power

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။

ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။ လူအများစုက စာဖတ်ကြပေမယ့်စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။ ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတတ်သလို တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။ စာအုပ်အမျိုးအစားအများကြီးရှိပြီးဒီမှာတော့ non-fiction တွေအပိုင်းကို အဓိကထားပြောမယ်ဆိုရင် ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်းသေချာ မသင်ပေးလိုက်ဘူး။ Elon Musk ငယ်ငယ်က တစ်ရက်ကိုစာနှစ်အုပ်လောက်ဖတ်တတ်တဲ့။ စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာကလေးတွေ note-taking လုပ်တဲ့ပုံသူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီးငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး သိလိုက်တယ်။ စာတစ်အုပ်ဖတ်ရင်တော့ အခြေခံcomprehension လိုတာပေါ့။တရုတ်စာမတတ်ပဲ တရုတ်လို speed-reading ဘယ်လုပ်လို့ရမလဲ။ ဒီ comprehension နားလည်မှုအဆင့်အတွက်စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။ English လိုဖတ်ပြီဆိုရင် နားမလည်တဲ့စကားလုံးတွေကို လိုက်ရှာနေမည့်အစားအသုံးများတဲ့ စကားလုံးနဲ့ phrase သုံးလေးထောင်လောက်ကို တခါတည်းမှတ်လိုက်လို့ရတယ်။စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်Princeton Review Word Smart တို့လို သုံးလို့ရတယ်။ နောက် စကားလုံးမှတ်နည်းကို memory […]

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။ Read More »

ဘယ်မှာရောက်နေသလဲဆိုတာထက်
ဘယ်ကိုသွားနေသလဲ ပိုအဓိကကျတယ်။

ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့ သူများရဲ့ ပြတိုက်ထဲက ပန်းချီကားသွားမနှိုင်းယှဉ်နဲ့။ ကိုယ့်ရဲ့ ပန်းချီကားက အဲ့ထက်အများကြီးသာသွားနိုင်တယ်။ အထူးသဖြင့် ဒီနေ့လို NFT ခေတ်မှာပေါ့။ Phyo Paing @ Derek

ဘယ်မှာရောက်နေသလဲဆိုတာထက်
ဘယ်ကိုသွားနေသလဲ ပိုအဓိကကျတယ်။
Read More »

2020 Version နဲ့ 2021 မှာ အလုပ်လုပ်နေတုန်းလား?

2019 အတွေးအခေါ်နဲ့ 2020 ဖြတ်သန်းလို့မလွယ်သလို 2020 အတွေးအခေါ်နဲ့ 2021 ဖြတ်သန်းလို့မလွယ်ဘူး။ စိန်ခေါ်မှုတွေကများတယ်။ ကိုယ့်အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်က Update ဖြစ်နေမှရမယ်။ Phyo Paing @ Derek

2020 Version နဲ့ 2021 မှာ အလုပ်လုပ်နေတုန်းလား? Read More »

ပျော့ညံ့နေလို့ မရဘူး။

စီးပွားရေး၊ အားကစား၊ နိုင်ငံရေးဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ထိပ်တန်းကိုရောက်တဲ့သူတိုင်းဟာ super-competitive ဖြစ်ကြတယ်။ C Ronaldo ကစ၊ Steve Jobs, Bill Gatesအစရှိတဲ့သူတွေပြင် Lee Kuan Yew အဆုံး ဒီလူတွေအားလုံးဟာ competitive ဖြစ်ကြတယ်။ ယှဥ်ပြိုင်အနိုင်ယူပြီး industry ကို dominate လုပ်ဖို့စဥ်းစားကြတယ်။ Lee Kuan Yew ဆိုလဲသူ့ပြိုင်ဖက်တွေကို တရားစွဲနိုင်ငံရေးလောကထဲက ဖယ်ထုတ်ခဲ့တာတွေသာဓကတွေရှိခဲ့ဖူးတယ်။ ကျောင်းထဲမှာ အဆင့်တစ်ရဖို့ competitive ဖြစ်နေသူရဲ့ စဥ်းစားပုံက တခြားသူနဲ့မတူဘူး။ lose, win, dominate မှာ industry တစ်ခုကို dominate လုပ်နိုင်ဖို့ super-competitive ဖြစ်ဖို့လိုတယ်။ ပျော့ညံ့နေလို့ မရဘူး။ Phyo Paing @ Derek

ပျော့ညံ့နေလို့ မရဘူး။ Read More »

