ သူတို့တိုးတက်ပြီး အလုပ်ပြီးအောင်လုပ်ပေးဖို့၊သူတို့ကိုယ့်လုပ်ငန်းမှာ ကြာနိုင်သမျှကြာအောင်နေဖို့ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဒါက ဝန်ထမ်းရေးရာအတွက် အရေးကြီးတဲ့
လုပ်ငန်းဆောင်တာပဲ။
Read More »

ပွားဖို့ ငှားဖို့လိုတယ်။

ပွားဖို့ ငှားဖို့လိုတယ်။ ဝင်ငွေတိုးပွားဖို့ ကိုယ့်လုပ်အားကြီးသုံးလို့မရဘူး။၁။ နည်းပညာအား၂။ လူအား၃။ ငွေအား၄။ ဥာဏအား၅။ အဆက်အသွယ်အား၆။ ဦးဆောင်သူရဲ့ ပါရမီအား ငှားပြီးစျေးကွက်ပြဿနာကို အထိရောက်ဆုံးဖြေရှင်းနိုင်လေလေအမြတ်ငွေပိုပွားလေလေ။ အားငှားတတ်မှ အမြတ်ငွေပွားမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ပွားဖို့ ငှားဖို့လိုတယ်။ Read More »

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။

လုပ်ငန်းစလုပ်တုန်းက အမြဲ ကြုံတဲ့ ပြဿနာက ဝန်ထမ်းပြဿနာ။ စာအုပ်ထဲမှာပါသလို သွားအုပ်ချုပ်လို့မရဘူး။ နောက်ပြီး ပညာအရေအချင်း၊ လူမျိုး၊ လာတဲ့နေရာ မတူရင်စဥ်းစားပုံက မတူပြန်ဘူး။ ဝန်ထမ်းပြဿနာ ကြုံတိုင်းငါလေ့လာနေတယ်ဆိုတဲ့စိတ်နဲ့လူတွေကို နားလည်နိုင်မှုကိုupdate လုပ်လုပ်သွားတယ်။ သင်္ချာမှာ သီအိုရီတစ်ခုရှိတယ်။အဖြစ်အပျက်ပေါ်မူတည်ပြီးကိုယ့်အထင်၊ အမြင်၊ ယုံကြည်မှုကိုupdate လုပ်သွားတာ။ ဒါကို Bayes’ rule လို့ခေါ်ပြီး ဘဝရဲ့ ဥပဒေသ တစ်ခုအနေနဲ့ကျင့်သုံးဖြစ်တယ်။ ပြဿနာတစ်ခုက ထပ်ခါထပ်ခါဖြစ်ရင်ငါယုံကြည်ထားတာ ဘာလဲ၊ ငါ့အထင်အမြင်နဲ့ တကယ်ဖြစ်နေတာကြားမှာကွာဟမှု ရှိသလား။ဘာတွေ အမြင် update လုပ်ရမလဲ။ ဘဝမှာ Bayes’ Rule (ဘေးရူး) ကို ကျင့်သုံးကြည့်။ ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။ အတွေးအခေါ် လိုအပ်ရင်update လုပ်ကြည့်။ ဘဝကို မြင်တဲ့အမြင် ကြည်၊ တောက်၊ ရှင်းလာလိမ့်မယ်လို့ထင်တယ်။ ဥပမာ

ကိုယ်ထင်တာကိုပဲ အမှန်လို့မထင်နဲ့။
အတွေးအခေါ် လိုအပ်ရင်
update လုပ်ကြည့်။
Read More »

Wave + Flow = WOW

Wave + Flow = WOW စီးပွားရေး အခွင့်အလမ်းလှိုင်းတွေက တစ်ခုပြီးတစ်ခုလာတယ်။ ဒီလှိုင်း Wave တွေကကိုယ်လုပ်နေတဲ့၊ ပြင်ဆင်နေတဲ့၊ လေ့ကျင့်နေတဲ့၊ ကျွမ်းကျင်နေတဲ့၊ ကိုယ်နဲ့တစ်သားတည်းကျ၊တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အလုပ် Flow နဲ့ ဆုံမိတဲ့အခါ ထင်မှတ်မထားတဲ့ အံ့အားသင့်လောက်အောင်အောင်မြင်နိုင်မှု Wow ဖြစ်တယ်။ ဒီနေ့ခေတ် စီးပွားရေးမှာ အောင်မြင်တဲ့ ဘယ်သူ့ကို မဆို ဒါနဲ့ ကြည့်လို့ရတယ်။ အခွင့်အလမ်းတွေ့မှ ထလုပ်ကြရင်အခွင့်အလမ်းရှိတုန်းခဏပဲရမယ်။ ရေရှည်လှိုင်းကို စီးသွားနိုင်မှာ မဟုတ်ဘူး။ Xiaomi ရဲ့ Lei Jun ကို ကြည့်။ စမတ်ဖုန်းတွေ ခေတ်မစားခင်Kingsoft မှာ ၁၆ နှစ် အတွေ့အကြုံယူလေ့ကျင့်ခဲ့တယ်။ Bytedance ကိုကြည့်AI တစ်ခေတ်မလာခင်ကတည်းက ပြင်ဆင်နေတယ်။ သူ့အရင် မျိုးဆက်ဖြစ်တဲ့Alibaba ကိုကြည့်ရင် ခေတ်ဦးကတည်းက China

Wave + Flow = WOW Read More »

