progress

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။

လူတွေဘာကြောင့်ဘွဲ့ယူချင်လဲစဥ်းစားကြည့်တယ်။ လူရာဝင်ချင်လို့လို့ကောက်ချက်ချမိတယ်။ လူတွေက ပညာတတ်တယ်ဆိုတာကိုဘွဲ့ရတာနဲ့ ကြည့်တယ်လို့အကြမ်းယူဆလိုက်ကြတယ်။ သာမန်လူအများစုအတွက်လူရာဝင်ဖို့ ဘွဲ့ယူဖို့လိုတယ်လို့လူတွေက သတ်မှတ်ထားကြတယ်။ ဘွဲ့ရဖို့ သတ်မှတ်စာမေးပွဲအောင်ရတယ်။စာမေးပွဲအောင်ဖို့ စာလုပ်ရတယ်။ ဘယ်နေရာမှာနေလဲပေါ်မူတည်ပြီးလူရာဝင်တဲ့ပုံကလဲ မတူဘူး။ အသိုင်းအဝိုင်းပေါ်မူတည်ပြီးလဲလူရာဝင်တဲ့ပုံမတူဘူး။ ကိုယ့်အနေနဲ့လဲ လူရာဝင်ဖို့ပထမဘွဲ့ယူတယ်။နောက်လိုအပ်လာတော့ဒုတိယဘွဲ့ပြန်ယူပြန်တယ်။ နောက်ပိုင်းကျတော့ပညာတတ်ချင်တာလားလူရာဝင်ချင်တာလားပြန်စဥ်းစားမိတယ်။ ကျောင်းတွေကတတ်သိပညာတွေသင်တဲ့နေရာကစာမေးပွဲတွေစစ်ဆေးနေရာဖြစ်လာတယ်။ သင်ယူချင်တဲ့ စူးစမ်းလိုစိတ်ကိုကျောင်းအများစုက သတ်လိုက်တယ်။ ဘွဲ့ရပြီး ပညာမတတ်တွေအများကြီးခေတ်မှာဘွဲ့ရတိုင်းလဲပညာတတ်ဖြစ်တာမဟုတ်တော့ဘူး. ဒါကြောင့်ဘာဘွဲ့ရလဲဆိုတာထက်ဘယ်ကဘွဲ့ရလဲက ပိုအရေးကြီးလာတာဖြစ်တယ်။ Phyo Paing @ Derek

လူတွေဘာကြောင့် ဘွဲ့ယူချင်လဲစဉ်းစားကြည့်တယ်။ Read More »

ခံယူချက်မတူရင် ခံစားချက်မတူဘူး။

အချစ်ရေးမှာဖြစ်ဖြစ်အလုပ်မျာဖြစ်ဖြစ်ကိုယ့်ရဲ့ပါတနာတိုင်းကခံယူချက်တူဖို့အရေးကြီးတယ်။ ခံယူချက်မတူရင်ခံစားချက်မတူဘူး။ ဥပမာတစ်ယောက်ကအလုပ်ကိုတန်ဖိုးထားတဲ့ခံယူချက်ရှိတယ်။အလုပ်ကိုဘဝလိုတန်ဖိုးထားတယ်။အလုပ်ဆိုတာ ကိုယ့်ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းလို့ယူဆတယ်။ တစ်ယောက်ကအလုပ်ဆိုတာ မသေမချင်းလုပ်ရမှာပါကွာ။အေးဆေးပေါ့လို့စဥ်းစားမယ်။ ခံယူချက်မတူရင် ငြိယူဖို့ခက်တယ်။ ဘဝတစ်လျှောက်လုံးမှာတဖြည်းဖြည်းနားလည်လာတဲ့သင်ခန်းစာတစ်ခုပဲ။ ဒါကြောင့် အချစ်ရေး၊အလုပ်အကိုင် အကုန်လုံးမှာခံယူချက်တူတဲ့သူတွေနဲ့အလုပ်လုပ်ဖို့လိုတယ်။ အမြင်နဲ့ ခံယူချက်နဲ့မတူဘူး။ခံယူချက်က အတွင်းပိုင်းစိတ်ထား။အမြင်က အကြောင်းအရာတစ်ခုအပေါ်မြင်တဲ့အမြင်။အမြင်တွေကွဲလို့ရတယ်။ခံယူချက်တွေ မတူလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ခံယူချက်မတူရင်ခံစားချက်မတူဘူး။ Phyo Paing @ Derek

ခံယူချက်မတူရင် ခံစားချက်မတူဘူး။ Read More »

