အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်
အားတီ အားမေတို့အတွက်ကိုယ့်ကိုကိုယ် မေးဖြစ်တဲ့ မေးခွန်းတွေ အတွေးမရှင်းရင်ဘဝက တိုင်ပတ်တယ်။အတွေးရှင်းဖို့ ကိုယ့်ကိုကိုယ်သေချာ သိဖို့လိုတယ်။ ကိုယ့်ကိုကိုယ် သေချာနားမလည်ရင်တိုင်ပတ်မှုအပေါင်း သရဖူဆောင်းရတတ်တယ်။ ကိုယ်ဘယ်လိုတွေးလဲ?ဘာတွေ ယုံကြည်လဲ?ဘာဖြစ်ချင်လဲ?ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ်တတ်လဲ?ကိုယ့်အားသာချက်က ဘာလဲ?အားနည်းချက်က ဘာလဲ?ဘာကို ကြိုက်သလဲ?ဘာကို မကြိုက်ဘူးလဲ?နေချင်တဲ့ဘဝမျိုးကဘာလဲတကယ်ကော အဲ့ပုံစံနေချင်တာလား?အပြောင်းအလဲကော ရှိနိုင်လား။ ကိုယ့်လိုချင်တာရဖို့ကိုယ့် winning formula က ဘာလဲ။ကိုယ်ဘယ်အချိန်တွေကျရင်သောက်တလွဲတွေ လုပ်ဖြစ်လဲ။ ဘယ်အချိန်စိတ်ညစ်သလဲ။ဘယ်အချိန် တက်ကြွသလဲ။ဘယ်အချိန်မှာ တုံးတိုက်တိုက်ကျားကိုက်ကိုက် လုပ်ပြီးဘယ်အချိန်မှာ လက်လျော့တတ်သလဲ။ ဘယ်လိုလူတွေကို အပေါင်းအသင်းမလုပ်ဘူးလဲ။ဘယ်လိုလူတွေနဲ့ အပေါင်းအသင်းလုပ်သင့်သလဲ။ ကိုယ်က အခု ဘယ်လိုလူမျိုးလဲအနာဂတ်မှာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကဘာလဲ။အရေးမကြီးတာတွေကဘာလဲ။ဘာကို ယုံကြည်ခဲ့သလဲ။အဲ့အတွက် ဘာရလဒ်တွေ ရခဲ့သလဲ။ဘာကို မယုံကြည်ဘူးလဲ။ အခုကော ဘယ်လိုယုံကြည်မှုမျိုးရှိထားလဲ။ဒီယုံကြည်မှုက အနာဂတ်သွားချင်တဲ့လမ်းကြောင်းကိုအထောက် အကူပြုလား။မပြုရင်ကော ပြင်ဖို့လိုမလား။ ကိုယ့်ဘဝကို နောက်တစ်ဆင့်ရောက်အောင် ကူညီပေးခဲ့တဲ့လူတွေက ဘယ်လိုလူတွေလဲ။သူတို့ကို ဘယ်လိုတွေ့ခဲ့လဲ။ဘယ်အချက်တွေကြောင့်ကိုယ်အပြောင်းအလဲဖြစ်ခဲ့သလဲ။သူတို့မှာ တူညီတဲ့အချက်တွေဘာတွေရှိသလဲ။ဒီက […]
အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ် Read More »
