progress

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။

နောက်ငါးနှစ်လောက်နေရင်ကိုယ်စဉ်းစားနိုင်သလောက်ကိုယ့်ရဲ့အကောင်းဆုံးပုံစံဘယ်လိုဖြစ်နေမလဲ။ဒီအချက်က ရင်ခုန်စရာကောင်းတယ်။သံသရာတစ်ကွေ့ ဒီတစ်နေ့ကသေချာသုံးရင် အတက်လှေကားထစ်ပဲ။ Phyo Paing @ Derek

ဒီတစ်နေ့က
သေချာသုံးရင် အတက်လှေကားထစ်ပဲ။
Read More »

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

လူအများစုကနေ့စဥ်လုပ်နေကျ၊ သွားနေကျ၊ဝေယျာဝိစ္စတွေနဲ့အသက်ရှင်နေပေမယ့်အသက်မဝင်နေဘူး။ အသက်ရှင်ပြီးအသက်ဝင်တဲ့အချိန်တချို့ရှိတတ်ကြတယ်။ အရမ်းလိုချင်တဲ့ ပစ္စည်းလေးရလိုက်တဲ့အချိန်။အချစ်နဲ့ တွေ့တဲ့အချိန်။လုပ်ငန်းအသစ်စတဲ့အချိန်။မထင်မှတ်ထားတဲ့ ဒုက္ခကြီးကြီးကြုံတဲ့အချိန်။လောကမှာ အရင်မမြင်နဲ့အရာကိုနားလည်သဘောပေါက်သွားတဲ့အချိန်။ကိုယ့်ကိုကိုယ် ပိုပိုနားလည်သဘောပေါက်လာတဲ့အချိန်။ ဒီအချိန်တွေဟာအသက်ရှင်ပြီး အသက်ဝင်စေတယ်။ ပတ်ဝန်းကျင်အခြေအနေဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်အသက်ရှင်ပြီး အသက်ဝင်နေသူတွေရှိတယ်။ ကိုယ်အခု အသက်မငင်ရပဲအသက်ကို ဝဝလင်လင် ရှူနေရတာဒါဆန်းကြယ်မှုတစ်ခုပဲ။မျက်စိတွေမြင်နေရတာဒါကောင်းချီးတစ်ခုပဲ။နာတာရှည်ရောဂါတွေနဲ့မဖြစ်ဘဝကို ကျန်းမာနေတာဒါကျေးဇူးတင်စရာတစ်ခုပဲ။ အသက်ရှင်ပြီး အသက်ဝင်ဖို့ဖြတ်လမ်းတစ်ခုကတော့ကျေးဇူးတင်စိတ်နဲ့ ဘဝကိုအသက်ရှင်တာပဲ။ စေတသိတ် ၅၂ ပါးမှာသောဘဏသာဓာရဏစေတသိတ်ရဲ့သဒ္ဓါ (ယုံကြည်မှု)နှင့်အဒေါသ (မပြင်းထန်မှု) စေတသိတ်နှစ်ခုပေါင်းစည်းမှုလို့ပြောလို့ရတယ်။ ကျေးဇူးတင်စိတ် gratitude ကစိတ်ကို ကြည်လင်စေတယ်။ကောင်းမွန်သော အကျိုးရလဒ်ကို ဖြစ်ပေါ်စေတယ်။မွန်မြတ်သော စိတ်နေစိတ်ထားကို ဖော်ပြတယ်။ သိပ္ပံပညာအရလဲ ကျေးဇူးတင်စိတ်ကဦးနှောက်မှာ ဒိုပါမင်းနဲ့ ဆီလိုတိုနင်ထုတ်လောက်မှုကိုနှိုးဆွပေးတယ်။ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ကို ကြည်လင်းနှိုးကြားစေတယ်။အသက်ရှင်ပြီး အသက်ဝင်စေတယ်။ ဒါကြောင့် ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Phyo Paing @ Derek