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။

Laptop တစ်လုံးLuggage တစ်လုံးနဲ့နေရာအစုံလျှောက်သွားနေတာ။ ကိုယ့်ဘဝရဲ့ အကြိုက်ဆုံးဘဲကji gong ကျိကုန်း။ဝိုင်လဲသောက်တယ်။တရားလဲကျင့်တယ်။unorthodox သမရိုးမကျဘူး။ သမရိုးကျမဖြစ်တွယ်တာမှုအနည်းဆုံးနဲ့ဘဝမှာ ကိုယ်မလုပ်ဘဲမနေနိုင်တဲ့အလုပ်တွေလုပ်ရင်းအသက်မွေးမှုပြုချင်တယ်။ အလုပ်ဆိုတာ ငွေကြေးတစ်ခုတည်းထက်ပိုတယ်။ကိုယ်ဘယ်သူလဲဆိုတာကိုဖော်ပြတဲ့ self-expression တစ်ခုလဲဖြစ်တယ်။ကိုယ့် identity ငါဘယ်သူလဲဆိုတာနဲ့လဲဆက်စပ်နေတယ်။ ဘဝက Do-It-Yourselfကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။ အသက်အရွယ်အလိုက်ဟော်မုန်းတွေ အတက်အကျနဲ့အတူစိတ်အပြောင်းအလဲတွေဖြစ်နေတယ်။ လူတော်တော်များများကလူအများလိုချင်တာကိုလိုချင်ကြတယ်။သူတို့ဘာကိုလိုချင်လဲသေချာ မသိကြဘူးတဲ့။ ဖရက်ဒရစ် နီးရှား (Friedrich Nietzsche) က “Few people have the independence of mind to resist the instincts of the herd.”— Human, All Too Human (1878) တဲ့။ ကိုယ့်ရဲ့စိတ်ကို ချုပ်နှောင်ထားတဲ့လူအများစုရဲ့ယုံကြည်မှု၊ အခြေခံယူဆချက်၊လောကအမြင်တွေထဲကထောင်ဖောက်ပြီး လွတ်မြောက်မှုကိုဖန်တီးဖို့က တော်တော်လေးမလွယ်ဘူး။ တခြားလူတွေလိုချင်တဲ့ဘဝကိုကိုယ်မလိုချင်ဘူး။ကိုယ်လိုချင်တဲ့ဘဝကိုသံသရာတစ်ကွေ့ ဒီနေ့မှာမျက်မြင်ကိုယ်တွေ့တည်ဆောက်ပြီးဖြတ်သန်းနေတယ်။​ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။

ဘဝက Do-It-Yourself
ကိုယ်ကြိုက်သလိုပုံဖော်တဲ့ဂိမ်းတစ်ခုပဲ။
Read More »

ကိုယ်ချစ်ချစ် မုန်းမုန်း
တစ်ရက်အားလုံး ခွဲခွာရမှာပဲ။

ဘဝမှာ နောင်တမရချင်ဘူး။ ဒါကြောင့် စာလုပ်သင့်တဲ့အချိန်စာလုပ်။​အလုပ်လုပ်သင့်တဲ့အချိန်အလုပ်လုပ်။စုရမည့်အချိန်စု။သုံးရမည့်အချိန်သုံး။ အဆင်မပြေတဲ့ အချစ်နဲ့ဆက်ဆံရေးတွေအဆုံးသတ်စရာရှိရင်အဆုံးသတ်။ ဒါကြောင့် မိဘမဆုံးပါးခင်မှာအလုပ်အကျွေးပြု။ အလုပ်ဖြစ်တုန်းအလုပ်လုပ်။ သူများအယူအဆနဲ့ဘဝကို မဖြတ်သန်းဘဲကိုယ့်အယူအဆနဲ့ကိုယ်ဘဝကို ဖြတ်သန်း။ ဘဝဆိုတာ ဒါပါပဲ။အသက် ၈၀ ကျော်ရက်ပေါင်း ၃၀၀၀၀ လောက်နေရမည့် ဂိမ်းတစ်ခုပဲ။ ကိုယ်ချစ်ချစ် မုန်းမုန်းတစ်ရက်အားလုံး ခွဲခွာရမှာပဲ။ Phyo Paing @ Derek

ကိုယ်ချစ်ချစ် မုန်းမုန်း
တစ်ရက်အားလုံး ခွဲခွာရမှာပဲ။
Read More »

