ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။
ဘဝမှာ ပေးထားချက်တွေရှိတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ဘဝပေးအခြေအနေမတူဘူး။ဖြတ်သန်းလာမှုမတူဘူး။ဘဝကို ဖြတ်သန်းချင်တဲ့ပုံစံမတူဘူး။အိမ်မက်တွေ မတူဘူး။အနာဂတ်အမြင်မတူဘူး။ တခါတလေ ဘဝမှာကိုယ့်ဘဝပေးထားချက်တွေ မကြည့်ပဲဖြစ်ချင်တာတွေပဲ ဇွတ်လုပ်လို့မရဘူး။ ဘဝရဲ့ ပေးထားချက်တွေပေါ်မူတည်ပြီးကိုယ့်အိမ်မက်တွေကိုတစ်ဆင့်ချင်းအကောင်အထည်ဖော်သွားဖို့ဘဝခရီးလမ်းတစ်လျှောက်မှာမှန်ကန်တဲ့ ရွေးချယ်မှုတွေပြုလုပ်ဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ဘဝအနာဂတ်ကိုဒီဇိုင်းလုပ်တဲ့အခါဘဝရဲ့ ပေးထားချက်တွေကို ချရေးလိုက်တယ်။ကိုယ်ဘယ်အရာကို ဝါသနာပါလဲ။ဘယ်အရာတွေကို ကျွမ်းကျင်သလဲ။အနာဂတ်မှာ ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်က ဘာလဲ။ဘဝကို ဘယ်လိုပုံစံဖြတ်သန်းချင်သလဲ။ဘယ်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးမလဲ။ဝင်ငွေကို ဘယ်လိုရှာမလဲ။လက်ရှိကိုယ့်ရဲ့ ကျန်းမာရေး၊အလုပ်အကိုင်၊ မိသားစု၊ အချစ်ရေး၊ငွေရေးကြေးရေး အခြေအနေကဘာတွေလဲ။ ဘာရွေးချယ်မှုတွေ ပြုလုပ်လို့ရသလဲ။အဲ့ထဲမှာ လုပ်သင့်တဲ့အရာတွေကဘာတွေလဲ။ဘယ်အချိန်မှာဘယ်မှာနေပြီး၊ဘယ်သူတွေနဲ့တွေ့၊ဘာတွေလုပ်နေသင့်သလဲ။ ဘဝဆိုတာ “ပေးထားချက်တွေပေါ်မူတည်ပြီး”“အနာဂတ်အမြင် အကောင်အထည်ဖော်ဖို့”“ရွေးချယ်မှုတွေပြုလုပ်ပြီး”၊“တကယ်လက်တွေ့ အကောင်အထည်ဖော်”တဲ့နေရာပဲ။ In life, there are given situations and choices that you must navigate. To create your best self, you need to […]
ပေးထားချက်တွေထဲက အကောင်းဆုံးရွေးချယ်မှုပြုလုပ်ပါ။ Read More »