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။ Read More »

ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။

ငါးနှစ်သားအရွယ်ကလေးငယ်တစ်ယောက်ဟာသူ့မေမေ ပြောပြတဲ့ပုံပြင်ထဲမှာ ပျော်နေခဲ့တယ်။ “သားရေ… မင်းက ဆရာဝန်ဖြစ်မှာ…အဲဒါက မိသားစုရိုးရာပါ”ဆယ်နှစ်သားအရွယ်မှာတော့သူဟာ ကျောင်းဆရာမရဲ့ ပုံပြင်ထဲရောက်နေပြန်တယ်။“မင်းက သင်္ချာမှာ အားနည်းတယ်…ဘာသာစကားပဲ သင်သင့်တယ်” အသက်ကြီးလာတာနဲ့အမျှလူ့အသိုင်းအဝိုင်းက ရေးဆွဲထားတဲ့ပုံပြင်တွေကြားထဲ ညပ်နေခဲ့ရပြန်တယ်။ “အောင်မြင်တဲ့သူဆိုတာတက္ကသိုလ်ကျောင်းပြီးပြီးကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ရမယ်” လူတွေက ကိုယ့်အမြင်ကိုပုံပြင်နဲ့ ဖော်ပြကြတယ်။ လူတိုင်းက ကိုယ့်ပတ်ဝန်းကျင်ရဲ့ပုံပြင်တွေထဲက လွတ်မြောက်ဖို့မလွယ်ကူဘူး။ အမြင့်ကို ပျံသန်းချင်လေလေအမြင်တွေကို ပြောင်းပုံပြင်ဟောင်းတွေ ထားခဲ့အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့လိုတတ်တယ်။ ကျွန်တော်တို့ ပုံပြင်တွေထဲကထွက်ပြေးဖို့လိုတတ်တယ်။ ငယ်ငယ်က ကိုယ့်မိဘပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။နောက် ဆရာမပြောနေတဲ့ပုံပြင်ထဲက ထွက်ပြေးခဲ့တယ်။ကိုယ့်အသိုင်းအဝိုင်းကပြောနေတဲ့ပုံပြင်ထဲကထွက်ပြေးခဲ့တယ်။နောက် ကိုယ့်ကိုကိုယ်ပြောနေကျအရင်ပုံပြင်တွေထဲက ထွက်ပြေးခဲ့တယ်။ ဖြစ်ပုံပျက်ပုံတွေကို အဓိပ္ပာယ်ဖွင့်ဆိုမှုပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Phyo Paing @ Derek

ပုံကိုပြင်ချင်ရင် ပုံပြင်လိုတယ်။ Read More »

သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။

လုပ်စရာမလိုတာကို မလုပ်တာက“ပညာ”။လုပ်စရာကို အထိရောက်ဆုံးလုပ်နိုင်တာက“ဥာဏ်”။လုပ်စရာရှိတာ လုပ်တာက“တာဝန်”။ Work hard ဆိုတာ “တာဝန်ကျေဖို့ အလုပ်ကြိုးစားတာ”။Work smart ဆိုတာ “ဥာဏ်” ရှိတာ။ Work wisely ဆိုတာ “ပညာ” ရှိတာ။ Work hard အရင်လုပ်။နောက်တစ်ဆင့်ရောက်ရင် Work smart ဖြစ်လာမယ်။သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Phyo Paing @ Derek

သဘာရင့်ဝါရင့်ဖြစ်လာရင် Work wisely ဖြစ်သွားမယ်။ Read More »

ရွေးချယ်မှုတွေမှန်ဖို့လိုတယ်

ရွေးချယ်မှုက ကြိုးစားမှုထက်အရေးပိုကြီးတယ်။အရှေ့အရပ်သွားချင်ပြီးအနောက်အရပ်ကိုပြေးနေရင်ခရီးတွင်မှာ မဟုတ်ဘူး။ နေတဲ့နေရာ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ခေါင်းထဲထည့်တဲ့အတွေး၊ အကြံ၊နေ့စဉ်လုပ်တဲ့အလုပ်ရွေးချယ်မှုတွေမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုတွေမှန်ဖို့လိုတယ် Read More »

