mindset

Mind Your Own Business

ဘဝမှာ ဒူနေ၊ ဘူနေတာအမုန်းဆုံးပဲ။ ကိုယ်လဲ အရင်က ဒူတယ်။တော်တော်လေးလဲ ဘူတယ်။ ပထမဆုံးဒူကိုကျော်လွှားဖို့ဦးနှောက်ကောင်းဖို့နည်းလမ်းရှာတယ်။ မှတ်ဥာဏ်ကောင်းအောင်ဘယ်လိုလုပ်မလဲ၊ဦးနှောက်ကို စဥ်းစားတာမြန်အောင်ဘယ်လိုလုပ်မလဲနည်းလမ်းတွေရှာ လေ့ကျင့်မှုတွေလုပ်တယ်။ လူရှေ့သူရှေ့စကားထွက်ပြောခြင်းသင်တန်းတွေတက်တယ်။ ကိုယ်တိုင်လဲ အခွင့်အခါသင့်တိုင်းလူရှေ့ထွက်စကားပြောကြည့်တယ်။ နေ့စဥ်စာဖတ်တယ်။ မေးခွန်းတွေမေးတယ်။ အဖြေတွေရှာတယ်။ ဒူတာနည်းလာတယ်။ ဘူတာကို ကျော်လွှားဖို့ကအပြစ်မတင်ဘဲ အဖြေရှာတယ်။ဘဝမှာ ထိန်းချုပ်လို့မရတဲ့ “ကံ”ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” ရှိတယ်။ ထိန်းချုပ်လို့ရတဲ့ “ကံ” က အလုပ်။ အဲ့တော့ MYOB လုပ်တယ်။Mind Your Own Business အားရင်အများဆုံးစဥ်းစားတာကိုယ့်အကြောင်း။ ဘာဆက်လုပ်မလဲ၊ ကိုယ်ဘယ်လိုစဥ်းစားလဲ၊ မနက်ဖြန်ကို ဒီနေ့ထက်ပိုကောင်းအောင်ဘယ်လိုလုပ်မလဲ။ လုပ်မိတဲ့အမှားတွေကို ကိုယ့်ကိုကိုယ် ခွင့်လွတ်တယ်။ သင်ခန်းစာယူတယ်။ ကိုယ်နဲ့တွေ့တဲ့ လူတွေ၊ နေရာတွေ၊ အိုင်ဒီယာတွေကိုဂရုစိုက်ရွေးချယ်တယ်။ ဘူကောင်၊ ဘူနေရာ၊ ဘူအိုင်ဒီယာကိုရှောင်တယ်။ ဒီနည်းနဲ့ ဒူတာနဲ့ ဘူတာကိုတဖြည်းဖြည်းကျော်လွှားလာခဲ့တယ်။

Mind Your Own Business Read More »

ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့သူက
ကိုယ့်ဘဝကိုလည်း အုပ်ချုပ်နိုင်တယ်။

တစ်ခါတလေတူညီတဲ့လူ၊တူညီတဲ့အရည်အချင်း၊တူညီတဲ့အလုပ်ကိုပဲ လုပ်နေတာ။ ဒါပေမယ့်တစ်ရက်မှာ အရာအားလုံး အဆင်ပြေတယ်။နောက်တစ်ရက်မှာ ဘာမှမလုပ်ချင်တော့ဘူး။ ဘာကြောင့်လဲ? အကြောင်းရင်းက Skill မဟုတ်ဘူး။State (စိတ်အခြေအနေ) ပါ။ NLP (Neuro-Linguistic Programming) မှာ“Your state determines your behavior.”လို့ ပြောကြတယ်။ ကိုယ့်ရဲ့ Emotional State ကကိုယ် ဘယ်လိုစကားပြောမလဲ၊ဘယ်လိုဆုံးဖြတ်မလဲ၊ဘယ်လောက်အထိ ကြိုးစားမလဲကို သတ်မှတ်ပေးတယ်။ ဗုဒ္ဓရဲ့ အဘိဓမ္မာကို ကြည့်လိုက်ရင်တော့လူရဲ့စိတ်ဟာ“ကောင်းတယ်၊ ဆိုးတယ်” လို့ နှစ်မျိုးတည်း မဟုတ်ဘူး။ စေတသိတ် (၅၂ ပါး) ဆိုတဲ့စိတ်နဲ့အတူ ဖြစ်ပေါ်လာတဲ့စိတ်အရည်အသွေးတွေရှိတယ်။ ဥပမာလောဘ (လိုချင်စိတ်)ဒေါသ (အမျက်)မောဟ (မသိမှု)သတိ (Mindfulness)ဝီရိယ (ကြိုးစားမှု)ပညာ (Wisdom)ကရုဏာ (Compassion)မုဒိတာ (ဝမ်းမြောက်နိုင်မှု) ဒီစိတ်အရည်အသွေးတွေပေါင်းစပ်ပြီးကိုယ့်ရဲ့ “State” ကို ဖန်တီးနေတာ။ အလုပ်မဖြစ်တဲ့နေ့မှာ…“ငါ ပျင်းနေတာပဲ”လို့

