ခိုင်းဖက်
ငါ့သားကြီးက ခိုင်းလိုက်ရင်လှည့်ကြည့်စရာမလိုဘူး။စေ့စပ်သေချာတယ်ဆိုပြီးတဖြည်းဖြည်းနဲ့ ခိုင်းဖက်ဖြစ်လာတယ်။အမှန်တော့ လုပ်ငန်းတွေမှာအလုပ်ပိုလုပ်ရတယ်ဆိုတာကိုယ်က ဂျွတ် (တော်) လို့ပါ။ Phyo Paing @ Derek
ငါ့သားကြီးက ခိုင်းလိုက်ရင်လှည့်ကြည့်စရာမလိုဘူး။စေ့စပ်သေချာတယ်ဆိုပြီးတဖြည်းဖြည်းနဲ့ ခိုင်းဖက်ဖြစ်လာတယ်။အမှန်တော့ လုပ်ငန်းတွေမှာအလုပ်ပိုလုပ်ရတယ်ဆိုတာကိုယ်က ဂျွတ် (တော်) လို့ပါ။ Phyo Paing @ Derek
စားစရာအကောင်းနဲ့ သိပ်မကောင်းတာဆိုသိပ်မကောင်းတာကို အရင်စားပြီးပိုကောင်းတာကို နောက်နေ့အတွက်ထားတယ်။ ပိုခက်တဲ့အလုပ်ကို အရင်လုပ်ပြီးလေပြေလေးတွေကို နောက်မှခံစားတယ်။ ဒီနေ့ကို ဒုက္ခခံပြီး မနက်ဖြန်မှာပိုကောင်းတာတွေကိုခံစားမယ်။ ဒါကို delayed gratification လို့ခေါ်တယ်။ဒီနေ့ကို ဒုက္ခခံပြီး ပိုကောင်းတဲ့မနက်ဖြန်တည်ဆောက်သူတွေဖြစ်တယ်။ ဒီလိုလူတွေက ပိုအောင်မြင်တယ်ဆိုတာ1972 မှာ Stanford တက္ကသိုလ်ကprofessor Walter Mischel ကMarshmallow experiment ဆိုပြီးနှစ်ပေါင်းဆယ်စုနှစ် နှစ်ခုကြာသုတေသနလုပ် တွေ့ရှိခဲ့တယ်။ အခုပြဿနာတွေကို ခါးစီးခံပြီး၂၀၃၀ အလွန်အတွက်ပဲ ပြင်ဆင်စို့။ Phyo Paing @ Derek
ဒီနေ့ကို ဒုက္ခခံပြီး မနက်ဖြန်မှာ
ပိုကောင်းတာတွေကိုခံစားမယ်။ Read More »
သမိုင်းပေးတာဝန်ကနေပိုကောင်းတဲ့ အိမ်မက်အသစ်တွေပြန်လည်မွေးဖွားလာမယ်။ Personal Mission –Being the best version of myself Business Mission –Transforming lives through education and technology What do I do everyday? –Helping people and business to hack their productivity and profit How? –Personal, Professional and Business Development Phyo Paing @ Derek
အိမ်မက်တွေကို ရိုက်ချိုးလို့ရတယ်။
သမိုင်းပေးတာဝန်တွေကို ရိုက်ချိုးလို့မရဘူး။ Read More »
လုပ်ငန်းတိုင်းမှာ အထာရှိတယ်။LV ဆိုင်ဝင်ပြီး ဘယ်သူမှစျေးသွားမဆစ်ဘူး။High-end စားသောက်ဆိုင်သွားပြီးရေသန့်တစ်ဗူး ၁၀၀၀ ယူတဲ့အတွက်တကယ့်ဖောက်သည်စစ်စစ်ဘယ်သူမှ ဓာတ်ပုံရိုက်Social media မှာ မတင်ဘူး။ဘာလို့လဲဆိုရင် ဒါက အထာဖြစ်တယ်။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။Luxury brand တွေ marketing လုပ်တဲ့အခါရောင်းတဲ့အခါ စုံစမ်းမေးမြန်းတဲ့သူကအထာမသိဘူးဆိုရင် ဒါကPotential customers မဟုတ်ဘူးဆိုတာတန်းသိတယ်။ Xiaomi ရဲ့အထာက price-to-performance.Apple ရဲ့အထာက perfection.ကိုယ့်လုပ်ငန်းရဲ့အထာက ဘာများဖြစ်မလဲ? Phyo Paing @ Derek