ကိလေသာက လောင်စာဆီပဲ။

ကိလေသာက လောင်စာဆီပဲ။ ကိလေသာဆယ်ပါးကြောင့်ကမ္မဝဋ်ဖြစ်တယ်။ကမ္မဝဋ်ကြောင့်ခန္ဓာဝဋ် ဖြစ်တယ်။ လည်ပတ်နေတဲ့စက်ဝန်း(သံသရာစက်ဝန်း) ကိုဝဋ် ခေါ်ပါတယ်။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ညစ်ညမ်းမှု၊ ရမ္မက်၊ လောဘ၊ဒေါသ၊ မောဟ စတဲ့ အညစ်အကြေးတွေကိုကိလေသာလို့ခေါ်တယ်။ ဒီကိလေသာကြောင့်သံသရာလည်စေတဲ့ကံစက်ဝန်းကိုကမ္မဝဋ်လို့ခေါ်တယ်။ကုသိုလ်၊ အကုသိုလ်နဲ့ စျာန်သုံးပါးနဲ့လည်ပတ်နေတယ်။ အမြင်၊ အကြား၊ အရသာ၊အထိအတွေ့၊ သိမှု၊ခံစားမှုတွေပါဝင်တဲ့ဖြစ်လိုက်၊ ပျက်လိုက်၊မတည်မြဲပဲ တချိန်ပုပ်ပွမည့်ခန္ဓာကြီးရှိနေတာခန္ဓာဝဋ်ပါပဲ။ ဒီလို ဒစ်လည်နေတာကိုဖြတ်ဖို့အတွက် ကိလေသာမီးငြိမ်းဖို့ကြိုးစားအားထုတ်ကြဖို့ဗုဒ္ဓက ဆုံးမခဲ့တယ်။​ ကမ္ဘာပေါ်မှာ စေတီပုထိုးအများဆုံးတည်ပြီးတလွဲအလုပ်ဆုံးနိုင်ငံပြပါဆိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမှာပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ကိုးကွယ်မှုအသားပေးပြီးကျင့်သုံးမှု အားနည်း လို့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ Secular practiceကျင့်သုံးမှုအသားပေးအဆုံးအမဖြစ်ပါတယ်။ ကိလေသာမီးငြိမ်းဖို့ကိလေသာမီးဆယ်ပါးကိုသိဖို့လိုတယ်။ ၁။ လောဘ – အရာဝတ္ထုများကို စွဲလမ်းတပ်မက်ခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်မှု၊ ရာထူး၊ ဂုဏ်သိက္ခာ စတာတွေအပေါ် တွယ်တာစွဲလမ်းခြင်းပါ။ လောဘကြောင့် လူတွေဟာ မရိုးသားတဲ့နည်းတွေနဲ့ ဥစ္စာရှာတတ်ကြပါတယ်။ ၂။ ဒေါသ – စိတ်ဆိုးခြင်း၊ ပူဆွေးခြင်း၊

ကိလေသာက လောင်စာဆီပဲ။ Read More »

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။

ဘဝမှာ ဒုက္ခအပေးဆုံးစကားလုံးက“အရင်လို”။အားရှိစေမည့်စကားလုံးက“အရင်ထက်”။ ငါအရင်လို ပြန်ဖြစ်ချင်တယ်ဆိုပစ္စုပ္ပန်က အတိတ်လောက်ပျော်စရာမကောင်းတော့လို့။ “အရင်လို” ကို “အရင်ထက်”နဲ့အစားထိုးလိုက်။ Phyo Paing @ Derek

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။
Read More »

ခေတ်၊ စနစ်နဲ့စကေး

ကိုယ့်ဘဝမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားဘူး။အဲ့လောက်လဲ မတုံးအဘူး။ကိုယ်စိတ်ဝင်စားတာခေတ်၊ စနစ်နဲ့ စကေးပဲ။ ဘယ်ခေတ်မှာဘယ်စနစ်ဖြစ်မလဲ။ကိုယ့်မှာ ဘာစကေးရှိရမလဲ။ အရင်က လူမှုကွန်ယက်ခေတ်မှာလူမှုကွန်ယက်စကေး။App ခေတ်မှာApp က စီးပွါးရှာစကေး။အခု အေအိုင်ခေတ်အေအိုင်အသုံးချစကေး။ ခေါင်းထဲမှာ အရမ်းရှင်းတယ်။ ဘယ်သူ့ဘဝမှလဲ စိတ်မဝင်စားဘူး။ကိုယ့်ဘဝပဲ ကိုယ်စိတ်ဝင်စားတာများတယ်။ Phyo Paing @ Derek

ခေတ်၊ စနစ်နဲ့စကေး Read More »