ကိုယ့်စိတ်ကို ကိုယ်အုပ်ချုပ်နိုင်တဲ့သူက
ကိုယ့်ဘဝကိုလည်း အုပ်ချုပ်နိုင်တယ်။
Read More »

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်နိုင်ဖို့လိုတယ်။
ဒီလိုပြင်ဖို့ကလဲ ကိုယ်မှားနေတာသိဖို့လိုတယ်။

လူအများစု ဘဝတိုင်ပတ်နေတာပိုက်ဆံကြောင့်မဟုတ်ဘူး။ အတွေးအခေါ်ကြောင့်။ အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်နိုင်ဖို့လိုတယ်။ ဒီလိုပြင်ဖို့ကလဲ ကိုယ်မှားနေတာသိဖို့လိုတယ်။ ကိုယ်မှားနေတာ ဘယ်လိုသိနိုင်မလဲဆိုကိုယ်လိုချင်တာ ရလာမနေဘူးဆိုမှားတာပဲ။ ကိုယ်လိုချင်တာကို မထိန်းထားနိုင်ဘူးဆိုမှားတာပဲ။ ကိုယ်လိုချင်တာကို အခုရပြီးအနာဂတ်မှာနောင်တရမယ်ဆိုလဲ မှားတာပဲ။ မှန်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။လိုချင်တာရရင်။ ထိန်းထားနိုင်ရင်။ကိုယ့်နည်းလမ်းက နောင်တမရစေရင်။ Phyo Paing @ Derek

အတွေးအခေါ်ဘေးချော်ရင်
အရေးပေါ်ပြင်နိုင်ဖို့လိုတယ်။
ဒီလိုပြင်ဖို့ကလဲ ကိုယ်မှားနေတာသိဖို့လိုတယ်။
Read More »

ဗုဒ္ဓဟောကြားခဲ့သလို
မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။

အရာရာရှားပါးတယ်လို့ထင်တတ်တဲ့ Scarcity mindset ဆိုတာရှိတယ်။ တကယ်တမ်းလောကမှာ ငွေလဲမရှားဘူး။ အခွင့်အလမ်းလဲမရှားဘူး။ မရှာလို့မတွေ့တာ။ ဒါနဲ့ပြောင်းပြန်က Abundance Mindsetကြွယ်ဝမှုရှိတဲ့စိတ်။ ကိုယ့်အနေနဲ့ Scarcity Mindset နဲ့ကြီးလာတယ်။ နောက်မှသိလာတာက ဥာဏ်ကောင်းရုံနဲ့ ငွေကြေးနဲ့အခွင့်အလမ်းရမလာဘူး။ အရာရာရှားပါး ဒုက္ခများတဲ့ Scarcity Mindset ကနေကြွယ်ဝမှုဆိုတာရှိတယ်၊ ငါနဲ့ထိုက်တန်တယ်ဆိုတဲ့Abundance Mindset က အရာရာကို အပြောင်းအလဲဖြစ်စေတာပဲ။ ဥာဏ်ပဲကောင်းလို့မရဘူး။ ကံကောင်းဖို့ အတွေးအခေါ်ကလဲဗုဒ္ဓဟောကြားခဲ့သလို မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဗုဒ္ဓဟောကြားခဲ့သလို
မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။
Read More »

စိတ်ကို ပြောင်းပါ။ဘဝ ပြောင်းပါတယ်။

အရာရာက စိတ်ကနေ စပါတယ်။ ဗုဒ္ဓက ဓမ္မပဒ ရဲ့ ပထမဆုံး စာကြောင်းမှာဒါကို ဟောကြားခဲ့ပါတယ်။ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ”စိတ်က ရှေ့ဆောင်တယ်။ စိတ်က အဓိက။စိတ်က ဦးဆောင်ပြီး ကျန်တာ အားလုံး လိုက်လာတယ်။အရာရာဟာ စိတ်နဲ့ပဲ ပြီးစေတယ်။ ပြောတဲ့ စကား — စိတ်ထဲက လာတယ်။လုပ်တဲ့ အလုပ် — စိတ်ထဲက လာတယ်။ဖြစ်တဲ့ ရလဒ် — စိတ်ထဲက လာတယ်။ ဒါဆို ဘဝကို ပြောင်းချင်ရင်ပြင်ပကို ပြောင်းစရာ မလိုပါဘူး။စိတ်ကို ပြောင်းရုံပါပဲ။ ဒါပေမယ့် လူအများစု ပြောင်းပြန် လုပ်ပါတယ်။ ငွေ ပိုရချင်တယ် — အလုပ် ပိုလုပ်တယ်။ဒါပေမယ့် “ငါ ချမ်းသာဖို့ မထိုက်တန်ဘူး” ဆိုတဲ့စိတ်ထဲက ယုံကြည်ချက်ကို

