mindset

အာရုံ၊ အင်နာဂျီ၊ အလုပ်

အာရုံ၊ အင်နာဂျီ၊ အလုပ် ဒီသုံးခုက လူ့ဘဝရဲ့ အခရာပဲ။ဘူတာကို အာရုံစိုက်ရင်ဘူတဲ့ အင်နာဂျီပဲ ဆွဲဆောင်နိုင်မယ်။အလုပ်လုပ်ရင်လဲ ဘူနေမယ်။ အကြည်ဓာတ်တွေကို အာရုံပြုတဲ့အခါအကြည်ဓာတ် အင်နာဂျီရမယ်။အလုပ်လုပ်ရတာ လတ်ဆတ်မယ်။ ရှုပ်ထွေးလှတဲ့လူ့ဘဝမှာကိုယ်ထိန်းချုပ်နိုင်တာတစ်ခုကတော့အာရုံပဲ ဖြစ်တဲ့အတွက်အကြည်ဓာတ်တွေမှာပဲအာရုံကို အာဏာကုန် အသုံးပြုလိုက်ပါ။ Phyo Paing @ Derek

အာရုံ၊ အင်နာဂျီ၊ အလုပ် Read More »

Learning and Growth

အဖြစ်လုပ်တာနဲ့အလုပ်ဖြစ်အောင်လုပ်တာ မတူဘူး။အလုပ်ဖြစ်အောင်လုပ်ဖို့ဘယ်အရာက အလုပ်ဖြစ်တယ်၊ဘယ်အရာက အလုပ်မဖြစ်ဘူးပြန်လည်သုံးသပ်ပြီးပြုပြင်သွားဖို့လိုတယ်။ လိုအပ်တဲ့ Learning & Growth လုပ်မနေပဲ၊ငွေရေးကြေးရေး၊ စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးအလိုလို တိုးတက်မလာဘူး။ စီမံခန့်ခွဲမှုမှာ ပြောနေကျစကားလိုအလိုလိုပေါက်တာဆိုလို့အများဆုံးကတော့ မြက်ပင်ပဲရှိတယ်။လှပတဲ့သစ်ပင်ပန်းမံတွေပွင့်ဖို့တော့စနစ်တကျ ပြုစုပျိုးထောင်ရတယ်။ Phyo Paing @ Derek

Learning and Growth Read More »

Professional ဆိုတာ

စိတ်ပါပါမပါပါ ကိုယ်လုပ်တဲ့အလုပ်ကိုအကောင်းဆုံး တာဝန်ကျေပြီးရလဒ်ကောင်းအောင်လုပ်တာProfessional ဖြစ်တယ်။ Amateur တွေက စိတ်ပါမှ လုပ်တဲ့အချိန်Top Performer တွေက စိတ်ပါပါမပါပါအကောင်းဆုံးလုပ်သွားတဲ့အခါသူ့အလေ့အကျင့်က သူ့ကိုဦးဆောင်သွားတယ်။ စိတ်ဓာတ်ကျလို့ performance မကောင်းဘူးဆိုတာprofessional မဆန်တာပဲ။ Phyo Paing @ Derek

Professional ဆိုတာ Read More »

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်

ကြီးကျယ်တဲ့အပြောင်းအလဲလုပ်ဖို့အများကြီးလိုချင်မှ လိုလိမ့်မယ်။တစ်ခုခု၊ တစ်ယောက်ယောက်ကိုကိုယ့်ဘဝထဲက ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားဖို့ပဲလိုတာ ဖြစ်နိုင်တယ်။ အလုပ်ထွက်ပြီး ကိုယ်တိုင်စတော့အိမ်နဲ့သုံးလ အဆက်အသွယ်မလုပ်ဘူး။ရစေချင်တဲ့ဘွဲ့ ကတိအတိုင်းယူပေးခဲ့ပြီးပြီ။ ရှေ့ဆက်မည့် ဘဝကတော့ကိုယ်သွားချင်တဲ့ဘဝ၊ ကိုယ့်အတွေးနဲ့ယုံကြည်မှုနဲ့တည်ဆောက်မှာဖြစ်တဲ့အတွက်Instruction တွေ၊ အထင်အမြင်တွေနဲ့လမ်းမလွဲချင်ဘူး။ တခါတလေ ပိုကောင်းတဲ့အပြောင်းအလဲတစ်ခုအတွက်ကိုယ်ချစ်တဲ့သူတွေကို ခဏဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့်တွေရှိကောင်းရှိရနိုင်တယ်။ Phyo Paing @ Derek

အဆက်အသွယ်ဖြတ်ရတဲ့အခိုက်အတန့် Read More »

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။မားကတ်တင်းဆိုတာ ဖောက်သည်တွေဘာလိုချင်၊ ဖြစ်ချင်တယ်ဆိုတဲ့လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ပညာလုပ်ရပ်ဖြစ်တဲ့အတွက်စေတနာကိုယ်ချင်းစာစိတ်အခြေခံတယ်။ Phyo Paing @ Derek

စေတနာဆိုတာ ရင်ထဲကခံစားလို့ရတယ်။ Read More »