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။

မတ်ေတာ မြန်မာနိုင်ငံသားအချင်းချင်းလိုင်စင်မရှိဘဲဆိုင်ဖွင့်လို့ထိုင်းရဲကို တိုင်တယ်တို့၊အချင်းချင်း ရဲတိုင်တယ်တို့မကြာခဏ ကြားလာရတဲ့အခါစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ ကိုးကွယ်တယ်ပြောပြီးကျင့်သုံးဖို့ မေ့နေတာဗုဒ္ဓဘာသာများဖြစ်မလားစဥ်းစားမိတယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓအဆုံးအမဖြစ်တယ်။ ဗုဒ္ဓက သတ္တာဝါအချင်းချင်းမေတ္တာထားတတ်ဖို့သင်ပေးခဲ့တယ်။ မတ်ေတာဆိုတာမိတ္တ (မိတ်ဆွေ) မှ ဆင်းသက်လာပြီးမိတ်ဆွေကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းလို့အဓိပ္ပာယ်ရတယ်။ မေတ္တာဆိုတာ စေတသိတ် ၅၂ ပါးမှာသောဘဏစေတသိက် ၂၅ ပါးမှာပါဝင်တယ်။အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိရှုမှတ်ခြင်း၊ သိမှတ်ခြင်း ပွားများနိုင်တဲ့အပ္ပမည္ညာစေတသိက် ၂ ပါးထဲကတစ်ပါးဖြစ်တယ်။ မေတ္တာသုတ်ရဲ့အနက်အဓိပ္ပာယ်ကိုပါဠိနဲ့ မြန်မာအဓိပ္ပာယ်တခါတည်းဖော်ပြလိုက်ပါမယ်။ ယနေ သုတ်တနေ ဘဂဝါ ဘိက်ခူ သီမာသမ်မုတိ ကရဏကာလေ ရက်ခဏတ်ထာယ ဥဂ်ဂဏှာပသေိ။ | ဘုရားရှင်သည် သီမာသတ်မှတ်ခြင်း ပြုရာကာလ၌ ရဟန်းတော်များအား အန္တရာယ်ကင်းစေရန် ဤသုတ်တော်ကို သင်ယူစေတော်မူ၏။ ၁။ ကရဏီယမထန္တဿ၊ | အကျင့်သိက္ခာနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ၊

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။
Read More »

အမြင်ကျယ်ဖို့

အမြင်မကျယ်ရင်အကျယ်မမြင်ဘူး။အကျယ်မမြင်ရင်ရွေးချယ်လို့ရတဲ့လမ်းတွေမမြင်ဘူး။ ရွေးချယ်စရာများမှန်းမသိရင်ဘဝမှာ ကျဥ်းထဲကြပ်ထဲရောက်နေတယ်လို့မြင်တတ်တယ်။ပြဿနာတွေကို အထိရောက်ဆုံးအဖြေရှင်းတတ်ဘူး။ အမြင်ကျယ်ဖို့ ၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။ ၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။ ၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့သတင်းတွေကိုလေ့လာနေဖို့လိုတယ် ၄။ ဘာသာစကားနှစ်ခုလောက်တော့ကောင်းကောင်းတတ်ဖို့လိုတယ်။​(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။) ၅။ ကိုယ့်အထင်အမြင်တိုင်းအမှန်မဟုတ်ဘူးဆိုတဲ့open-minded ဖြစ်ဖို့ လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ Read More »

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။ တစ်ရက်တစ်ရက်အလုပ်တွေ အများကြီးလုပ်တာထက်လုပ်တဲ့အလုပ် အရေအတွက်ကိုနည်းနိုင်သမျှနည်းအောင်လုပ်လာတယ်။ လူအများကြီးနဲ့တွေ့ဖို့ထက်လူနည်းနိုင်သမျှနည်းအောင်နည်းနည်းနဲ့ဘဲတွေ့နိုင်အောင်စီစဥ်မိတယ်။ ကိုယ်ပျော်တဲ့အလုပ်၊တော်တဲ့အလုပ်နဲ့ဘဝကို တန်ဖိုးထားတဲ့လူနည်းနည်းနဲ့ဒီလိုဘဲ ဘဝကို ဖြတ်သန်းရင်းဘဝရဲ့ အနှစ်သာရကိုခံစားမိလာသလိုလိုရှိလာတယ်။ အနာဂတ်မှာကလဲAgentic AI တို့၊ Physical AI တို့လာမယ်ဆိုတော့လူအများကြီးရှိဖို့လဲ လိုချင်မှလိုမယ်။ Phyo Paing @ Derek

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။
Read More »