စိတ်ကို ပြောင်းပါ။ဘဝ ပြောင်းပါတယ်။ Read More »

စေတနာ ကောင်းတယ်။ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာကကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။

စေတနာ ဝေဒနာ ဖြစ်ဖူးလား။ ကူညီချင်လို့ ကူညီတယ်။ပေးချင်လို့ ပေးတယ်။ကောင်းစေချင်လို့ ပြောတယ်။ ပြီးတော့ ကိုယ်ပဲ နာသွားတယ်။ သူငယ်ချင်းကို ငွေချေးတယ်။ စေတနာနဲ့။ပြန်တောင်းရတော့ ကိုယ်က လူဆိုးဖြစ်သွားတယ်။ Team အတွက် ညမအိပ်ဘဲ လုပ်ပေးတယ်။ကျေးဇူးတင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ ဝန်ထမ်းကို ယုံကြည်မှုအပြည့်ပေးအလုပ်အကုန် အပ်လိုက်တယ်။သူ မပြောမဆို ထွက်သွားတော့ဒုက္ခတွေရောက်တယ်။ ပြီးတော့ ကိုယ့်ကိုကိုယ် မေးမိတယ်။“စေတနာ ထားတာ မှားသွားတာလား” မမှားပါဘူး။စေတနာ ထားပုံ မှားသွားတာပါ။ စေတနာ ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း ၃ ခု ရှိပါတယ်။ ပထမ — နယ်နိမိတ် မရှိဘူး။ ပေးတယ်။ဒါပေမယ့် ဘယ်လောက်ထိ ပေးမလဲသတ်မှတ်မထားဘူး။ကူညီတယ်။ဒါပေမယ့် ဘယ်အထိ ကူညီမလဲ မပြောထားဘူး။ နယ်နိမိတ် မရှိတဲ့ စေတနာကကိုယ့်ကိုကိုယ် ဒုက္ခပေးတာပါ။ဝေဒနာတွေပဲ

စေတနာ ကောင်းတယ်။ဒါပေမယ့် နယ်နိမိတ်မဲ့ စေတနာကကိုယ့်ကိုကိုယ် ဖျက်ဆီးပါတယ်။ Read More »

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။

ကိုယ့်ကို နားလည်တဲ့သူ ရှာနေတာ ရပ်ပါ ချစ်သူ ဆီ ရှာတယ်သူငယ်ချင်း ဆီ ရှာတယ်Social media ပေါ် ရှာတယ် “ဘယ်သူမှ ငါ့ကို နားမလည်ဘူး” ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ကော ကိုယ် ဘာလို့ စိတ်ဆိုးနေတာလဲ — သိလားကိုယ် ဘာ ကြောက်နေတာလဲ — သိလားကိုယ့် ခံစားချက်ရဲ့ အောက်မှာ ဘာ ရှိလဲ — သိလား ဒေါသ ဆိုတာ ပထမထပ်အောက်မှာ ကြောက်တာ ရှိတယ်ဒါမှမဟုတ် နာကျင်တာ ရှိတယ်ဒါမှမဟုတ် ချစ်ခံချင်တာ ရှိနိုင်တယ် ဒါကို မရှာဘူး“သူများကြောင့်” ဆိုပြီး ပစ်ချတယ် တူညီတဲ့ ပြဿနာ ထပ်ခါထပ်ခါ ဖြစ်နေတယ်ချစ်သူ ပြောင်းလည်း ပြဿနာ မပြောင်းဘူးသူငယ်ချင်း ပြောင်းလည်း ခံစားချက် မပြောင်းဘူး

ကိုယ့်ကိုကိုယ် နားလည်မှကိုယ့်ကိုကိုယ် စိတ်ဆင်းရဲမှုကနည်းအောင်လုပ်နိုင်မယ်။ Read More »

အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။

အမြင်မတူရင် အမြင့်မတူဘူး။ လူနှစ်ယောက် တူတူကြည့်တယ်။တစ်ယောက်က ပြဿနာမြင်တယ်။တစ်ယောက်က အခွင့်အလမ်းမြင်တယ်။ မြင်တာမတူလို့ လုပ်တာမတူတယ်။လုပ်တာမတူလို့ ရောက်တာမတူတယ်။ ဒါဆို အမြင်က ဘယ်ကလာသလဲ? နံပါတ် ၁ က ပညာ။စာအုပ်တစ်အုပ်ဖတ်လိုက်ရင်ကိုယ့်မျက်စိမှာ lens တစ်ခု ထပ်တပ်လိုက်တာ။ကမ္ဘာကို ကြည့်တဲ့ angle ပြောင်းသွားတယ်။ Marketing မသိခင်ကိုယ် ပစ္စည်းရောင်းတာ ရောင်းတာပဲမြင်တယ်။Marketing သိပြီးတဲ့နောက်လူတွေရဲ့ စိတ်ပိုင်းခြားမှု မြင်လာတယ်။ Psychology မသိခင်လူတွေဘာလို့ ဒီလိုလုပ်တာလဲ နားမလည်ဘူး။Psychology သိပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုတောင် ပိုနားလည်လာတယ်။ ပညာတစ်ခုတိုးတိုင်းကမ္ဘာက ပိုကျယ်လာတယ်။ နံပါတ် ၂ က SEE။Significant Emotional Event။ဘဝမှာ ဟတ်ထိမိတဲ့ အဖြစ်အပျက်တစ်ခု။ ပညာက lens မျက်မှန် ပေးတယ်။SEE ကတော့ lens ကို အတင်းတပ်ပေးလိုက်တာ။ ငွေကုန်ပြီး လုပ်ငန်းပျက်ဖူးတဲ့သူငွေကို

အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။ Read More »

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။

တစ်ယောက်ယောက်က ကိုယ့်ကို စကားဆိုးပြောတယ်။နာကျင်တာ သူ့စကားကြောင့်မဟုတ်ဘူး။ကိုယ်က ထပ်ခါထပ်ခါ ပြန်တွေးနေလို့။ အဲဒီစကား တစ်ခါပဲကြားရတယ်။ဒါပေမယ့် ကိုယ့်ခေါင်းထဲမှာအကြိမ် ၁၀၀ ပြန်ဖွင့်တယ်။ ဒုက္ခက အဲဒီ ၉၉ ကြိမ်မှာ။ ပျော်တာလဲ အတူတူပဲ။ကောင်းတဲ့အရာတစ်ခု ဖြစ်တယ်။ပြီးသွားပြီ။ဒါပေမယ့် ကိုယ်က ပြန်တွေးတယ်။ပြန်ခံစားတယ်။ပြန်ပျော်တယ်။ အတွေးက ဓားပဲ။ကိုင်တတ်ရင် ဟင်းချက်လို့ရတယ်။မကိုင်တတ်ရင် ကိုယ့်ကိုယ်ကို ခုတ်မိတယ်။ ဗုဒ္ဓက ဝိပဿနာ ပေးခဲ့တယ်။အတွေးကို မတွေးနဲ့လို့ မပြောဘူး။အတွေးကို ကြည့်နေလို့ ပြောတာ။ ပုစ္စုပ္ပာန် ရှုတယ်ဆိုတာအတွေးကို ရပ်တာမဟုတ်ဘူး။အတွေးကို ကြည့်ရင်းကိုယ်က အတွေးမဟုတ်ဘူးဆိုတာ သိသွားတာ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင်အသက်ရှင်နေတုန်း မတွေးလို့ မရဘူး။အတွေးက ရှိမှာပဲ။ ဒါဆို ဘယ်လိုလုပ်မလဲ? တစ်ခုပဲ လုပ်ကြည့်ပါ။ အတွေးတစ်ခု ဝင်လာတိုင်း“ဒါ fact လား၊ story လား” လို့ ကိုယ့်ကိုကိုယ်

လူတွေကို ဒုက္ခပေးတာလဲ အတွေးပဲ။ပျော်စေတာလဲ အတွေးပဲ။ Read More »

အတွေးအခေါ်ဖြေဆေးလိုပါတယ်။

ကျွန်တော်ကတော့အတွေးအခေါ်ဖြေဆေးဖော်တယ်လို့ပဲကိုယ့်ကိုကိုယ် ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ဘဝမှာ ဒုက္ခတွေကြုံလာတဲ့အခါဒီ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကိုလောကီမှာ ဖြေနိုင်ဖို့အတွေးအခေါ်ဖြေဆေးလိုပါတယ်။ ကိုယ့်အတွက်ကိုယ်ဖြေဆေးဖော်ရင်းကိုယ့်လိုလူတွေအတွက် ပြန်လည်မျှဝေပေးရင်းဒီ page လေးဖြစ်လာခဲ့ပါတယ်။ ဘဝမှာ တစ်ပို့စ်တစ်လေကကိုယ့်အတွက် ဖြေဆေးတစ်ခုဖြစ်ခဲ့မယ်ဆိုကျေနပ်ရပါပြီ။ အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။ Phyo Paing @ Derek

အတွေးအခေါ်ဖြေဆေးလိုပါတယ်။ Read More »