အစွမ်းအစတွေ တိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ်

ဘဝကြီးအထာကျတယ်ဆိုတာဒုက္ခမရှိတာ မဟုတ်ဘူး။ဒုက္ခအပေါ်မြင်တဲ့အမြင်ပြောင်းသွားတာ။ဘဝဆိုတာ ရှိနေသမျှဒုက္ခက ရှိနေမှာပဲ။လိုချင်တာကို ရအောင်ယူနိုင်တဲ့အစွမ်းအစရှိတဲ့အခါဒုက္ခက နည်းသွားမယ်။ဒါကြောင့် ဘဝမှာ အစွမ်းအစတွေတိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ်။ Phyo Paing @ Derek

အစွမ်းအစတွေ တိုးတက်နေဖို့ နေ့စဉ်သတိပြုဖို့လိုတယ် Read More »

ရုန်းကန်စရာမလိုဘဲ
တိုးတက်အောင်လုပ်လို့ရတယ်။

တစ်သက်လုံး ရုန်းကန်ပြီးဘဝကြီး မပြောင်းလာတဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ တခါတလေ ရုန်းကန်မှတိုးတက်မယ်လို့ထင်တဲ့အတွေးအခေါ် တစ်ခု ရှိတယ်။အမြဲရုန်းကန်နေရတယ်ဆိုတာ ရွေးချယ်မှုတွေ မှားနေလို့ဖြစ်နိုင်တယ်။ ရွေးချယ်မှုမှန်ရင် အလုပ်လုပ်နေသလိုမခံစားရဘဲ Flow နဲ့ တစ်သားတည်းဖြစ်နေမယ်။ Phyo Paing  @ Derek

ရုန်းကန်စရာမလိုဘဲ
တိုးတက်အောင်လုပ်လို့ရတယ်။
Read More »

မိမိကိုယ်ကို တိုးတက်ရေး

မိမိကိုယ်ကို တိုးတက်ရေးလုပ်တဲ့အခါမြန်ဆန်တဲ့လမ်းရဖို့လမ်းညွှန်တွေ လိုတတ်တယ်။ မိမိကိုယ်ကို တိုးတက်ရေးဆိုတာ မော်တီဗေးရှင်းတစ်ခုထက်ပိုတယ်။တချို့စာအများကြီးမဖတ်တဲ့သူကတက်ကျမ်းဆိုတာ မော်တီဗေးရှင်းတစ်ခုပဲရှိတယ်လို့ ထင်တတ်ကြတယ်။ တိုးတက်ရေးအတွေးအခေါ်၊နည်းလမ်းပြသထားတဲ့ စာပေကို တက်ကျမ်း (self-help) လို့ခေါ်တယ်။တက်ကျမ်းကို ၇ မျိုးခွဲလို့ရတယ်။ ၁။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု | Mental & Personal Development ✅ ကိုယ်ပိုင်ယုံကြည်မှု တည်ဆောက်ခြင်း | Building Self-confidence✅ စိတ်ဓာတ်ခွန်အား မြှင့်တင်ခြင်း | Motivation✅ စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း | Stress Management✅ အပြုသဘောဆောင် တွေးခေါ်နည်း | Positive Thinking ၂။ ဆက်ဆံရေးပိုင်းဆိုင်ရာ | Relationships ✅ မိသားစုဆက်ဆံရေး | Family Relations✅ အိမ်ထောင်ရေး အကြံပေးချက်များ |

မိမိကိုယ်ကို တိုးတက်ရေး Read More »