ကိုယ်က ၉၇% ထဲမှာလား။
၃% ထဲမှာလား။

အယောက်တစ်ရာ စာမေးပွဲဖြေလို့သုံးယောက်ပဲ အောင်တဲ့အချိန်မျိုး။လုပ်ငန်း ၁၀၀ မှာ ၃ ခုပဲကြီးထွားအောင်မြင်မည့် အဖြစ်မျိုး။ ကိုယ်က ၉၇% ထဲမှာလား။၃% ထဲမှာလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ်က ၉၇% ထဲမှာလား။
၃% ထဲမှာလား။
Read More »

လူအများ မ see တာကို
see မှ ပွားတယ်။

စီးပွားစတင်တဲ့အခါလူအများ မ see တာကိုsee မှ ပွားတယ်။ ကြီးပွားဖို့အတွက်တော့ key နဲ့ star လိုတယ်။ အခရာကျတဲ့ လုပ်ငန်းအောင်မြင်စေမည့်လုပ်ငန်းတူ သို့ ပြိုင်ဖက်တွေထက် ခေါင်းတစ်လုံးသာနေစမည့်အရာkey success factors နဲ့လုပ်ငန်းတွေကို ဦးဆောင်ပေးမယ့်star player တွေလိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

လူအများ မ see တာကို
see မှ ပွားတယ်။
Read More »

အခွင့်အလမ်းဆိုတာ

အခွင့်အလမ်းဆိုတာ ကိုယ့်ဘေးနားမှာ အများကြီးရှိနေနိုင်တယ်။ အခွင့်အလမ်းတွေနောက်ပဲ လိုက်နေလို့မရဘူး။ ဂိမ်းကစားသလိုပဲ အခွင့်အလမ်းနောက်ပဲ လိုက်နေရင်ကိုယ်သွားနေတဲ့ လမ်းနဲ့လွဲပြီးကိုယ်သွားချင်တဲ့ နေရာနဲ့ဝေးသွားနိုင်တယ်။ ကိုယ့်လမ်းပေါ်မှာရှိတဲ့ အခွင့်အလမ်းကပဲကိုယ့်အတွက်။ ကိုယ့်သွားနေတဲ့လမ်းကိုလွဲသွားစေမည့်အခွင့်အလမ်းကကိုယ့်အတွက် မဟုတ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

အခွင့်အလမ်းဆိုတာ Read More »

ပိုက်ဆံကဓာတ်ဆီပဲ။

ပိုက်ဆံကဓာတ်ဆီပဲ။လုပ်ငန်းက ကား။သွားနေတဲ့ပန်းတိုင်ရှိမယ်။ပန်းတိုင်ရောင်ဖို့ ဓာတ်ဆီရှာတာ။ပန်းတိုင်ရောက်တဲ့အခါလေယဉ်လဲဖြစ်ရင်ဖြစ်သွားမယ်။နောက် ဒုံပျံလဲ ဖြစ်ရင်ဖြစ်သွားမယ်။နောက်တစ်ဆင့်ထပ်သွားလို့ရသွားမယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ပိုက်ဆံကဓာတ်ဆီပဲ။ Read More »

စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့
ကစားပွဲတစ်ခုပဲ။

စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့ကစားပွဲတစ်ခုပဲ။ ဒို့မြန်မာပြည်မှာတော့ တက်ကျမ်းတို့၊ စွန့်ဦးတီထွင်တို့ဆိုတာ ဟာသတစ်ခုလိုဖြစ်နေတတ်ကြတယ်။ တခါတလေ အနောက်တိုင်းကမြင်တဲ့အမြင်၊တရုတ်က မြင်တဲ့အမြင်၊ ကျွန်တော်တို့ ပြည်တွင်းကမြင်တဲ့အမြင်က တော်တော်လေးကွာတယ်။ အမြင်မတူရင် အမြင့်မတူနိုင်ဘူး။ အမေရိကန်က ကလေးတွေကမွေးကတည်းက ကမ္ဘာကြီးကိုပြောင်းလဲနိုင်တယ်လို့သူတို့ မိဘတွေက သင်ကြတယ်။တရုတ်က စီးပွားရေးလုပ် ချမ်းသာနိုင်တယ်လို့သင်ကြတယ်။ပြည်တွင်းမှာတော့ အားလုံးသိတဲ့အတိုင်းပဲ။ အဲ့လိုပဲ အမေရိကန်နည်းပညာတွေနဲ့ကမ္ဘာကြီးကို ပြောင်းလဲတယ်။ တရုတ်က အကောင်အထည်ဖော်မှုပိုင်းမှာပိုကောင်းအောင် လုပ်တဲ့နည်း၊Business model innovation နဲ့ပြိုင်တယ်။ လူတစ်ယောက်ရဲ့ လောကအမြင်ကအရေးကြီးတယ်။ အပြစ်တင်တာများပြီး အဖြေရှာတာနည်းတဲ့နေရာတစ်ခုမှာ အလုပ်လုပ်ရင်လုပ်သလို ရှေ့ရောက်တာပဲ။ တရုတ်လိုနေရာမှာ အလုပ်လုပ်တိုင်းရှေ့မရောက်ဘူး။လူအများစုက ဆာလောင်ပြီးအရှေ့ရောက်ဖို့ အဖြေရှာနေကြတယ်။ ကျွန်တော်တို့ဆီမှာ စားဖို့သောက်ဖို့ရှိ၊အင်တာနက်လိုင်းရှိပြီး၊ဖုန်းရှိရင် ဘဝကို အပြောင်းအလဲလုပ်လို့ရတယ်။ ဘဝခက်ခဲတာတော့ လောကဓံရှစ်ပါး လူတိုင်း အနည်းနဲ့အများဖြစ်နေမှာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

စွန့်ဦးတီထွင်မှုဟာ ရင်ခုန်စရာကောင်းတဲ့
ကစားပွဲတစ်ခုပဲ။
Read More »