စဥ်းစားကြည့်။

ကိုယ်အခုလို မနက်ကိုနိုးထFacebook သုံးနေတဲ့အချိန်မှာဘဝတိုက်ပွဲအတွက် နိုးထပြီးစျေးရောင်းနေရသူတွေအများကြီး။ဆေးရုံမှာ အသက်ငင်နေတဲ့သူအများကြီး။စိုးရိမ်ပူပန်မှုတွေအနဲ့ နိုးထတဲ့သူအများကြီး။တကယ်တော့ ပျော်ရွင်မှု၊ရင်ခုန်၊ ဂုဏ်ယူတတ်တဲ့ဘဝတည်ဆောက်ဖို့အတားအဆီးက ကိုယ်ကိုယ်တိုင်ပဲ။ မျက်စိလေးမှိတ်ပြီးပြန်မေးကြည့်ကြည့်ပါ။ငါ့ဘဝမှာ ကျေးဇူးအတင်ဆုံးအရာတွေကဘာတွေလဲ။ Phyo Paing @ Derek

စဥ်းစားကြည့်။ Read More »

အလုပ်မလုပ်ပဲနေတာ ပိုပင်ပန်းတယ်။

အလုပ်လုပ်တာ ပင်ပန်းသလား? အလုပ်မလုပ်တာ ပိုပင်ပန်းတယ်လို့ထင်တယ်။Beach မှာ ဘားမှမလုပ်ပဲတစ်ပတ်လောက်နေရမယ်ဆိုဘဝကြီးကတော်တော်ပျင်းစရာကောင်းမှာပဲ စဥ်းစားမိတယ်။ အလုပ်က game တစ်ခုလိုဖြစ်လာတဲ့အခါနေ့စဥ် ဘဝက လတ်ဆတ်နေတယ်။တစ်ရက် ၂၄ နာရီမှာ ၆ – ၈ က အိပ်မယ်။​၈ နာရီနဲ့အထက်က အလုပ်မှာအချိန်ကုန်မယ်။နောက်ကျန်တဲ့အချိန်တွေကဝေယျာဝိစ္စတွေအတွက် အချိန်ပေးရမယ်။​ ကျွန်တော်အမြင် အလုပ်မလုပ်တာကအလုပ်လုပ်ရတာထက် အများကြီးပိုပင်ပန်းတယ်။ Phyo Paing @ Derek

အလုပ်မလုပ်ပဲနေတာ ပိုပင်ပန်းတယ်။ Read More »

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။

နေ့စဥ် လူတွေနဲ့ မာန်မာနခလုတ်တိုက်မှုတွေကြားမှာအကြည်ဓာတ်ထိန်းနိုင်ဖို့ဆိုတာတော်ရုံလွယ်တဲ့ကိစ္စမဟုတ်ဘူး။တခါတလေ ဘာလေးမဟုတ်တဲ့ကိစ္စသေးသေးလေးနဲ့စိတ်ကသိကအောင့် ဖြစ်နေတတ်ကြတယ်။ ဒါကြောင့် ကျွန်တော်ကတော့ စိတ်ညစ်စရာကိုတစ်မိနစ်ထက် ပိုမခံစားသလိုမနက်ထတိုင်းမှာ လူတွေကို ခွင့်လွတ်ခြင်းနဲ့တောင်းပန်ခြင်း တရားထိုင်နည်းနဲ့ကိုယ့်ရဲ့ စိတ်ခံစားချက်negative emotion တွေကိုနေ့စဥ် Detox လုပ်လေ့ရှိတယ်။ရေချိုးသလိုပဲ အကြည်ဓာတ်မပျက်ဖို့နေ့စဥ် Detox လုပ်နေဖို့လိုတယ်။ ဒါမှ နေ့စဉ် ကိုယ့်အတွက် growing နဲ့တခြားသူတွေအတွက် giving လုပ်ပေးနိုင်မှာ။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် အကြည်ဓာတ်မပျက်ပါစေနဲ့။ Read More »

စေတနာ

အောင်မြင်တဲ့ စားသောက်ဆိုင်အောင်မြင်တဲ့ လုပ်ငန်းအောင်မြင်တဲ့ စာရေးဆရာနဲ့အောင်မြင်တယ်ဆိုတဲ့ သူတွေမှာသူ့ဖောက်သည်တွေ သူ့ပရိသတ်တွေအတွက်စေတနာကိုတွေ့ရမှာပါ။ စေတနာဟာ ခံစားလို့ရပါတယ်။ Phyo Paing @ Derek

စေတနာ Read More »

ထွက်ပေါက်က ဘယ်မှာလဲ?

နိုင်ငံခြားမှာလား။ ကိုယ်ရှောင်ပြေးလို့မရတဲ့လူက ကိုယ်ပဲ။ကိုယ့်အတွေး၊ ခံစားချက်၊ အထင်အမြင်တွေကိုရှောင်ဖယ်ပြေးလို့မရဘူး။ထွက်ပေါက်က အပြင်မှာမရှိဘူး။စိတ်အတွင်းမှာရှိတယ်။ မြင်အောင်ကြည့်၊ ကြားအောင်ကြည့်၊ခံစားကြည့်ရင် ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ ဘယ်လိုခံစားရလဲ။အဲ့ဒါထွက်ပေါက်ရှိတဲ့နေရာပဲ။ Escape It’s not where you think it is.It’s where you belong. It’s inside you.Your environment is the extension of your mind. The escape is inside you. 一个人自始至终都无法逃避来自自己的思想、感受和看法。因为答案从来不是在他人身上,而是在自己的内心深处。当你去发现它,聆听它,感受它就能发现自己所看到,所听到的就是自己内心深处的答案。 Phyo Paing @ Derek

ထွက်ပေါက်က ဘယ်မှာလဲ? Read More »