တိုးတက်ဖို့က ခက်တယ်။

ဆုတ်ယုတ်ဖို့လွယ်တယ်။မတော်တဆ တိုးတက်တာရှားတယ်။ဖြစ်ရင်လဲခဏပဲ။ တိုးတက်မှုက ရည်ရွယ်ချက်ရှိရှိလုပ်ဖို့လိုတယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ။ကိုယ့်ရဲ့ အကောင်းဆုံးပုံစံမြင်မသွားချင်ဘူးလား။ မြင်သွားချင်ရင်တော့ ဘဝမှာတိုးတက်နေဖို့လိုတယ်။ ချိန်ကိုက်ဗုံးလို့ အချိန်တွေကုန်အိုနေ၊ နာနေ၊ သေဖို့နီးလာလေအလိုလို ဆုတ်ယုတ်နေတဲ့ဘဝမှာဆုတ်ယုတ်မှုနှေးပြီး ဘဝကို အကောင်းဆုံးဖြတ်သန်းဖို့စိတ်နဲ့ ခန္ဓာ တိုးတက်နေဖို့လိုတယ်။ အသက်ရှင်သမျှလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလို့ရနိုင်တယ်။ Phyo Paing @ Derek

တိုးတက်ဖို့က ခက်တယ်။ Read More »

“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။

လုံးဝမဖြစ်ချင်တဲ့အရာဆုတ်ယုတ်နေတဲ့ဘဝ။မနေချင်တဲ့ဘဝက တိုးတက်မှုမရှိတဲ့ ဒုံရင်းဒုံရင်းဘဝ။ တိုးတက်မှုမရှိနေရင်နေ့တိုင်း ဆုတ်ယုတ်နေတယ်လို့ခံစားရတယ်။ အချိန်ဆိုတာ ရပ်မနေဘူး။သိမ်းထားလို့လဲမရဘူး။ပြောင်းယူလို့ဘဲရတယ်။ဖြုန်းတီးလိုက်မလား၊တိုးတက်မှုကိုပြောင်းမလား။ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ တိုးတက်တဲ့ဘဝက “ကိုယ်” က စတင်တယ်။အသက်ရှင်နေသ၍ကိုယ်နဲ့အတူရှိနေမည့်အရာက“ကိုယ်တိုင်” ဖြစ်တယ်။ ဒါကြောင့် လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပြီး“အကောင်းဆုံး သင်” ဖြစ်အောင်တည်ဆောက်ဖို့ကိုယ့်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။မကန့်သတ်ထားနဲ့။အတွေးအခေါ် လှောင်အိမ်ထဲမထည့်ထားနဲ့။အားလျော့စေမည့် ငြီးငြူခြင်းကိုဖြစ်နိုင်ရင် မလုပ်ဆောင်နဲ့။ ကိုယ့်ကိုကိုယ် တန်ဖိုးထား။ကိုယ့်ကိုကိုယ် ကာကွယ်။ကိုယ့်ကိုကိုယ် အားပေး။ကိုယ့်ကိုကိုယ် နေ့စဉ်တည်ဆောက်။ ဂုဏ်ယူစေမည့်အလုပ်တွေ နေ့စဉ်လုပ်။တိုးတက်စေမည့်အလုပ်တွေ နေ့စဉ်လုပ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေနဲ့။အရေးမပါတာကို အရာမပေးနဲ့။ မပြိုင်ဘဲ နိုင်အောင်လုပ်နိုင်တဲ့ကိုယ့်ရဲ့ စူပါ ပါဝါကိုသိ။ကိုယ့်အားသာချက်ကိုအသုံးချ။ ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊အကောင်အထည်ဖော်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ဖို့အတွေး၊ အကြံ၊ အလုပ်တိုးတက်ဖို့ယုတ္တိကျကျ တွေး၊ယုတ္တိကျကျ ကြံ၊ယုတ္တိကျကျ လုပ်။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။ ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတာ မမေ့လိုက်နဲ့။ Phyo Paing @

“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။ Read More »