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။

ဖုန်း ၁၄ ရက်လောက်မသုံးရတော့ စိတ်များတဲ့ monkey brain အလုပ်လုပ်တာinstant gratification လုပ်တာနည်းသွားတယ်။ လူတွေရဲ့ ဦးနှောက်မှာ အသစ်အသစ်တွေကို စူးစမ်းခြင်စိတ်မတည်ငြိမ်၊ ရင်ခုန်မှုကိုဖြစ်ချင်တဲ့ monkey brain ဆိုတာရှိတယ်။ နောက် နေ့စဥ်နိစ္စဓူဝ လုပ်နေတဲ့အခါအသုံးပြုတဲ့ robot brain ဆိုတာရှိတယ်။ သွားနေကျ၊ လုပ်နေကျနဲ့သက်ဆိုင်တဲ့ ဦးနှောက်။ နောက်ဆုံးတစ်ခုကတော့ sage brain ဖြစ်ပါတယ်။ပညာရှိဦးနှောက်ဆိုပါတော့။ logic တို့၊ deep thinking လုပ်တဲ့အခါ အသုံးပြုတဲ့ ဦးနှောက်။ ဒါကြောင့် စာရေးနေတဲ့အခါ၊ စာဖတ်ပြီးစူးစိတ်စဥ်းစားနေတဲ့အခါဒီဦးနှောက် ကအလုပ်လုပ်တယ်။ ဒါကြောင့် Tim Ferriss က Social media အသုံးပြုရင်တောင် ဖုန်းနဲ့မသုံးဘူး။ လူတွေကို စွဲလမ်းအောင် monkey brain ရောက်အောင်billion နဲ့ချီအသုံးပြုထားလို့။

Monkey Brain, Robot Brain and Sage Brain ဒီဦးနှောက်သုံးခုကို သေချာအသုံးချဖို့လိုတယ်။ Read More »

အခြေအနေဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကို မမေ့လိုက်ပါနဲ့။

ဒီနိုင်ငံမှာ လူလာဖြစ်လို့လဲ ဘယ်တုန်းကမှ ကံဆိုးလိုက်တာလို့ မစဥ်းစားခဲ့ဖူးဘူး။ ကိုယ့်ကိုကိုယ်ရဲ့ performance နဲ့ ကိုယ့် လက်တစ်ဆုပ်စာရှိတဲ့ team ရဲ့ performance တိုးတက်ဖို့လုပ်တာတောင်ဘယ်လိုရှိလဲဆိုတဲ့ သိတဲ့လူတိုင်းအတွက် တစ်နိုင်ငံလုံးကို ဦးဆောင်ပြီး အရင်းအမြစ်နည်းနည်းနဲ့ သွားရတဲ့ကိစ္စဘယ်လောက်ခက်မလဲဆိုတာ နားလည်တယ်။ အဖွဲ့အစည်းတစ်ခုကိုမှ မဟုတ်ဘူးကိုယ့်ဘေးနားက ဘယ်သူ့ဆီမှာမှ မျှော်မှန်းချက် expectation မထားတတ်တာကျင့်သားရနေပြီဖြစ်တဲ့အတွက် မျှော်လင့်ချက်မဲ့တယ်ဆိုတဲ့ ခံစားချက်ဘယ်လိုဆိုတာလဲ မသိတော့ဘူး။ လူတွေက အခြေအနေကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းလဲတတ်ကြတယ်လို့ပြောကြတယ်။ ဘောလုံးပွဲတစ်ပွဲမှာ မိနစ်ကိုးဆယ်အတွင်းအနိုင်အရှုံးပေါ်ပေမယ့်ဘဝမှာ အနိုင်အရှုံးက ကိုယ်သေမှသိရတာမျိုး။ အဆိုးဆုံးထိတွေးထားလိုက်တယ်။အကောင်းဆုံးအတွက်လဲ ပြင်ဆင်ထားလိုက်တယ်။ အခြေအနေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကိုမမေ့လိုက်ပါနဲ့။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်က သေဆုံးခြင်းလို့ဆိုကြတယ်။ဒါကြားဖြတ်သန်းမှု ဖြစ်စဥ်က ကိုယ်နဲ့ပဲဆိုင်တယ်။ Phyo Paing @ Derek

အခြေအနေဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်အပေါ်ကိုယ်ထားတဲ့ မျှော်လင့်ချက်ကို မမေ့လိုက်ပါနဲ့။
Read More »