အာရုံ၊ အင်နာဂျီ၊ အလုပ် ဒီသုံးခုက လူ့ဘဝရဲ့ အခရာပဲ။ဘူတာကို အာရုံစိုက်ရင်ဘူတဲ့ အင်နာဂျီပဲ ဆွဲဆောင်နိုင်မယ်။အလုပ်လုပ်ရင်လဲ ဘူနေမယ်။ အကြည်ဓာတ်တွေကို အာရုံပြုတဲ့အခါအကြည်ဓာတ် အင်နာဂျီရမယ်။အလုပ်လုပ်ရတာ လတ်ဆတ်မယ်။ ရှုပ်ထွေးလှတဲ့လူ့ဘဝမှာကိုယ်ထိန်းချုပ်နိုင်တာတစ်ခုကတော့အာရုံပဲ ဖြစ်တဲ့အတွက်အကြည်ဓာတ်တွေမှာပဲအာရုံကို အာဏာကုန် အသုံးပြုလိုက်ပါ။ Phyo Paing @ Derek
အာရုံ၊ အင်နာဂျီ၊ အလုပ် Read More »
အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek
Learning and Growth Read More »
စိတ်ပါပါမပါပါ ကိုယ်လုပ်တဲ့အလုပ်ကိုအကောင်းဆုံး တာဝန်ကျေပြီးရလဒ်ကောင်းအောင်လုပ်တာProfessional ဖြစ်တယ်။ Amateur တွေက စိတ်ပါမှ လုပ်တဲ့အချိန်Top Performer တွေက စိတ်ပါပါမပါပါအကောင်းဆုံးလုပ်သွားတဲ့အခါသူ့အလေ့အကျင့်က သူ့ကိုဦးဆောင်သွားတယ်။ စိတ်ဓာတ်ကျလို့ performance မကောင်းဘူးဆိုတာprofessional မဆန်တာပဲ။ Phyo Paing @ Derek
Professional ဆိုတာ Read More »
ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek
အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »
စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။မားကတ်တင်းဆိုတာ ဖောက်သည်တွေဘာလိုချင်၊ ဖြစ်ချင်တယ်ဆိုတဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ပညာလုပ်ရပ်ဖြစ်တဲ့အတွက်စေတနာကိုယ်ချင်းစာစိတ်အခြေခံတယ်။ Phyo Paing @ Derek
စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။ Read More »
ကိုယ်အခုလို မနက်ကိုနိုးထFacebook သုံးနေတဲ့အချိန်မှာဘဝတိုက်ပွဲအတွက် နိုးထပြီးစျေးရောင်းနေရသူတွေအများကြီး။ဆေးရုံမှာ အသက်ငင်နေတဲ့သူအများကြီး။စိုးရိမ်ပူပန်မှုတွေအနဲ့ နိုးထတဲ့သူအများကြီး။တကယ်တော့ ပျော်ရွင်မှု၊ရင်ခုန်၊ ဂုဏ်ယူတတ်တဲ့ဘဝတည်ဆောက်ဖို့အတားအဆီးက ကိုယ်ကိုယ်တိုင်ပဲ။ မျက်စိလေးမှိတ်ပြီးပြန်မေးကြည့်ကြည့်ပါ။ငါ့ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတွေကဘာတွေလဲ။ Phyo Paing @ Derek