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။

အာဏာ Power က ဘိန်းလိုပဲစွဲလန်းစေတဲ့အတွက်အရသာတွေ့သွားရင် လူကိုပျက်စီးစေတတ်တဲ့အတွက်လီကွမ်းယူလက်ထက်က သူဝန်ကြီးချုပ်ဖြစ်ပေမယ့်သူ့ကလေးတွေပျက်စီးမှာစိုးလို့ ဝန်ကြီးချုပ်အိမ်ယာမှာမထားပဲသူ့မိန်းမနဲ့ကလေးတွေကို အရင်အိမ်မှာပဲထားတယ်လို့ ဖတ်ဖူးတယ်။ Social Influencer တွေကိုလေ့လာကြည့်ရင်တောင်လွန်းမိုးနိုင်တဲ့ influencing power များလာတာနဲ့အမျှစကားပြောပုံတောင် ပြောင်းလာတာ အားလုံးအသိပဲ မဟုတ်လား။ စိတ်ပညာအရ မရှိသေးတဲ့အရာကိုသာ စွန့်လွတ်ဖို့လွယ်ပေမယ့်ရှိပြီးသားအရာကို စွန့်လွတ်ဖို့ခက်တယ်လို့ဆိုတယ်။ ဒီ Power ရယူလိုမှုကြောင့် ပြဿနာမျိုးစုံနောက်ကလိုက်လာတယ်။ ဒီ Power အရသာတွေ့သွားသူက ဒါမြဲဖို့ဘာလုပ်ရလုပ်ရ ဝန်မလေးတော့ဘူး။ Phyo Paing @ Derek

ပိုက်ဆံအရသာနဲ့ အာဏာအရသာမတူဘူး။ Read More »

အလုပ်ပြီးမြောက်မှု ဘယ်နှစ်ဆနဲ့ညီသလဲ?

ကိုယ့်ရဲ့တစ်နာရီ အလုပ်ပြီးမြောက်မှုနဲ့တခြားပုံစံတူလုပ်ငန်းက လူတစ်ယောက်ရဲ့အလုပ်ပြီးမြောက်မှု ဘယ်နှစ်ဆနဲ့ညီသလဲ? ကိုယ့်ရဲ့ လုပ်ငန်းက လူတစ်ယောက်လုပ်ငန်းတူက လူဘယ်နှစ်ယောက်နဲ့ညီသလဲ? C Ronaldo နဲ့ သာမာန်ဘောလုံးသမားဘယ်နှစ်ယောက်နဲ့ညီသလဲ? ဒီအတိုင်းထားထားရင် ရမည့်အပင်ကမြက်ပင်တွေပဲ များပါမယ်လို့စီမံခန့်ခွဲမှုဂုရုကြီးတစ်ဦးကဆိုတယ်။ Productivity ဆိုတာလဲအလားတူပဲအလိုလိုထွက်လာတဲ့အရာမဟုတ်ဘူး။Optimize လုပ်ရတဲ့အရာတစ်ခုပါ။ Phyo Paing @ Derek

အလုပ်ပြီးမြောက်မှု ဘယ်နှစ်ဆနဲ့ညီသလဲ? Read More »

ကျွန်တော်တို့ သေသွားရင်တောင်

စိုင်းထီဆိုင်မရှိတော့ပေမယ့် သူ့သီချင်းတွေက အဓိပ္ပာယ်ရှိတုန်း။Jim Rohn မရှိတော့ပေမယ့်သူ့အယူအဆတွေက လူသားတွေကိုအကျိုးပြုတုန်း။ဆရာကြီးပီမိုးနင်းမရှိတော့ပေမယ့်ခုခေတ် generation တွေကိုသူ့စာတွေက inspiration ပေးတုန်း။ကျွန်တော်တို့ သေသွားရင်တောင်ကျွန်တော်တို့အလုပ်က နောက်လူတွေအတွက်အကျိုးရှိကျန်ခဲ့စေချင်ရင် ပေါ်ပင်နဲ့မရဘူး။အမျှော်အမြင်တစ်ခုနဲ့ စမှရမယ်။ Phyo Paing @ Derek

ကျွန်တော်တို့ သေသွားရင်တောင် Read More »

မတူတဲ့ လူ 4 မျိုး

1. တချို့လူတွေက လူတွေကို အုပ်ချုပ်ရတာ အားသန်တယ်။ 2. တချို့က ကိန်းဂဏန်းတွေကို ရင်ခုန်စရာလို့မြင်ပြီး ဒီထဲမှာ ပျော်မွေ့တယ်။ 3. တချို့ကျပြန်တော့ စနစ်တွေတည်ဆောက်ရတာ တော်တယ်။ 4. တချို့ကျတော့ အသစ်အသစ်တွေ ဖန်တီးနေရမှ စိတ်ကျေနပ်မှုရှိတယ်။ Phyo Paing @ Derek

မတူတဲ့ လူ 4 မျိုး Read More »